နာပိုလီ၊ လီဗာပူး၊ ပီအက္ဂ်ီတို႔ ဘယ္လိုရလဒ္ထြက္မွ အုပ္စုက တက္မလဲ

[Zawgyi] ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္ဖို႔ရာ ဒီဇင္ဘာလ 12 ရက္ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ နာပိုလီနဲ႔ပြဲကို လီဗာပူးက အႏိုင္ရဖို႔ လိုအပ္လာခဲ့ပါျပီ။ ဒါမွလည္း ရမွတ္တူ အေနအထားကို ေရာက္မွာျဖစ္ျပီး ခ်န္ပီယံလိဂ္ စည္းမ်ဥ္းေတြအရ အုပ္စုတြင္း အမွတ္တူရင္ ထိပ္တိုက္ေတြ႔ဆံုမႈကို ၾကည့္မွာျဖစ္တယ္။ လီဗာပူးဟာ အေဝးကြင္းမွာ နာပိုလီကို 1-0 နဲ႔ အေရးနိမ့္ထားပါတယ္။

ပီအက္ဂ်ီအသင္းက အေဝးကြင္းမွာ ရတ္စတားကို အႏိုင္ရခဲ့မယ္ဆိုရင္ ပီအက္ဂ်ီက အုပ္စုဗိုလ္နဲ႔ တက္ေရာက္ပါမယ္။ လီဗာပူးကေတာ့ နာပိုလီကို ေအာက္ပါအတိုင္း ရလဒ္ေတြထြက္ဖို႔ လိုပါတယ္။

ဘယ္လိုဆိုရင္ လီဗာပူး ရံွဴးထြက္ကို တက္ေရာက္မလဲ?

  • လီဗာပူးက နာပိုလီကို 1-0 နဲ႔ ႏိုင္ရပါမယ္။ ဂိုးသြင္းႏုိင္မႈ ကြာျခားခ်က္အရ လီဗာပူးအသင္း ရံွဴးထြက္ကို တက္ေရာက္ပါမယ္။
  • လီဗာပူးက သြင္းဂိုး 2 ဂိုးနဲ႔ 2 ဂိုးအထက္ သြင္းယူႏိုင္ရင္ အုပ္စုတက္ပါမယ္။ ထိပ္တိုက္ေတြ႔ဆံုမႈမွာ ရလဒ္ပိုေကာင္းလို႔ျဖစ္ပါတယ္။
  • ဒါေပမယ့္လို႔ လီဗာပူးက 2-1 နဲ႔ အႏိုင္ရရင္ ယူရိုပါလိဂ္ ဆင္းကစားရပါမယ္။ နာပိုလီကို အႏိုင္ရေပမယ့္ စီးရီးေအကလပ္က အေဝးဂိုး တစ္ဂိုးရတာေၾကာင့္ ထိပ္တိုက္ေတြ႔ဆံုမႈအရ လီဗာပူးက အေရးနိမ့္မွာျဖစ္ပါတယ္။
  • အကယ္လို႔ ရတ္စတားနဲ႔ အေဝးကြင္းပြဲမွာ ပီအက္ဂ်ီက အႏိုင္မရခဲ့ဘူးဆိုရင္ နာပိုလီကို မည္သည့္ ရလဒ္ႏွင့္ ႏိုင္သည္ျဖစ္ေစ အုပ္စုဗိုလ္ျဖင့္ လီဗာပူးအသင္း ေနာက္တစ္ဆင့္ကို တက္ပါမယ္။

ဒီေနရာမွာ လူေမးမ်ားေနတာရွိပါတယ္။ လီဗာပူးက နာပိုလီကိုႏိုင္မယ္၊ ပီအက္ဂ်ီက ရက္စတားကို သေရက်မယ္ဆိုရင္ ဘယ္လိုျဖစ္သြားမလဲဆိုတာပါ။ အဲ့သည္အတြက္ ေနာက္ထပ္ ရွင္းလင္းမႈတစ္ခုကို ေဖာ္ျပပါမယ္။

ျဖစ္ႏိုင္ေခ် 1: ပီအက္ဂ်ီက ရတ္စတားကို အႏိုင္ရရင္

ျဖစ္ႏိုင္ေခ်အျမင့္ဆံုး ျဖစ္ပါတယ္။ ရတ္စတားက ေနာက္တစ္ဆင့္ကိုတက္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒီအေျခအေနမွာ လီဗာပူးက နာပိုလီကို 1-0 (သို႔) 2 ဂိုးျပတ္အႏိုင္ရမယ္ဆိုရင္ အုပ္စုက တက္မွာျဖစ္တယ္။ ပီအက္ဂ်ီက ရက္စတားကို အႏိုင္ရရင္ အုပ္စုဗိုလ္၊ လီဗာပူးက အုပ္စု ဒုတိယျဖစ္တယ္။ အဲ့လိုမဟုတ္ပဲ အန္ဖီးကြင္းမွာ ရလဒ္ေကာင္းရမယ္ဆိုရင္ေတာ့ နာပိုလီဟာ ပီအက္ဂ်ီနဲပအတူ ရံွဴးထြက္ကို တက္ေရာက္သြားမွာျဖစ္ပါတယ္။

