တစ္္ခုခု ဆံုးျဖတ္ျပီးရင္ က်ေနာ္ ေနာင္တမရခ်င္ဘူး (ဟာဇက္)

[Zawgyi] ခ်ယ္ဆီးနဲ႕ စာခ်ဳပ္သစ္ကိစၥ စဥ္းစားဆဲ ျဖစ္တဲ့ တိုက္စစ္သမား ဟာဇက္က ဆံုးျဖတ္ခ်က္တစ္ခု ခ်ျပီးရင္ သူ ေနာင္တ မရခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ ဟာဇက္က ရီးရဲလ္အသင္းကို ခ်စ္ခင္ေၾကာင္းပါ ထည့္သြင္းေျပာလိုက္တာက အျပာေရာင္ ပရိသတ္ေတြ စိတ္ကြက္စရာ ျဖစ္သလို လာလီဂါကလပ္ကို လႈပ္ရွားဖို႔ မီးစိမ္းျပလိုက္တာလည္း ျဖစ္နုိင္ပါတယ္။

ဟာဇက္က ခ်ယ္ဆီးအသင္းနဲ႕ စာခ်ဳပ္ ၁၈ လ က်န္ေသးတာျဖစ္ျပီး စာခ်ဳပ္သစ္ ကိစၥနဲ႕ ရီးရဲလ္မက္ဒရစ္သို႔ သြားခ်င္တဲ့ ဆႏၵကို ပြင့္ပြင့္လင္းလင္း ထုတ္ျပထားတဲ့ ကစားသမား ျဖစ္ပါတယ္။ ဆာရီ ေရာက္လာတဲ့ ရာသီအစကေတာင္ အသင္းမွာ ဆက္ေနဖို႔ မေနဖို႔ မတင္မက် ျဖစ္ခဲ့ရပါေသးတယ္။

“ခ်ယ္ဆီး နည္းျပသစ္ ဆာရီက က်ေနာ္နဲ႕ ေဘာလံုးအယူအဆ ေတာ္ေတာ္တူတယ္.. ဘာျဖစ္မလဲ ဆက္ၾကည့္ဦးမွာပါ။ က်ေနာ့္ မိသားစုက လန္ဒန္မွာ။ က်ေနာ္ကလည္း အသက္ ၂၈ နွစ္ ရွိေတာ့မယ္။ တစ္ခုခု ဆံုးျဖတ္လိုက္ရင္ အဲဒီဆံုးျဖတ္ခ်က္က ေဘာလံုးသမာဘ၀ အဆံုးသတ္ခ်ိန္မွာ ေနာင္တရေနမွာမ်ိဳး မျဖစ္ခ်င္ဘူး”

“(အသင္းမွာ ဆက္ေန မေနက) က်ေနာ္ ဆံုးျဖတ္ကို ျဖတ္ရမယ့္ ကိစၥပါ.. ဘယ္ေတာ့လဲေတာ့ မသိဘူးေပါ့.. ဒါေပမယ့္ က်ေနာ္ ဆံုးျဖတ္ခ်က္ ခ်မွာပါ။ ခင္ဗ်ားတို႔လည္း သိတာပဲ.. က်ေနာ္ ရီးရဲလ္ကို အျမဲ ခ်စ္ခင္ခဲ့တဲ့သူပါ.. ဇီဒန္း မတိုင္ခင္တည္းက အားေပးခဲ့တာ.. ဒါေၾကာင့္ ဘာျဖစ္မလဲ ဘယ္လိုလုပ္ရမလဲ ေစာင့္ၾကည့္ရေသးတာေပါ့”

“က်ေနာ္ ေျပာခဲ့သလိုပဲ ဒီနွစ္မွာ ခ်ယ္ဆီးအသင္းနဲ႕အတူ ကုန္ဆံုးျပီးျပီး.. စာခ်ဳပ္မွာ ဒီနွစ္ျပီးရင္ ေနာက္တစ္နွစ္ က်န္ပါေသးတယ္။” လို႔ ဟာဇက္က RMC နဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။

[Unicode] ချယ်ဆီးနဲ့ စာချုပ်သစ်ကိစ္စ စဉ်းစားဆဲ ဖြစ်တဲ့ တိုက်စစ်သမား ဟာဇက်က ဆုံးဖြတ်ချက်တစ်ခု ချပြီးရင် သူ နောင်တ မရချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဟာဇက်က ရီးရဲလ်အသင်းကို ချစ်ခင်ကြောင်းပါ ထည့်သွင်းပြောလိုက်တာက အပြာရောင် ပရိသတ်တွေ စိတ်ကွက်စရာ ဖြစ်သလို လာလီဂါကလပ်ကို လှုပ်ရှားဖို့ မီးစိမ်းပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ဟာဇက်က ချယ်ဆီးအသင်းနဲ့ စာချုပ် ၁၈ လ ကျန်သေးတာဖြစ်ပြီး စာချုပ်သစ် ကိစ္စနဲ့ ရီးရဲလ်မက်ဒရစ်သို့ သွားချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဆာရီ ရောက်လာတဲ့ ရာသီအစကတောင် အသင်းမှာ ဆက်နေဖို့ မနေဖို့ မတင်မကျ ဖြစ်ခဲ့ရပါသေးတယ်။

“ချယ်ဆီး နည်းပြသစ် ဆာရီက ကျနော်နဲ့ ဘောလုံးအယူအဆ တော်တော်တူတယ်.. ဘာဖြစ်မလဲ ဆက်ကြည့်ဦးမှာပါ။ ကျနော့် မိသားစုက လန်ဒန်မှာ။ ကျနော်ကလည်း အသက် ၂၈ နှစ် ရှိတော့မယ်။ တစ်ခုခု ဆုံးဖြတ်လိုက်ရင် အဲဒီဆုံးဖြတ်ချက်က ဘောလုံးသမာဘ၀ အဆုံးသတ်ချိန်မှာ နောင်တရနေမှာမျိုး မဖြစ်ချင်ဘူး”

“(အသင်းမှာ ဆက်နေ မနေက) ကျနော် ဆုံးဖြတ်ကို ဖြတ်ရမယ့် ကိစ္စပါ.. ဘယ်တော့လဲတော့ မသိဘူးပေါ့.. ဒါပေမယ့် ကျနော် ဆုံးဖြတ်ချက် ချမှာပါ။ ခင်ဗျားတို့လည်း သိတာပဲ.. ကျနော် ရီးရဲလ်ကို အမြဲ ချစ်ခင်ခဲ့တဲ့သူပါ.. ဇီဒန်း မတိုင်ခင်တည်းက အားပေးခဲ့တာ.. ဒါကြောင့် ဘာဖြစ်မလဲ ဘယ်လိုလုပ်ရမလဲ စောင့်ကြည့်ရသေးတာပေါ့”

“ကျနော် ပြောခဲ့သလိုပဲ ဒီနှစ်မှာ ချယ်ဆီးအသင်းနဲ့အတူ ကုန်ဆုံးပြီးပြီး.. စာချုပ်မှာ ဒီနှစ်ပြီးရင် နောက်တစ်နှစ် ကျန်ပါသေးတယ်။” လို့ ဟာဇက်က RMC နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။