[Zawgyi] အျငင္းပြားဖြယ္ ေတာ့တင္ဟမ္ေဟာ့စပါး ဂိုးေၾကာင့္ မန္စီးတီးတို႔ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ ယူအီးအက္ဖ္ေအက သူတို႔ရဲ႕ VAR လုပ္ငန္းစဥ္ကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ဖာနန္ဒိုေလာ္ရန္ေတးဟာ ေထာင့္ကန္ေဘာကေန ၄-၃ ျဖစ္ေအာင္ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အဲ့ဂိုးေၾကာင့္ ႏွစ္ေက်ာ့ေပါင္း သေရ၊ အေဝးဂိုး စည္းမ်ဥ္းအရ စပါးတို႔ ဆီမီးတက္သြားတာ ျဖစ္ပါတယ္။ အစတုန္းကေတာ့ ေဘာလုံးဟာ ေလာ္ရန္ေတးရဲ႕ တင္ပါးနဲ႔ထိၿပီးေတာ့ စီးတီးဂိုးသမား အီဒါဆန္ကို ေက်ာ္သြားခဲ့တယ္လို႔ ထင္ခဲ့ရတာပါ၊
ဒါေပမယ့္ အနည္းဆုံး မတူညီတဲ့ ကင္မရာရႈေထာင့္ႏွစ္ခုက ေဘာလုံးဟာ ေလာ္ရန္ေတးရဲ႕ တံေတာင္ဆစ္ကို အရင္႐ိုက္ခဲ့ၿပီးမွ သူ႔တင္ပါးကို ျပန္မွန္ၿပီးေနာက္ ပိုက္ထဲဝင္သြားခဲ့တာျဖစ္တယ္ဆိုတာ သက္ေသျပခဲ့ပါတယ္။ ဒိုင္လူႀကီး Cuneyt Cakir ဟာ ကြင္းေဘးက ေမာ္နီတာထဲမွာ ဒီဂိုးကို ျပန္ၾကည့္ခဲ့ၿပီး သူ႔ကို ျပသခဲ့တဲ့ ရႈေထာင့္ေတြက ေသေသခ်ာခ်ာ မရွင္းလင္းပါဘူး။ BT sport က ဒီျဖစ္ရပ္ကို တူညီတဲ့ရႈေထာင့္၊ မ်က္ႏွာခ်င္းဆိုင္ နဲ႔ အေဝးကရႈေထာင့္ေတြကေန ထပ္ခါျပသခဲ့ပါတယ္ ။
ပိုၿပီးတိုက္႐ိုက္က်တဲ့ ရႈေထာင့္ကေန ပိုနီးကပ္တဲ့ အျမင္ကို တစ္ႀကိမ္ပဲ ျပသခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒါက လက္ထိေဘာဆိုတာကို သက္ေသျပတဲ့ အေရးပါတဲ့ရႈေထာင့္ ျဖစ္ခဲ့တာပါ။ Cakir က ဒီျဖစ္ရပ္မွာ လက္ထိလား မထိလားဆိုတာကို ထပ္ခါထပ္ခါ ၾကည့္ရႈစစ္ေဆးခဲ့ၿပီး စိတ္ေက်နပ္မွ ဒါဟာ လက္ထိေဘာမဟုတ္ဘူးလို႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း မာ့ခ္ဟယ္ေဆးက ဒါဟာ လက္ထိေဘာျဖစ္လို႔ ခြင့္မျပဳသင့္ဘူးလို႔ဆိုၿပီး ဒိုင္ကို သင့္ေတာ္တဲ့ ရႈေထာင့္ကေန ဘာလို႔ မျပသခဲ့လဲဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။ မန္ယူႏိုက္တက္ ကစားသမားေဟာင္း ရီယို ဖာဒီနန္ကလဲ ဒါကို လက္ထိေဘာျဖစ္သင့္တယ္လို႔ သေဘာတူေထာက္ခံခဲ့ပါတယ္။ တခ်ိဳ႕စီးတီးကစားသမားေတြကလဲ ဒီကိစၥအတြက္ ေဒါသထြက္ခဲ့ၾကၿပီး ဖာနန္ဒင္ဟို က “ေသာက္က်ိဳးနည္း VAR” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။