ျဖစ္ႏိုင္ေခ် 2: အကယ္လို႔ ပီအက္ဂ်ီနဲ႔ ရတ္စတား သေရက်ခဲ့ရင္

အဲ့သည္လိုျဖစ္ခဲ့ရင္ ပီအက္ဂ်ီက 9 မွတ္ပါ။ တစ္ဘက္မွာ နာပိုလီက လီဗာပူးကို သေရ (သို႔) အႏိုင္ကစားသြားခဲ့ရင္ ျပင္သစ္ကလပ္နဲ႔ စီးရီးေအကလပ္တို႔ အုပ္စုတက္ပါမယ္။ ဒါေပမယ့္ လီဗာပူးက ႏိုင္ခဲ့ရင္ေတာ့ သံုးသင္းၾကား ရမွတ္ 9 မွတ္ေတြ တူညီသြားမယ္။ ဒါဆိုရင္ ပတ္လည္ ထိပ္တိုက္ေတြ႔မႈေတြကို ေအာက္ပါအတိုင္း အစဥ္လိုက္ ၾကည့္ပါမယ္။ သံုးသင္း ထိပ္တိုက္ၾကည့္မႈမွာေတာ့ လီဗာပူးက ရမွတ္အျမင့္ဆံုး ယူႏိုင္မႈမွာ ျပိဳင္ဘက္ႏွစ္သင္းကို အသာရေနပါတယ္။

  • သံုးသင္း ပတ္လည္ထိပ္တိုက္ေတြ႔မႈမွာ အျမင့္ဆံုး ရမွတ္ရယူႏိုင္တဲ့အသင္း
  • သံုးသင္း ပတ္လည္ထိပ္တိုက္ေတြ႔မႈမွာ ဂိုးကြာျခားခ်က္
  • သံုးသင္း ပတ္လည္ထိပ္တိုက္ေတြ႔မႈမွာ ဂိုးသြင္းႏႈန္း
  • သံုးသင္း ပတ္လည္ထိပ္တိုက္ေတြ႔မႈမွာ သြင္းယူထားတဲ့ အေဝးဂိုး

ျဖစ္ႏိုင္ေခ် 2: အကယ္လို႔ ပီအက္ဂ်ီက ရတ္စတားကို အေရးနိမ့္ခဲ့ရင္

ပီအက္ဂ်ီအသင္း ရံွဴးနိမ့္ဖို႔ကေတာ့ ျဖစ္ဖို႔ ခဲပါတယ္။ တကယ္လို႔ အဲ့သည္လိုျဖစ္ခဲ့ရင္ နာပိုလီဟာ အန္ဖီးကြင္းမွာ ဘယ္လိုရလဒ္ပဲ ရပါေစ ေနာက္တစ္ဆင့္ကို တက္ပါတယ္။ ဒါေပမယ့္ လီဗာပူးကေတာ့ အႏိုင္ရမွ ေနာက္တစ္ဆင့္ကို တက္မွာျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်ဖို့ရာ ဒီဇင်ဘာလ 12 ရက် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် နာပိုလီနဲ့ပွဲကို လီဗာပူးက အနိုင်ရဖို့ လိုအပ်လာခဲ့ပါပြီ။ ဒါမှလည်း ရမှတ်တူ အနေအထားကို ရောက်မှာဖြစ်ပြီး ချန်ပီယံလိဂ် စည်းမျဉ်းတွေအရ အုပ်စုတွင်း အမှတ်တူရင် ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မှာဖြစ်တယ်။ လီဗာပူးဟာ အဝေးကွင်းမှာ နာပိုလီကို 1-0 နဲ့ အရေးနိမ့်ထားပါတယ်။

ပီအက်ဂျီအသင်းက အဝေးကွင်းမှာ ရတ်စတားကို အနိုင်ရခဲ့မယ်ဆိုရင် ပီအက်ဂျီက အုပ်စုဗိုလ်နဲ့ တက်ရောက်ပါမယ်။ လီဗာပူးကတော့ နာပိုလီကို အောက်ပါအတိုင်း ရလဒ်တွေထွက်ဖို့ လိုပါတယ်။

ဘယ်လိုဆိုရင် လီဗာပူး ရံှူးထွက်ကို တက်ရောက်မလဲ?

