ေကာ္တင္ညိဳက လီဗာပူး ပရိသတ္ေတြအေၾကာင္း ေျပာျပခဲ့တယ္လို႔ ဖာဘင္ညိဳဖြင့္ဟ

[Zawgyi] ဒီရာသီမွ အန္းဖီးလ္ေရာက္လာတဲ့ လီဗာပူးအသင္းသားသစ္ ဖာဘင္ညိဳက ဘရာဇီးအသင္းေဖာ္ ေကာ္တင္ညိဳဆီမွ လီဗာပူး ပရိသတ္ေတြ အေၾကာင္း ၾကားခဲ့ဖူးျပီး သူသိခဲ့တယ္ ထင္ေပမယ့္ တကယ္ၾကံဳရေတာ့မွာ အန္းဖီးရဲ႕ ဥေရာပပြဲညေတြက အံ့မခန္းျဖစ္ရေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ဖာဘင္ညိဳရဲ႕ အန္းဖီးလ္ ပထမဆံုး ခ်န္ပီယံလိဂ္ အေတြ႕အၾကံဳက လြန္ခဲ့တဲ့ သီတင္းပတ္ အေတာ္ၾကာက ပီအက္စ္ဂ်ီအသင္းနဲ႕ ကစားရာမွာ လူစား၀င္ကစားျပီး စတင္ၾကံဳဖူးတာပါ။ ေနာက္ဆံုးမိနစ္မွ ဖာဘင္ညိဳ လူစား၀င္ခဲ့တဲ့ အဆိုပါပဲြမွာ လီဗာပူးက နာမည္ေက်ာ္ စတားပေလယာေတြနဲ႕ ပီအက္စ္ဂ်ီအသင္းကို ၃ဂိုး ၂ဂိုးနဲ႕ အနုိင္ရခဲ့ပါတယ္။

“အန္းဖီးလ္က ဥေရာပညေတြ အေၾကာင္း က်ေနာ္ သိေတာ့ သိခဲ့တယ္.. သိပ္ အေသးစိတ္ေတာ့ မဟုတ္ဘူး.. တယ္လီေဗးရွင္းမွာ ပါတတ္တဲ့ သတင္းေတြနဲ႕ ၾကည့္ျဖစ္တဲ့ပြဲေတြကေနေပါ့။ တခါကေတာ့ နုိင္ငံအသင္းမွာ ရွိေနတုန္း ဖိလစ္ ေကာ္တင္ညိဳက ဘယ္သူေတြနဲ႕မွ မတူတဲ့ လီဗာပူးပရိသတ္ေတြ အေၾကာင္း ေျပာျပခဲ့ဖူးတယ္။ ဒီမွာ က်ေန္ေနာလာတာ သီတင္းပတ္ တစ္ပတ္ျပီ တစ္ပတ္ၾကာလာေတာ့ ဒီကြင္းၾကီးရဲ႕ ပဥၥလက္ဆန္မႈ၊ ေအာင္ပြဲတိုင္းကို ပရိသတ္ေတြရဲ႕ တုန္႔ျပန္ပံုေတြ ျမင္လာရတယ္။ ဖန္ေတြက အသင္းကို ဘယ္ေလာက္ခ်စ္တယ္. သူတို႔ အားေပးမႈေတြက ဘယ္ေလာက္ေတာင္ လက္ေတြ႔မွာ သက္ေရာက္သြားေစနုိင္တယ္ဆိုတာ ပို ပို သိလာရတယ္။”

