ဘာစီလိုနာအိမ္ကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ျပီး အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲစဥ္အတြင္း ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားဟာ နည္းစနစ္ပိုင္း အေျပာင္းအလဲ ကစားဖို႔အတြက္ တိုက္စစ္မွဴး ရပ္ဖိုဒ့္ကို မွတ္စုအပိုင္းတစ္ရြက္ ေပးပို႔ခဲ့ပါတယ္။
ရပ္ဖိုဒ့္က စာရြက္ကို ဖတ္အျပီး လက္ထဲ ဆုပ္ကိုင္ထားခဲ့ကာ ဘာစီလိုနာ အသင္းေဖာ္ ပီေကးနဲ႔ တိုက္မိစဥ္ စာရြက္ကို လြတ္ခ်မိခဲ့တယ္။ အဆုိပါျမင္ကြင္းကို ဘာစီလိုနာ ဂိုးသမား တာစတီဂန္ တစ္ဦးတည္း ျမင္ေတြ႔ခဲ့ျပီး သူက ဆိုးရွားရဲ႕ လွ်ိဳ႕ဝွက္နည္းစနစ္ ပါဝင္တဲ့ မွတ္စုကို သြားေရာက္ေကာက္ယူကာ ဖတ္ၾကည့္ခဲ့တယ္။ ဒါေပမယ့္လို႔ သူ႔ကိုၾကည့္ရတာ အရမ္းၾကီး အထင္ၾကီးခဲ့ဟန္မရွိပဲ မူရင္းေနရာမွာပဲ ျပန္လည္ ပစ္ထုတ္ခဲ့ပါတယ္။
ပြဲအျပီး ထြက္ေပၚလာတဲ့ အဆိုပါ နည္းစနစ္စာရြက္မွာေတာ့ ဆိုးရွားက အသင္းကို 4-4-2 ကစားဟန္ ေျပာင္းလဲ ကစားဖို႔ လမ္းညႊန္ထားတာကို ျမင္ခဲ့ရတာပါ။ ဆိုးရွားက တိုက္စစ္မွာ မာရွယ္နဲ႔ ရပ္ဖိုဒ့္ကို အေထာင္သမားေတြအျဖစ္ တြဲကစားဖို႔ လမ္းညႊန္းခဲ့တာပါ။ အဆိုပါ မွတ္စုမွာ အျခားေသာ အသင္းေဖာ္ေတြကို ေနရာခ်ထားတဲ့ ကစားကြက္ပံုစံကို ေရးဆြဲထားတာျဖစ္တယ္။
အေထာင္တုိက္စစ္သမား ႏွစ္ဦးရဲ႕ေနာက္မွာ လင္ဂတ္ကို ညာျခမ္း၊ ေပါ့ဘာကို ဘယ္ျခမ္းေတြမွာ တာဝန္ယူေစျပီး ေတာ္မီေနးနဲ႔ ဖရက္ကိုေတာ့ ကြင္းလယ္လူေတြအျဖစ္ ကစားခုိင္းထားခဲ့တယ္။ ခံစစ္ကေတာ့ လင္ဒီေအာ့၊ စေမာလင္း၊ ဖီးဂ်ံဳးနဲ႔ ယန္းတို႔ကိုပဲ တူညီစြာ ေနရာျပန္ခ်ထားခဲ့တာျဖစ္တယ္။
ဒါေပမယ့္ နည္းစနစ္ပိုင္းဆိုင္ရာ အေျပာင္းအလဲက ယူႏုိက္တက္ ရလဒ္ေကာင္းရဖို႔ မကူညီႏုိင္ပဲ ပြဲအျပီးမွာ 3-0 နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ မက္ဆီရဲ႕ သြင္းဂိုးေတြနဲ႔အတူ ပြဲကို ဦးေဆာင္ထားတဲ့ ဘာစီလိုနာကပဲ ေကာ္တင္ညိဳရဲ႕ သြင္းဂိုးတစ္ဂိုး ထပ္ရမႈနဲ႔အတူ ႏွစ္ေက်ာ့ေပါင္း 4-0 ဆိုတဲ့ ရလဒ္နဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တာျဖစ္တယ္။
ဘာစီလိုနာဟာ ဆီမီးဖိုင္နယ္မွာေတာ့ ေနာက္ထပ္ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔ေနျပီး ပထမအေက်ာ့ကို ႏ်ဴးကပ္မွာ ကစားရမွာျဖစ္ကာ ဒုတိယအေက်ာ့ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။