ေနာက္ရာသီမွာ ေသေသခ်ာခ်ာ လုပ္ေတာ့မယ့္ လက္ထိေဘာစည္းမ်ဥ္း ရွင္းလင္းခ်က္မွာ လက္ထိေဘာလို႔ ကြင္းလယ္ဒိုင္က သတ္မွတ္ရင္ အဲ့ဂိုးဟာ ေသခ်ာေပါက္နီးပါး ရရွိမွာမဟုတ္ပါဘူး။ ဒီရာသီ ခ်န္ပီယံလိဂ္ ရွဴံးထြက္အဆင့္မွာ VAR ကို စတင္ မိတ္ဆက္ခဲ့ၿပီး လက္ေထာက္ ဗီဒီယို ဒိုင္၊ သူ႔အကူ နဲ႔ ဗီဒီယို ေအာ္ပေရတာ ကိုင္တြယ္သူ ႏွစ္ေယာက္တို႔က စီမံခန႔္ခြဲပါတယ္။
MEN Sport က ဒိုင္ကို ဘယ္ရႈေထာင့္ေတြကေန ျပသမလဲဆိုတာ ဘယ္သူက ဆုံးျဖတ္လဲလို႔ ယူအီးအက္ဖ္ေအကို ေမးခြန္းထုတ္ခဲ့ေပမယ့္ သူတို႔က ေျဖၾကားေပးျခင္းမရွိခဲ့ပါဘူး။ ဒိုင္နဲ႔ VAR ၾကား ဆက္သြယ္မႈရွိၿပီး ကင္မရာတိုင္းကို ၾကည့္လို႔ရတဲ့ အခန္းကို သူ ထိန္းခ်ဳပ္ႏိူင္တယ္လို႔ သူတို႔က ေျပာဆိုခဲ့ပါတယ္။ ဒါဆို ဒိုင္က လက္ထိေဘာဆိုတာ မထင္ရွားတဲ့ ရႈေထာင့္ကေနပဲ ဘာလို႔ ခန ခန ၾကည့္ခဲ့လဲဆိုတဲ့ ေမးခြန္းေတြက ထပ္ထြက္လာျပန္ပါတယ္။
“မေန႔ညက ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ ဒိုင္လူႀကီးအေနနဲ႔ ရႈေထာင့္ အားလုံးကေန ၾကည့္လို႔ရပါတယ္။ ” လို႔ ယူအီးအက္ဖ္ေအ ေျပာေရးဆိုခြင့္ ရွိသူ တစ္ေယာက္က ေျပာဆိုခဲ့ပါတယ္။
Sports Home Time

[Unicode] အငြင်းပွားဖွယ် တော့တင်ဟမ်ဟော့စပါး ဂိုးကြောင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ယူအီးအက်ဖ်အေက သူတို့ရဲ့ VAR လုပ်ငန်းစဉ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဖာနန်ဒိုလော်ရန်တေးဟာ ထောင့်ကန်ဘောကနေ ၄-၃ ဖြစ်အောင် ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အဲ့ဂိုးကြောင့် နှစ်ကျော့ပေါင်း သရေ၊ အဝေးဂိုး စည်းမျဉ်းအရ စပါးတို့ ဆီမီးတက်သွားတာ ဖြစ်ပါတယ်။ အစတုန်းကတော့ ဘောလုံးဟာ လော်ရန်တေးရဲ့ တင်ပါးနဲ့ထိပြီးတော့ စီးတီးဂိုးသမား အီဒါဆန်ကို ကျော်သွားခဲ့တယ်လို့ ထင်ခဲ့ရတာပါ၊
ဒါပေမယ့် အနည်းဆုံး မတူညီတဲ့ ကင်မရာရှုထောင့်နှစ်ခုက ဘောလုံးဟာ လော်ရန်တေးရဲ့ တံတောင်ဆစ်ကို အရင်ရိုက်ခဲ့ပြီးမှ သူ့တင်ပါးကို ပြန်မှန်ပြီးနောက် ပိုက်ထဲဝင်သွားခဲ့တာဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ဒိုင်လူကြီး Cuneyt Cakir ဟာ ကွင်းဘေးက မော်နီတာထဲမှာ ဒီဂိုးကို ပြန်ကြည့်ခဲ့ပြီး သူ့ကို ပြသခဲ့တဲ့ ရှုထောင့်တွေက