မန္စီးတီးကို သြင္းယူတဲ့ ေလာ္ရန္ေတးရဲ႕ သြင္းဂိုးမ်ိဳး လာမယ့္ရာသီမွာ လက္ထိေဘာ သက္မွတ္မည္

မန္စီးတီးနဲ႔ စပါးပြဲမွာ စပါးအတြက္ တတိယေျမာက္ဂိုးကို သြင္းယူေပးခဲ့တဲ့ ေလာရန္ေတးရဲ႕ ဂိုးသြင္းယူမႈ အေနအထားဟာ လူကၽြံေဘာ ဟုတ္လား၊ မဟုတ္လား အျငင္းပြားမႈေတြ ျပင္းထန္ေနပါတယ္။ စပါးဟာ အဆိုပါ သြင္းဂိုးေၾကာင့္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ခဲ့ျပီး VAR စနစ္ထံက အက်ိဳးအျမတ္ၾကီးရတဲ့ အသင္းျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ဒီျပႆနာက မျပီးေသးပါဘူး။ ယူအီးအက္ဖ္ေအရဲ႕ တာဝန္ရွိသူ တစ္ဦး ထုတ္ေဖာ္ေျပာတာကေတာ့ ေလာ္ရန္ေတးရဲ႕ သြင္းဂိုးျဖစ္ရပ္အတြက္ ဒီရာသီအတြက္ေတာ့ ဂိုးခြင့္ျပဳပါတယ္၊ လာမယ့္ရာသီ တူညီတဲ့ အေနအထားဆိုရင္ေတာ့ လက္ထိေဘာအျဖစ္ သက္မွတ္မွာျဖစ္ျပီး ဂိုးေပးမွာ မဟုတ္ေတာ့ပါဘူး။ ဒီသတင္းဟာ မန္စီးတီး ပရိသတ္ေတြအတြက္ ေဒါသထြက္စရာ သတင္းျဖစ္သြားမွာက ေစခ်ာပါတယ္။

စပါးအစြန္လူ ထရစ္ပီယာ ေထာင့္ကန္ေဘာကေန တင္ေပးလိုက္တဲ့ ေဘာလံုးကို ေလာရန္ေတးက ဂိုးသြင္းရာမွာ လက္နဲ႔အရင္ထိျပီးမွ ေပါင္နဲ႔ထိကာ ဂိုးဝင္ခဲ့တယ္လို႔ အျငင္းပြားေနရတာျဖစ္တယ္။ ကြင္းလယ္ဒိုင္က ရႈေထာင့္တစ္ဘက္ကို အေသအခ်ာၾကည့္ျပီး သြင္းဂိုးအျဖစ္ သက္မွတ္ေပးတာ ျဖစ္ေပမယ့္ အျခားေသာ ရႈေထာင့္တစ္ဘက္ကေန ျမင္ရတဲ့ အေနအထားမွာေတာ့ ေသခ်ာေပါက္ လက္ထိခဲ့တာျဖစ္ပါတယ္။

ဒီကိစၥဟာ အျငင္းပြားဖြယ္ ျဖစ္ေနဆဲပါပဲ။ သို႔ေပမယ့္ ေနာက္ရာသီမွာဆုိရင္ ဘယ္လို ဆံုးျဖတ္မွာလဲဆိုတဲ့ ေမးခြန္းရွိပါတယ္။ ယူအီးအက္ဖ္ေအရဲ႕ ဒိုင္လူၾကီးဆုိင္ရာ အၾကီးအကဲ ပုဂၢိဳလ္ Roberto Rossetti ကေတာ့ လာမယ့္ရာသီကစလို႔ လက္နဲ႔ထိတဲ့ ဘယ္လို အေနအထားကိုမဆို သြင္းဂိုးအျဖစ္ ခြင့္ျပဳ မေပးေတာ့ပါဘူးလို႔ ေျပာဆိုလိုက္တာျဖစ္တယ္။

ႏိုင္ငံတကာ ေဘာလံုးၾကီးၾကပ္ေရး အဖြဲ႔ခ်ဳပ္ (The International Football Association Board) က ဂိုးသြင္းယူမႈမွာ လက္နဲ႔ မေတာ္တဆ ထိမိတဲ့ အရိပ္အေယာင္ ျမင္ရမယ္ဆိုရင္ မေတာ္တဆေတာင္မွ သြင္းဂိုးအျဖစ္ ပယ္ဖ်က္မယ္လို႔ ေၾကညာထားတယ္။ လက္ထိေဘာကေန ဂိုးရမႈ အေနအထားက ဒီႏွစ္ထဲမွာ အျငင္းပြားစရာေတြ ျဖစ္ထားခဲ့ျပီး ဒီရာသီ မန္စီးတီးနဲ႔ ဝုဗ္ပြဲမွာ ဝုဗ္ကစားသမား Willy Boly လက္ထိခဲ့တဲ ့အေနအထားလည္း ျမင္ထားရပါတယ္။