  • လီဗာပူးက နာပိုလီကို 1-0 နဲ့ နိုင်ရပါမယ်။ ဂိုးသွင်းနိုင်မှု ကွာခြားချက်အရ လီဗာပူးအသင်း ရံှူးထွက်ကို တက်ရောက်ပါမယ်။
  • လီဗာပူးက သွင်းဂိုး 2 ဂိုးနဲ့ 2 ဂိုးအထက် သွင်းယူနိုင်ရင် အုပ်စုတက်ပါမယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ ရလဒ်ပိုကောင်းလို့ဖြစ်ပါတယ်။
  • ဒါပေမယ့်လို့ လီဗာပူးက 2-1 နဲ့ အနိုင်ရရင် ယူရိုပါလိဂ် ဆင်းကစားရပါမယ်။ နာပိုလီကို အနိုင်ရပေမယ့် စီးရီးအေကလပ်က အဝေးဂိုး တစ်ဂိုးရတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူးက အရေးနိမ့်မှာဖြစ်ပါတယ်။
  • အကယ်လို့ ရတ်စတားနဲ့ အဝေးကွင်းပွဲမှာ ပီအက်ဂျီက အနိုင်မရခဲ့ဘူးဆိုရင် နာပိုလီကို မည်သည့် ရလဒ်နှင့် နိုင်သည်ဖြစ်စေ အုပ်စုဗိုလ်ဖြင့် လီဗာပူးအသင်း နောက်တစ်ဆင့်ကို တက်ပါမယ်။

ဒီနေရာမှာ လူမေးများနေတာရှိပါတယ်။ လီဗာပူးက နာပိုလီကိုနိုင်မယ်၊ ပီအက်ဂျီက ရက်စတားကို သရေကျမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတာပါ။ အဲ့သည်အတွက် နောက်ထပ် ရှင်းလင်းမှုတစ်ခုကို ဖော်ပြပါမယ်။

ဖြစ်နိုင်ချေ 1: ပီအက်ဂျီက ရတ်စတားကို အနိုင်ရရင်

ဖြစ်နိုင်ချေအမြင့်ဆုံး ဖြစ်ပါတယ်။ ရတ်စတားက နောက်တစ်ဆင့်ကိုတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီအခြေအနေမှာ လီဗာပူးက နာပိုလီကို 1-0 (သို့) 2 ဂိုးပြတ်အနိုင်ရမယ်ဆိုရင် အုပ်စုက တက်မှာဖြစ်တယ်။ ပီအက်ဂျီက ရက်စတားကို အနိုင်ရရင် အုပ်စုဗိုလ်၊ လီဗာပူးက အုပ်စု ဒုတိယဖြစ်တယ်။ အဲ့လိုမဟုတ်ပဲ အန်ဖီးကွင်းမှာ ရလဒ်ကောင်းရမယ်ဆိုရင်တော့ နာပိုလီဟာ ပီအက်ဂျီနဲပအတူ ရံှူးထွက်ကို တက်ရောက်သွားမှာဖြစ်ပါတယ်။

ဖြစ်နိုင်ချေ 2: အကယ်လို့ ပီအက်ဂျီနဲ့ ရတ်စတား သရေကျခဲ့ရင်

အဲ့သည်လိုဖြစ်ခဲ့ရင် ပီအက်ဂျီက 9 မှတ်ပါ။ တစ်ဘက်မှာ နာပိုလီက လီဗာပူးကို သရေ (သို့) အနိုင်ကစားသွားခဲ့ရင် ပြင်သစ်ကလပ်နဲ့ စီးရီးအေကလပ်တို့ အုပ်စုတက်ပါမယ်။ ဒါပေမယ့် လီဗာပူးက နိုင်ခဲ့ရင်တော့ သုံးသင်းကြား ရမှတ် 9 မှတ်တွေ တူညီသွားမယ်။ ဒါဆိုရင် ပတ်လည် ထိပ်တိုက်တွေ့မှုတွေကို အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ပါမယ်။ သုံးသင်း ထိပ်တိုက်ကြည့်မှုမှာတော့ လီဗာပူးက ရမှတ်အမြင့်ဆုံး ယူနိုင်မှုမှာ ပြိုင်ဘက်နှစ်သင်းကို အသာရနေပါတယ်။

  • သုံးသင်း ပတ်လည်ထိပ်တိုက်တွေ့မှုမှာ အမြင့်ဆုံး ရမှတ်ရယူနိုင်တဲ့အသင်း
  • သုံးသင်း ပတ်လည်ထိပ်တိုက်တွေ့မှုမှာ ဂိုးကွာခြားချက်
  • သုံးသင်း ပတ်လည်ထိပ်တိုက်တွေ့မှုမှာ ဂိုးသွင်းနှုန်း
  • သုံးသင်း ပတ်လည်ထိပ်တိုက်တွေ့မှုမှာ သွင်းယူထားတဲ့ အဝေးဂိုး

ဖြစ်နိုင်ချေ 2: အကယ်လို့ ပီအက်ဂျီက ရတ်စတားကို အရေးနိမ့်ခဲ့ရင်

ပီအက်ဂျီအသင်း ရံှူးနိမ့်ဖို့ကတော့ ဖြစ်ဖို့ ခဲပါတယ်။ တကယ်လို့ အဲ့သည်လိုဖြစ်ခဲ့ရင် နာပိုလီဟာ အန်ဖီးကွင်းမှာ ဘယ်လိုရလဒ်ပဲ ရပါစေ နောက်တစ်ဆင့်ကို တက်ပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ အနိုင်ရမှ နောက်တစ်ဆင့်ကို တက်မှာဖြစ်ပါတယ်။

Sports Home Time