Sports Home Time

[Unicode] ဘာစီလိုနာအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲစဉ်အတွင်း ယူနိုက်တက်မန်နေဂျာ ဆိုးရှားဟာ နည်းစနစ်ပိုင်း အပြောင်းအလဲ ကစားဖို့အတွက် တိုက်စစ်မှူး ရပ်ဖိုဒ့်ကို မှတ်စုအပိုင်းတစ်ရွက် ပေးပို့ခဲ့ပါတယ်။
ရပ်ဖိုဒ့်က စာရွက်ကို ဖတ်အပြီး လက်ထဲ ဆုပ်ကိုင်ထားခဲ့ကာ ဘာစီလိုနာ အသင်းဖော် ပီကေးနဲ့ တိုက်မိစဉ် စာရွက်ကို လွတ်ချမိခဲ့တယ်။ အဆိုပါမြင်ကွင်းကို ဘာစီလိုနာ ဂိုးသမား တာစတီဂန် တစ်ဦးတည်း မြင်တွေ့ခဲ့ပြီး သူက ဆိုးရှားရဲ့ လျှို့ဝှက်နည်းစနစ် ပါဝင်တဲ့ မှတ်စုကို သွားရောက်ကောက်ယူကာ ဖတ်ကြည့်ခဲ့တယ်။ ဒါပေမယ့်လို့ သူ့ကိုကြည့်ရတာ အရမ်းကြီး အထင်ကြီးခဲ့ဟန်မရှိပဲ မူရင်းနေရာမှာပဲ ပြန်လည် ပစ်ထုတ်ခဲ့ပါတယ်။
ပွဲအပြီး ထွက်ပေါ်လာတဲ့ အဆိုပါ နည်းစနစ်စာရွက်မှာတော့ ဆိုးရှားက အသင်းကို 4-4-2 ကစားဟန် ပြောင်းလဲ ကစားဖို့ လမ်းညွှန်ထားတာကို မြင်ခဲ့ရတာပါ။ ဆိုးရှားက တိုက်စစ်မှာ မာရှယ်နဲ့ ရပ်ဖိုဒ့်ကို အထောင်သမားတွေအဖြစ် တွဲကစားဖို့ လမ်းညွှန်းခဲ့တာပါ။ အဆိုပါ မှတ်စုမှာ အခြားသော အသင်းဖော်တွေကို နေရာချထားတဲ့ ကစားကွက်ပုံစံကို ရေးဆွဲထားတာဖြစ်တယ်။
အထောင်တိုက်စစ်သမား နှစ်ဦးရဲ့နောက်မှာ လင်ဂတ်ကို ညာခြမ်း၊ ပေါ့ဘာကို ဘယ်ခြမ်းတွေမှာ တာဝန်ယူစေပြီး တော်မီနေးနဲ့ ဖရက်ကိုတော့ ကွင်းလယ်လူတွေအဖြစ် ကစားခိုင်းထားခဲ့တယ်။ ခံစစ်ကတော့ လင်ဒီအော့၊ စမောလင်း၊ ဖီးဂျုံးနဲ့ ယန်းတို့ကိုပဲ တူညီစွာ နေရာပြန်ချထားခဲ့တာဖြစ်တယ်။
ဒါပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲက ယူနိုက်တက် ရလဒ်ကောင်းရဖို့ မကူညီနိုင်ပဲ ပွဲအပြီးမှာ 3-0 နဲ့ အရေးနိမ့်ခဲ့ပါတယ်။ မက်ဆီရဲ့ သွင်းဂိုးတွေနဲ့အတူ ပွဲကို ဦးဆောင်ထားတဲ့ ဘာစီလိုနာကပဲ ကော်တင်ညိုရဲ့ သွင်းဂိုးတစ်ဂိုး ထပ်ရမှုနဲ့အတူ နှစ်ကျော့ပေါင်း 4-0 ဆိုတဲ့ ရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်တယ်။
ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေပြီး ပထမအကျော့ကို နျူးကပ်မှာ ကစားရမှာဖြစ်ကာ ဒုတိယအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
Sports Home Time
