ဒီေဂ်ာင္းနဲ႔ ဒီလစ္ကို ေခၚယူဖို႔ အစီရင္ခံစာတင္မႈကို ဝုဒ္ဝတ္က ပယ္ခ်ခဲ့တယ္

[Zawgyi] ယူႏိုက္တက္ရဲ႕ လူငယ္ကစားသမားသစ္ အားျဖည့္မႈဆိုင္ရာ အၾကီးအကဲေဟာင္း Derek Langley က သူဟာ နယ္သာလန္လူငယ္ကစားသမားေတြ ေအးဂ်က္စီနီယာအသင္းထံ ေရာက္မလာခင္ကတည္းက မန္ခ်က္စတာကလပ္အတြက္ ေခၚယူဖို႔ ေထာက္ခံမႈ ျပဳလုပ္ခဲ့ေသးေပမယ့္ မေအာင္ျမင္ခဲ့ဖူးလို႔ ထုတ္ေျပာလာပါတယ္။

2016 ခုႏွစ္ေနာက္ပိုင္း နယ္သာလန္လူငယ္ေတြဟာ ဥေရာပရဲ႕ အလားအလာအရွိဆံုး ကစားသမားေတြအျဖစ္ ထြန္းေတာက္လာခဲ့တယ္။ သူတို႔ႏွစ္ဦးရဲ႕ ေနာက္ထပ္ ေျပာင္းေရႊ႔မယ့္အသင္းဟာ ဥေရာပထိပ္တန္းကလပ္ေတြ ေသခ်ာေပါက္ ျဖစ္လာပါမယ္။

ဒီေဂ်ာင္းက Willem II အသင္းကေနမွ ေအးဂ်က္အသင္းကို အသက္ 18 ႏွစ္အရြယ္မွာ ကူးေျပာင္းလာခဲ့ျပီး ဒီလစ္ကေတာ့ အသက္ 16 ႏွစ္အရြယ္မွာတင္ စီနီယာ ပြဲထြက္ခြင့္ေတြ စရေနပါျပီ။ သူတို႔ႏွစ္ဦးဟာ ယူႏိုက္တက္နဲ႔ ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ေတြ႔ဆံုခဲ့ၾကဖူးပါတယ္။ အဲ့သည္ ကစားသမားႏွစ္ဦးလံုးကို ယူႏိုက္တက္ထံ ေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးေၾကာင္း Langley က ေျပာျပပါတယ္။

” ကစားသမားေတြက ပယ္ခ်လိုက္တာလား? ဒီလစ္နဲ႔ ပက္သက္ျပီး ကလပ္ကို အစီရင္ခံစားေတြ ဘယ္ေလာက္ေတာင္ တင္ခဲ့လဲဆိုတာ ဘုရားသခင္ သိပါတယ္။ က်ေနာ္တို႔ ေဖာ္ျပခဲ့တဲ့ ဒီေဂ်ာင္းနဲ႔ အျခား ကစားသမားေတြဟာလည္း ဥေရာပရဲ႕ လူငယ္ေျခတက္ေတြ ျဖစ္လာခဲ့ျပီ။ အဲ့သည္စာရင္းမွာပါတဲ့ Dayot Upamecano ကလည္း ရတ္ဘူးလ္လပ္ဇစ္ အသင္းမွာ ေနရာရလာေနပါျပီ ” လို႔ Langley က MEN Sport ကို ေျပာျပပါတယ္။

” က်ေနာ္ ဝုဒ္ဝတ္နဲ႔ ေတြ႔ဆံုမႈလုပ္ခဲ့ျပီး ‘ငါဒီေနရာမွ ရွိေနတာက မင္းၾကားခ်င္တာေတြပဲ ေျပာဖို႔ မဟုတ္ဘူး’ ဆိုတာမ်ိဳး ေျပာျဖစ္ခဲ့တယ္။ က်ေနာ္က ကိုယ္ျမင္တာကို ကိုယ္ေျပာမယ့္ လူစားမ်ိဳးပါ။ အဲ့တာကပဲ ယူႏိုက္တက္ကေန က်ေနာ္ ထြက္ခြာခဲ့ရတဲ့ အေၾကာင္းျပျဖစ္ခ်င္ ျဖစ္ပါလိမ့္မယ္။

