‘This is Anfield’ ဆိုတာက ဘားမ်ား ၾကီးက်ယ္ေနလို႔လဲဆိုတဲ့ ဒရိုင္းမာတင္

[Zawgyi] နာပိုလီကစားသမား မာတင္ဟာ အန္ဖီးကြင္းမွာ လာေရာက္ကစားခဲ့ဖူးပါတယ္။ လြန္ခဲ့တဲ့ 8 ႏွစ္က လီဗာပူးနဲ႔ Utrecht တို႔ ယူရိုပါလိဂ္မွာ ထိပ္တိုက္ေတြ႔ၾကျပီး အဲ့သည္တုန္းက Utrecht ကစားသမား မာတင္က အန္ဖီးကြင္းကို ျပိဳင္ဘက္အျဖစ္ လာေရာက္ယွဥ္ျပိဳင္ခဲ့ဖူးတာပါျဖစ္ပါတယ္။

မာတင္ကပဲ “ က်ေနာ္ ေကာင္းေကာင္းမွတ္မိေနတာက လူတိုင္းက ‘This is Anfield’ ဆိုတဲ့ အမွတ္အသားအေၾကာင္းပဲ ေျပာေနခဲ့ၾကတာပါ။ ဒီေတာ့ က်ေနာ္က အဲ့တာၾကီးက အေတာ္ေလး ၾကီးမွာပဲလို႔ ထင္ခဲ့တာေပါ့ဗ်ာ။ ဥမင္ကေန ထြက္လာေတာ့ ‘This is Anfield’ ဆိုတာၾကီးက ဘယ္မွာလဲလို႔ က်ေနာ္ ေမးမိတာေပါ့။ အသင္းေဖာ္ေတြက မင္းမေတြ႔လိုက္ဘူးေနမယ္လို႔ ေျပာၾကတယ္။ ဒုတိယပိုင္းေရာက္ေတာ့ က်ေနာ္ ေသခ်ာျပန္ၾကည့္ျပီး အဲ့တာက ေသးေသးေလးပါပဲ။ က်ေနာ္ကေတာင္ ဒါေလးက ဘာမ်ားထူးျခားလို႔လဲ? လို႔ ေမးခြန္းထုတ္ခဲ့ေသးတယ္ ” လို႔ ေျပာပါတယ္။

မာတင္ေျပာတဲ့ ‘This is Anfield’ ဆိုတာက ယခင္တုန္းက ဥမင္ကေနအထြက္ တံခါးေပါက္မွာ ခ်ိတ္ထားတဲ့ အထိန္းအမွတ္ တံဆိပ္ကို ေျပာခ်င္တာပါ။ လီဗာပူးရဲ႕ ရွည္လ်ားတဲ့ သမိုင္းမွာ အဆိုပါ အမွတ္တံဆိပ္ကလည္း ကာလရွည္ ပူးတြဲပါဝင္ခဲ့တယ္။ 2016 ခုႏွစ္မွာ လီဗာပူးရဲ႕ အန္ဖီးကြင္းကို အၾကီးစား ျပဳျပင္ခဲ့ျပီးေနာက္ ‘This is Anfield’ အမွတ္အသားကို ဥမင္ရဲ႕ ထိပ္ဆံုးမွာ ယေန႔တိုင္ ျပန္တပ္ဆင္ထားခဲ့ပါတယ္။

ဒီကေန႔ညမွာေတာ့ နာပိုလီဟာ လီဗာပူးရဲ႕ အန္ဖီးကြင္းမွာ လာေရာက္ယွဥ္ျပိဳင္ရမွာပါ။ အုပ္စုတြင္း ေနာက္ဆံုးပြဲျဖစ္ျပီး ဒီပြဲရဲ႕ ရလဒ္ဟာ ရံွဴးထြက္အဆင့္ကို ဘယ္အသင္းတက္ေရာက္မယ္ဆိုတာကို အဆံုးအျဖတ္ေပးမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ကို ဦးေဆာင္ထားတဲ့ လီဗာပူးက ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္အဆင့္ကိုေရာက္ဖုိ႔ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။

နာပိုလီကလည္း ျပိဳင္ပြဲစံု ေနာက္ဆံုး 12 ပြဲဆက္တိုက္ ရံွဴးပြဲ မရွိထားတဲ့ အသင္းပါ။ အသင္းက ပံုစံေကာင္းမွာ ရွိေနသလို မန္ေနဂ်ာအန္ဆယ္ေလာ့တီကလည္း ပြဲၾကီးတစ္ပြဲကို ရင္ဆိုင္ကစားဖို႔ ၾကြယ္ဝတဲ့ အေတြ႔အၾကံဳေတြနဲ႔အတူ တည္တည္ျငိမ္ျငိမ္ရွိေနေၾကာင္း မာတင္က ရွင္းျပပါတယ္။