“ရာသီအစက က်ေနာ္ သိပ္ မကစားရဘူး.. အရန္ခံုမွာ ရွိေနရတာ မ်ားတယ္။ အဲဒီအခ်ိန္ ကြင္းပတ္လည္ကို ပရိသတ္ေတြရဲ႕ အားေပးပံုကို ၾကည့္ေနရင္းမွာ က်ေနာ္ တကယ့္ အ့ံအားသင့္မိ အထင္ၾကီးမိလာတာ။ ဒီမွာ ၾကံဳရတဲ့ ပထမဆံုး ဥေရာပပြဲက ပီအက္စ္ဂ်ီနဲ႕.. တကယ့္ကို အံ့ၾသေလာက္ဖြယ္ပဲ။ အိမ္ကြင္းပဲြတိုင္း ပရိသတ္ေတြက ခမ္းခမ္းနားနားနဲ႕ အသင္းကို အားေပးၾကတယ္.. အန္းဖီးမွာ ကစားရင္ တြန္အားေတြ ခြန္အားေတြ က်ေနာ္တို႔ ပိုရၾကတယ္။” လို႔ နာပိုလီနဲ႕ ခ်န္ပီယံလိဂ္ ပြဲမတိုင္ခင္ပဲ ဖာဘင္ညိဳက ပရိသတ္ေတြ အေၾကာင္း ခ်ီးက်ဴးေျပာဆိုလိုက္တာပါ။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္မွာ ရွံဳးထြက္အဆင့္ တက္ေရာက္နုိင္ဖို႔ နာပိုလီကို ၁-၀ ဒါမွမဟုတ္ နွစ္ဂိုးအသာနဲ႕ကို အနိုင္ရဖို႔ လိုအပ္ေနတာပါ။ တဖက္အသင္းကို ေလးစားေပးမယ့္ ဖာဘင္ညိဳက လီဗာပူးအသင္း အန္းဖီးလ္မွာ ကစားရတာက အသင္းအတြက္ အားသာခ်က္ ျဖစ္မယ္လို႔ ယံုၾကည္ေနပါတယ္။

“ဒီပြဲက ခက္ခဲတဲ့ပြဲ ျဖစ္မွာပါ.. နာပိုလီ ဘယ္လိုေတာင့္တင္းတဲ့အသင္းဆိုတာ အီတလီမွာ က်ေနာ္တို႔ကို အနုိင္ယူျပီး ျပသခဲ့ျပီးပါျပီ။ ဒီတၾကိမ္က က်ေနာ္တို႔ အလွည့္ပါ.. က်ေနာ္တို႔ အန္ဖီးလ္မွာ ကစားရမွာ ျဖစ္တယ္.. ဒါကပဲ က်ေနာ္တို႔အတြက္ အားသာခ်က္ျဖစ္တယ္။ ဘယ္သူလာလာ ရင္ဆိုင္ဖို႔ က်ေနာ္တို႔ အသင့္ရွိေနတယ္.. ပရိသတ္ေတြရဲ႕ ေမာင္းနွင္အားနဲ႕ က်ေန္ာတို႔ ရွိသမွ် အရာအားလံုး ပံုျပီး ဒီပြဲနုိင္ဖို႔ ကစားသြားမွာပါ။” လို႔ ဘရာဇီးသားက အသင္း၀က္ဘ္ဆိုက္ကေန တဆင့္ ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] ဒီရာသီမှ အန်းဖီးလ်ရောက်လာတဲ့ လီဗာပူးအသင်းသားသစ် ဖာဘင်ညိုက ဘရာဇီးအသင်းဖော် ကော်တင်ညိုဆီမှ လီဗာပူး ပရိသတ်တွေ အကြောင်း ကြားခဲ့ဖူးပြီး သူသိခဲ့တယ် ထင်ပေမယ့် တကယ်ကြုံရတော့မှာ အန်းဖီးရဲ့ ဥရောပပွဲညတွေက အံ့မခန်းဖြစ်ရကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖာဘင်ညိုရဲ့ အန်းဖီးလ် ပထမဆုံး ချန်ပီယံလိဂ် အတွေ့အကြုံက လွန်ခဲ့တဲ့ သီတင်းပတ် အတော်ကြာက ပီအက်စ်ဂျီအသင်းနဲ့ ကစားရာမှာ လူစားဝင်ကစားပြီး စတင်ကြုံဖူးတာပါ။ နောက်ဆုံးမိနစ်မှ ဖာဘင်ညို လူစားဝင်ခဲ့တဲ့ အဆိုပါပွဲမှာ လီဗာပူးက နာမည်ကျော် စတားပလေယာတွေနဲ့ ပီအက်စ်ဂျီအသင်းကို ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