ဒါက ေဘာလံုးမွာ ျဖစ္တတ္တာျဖစ္ျပီး က်ေနာ္ လက္ခံရပါမယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ က်ေနာ္ရဲ႕ အခ်ိန္ေတြ ကုန္ဆံုးခဲ့ဖူးျပီး၊ ကစားသမားေတြလည္း ေခၚယူေပးခဲ့ဖူးတာအတြက္ ေက်းဇူးတင္တယ္။ ဒါေပမယ့္လို႔ က်ေနာ္ ျမင္တဲ့ ကစားသမားေတြကို သူတို႔ အေလးအနက္ထား နားေထာင္ေပးခဲ့ရင္ အသင္းက ပိုေကာင္းမွာပါ ” လို႔ ထပ္ေျပာပါေသးတယ္။

အိုထရတ္ဖိုဒ္မွာ 16 ႏွစ္ၾကာ အခ်ိန္ကုန္ခဲ့ျပီ ေဒသခံကစားသမားေတြကို ကလပ္အသင္း အကယ္ဒမီအတြက္ ေခၚယူေပးခဲ့တဲ့ Langley ဟာ ယူႏိုက္တက္တစ္ေယာက္ပါ။ သူဟာ 2000 ခုႏွစ္နဲ႔ 2016 ခုႏွစ္ၾကား တာဝန္ယူမႈကေန ရပ္ဖိုဒ့္၊ လင္ဂတ္၊ ပီေကး၊ ဝဲလ္ဘတ္၊ ကတီဗာေလ၊ ရိုစီ၊ ဂ်ာႏုဇက္တို႔ကို စီနီယာအသင္းအတြက္ ခ်ိတ္ဆက္ေပးႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ ယူႏိုက္တက္ဟာ ကင္းေထာက္ေပါင္း 56 ဦးထိ ပိုင္ဆိုင္ထားျပီျဖစ္ျပီး အဆိုပါ ကင္းေထာက္ေတြက ကမၻာတစ္ဝန္းက လူငယ္ေျခတက္ေတြကို ေလ့လာမႈေတြလုပ္ျပီး မန္ခ်က္စတာကလပ္ကို သတင္းပို႔ဖို႔အတြက္ တာဝန္ယူၾကမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ရဲ့ လူငယ်ကစားသမားသစ် အားဖြည့်မှုဆိုင်ရာ အကြီးအကဲဟောင်း Derek Langley က သူဟာ နယ်သာလန်လူငယ်ကစားသမားတွေ အေးဂျက်စီနီယာအသင်းထံ ရောက်မလာခင်ကတည်းက မန်ချက်စတာကလပ်အတွက် ခေါ်ယူဖို့ ထောက်ခံမှု ပြုလုပ်ခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဖူးလို့ ထုတ်ပြောလာပါတယ်။

2016 ခုနှစ်နောက်ပိုင်း နယ်သာလန်လူငယ်တွေဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ကစားသမားတွေအဖြစ် ထွန်းတောက်လာခဲ့တယ်။ သူတို့နှစ်ဦးရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းဟာ ဥရောပထိပ်တန်းကလပ်တွေ သေချာပေါက် ဖြစ်လာပါမယ်။

ဒီဂျောင်းက Willem II အသင်းကနေမှ အေးဂျက်အသင်းကို အသက် 18 နှစ်အရွယ်မှာ ကူးပြောင်းလာခဲ့ပြီး ဒီလစ်ကတော့ အသက် 16 နှစ်အရွယ်မှာတင် စီနီယာ ပွဲထွက်ခွင့်တွေ စရနေပါပြီ။ သူတို့နှစ်ဦးဟာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။ အဲ့သည် ကစားသမားနှစ်ဦးလုံးကို ယူနိုက်တက်ထံ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း Langley က ပြောပြပါတယ်။

