ဘာစီလိုနာကို ယူႏုိက္တက္နည္းလမ္းအတိုင္း တုန္႔ျပန္လိုက္တဲ့ လီဗာပူး

ဘာစီလိုနာအသင္းဟာ နူးကမ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲစဥ္အတြက္ အေ၀းကြင္း လက္မွတ္ေစ်းႏႈန္းမ်ားကို ရက္ရက္စက္စက္ ေစ်းတင္္တတ္လို႔ ကလပ္အသင္းေတြၾကား တင္းမာမႈေတြ မၾကာခဏ ျဖစ္ေလ့ရွိတဲ့ အသင္းပါ။ ေနာက္ဆံုးအၾကိမ္တုန္းက ယူႏုိက္တက္နဲ႔ ျပႆနာေတြ တက္ခဲ့ျပီး ဒီတစ္ၾကိမ္မွာေတာ့ လီဗာပူးနဲ႔ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ယူနိုက္တက္နဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္ေတြ ယွဥ္ျပိဳင္ခဲ့ရစဥ္က အေ၀းကြင္း လက္မွတ္ေစ်းႏႈန္းမ်ားကို ရက္ရက္စက္စက္ ေစ်းတင္္ထားလို႔ ကလပ္အသင္း နွစ္သင္းၾကား အျငင္းပြားမႈေတြ ျဖစ္ခဲ့ပါတယ္။ လာလီဂါကလပ္က ခ်န္ပီယံလိဂ္ အေ၀းကြင္းလက္မွတ္ ေစ်းႏႈန္းကို ၁၀၂ ေပါင္ လို႔ သတ္မွတ္ထားျပီး ဒါဟာ ယူနိုက္တက္သမိုင္းနဲ႕ခ်ီျပီး ဥေရာပပြဲစဥ္ေတြမွာ ေစ်းအၾကီးဆံုး လက္မွတ္ ျဖစ္ခဲ့တာပါ။

ဘာစီလိုနာ အၾကီးအကဲေတြရဲ႕ အဆံုးအျဖတ္ကို မန္ခ်က္စတာယူနိုက္တက္ အသင္း တာ၀န္ရွိသူေတြဘက္က မေက်မနပ္ ျဖစ္ေနျပီး တန္ျပန္တုန္႔ျပန္ခဲ့ၾကတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ဘာစီလိုနာ အိုးထရက္ဖို႔ဒ္ကို လာကန္တဲ့ပြဲအတြက္ အေ၀းကြင္းလက္မွတ္ကို ဘာစီလိုနာ သတ္မွတ္တဲ့ အေ၀းကြင္းလက္မွတ္ ေစ်းနႈန္းနဲ႕ အတူ သတ္မွတ္သြားခဲ့တယ္။ ေစ်းပိုတင္ထားတဲ့ ပမာဏကို အေ၀းကြင္းလိုက္ပါ အားေပးမယ့္ ပရိသတ္ေတြထံ ေငြျပန္အမ္းေပးဖို႔ပါ ယူနိုက္တက္က စီစဥ္ေပးခဲ့ပါတယ္။

ဒီတစ္ၾကိမ္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ႏ်ဴးကပ္မွာကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကို ဘာစီလိုနာက လီဗာပူးပရိသတ္ေတြအတြက္ လက္မွတ္ႏႈန္းထားကို ၁၀၃ ေပါင္ အျဖစ္ သက္မွတ္ခဲ့ပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ ျပိဳင္ဘက္ထံကရတဲ့ သင္ခန္းစာအရ အထြန္႔တက္မေနပဲ အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ဘာစီလိုနာပရိသတ္ေတြထံက လက္မွတ္ႏႈန္းထားကို ၁၀၃ ေပါင္ ျပန္ေကာက္ခဲ့တယ္။ ပိုေနတဲ့ ၂၇ ေပါင္ကိုေတာ့ အေဝးကြင္းကို သြားေရာက္အားေပးမယ့္ လီဗာပူးပရိသတ္ ၄၆၀၀ အတြက္ ျပန္လည္ေဝမွ်ေပးမွာ ျဖစ္ပါတယ္။

လီဗာပူးဟာ ကြာတားအဆင့္မွာတုန္းက ျပိဳင္ဘက္ ေပၚတိုအသင္းနဲ႔ ညိႏိႈင္းလုပ္ေဆာင္မႈ အဆင္ေျပခဲ့ျပီး ခ်န္ပီယံလိဂ္ လက္မွတ္ႏႈန္းထားကို ေလ်ာ့ခ်ႏိုင္ခဲ့ပါျပီ။ ႏွစ္ဘက္အသင္း ပရိသတ္ေတြအတြက္ ကလပ္အသင္းေတြ ပူးေပါင္းလုပ္ေဆာင္ဖုိ႔ လီဗာပူးအသင္းဘက္က ဝင္ေရာက္ ညိႏိႈင္းမႈအရ နည္းပါးတဲ့ လက္မွတ္ႏႈန္းထားအျဖစ္ ၅၂ ေပါင္ပဲ က်သင့္ခဲ့တာျဖစ္တယ္။ ဒါဟာ ခ်န္ပီယံလိဂ္ ကြာတားအဆင့္မွာ လက္မွတ္ႏႈန္းထား အနည္းဆံုး ေကာက္ခံမႈလည္း ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အေ၀းကြင္း ပရိသတ္ေတြအတြက္ ပြဲလက္မွတ္ေတြဟာ ပရီးမီးယားလိဂ္လို ပံုေသ သတ္မွတ္ထားျခင္း မရွိဘဲ အေျပာင္းအလဲ လုပ္နုိင္သလို ကလပ္အသင္းေတြၾကား ညိႏိႈင္းလုပ္ေဆာင္ခြင့္လည္း ရွိထားပါတယ္။