လက္ထိေဘာေတြကေန သြင္းဂိုရတဲ့ အေနအထားေတြကို ပိုမို ေလ့လာမႈနဲ႔ ဆံုးျဖတ္ခ်က္အတြက္ အဓိပၸာယ္ဖြင့္မႈေတြကို ပိုမို ျပဳလုပ္သြားၾကေတာ့မွာျဖစ္စ္ျပီး ေဘာလံုးပိုင္းဆိုင္မႈမွာ လက္နဲ႔ ထိခဲ့ျပီး ဂိုးရခဲ့တာ (သို႔) အခြင့္အေရးေတြ ဖန္တီးေပးႏုိင္တာက မေတာ္တဆမႈျဖစ္ရင္ေတာင္ ခြင့္ျပဳေပးသြားဖြယ္ မရွိေတာ့ပါေၾကာင္း တယ္လီဂရပ္ကေတာ့ ေဖာ္ျပသြားခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးနဲ့ စပါးပွဲမှာ စပါးအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တဲ့ လောရန်တေးရဲ့ ဂိုးသွင်းယူမှု အနေအထားဟာ လူကျွံဘော ဟုတ်လား၊ မဟုတ်လား အငြင်းပွားမှုတွေ ပြင်းထန်နေပါတယ်။ စပါးဟာ အဆိုပါ သွင်းဂိုးကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး VAR စနစ်ထံက အကျိုးအမြတ်ကြီးရတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီပြဿနာက မပြီးသေးပါဘူး။ ယူအီးအက်ဖ်အေရဲ့ တာဝန်ရှိသူ တစ်ဦး ထုတ်ဖော်ပြောတာကတော့ လော်ရန်တေးရဲ့ သွင်းဂိုးဖြစ်ရပ်အတွက် ဒီရာသီအတွက်တော့ ဂိုးခွင့်ပြုပါတယ်၊ လာမယ့်ရာသီ တူညီတဲ့ အနေအထားဆိုရင်တော့ လက်ထိဘောအဖြစ် သက်မှတ်မှာဖြစ်ပြီး ဂိုးပေးမှာ မဟုတ်တော့ပါဘူး။ ဒီသတင်းဟာ မန်စီးတီး ပရိသတ်တွေအတွက် ဒေါသထွက်စရာ သတင်းဖြစ်သွားမှာက စေချာပါတယ်။

စပါးအစွန်လူ ထရစ်ပီယာ ထောင့်ကန်ဘောကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို လောရန်တေးက ဂိုးသွင်းရာမှာ လက်နဲ့အရင်ထိပြီးမှ ပေါင်နဲ့ထိကာ ဂိုးဝင်ခဲ့တယ်လို့ အငြင်းပွားနေရတာဖြစ်တယ်။ ကွင်းလယ်ဒိုင်က ရှုထောင့်တစ်ဘက်ကို အသေအချာကြည့်ပြီး သွင်းဂိုးအဖြစ် သက်မှတ်ပေးတာ ဖြစ်ပေမယ့် အခြားသော ရှုထောင့်တစ်ဘက်ကနေ မြင်ရတဲ့ အနေအထားမှာတော့ သေချာပေါက် လက်ထိခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စဟာ အငြင်းပွားဖွယ် ဖြစ်နေဆဲပါပဲ။ သို့ပေမယ့် နောက်ရာသီမှာဆိုရင် ဘယ်လို ဆုံးဖြတ်မှာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဒိုင်လူကြီးဆိုင်ရာ အကြီးအကဲ ပုဂ္ဂိုလ် Roberto Rossetti ကတော့ လာမယ့်ရာသီကစလို့ လက်နဲ့ထိတဲ့ ဘယ်လို အနေအထားကိုမဆို သွင်းဂိုးအဖြစ် ခွင့်ပြု မပေးတော့ပါဘူးလို့ ပြောဆိုလိုက်တာဖြစ်တယ်။

နိုင်ငံတကာ ဘောလုံးကြီးကြပ်ရေး အဖွဲ့ချုပ် (The International Football Association Board) က ဂိုးသွင်းယူမှုမှာ လက်နဲ့ မတော်တဆ ထိမိတဲ့ အရိပ်အယောင် မြင်ရမယ်ဆိုရင် မတော်တဆတောင်မှ သွင်းဂိုးအဖြစ် ပယ်ဖျက်မယ်လို့ ကြေညာထားတယ်။ လက်ထိဘောကနေ ဂိုးရမှု အနေအထားက ဒီနှစ်ထဲမှာ အငြင်းပွားစရာတွေ ဖြစ်ထားခဲ့ပြီး ဒီရာသီ မန်စီးတီးနဲ့ ဝုဗ်ပွဲမှာ ဝုဗ်ကစားသမား Willy Boly လက်ထိခဲ့တဲ့အနေအထားလည်း မြင်ထားရပါတယ်။

လက်ထိဘောတွေကနေ သွင်းဂိုရတဲ့ အနေအထားတွေကို ပိုမို လေ့လာမှုနဲ့ ဆုံးဖြတ်ချက်အတွက် အဓိပ္ပာယ်ဖွင့်မှုတွေကို ပိုမို ပြုလုပ်သွားကြတော့မှာဖြစ်စ်ပြီး ဘောလုံးပိုင်းဆိုင်မှုမှာ လက်နဲ့ ထိခဲ့ပြီး ဂိုးရခဲ့တာ (သို့) အခွင့်အရေးတွေ ဖန်တီးပေးနိုင်တာက မတော်တဆမှုဖြစ်ရင်တောင် ခွင့်ပြုပေးသွားဖွယ် မရှိတော့ပါကြောင်း တယ်လီဂရပ်ကတော့ ဖော်ပြသွားခဲ့ပါတယ်။

Sports Home Time