“အန်းဖီးလ်က ဥရောပညတွေ အကြောင်း ကျနော် သိတော့ သိခဲ့တယ်.. သိပ် အသေးစိတ်တော့ မဟုတ်ဘူး.. တယ်လီဗေးရှင်းမှာ ပါတတ်တဲ့ သတင်းတွေနဲ့ ကြည့်ဖြစ်တဲ့ပွဲတွေကနေပေါ့။ တခါကတော့ နိုင်ငံအသင်းမှာ ရှိနေတုန်း ဖိလစ် ကော်တင်ညိုက ဘယ်သူတွေနဲ့မှ မတူတဲ့ လီဗာပူးပရိသတ်တွေ အကြောင်း ပြောပြခဲ့ဖူးတယ်။ ဒီမှာ ကျနေ်နောလာတာ သီတင်းပတ် တစ်ပတ်ပြီ တစ်ပတ်ကြာလာတော့ ဒီကွင်းကြီးရဲ့ ပဉ္စလက်ဆန်မှု၊ အောင်ပွဲတိုင်းကို ပရိသတ်တွေရဲ့ တုန့်ပြန်ပုံတွေ မြင်လာရတယ်။ ဖန်တွေက အသင်းကို ဘယ်လောက်ချစ်တယ်. သူတို့ အားပေးမှုတွေက ဘယ်လောက်တောင် လက်တွေ့မှာ သက်ရောက်သွားစေနိုင်တယ်ဆိုတာ ပို ပို သိလာရတယ်။”

“ရာသီအစက ကျနော် သိပ် မကစားရဘူး.. အရန်ခုံမှာ ရှိနေရတာ များတယ်။ အဲဒီအချိန် ကွင်းပတ်လည်ကို ပရိသတ်တွေရဲ့ အားပေးပုံကို ကြည့်နေရင်းမှာ ကျနော် တကယ့် အံ့အားသင့်မိ အထင်ကြီးမိလာတာ။ ဒီမှာ ကြုံရတဲ့ ပထမဆုံး ဥရောပပွဲက ပီအက်စ်ဂျီနဲ့.. တကယ့်ကို အံ့သြလောက်ဖွယ်ပဲ။ အိမ်ကွင်းပွဲတိုင်း ပရိသတ်တွေက ခမ်းခမ်းနားနားနဲ့ အသင်းကို အားပေးကြတယ်.. အန်းဖီးမှာ ကစားရင် တွန်အားတွေ ခွန်အားတွေ ကျနော်တို့ ပိုရကြတယ်။” လို့ နာပိုလီနဲ့ ချန်ပီယံလိဂ် ပွဲမတိုင်ခင်ပဲ ဖာဘင်ညိုက ပရိသတ်တွေ အကြောင်း ချီးကျူးပြောဆိုလိုက်တာပါ။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ နာပိုလီကို ၁-၀ ဒါမှမဟုတ် နှစ်ဂိုးအသာနဲ့ကို အနိုင်ရဖို့ လိုအပ်နေတာပါ။ တဖက်အသင်းကို လေးစားပေးမယ့် ဖာဘင်ညိုက လီဗာပူးအသင်း အန်းဖီးလ်မှာ ကစားရတာက အသင်းအတွက် အားသာချက် ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

“ဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ.. နာပိုလီ ဘယ်လိုတောင့်တင်းတဲ့အသင်းဆိုတာ အီတလီမှာ ကျနော်တို့ကို အနိုင်ယူပြီး ပြသခဲ့ပြီးပါပြီ။ ဒီတကြိမ်က ကျနော်တို့ အလှည့်ပါ.. ကျနော်တို့ အန်ဖီးလ်မှာ ကစားရမှာ ဖြစ်တယ်.. ဒါကပဲ ကျနော်တို့အတွက် အားသာချက်ဖြစ်တယ်။ ဘယ်သူလာလာ ရင်ဆိုင်ဖို့ ကျနော်တို့ အသင့်ရှိနေတယ်.. ပရိသတ်တွေရဲ့ မောင်းနှင်အားနဲ့ ကျနေ်ာတို့ ရှိသမျှ အရာအားလုံး ပုံပြီး ဒီပွဲနိုင်ဖို့ ကစားသွားမှာပါ။” လို့ ဘရာဇီးသားက အသင်းဝက်ဘ်ဆိုက်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

Sports Home Time