” ကစားသမားတွေက ပယ်ချလိုက်တာလား? ဒီလစ်နဲ့ ပက်သက်ပြီး ကလပ်ကို အစီရင်ခံစားတွေ ဘယ်လောက်တောင် တင်ခဲ့လဲဆိုတာ ဘုရားသခင် သိပါတယ်။ ကျနော်တို့ ဖော်ပြခဲ့တဲ့ ဒီဂျောင်းနဲ့ အခြား ကစားသမားတွေဟာလည်း ဥရောပရဲ့ လူငယ်ခြေတက်တွေ ဖြစ်လာခဲ့ပြီ။ အဲ့သည်စာရင်းမှာပါတဲ့ Dayot Upamecano ကလည်း ရတ်ဘူးလ်လပ်ဇစ် အသင်းမှာ နေရာရလာနေပါပြီ ” လို့ Langley က MEN Sport ကို ပြောပြပါတယ်။

” ကျနော် ဝုဒ်ဝတ်နဲ့ တွေ့ဆုံမှုလုပ်ခဲ့ပြီး ‘ငါဒီနေရာမှ ရှိနေတာက မင်းကြားချင်တာတွေပဲ ပြောဖို့ မဟုတ်ဘူး’ ဆိုတာမျိုး ပြောဖြစ်ခဲ့တယ်။ ကျနော်က ကိုယ်မြင်တာကို ကိုယ်ပြောမယ့် လူစားမျိုးပါ။ အဲ့တာကပဲ ယူနိုက်တက်ကနေ ကျနော် ထွက်ခွာခဲ့ရတဲ့ အကြောင်းပြဖြစ်ချင် ဖြစ်ပါလိမ့်မယ်။

ဒါက ဘောလုံးမှာ ဖြစ်တတ်တာဖြစ်ပြီး ကျနော် လက်ခံရပါမယ်။ မန်ချက်စတာယူနိုက်တက်မှာ ကျနော်ရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ဖူးပြီး၊ ကစားသမားတွေလည်း ခေါ်ယူပေးခဲ့ဖူးတာအတွက် ကျေးဇူးတင်တယ်။ ဒါပေမယ့်လို့ ကျနော် မြင်တဲ့ ကစားသမားတွေကို သူတို့ အလေးအနက်ထား နားထောင်ပေးခဲ့ရင် အသင်းက ပိုကောင်းမှာပါ ” လို့ ထပ်ပြောပါသေးတယ်။

အိုထရတ်ဖိုဒ်မှာ 16 နှစ်ကြာ အချိန်ကုန်ခဲ့ပြီ ဒေသခံကစားသမားတွေကို ကလပ်အသင်း အကယ်ဒမီအတွက် ခေါ်ယူပေးခဲ့တဲ့ Langley ဟာ ယူနိုက်တက်တစ်ယောက်ပါ။ သူဟာ 2000 ခုနှစ်နဲ့ 2016 ခုနှစ်ကြား တာဝန်ယူမှုကနေ ရပ်ဖိုဒ့်၊ လင်ဂတ်၊ ပီကေး၊ ဝဲလ်ဘတ်၊ ကတီဗာလေ၊ ရိုစီ၊ ဂျာနုဇက်တို့ကို စီနီယာအသင်းအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ကင်းထောက်ပေါင်း 56 ဦးထိ ပိုင်ဆိုင်ထားပြီဖြစ်ပြီး အဆိုပါ ကင်းထောက်တွေက ကမ္ဘာတစ်ဝန်းက လူငယ်ခြေတက်တွေကို လေ့လာမှုတွေလုပ်ပြီး မန်ချက်စတာကလပ်ကို သတင်းပို့ဖို့အတွက် တာဝန်ယူကြမှာဖြစ်ပါတယ်။

Sports Home Time