“ မန္ေနဂ်ာက တည္တည္ျငိမ္ျငိမ္ပါပဲ။ သူ႔ၾကည့္ရတာေတာ့ ေအးေဆးပါပဲ။ ပံုမွန္အားျဖင့္ ဒီလိုပြဲအတြက္ နည္းျပေတြက ဖိအားေတြ ဝင္ေနၾကတာပါ။ ဒါေပမယ့္ က်ေနာ္တို႔က သူ႔ထက္ပိုျပီး ဖိအားဝင္ေနၾကတဲ့ပံုေတာင္ ေပါက္ေနပါတယ္။ သူကေတာ့ ‘အိုး..။ ငါ့တို႔ ပြဲတစ္ပြဲကစားဖို႔ရွိတယ္။’ အဲ့သည္ေလာက္ပါပဲ ” လို႔ မာတင္က ေျပာဆိုခဲ့ပါတယ္။

“ အန္းဖီးလ္က သိပ္လွတဲ့ေနရာပါ။ အေကာင္းဆံုး အားေပးမႈေတြနဲ႕ ကမၻာေပၚ အေကာင္းဆံုးကြင္းေတြထဲပါတယ္။ အဲဒီက လူေတြက အရမ္း စိတ္အားထက္သန္ၾကတယ္။ သူတို႔ကစားသမားေတြအတြက္ေတာ့ ဒီလို ပရိသတ္ေတြ ေရွ႕မွာ ကစားရတာ သိပ္ေကာင္းမွာပါ။ ရင္ခုန္စရာ ျဖစ္ပါလိမ့္မယ္။ ဘာျဖစ္မယ္ဆိုတာ က်ေန္ာ မသိေပမယ့္ အန္းဖီးလ္က က်ေန္ာတို႔အေပၚ သက္ေရာက္မႈ မရွိဖို႔ ေမွ်ာ္လင့္ထားတယ္။ က်ေနာ့္ ကစားသမားေတြကလည္း ယံုၾကည္မႈ အျပည့္ပဲ။

လူတိုင္းက အားေပးမႈ သိပ္ေကာင္းပါတယ္ဆိုတဲ့ ကြင္းေကာင္းမွာ ကစားၾကည့္ခ်င္ၾကတယ္။ အဲဒီမွာ လီဗာပူး ပရိသတ္ေတြ အမ်ားၾကီး ရွိမယ္။ ဒါေပမယ့္ ကြင္းထဲမွာ နာပိုလီ ပရိသတ္ ၃၀၀၀ ေလာက္နဲ႕ တျခားမွာ ၾကည့္ေနတဲ့ က်ေနာ္တို႔ ပရိသတ္ေတြလည္း အမ်ားၾကီး ရွိတယ္ ” လို႔ အန္ဆယ္ေလာ့တီကလည္း ေျပာဆိုထားပါတယ္။

Sports Home Time

[Unicode] နာပိုလီကစားသမား မာတင်ဟာ အန်ဖီးကွင်းမှာ လာရောက်ကစားခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ 8 နှစ်က လီဗာပူးနဲ့ Utrecht တို့ ယူရိုပါလိဂ်မှာ ထိပ်တိုက်တွေ့ကြပြီး အဲ့သည်တုန်းက Utrecht ကစားသမား မာတင်က အန်ဖီးကွင်းကို ပြိုင်ဘက်အဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ဖူးတာပါဖြစ်ပါတယ်။

မာတင်ကပဲ “ ကျနော် ကောင်းကောင်းမှတ်မိနေတာက လူတိုင်းက ‘This is Anfield’ ဆိုတဲ့ အမှတ်အသားအကြောင်းပဲ ပြောနေခဲ့ကြတာပါ။ ဒီတော့ ကျနော်က အဲ့တာကြီးက အတော်လေး ကြီးမှာပဲလို့ ထင်ခဲ့တာပေါ့ဗျာ။ ဥမင်ကနေ ထွက်လာတော့ ‘This is Anfield’ ဆိုတာကြီးက ဘယ်မှာလဲလို့ ကျနော် မေးမိတာပေါ့။ အသင်းဖော်တွေက မင်းမတွေ့လိုက်ဘူးနေမယ်လို့ ပြောကြတယ်။ ဒုတိယပိုင်းရောက်တော့ ကျနော် သေချာပြန်ကြည့်ပြီး အဲ့တာက သေးသေးလေးပါပဲ။ ကျနော်ကတောင် ဒါလေးက ဘာများထူးခြားလို့လဲ? လို့ မေးခွန်းထုတ်ခဲ့သေးတယ် ” လို့ ပြောပါတယ်။