သေသေချာချာ မရှင်းလင်းပါဘူး။ BT sport က ဒီဖြစ်ရပ်ကို တူညီတဲ့ရှုထောင့်၊ မျက်နှာချင်းဆိုင် နဲ့ အဝေးကရှုထောင့်တွေကနေ ထပ်ခါပြသခဲ့ပါတယ် ။ ပိုပြီးတိုက်ရိုက်ကျတဲ့ ရှုထောင့်ကနေ ပိုနီးကပ်တဲ့ အမြင်ကို တစ်ကြိမ်ပဲ ပြသခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက လက်ထိဘောဆိုတာကို သက်သေပြတဲ့ အရေးပါတဲ့ရှုထောင့် ဖြစ်ခဲ့တာပါ။ Cakir က ဒီဖြစ်ရပ်မှာ လက်ထိလား မထိလားဆိုတာကို ထပ်ခါထပ်ခါ ကြည့်ရှုစစ်ဆေးခဲ့ပြီး စိတ်ကျေနပ်မှ ဒါဟာ လက်ထိဘောမဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ်ဟယ်ဆေးက ဒါဟာ လက်ထိဘောဖြစ်လို့ ခွင့်မပြုသင့်ဘူးလို့ဆိုပြီး ဒိုင်ကို သင့်တော်တဲ့ ရှုထောင့်ကနေ ဘာလို့ မပြသခဲ့လဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်ကလဲ ဒါကို လက်ထိဘောဖြစ်သင့်တယ်လို့ သဘောတူထောက်ခံခဲ့ပါတယ်။ တချို့စီးတီးကစားသမားတွေကလဲ ဒီကိစ္စအတွက် ဒေါသထွက်ခဲ့ကြပြီး ဖာနန်ဒင်ဟို က “သောက်ကျိုးနည်း VAR” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ နောက်ရာသီမှာ သေသေချာချာ လုပ်တော့မယ့် လက်ထိဘောစည်းမျဉ်း ရှင်းလင်းချက်မှာ လက်ထိဘောလို့ ကွင်းလယ်ဒိုင်က သတ်မှတ်ရင် အဲ့ဂိုးဟာ သေချာပေါက်နီးပါး ရရှိမှာမဟုတ်ပါဘူး။ ဒီရာသီ ချန်ပီယံလိဂ် ရှူံးထွက်အဆင့်မှာ VAR ကို စတင် မိတ်ဆက်ခဲ့ပြီး လက်ထောက် ဗီဒီယို ဒိုင်၊ သူ့အကူ နဲ့ ဗီဒီယို အော်ပရေတာ ကိုင်တွယ်သူ နှစ်ယောက်တို့က စီမံခန့်ခွဲပါတယ်။
MEN Sport က ဒိုင်ကို ဘယ်ရှုထောင့်တွေကနေ ပြသမလဲဆိုတာ ဘယ်သူက ဆုံးဖြတ်လဲလို့ ယူအီးအက်ဖ်အေကို မေးခွန်းထုတ်ခဲ့ပေမယ့် သူတို့က ဖြေကြားပေးခြင်းမရှိခဲ့ပါဘူး။ ဒိုင်နဲ့ VAR ကြား ဆက်သွယ်မှုရှိပြီး ကင်မရာတိုင်းကို ကြည့်လို့ရတဲ့ အခန်းကို သူ ထိန်းချုပ်နိူင်တယ်လို့ သူတို့က ပြောဆိုခဲ့ပါတယ်။ ဒါဆို ဒိုင်က လက်ထိဘောဆိုတာ မထင်ရှားတဲ့ ရှုထောင့်ကနေပဲ ဘာလို့ ခန ခန ကြည့်ခဲ့လဲဆိုတဲ့ မေးခွန်းတွေက ထပ်ထွက်လာပြန်ပါတယ်။ “မနေ့ညက ဆုံးဖြတ်ချက်တွေချဖို့ ဒိုင်လူကြီးအနေနဲ့ ရှုထောင့် အားလုံးကနေ ကြည့်လို့ရပါတယ်။ ” လို့ ယူအီးအက်ဖ်အေ ပြောရေးဆိုခွင့် ရှိသူ တစ်ယောက်က ပြောဆိုခဲ့ပါတယ်။
Sports Home Time