Sports Home Time

[Unicode] ဘာစီလိုနာအသင်းဟာ နူးကမ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲစဉ်အတွက် အဝေးကွင်း လက်မှတ်ဈေးနှုန်းများကို ရက်ရက်စက်စက် ဈေးတင်တတ်လို့ ကလပ်အသင်းတွေကြား တင်းမာမှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ အသင်းပါ။ နောက်ဆုံးအကြိမ်တုန်းက ယူနိုက်တက်နဲ့ ပြဿနာတွေ တက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ လီဗာပူးနဲ့ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရစဉ်က အဝေးကွင်း လက်မှတ်ဈေးနှုန်းများကို ရက်ရက်စက်စက် ဈေးတင်ထားလို့ ကလပ်အသင်း နှစ်သင်းကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ လာလီဂါကလပ်က ချန်ပီယံလိဂ် အဝေးကွင်းလက်မှတ် ဈေးနှုန်းကို ၁၀၂ ပေါင် လို့ သတ်မှတ်ထားပြီး ဒါဟာ ယူနိုက်တက်သမိုင်းနဲ့ချီပြီး ဥရောပပွဲစဉ်တွေမှာ ဈေးအကြီးဆုံး လက်မှတ် ဖြစ်ခဲ့တာပါ။

ဘာစီလိုနာ အကြီးအကဲတွေရဲ့ အဆုံးအဖြတ်ကို မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေဘက်က မကျေမနပ် ဖြစ်နေပြီး တန်ပြန်တုန့်ပြန်ခဲ့ကြတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ အိုးထရက်ဖို့ဒ်ကို လာကန်တဲ့ပွဲအတွက် အဝေးကွင်းလက်မှတ်ကို ဘာစီလိုနာ သတ်မှတ်တဲ့ အဝေးကွင်းလက်မှတ် ဈေးနှုန်းနဲ့ အတူ သတ်မှတ်သွားခဲ့တယ်။ ဈေးပိုတင်ထားတဲ့ ပမာဏကို အဝေးကွင်းလိုက်ပါ အားပေးမယ့် ပရိသတ်တွေထံ ငွေပြန်အမ်းပေးဖို့ပါ ယူနိုက်တက်က စီစဉ်ပေးခဲ့ပါတယ်။

ဒီတစ်ကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် နျူးကပ်မှာကစားမယ့် ချန်ပီယံလိဂ်ပွဲကို ဘာစီလိုနာက လီဗာပူးပရိသတ်တွေအတွက် လက်မှတ်နှုန်းထားကို ၁၀၃ ပေါင် အဖြစ် သက်မှတ်ခဲ့ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ် ပြိုင်ဘက်ထံကရတဲ့ သင်ခန်းစာအရ အထွန့်တက်မနေပဲ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာပရိသတ်တွေထံက လက်မှတ်နှုန်းထားကို ၁၀၃ ပေါင် ပြန်ကောက်ခဲ့တယ်။ ပိုနေတဲ့ ၂၇ ပေါင်ကိုတော့ အဝေးကွင်းကို သွားရောက်အားပေးမယ့် လီဗာပူးပရိသတ် ၄၆၀၀ အတွက် ပြန်လည်ဝေမျှပေးမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ကွာတားအဆင့်မှာတုန်းက ပြိုင်ဘက် ပေါ်တိုအသင်းနဲ့ ညိနှိုင်းလုပ်ဆောင်မှု အဆင်ပြေခဲ့ပြီး ချန်ပီယံလိဂ် လက်မှတ်နှုန်းထားကို လျော့ချနိုင်ခဲ့ပါပြီ။ နှစ်ဘက်အသင်း ပရိသတ်တွေအတွက် ကလပ်အသင်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ လီဗာပူးအသင်းဘက်က ဝင်ရောက် ညိနှိုင်းမှုအရ နည်းပါးတဲ့ လက်မှတ်နှုန်းထားအဖြစ် ၅၂ ပေါင်ပဲ ကျသင့်ခဲ့တာဖြစ်တယ်။ ဒါဟာ ချန်ပီယံလိဂ် ကွာတားအဆင့်မှာ လက်မှတ်နှုန်းထား အနည်းဆုံး ကောက်ခံမှုလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အဝေးကွင်း ပရိသတ်တွေအတွက် ပွဲလက်မှတ်တွေဟာ ပရီးမီးယားလိဂ်လို ပုံသေ သတ်မှတ်ထားခြင်း မရှိဘဲ အပြောင်းအလဲ လုပ်နိုင်သလို ကလပ်အသင်းတွေကြား ညိနှိုင်းလုပ်ဆောင်ခွင့်လည်း ရှိထားပါတယ်။

Sports Home Time