မာတင်ပြောတဲ့ ‘This is Anfield’ ဆိုတာက ယခင်တုန်းက ဥမင်ကနေအထွက် တံခါးပေါက်မှာ ချိတ်ထားတဲ့ အထိန်းအမှတ် တံဆိပ်ကို ပြောချင်တာပါ။ လီဗာပူးရဲ့ ရှည်လျားတဲ့ သမိုင်းမှာ အဆိုပါ အမှတ်တံဆိပ်ကလည်း ကာလရှည် ပူးတွဲပါဝင်ခဲ့တယ်။ 2016 ခုနှစ်မှာ လီဗာပူးရဲ့ အန်ဖီးကွင်းကို အကြီးစား ပြုပြင်ခဲ့ပြီးနောက် ‘This is Anfield’ အမှတ်အသားကို ဥမင်ရဲ့ ထိပ်ဆုံးမှာ ယနေ့တိုင် ပြန်တပ်ဆင်ထားခဲ့ပါတယ်။

ဒီကနေ့ညမှာတော့ နာပိုလီဟာ လီဗာပူးရဲ့ အန်ဖီးကွင်းမှာ လာရောက်ယှဉ်ပြိုင်ရမှာပါ။ အုပ်စုတွင်း နောက်ဆုံးပွဲဖြစ်ပြီး ဒီပွဲရဲ့ ရလဒ်ဟာ ရံှူးထွက်အဆင့်ကို ဘယ်အသင်းတက်ရောက်မယ်ဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားတဲ့ လီဗာပူးက ချန်ပီယံလိဂ်မှာ ရံှူးထွက်အဆင့်ကိုရောက်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

နာပိုလီကလည်း ပြိုင်ပွဲစုံ နောက်ဆုံး 12 ပွဲဆက်တိုက် ရံှူးပွဲ မရှိထားတဲ့ အသင်းပါ။ အသင်းက ပုံစံကောင်းမှာ ရှိနေသလို မန်နေဂျာအန်ဆယ်လော့တီကလည်း ပွဲကြီးတစ်ပွဲကို ရင်ဆိုင်ကစားဖို့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့အတူ တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း မာတင်က ရှင်းပြပါတယ်။

“ မန်နေဂျာက တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ့ကြည့်ရတာတော့ အေးဆေးပါပဲ။ ပုံမှန်အားဖြင့် ဒီလိုပွဲအတွက် နည်းပြတွေက ဖိအားတွေ ဝင်နေကြတာပါ။ ဒါပေမယ့် ကျနော်တို့က သူ့ထက်ပိုပြီး ဖိအားဝင်နေကြတဲ့ပုံတောင် ပေါက်နေပါတယ်။ သူကတော့ ‘အိုး..။ ငါ့တို့ ပွဲတစ်ပွဲကစားဖို့ရှိတယ်။’ အဲ့သည်လောက်ပါပဲ ” လို့ မာတင်က ပြောဆိုခဲ့ပါတယ်။

“ အန်းဖီးလ်က သိပ်လှတဲ့နေရာပါ။ အကောင်းဆုံး အားပေးမှုတွေနဲ့ ကမ္ဘာပေါ် အကောင်းဆုံးကွင်းတွေထဲပါတယ်။ အဲဒီက လူတွေက အရမ်း စိတ်အားထက်သန်ကြတယ်။ သူတို့ကစားသမားတွေအတွက်တော့ ဒီလို ပရိသတ်တွေ ရှေ့မှာ ကစားရတာ သိပ်ကောင်းမှာပါ။ ရင်ခုန်စရာ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်မယ်ဆိုတာ ကျနေ်ာ မသိပေမယ့် အန်းဖီးလ်က ကျနေ်ာတို့အပေါ် သက်ရောက်မှု မရှိဖို့ မျှော်လင့်ထားတယ်။ ကျနော့် ကစားသမားတွေကလည်း ယုံကြည်မှု အပြည့်ပဲ။

လူတိုင်းက အားပေးမှု သိပ်ကောင်းပါတယ်ဆိုတဲ့ ကွင်းကောင်းမှာ ကစားကြည့်ချင်ကြတယ်။ အဲဒီမှာ လီဗာပူး ပရိသတ်တွေ အများကြီး ရှိမယ်။ ဒါပေမယ့် ကွင်းထဲမှာ နာပိုလီ ပရိသတ် ၃၀၀၀ လောက်နဲ့ တခြားမှာ ကြည့်နေတဲ့ ကျနော်တို့ ပရိသတ်တွေလည်း အများကြီး ရှိတယ် ” လို့ အန်ဆယ်လော့တီကလည်း ပြောဆိုထားပါတယ်။

Sports Home Time