ကေလာ့ပ္ Vs အန္ဆာေလာ့တီ – လီဗာပူး နာပိုလီ ပြဲၾကိဳ ေျပာစကားမ်ား

[Zawgyi] ယေန႔ည ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆံုးပြဲ အျဖစ္ ရင္ဆုိင္ၾကမယ့္ လီဗာပူး နာပိုလီ ပြဲမတိုင္ နည္းျပနွစ္ဦးရဲ႕ ပြဲၾကိဳ ေျပာစကားမ်ား စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။

ကေလာ့ပ္ေျပာသြားတဲ့ စကားေတြထဲမွာေတာ့ “က်ေနာ္တို႔ အမွား” “က်ေနာ္တို႔ တာ၀န္ယူရမယ့္ ကိစၥ” လု႔ိ ေသခ်ာေျပာသြားပါတယ္။ လီဗာပူး ခ်န္ပီယံလိဂ္မွာ Do or Die အေျခအေနေရာက္သြားတာ သူအပါအ၀င္ အသင္းသားေတြရဲ႕ အမွားပါလို႔ ကေလာ့ပ္က ၀န္ခံသြားခဲ့ကာ အမွားျပန္ျပင္နုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

“က်ေနာ္တို႔ သီတင္းပတ္ အေတာ္ၾကာ လအေတာ္ၾကာ ကလပ္အသင္း တစ္သင္း အေနနဲ႕ စုစည္းေကာင္းမြန္တဲ့ ကာလေတြ ရွိထားတယ္.. ဒီ အေျခက်မႈကို အသံုးခ်ဖို႔ လိုတယ္။ ေလာေလာဆယ္ ရင္ဆိုင္ရအခက္ဆံုး အသင္းေတြထဲ နာပုိလီ ပါပါတယ္။ အရင္နွစ္ကတည္းက သူတို႔ဟာ ေတာင့္တင္းတဲ့အသင္း ျဖစ္လာခဲ့ျပီး အန္ဆာေလာ့တီ ေရာက္လာတဲ့ေနာက္ ပိုျပီးေတာင္ ေကာင္းမြန္လာပါေသးတယ္။ သူတို႔က သိပ္ေကာင္းတဲ အသင္း ျဖစ္သလို က်ေနာ္တို႔လည္း အသင္းေကာင္းပါ။”

“ျပိဳင္ပြဲဆိုတာကေတာ့ ဒီလိုပဲ။ အေတာင့္တင္းဆံုး အသင္းေတြကို ရင္ဆုိင္ေတြ႔နုိင္တယ္.. အဲဒီလို အသင္းေတြကို ေက်ာ္ျဖတ္နုိင္မွလည္း ျပိဳင္ပြဲမွာ တင္က်န္ရစ္မယ္။ ဒါမ်ိဳး အေျခအေနေတြ က်ေနာ္တို႔ ၾကံဳဖူးၾကတယ္။ အခုလိုမ်ိဳး ေနာက္ဆံုးပြဲအထိ အဆံုးအျဖတ္ ျဖစ္သြားရတာလည္း က်ေနာ္တို႔ အမွားပါ.. ဒါေၾကာင့္ ျပန္ျပီး ျပင္ဆင္နုိင္ရမယ္။ က်ေနာ္တို႔ ဘယ္လိုရလဒ္မ်ိဳး လိုအပ္လဲဆိုတာ လူတိုင္းသိပါတယ္.. ေတာ္ေတာ္ ခက္ခဲမွာပါ.. နာပိုလီက ေဘာလံုးပိုင္ဆိုင္မႈ ရွိတဲ့အခ်ိန္မွာလည္း ေကာင္းသလို တန္ျပန္တိုက္စစ္လည္း ေကာင္းတယ္.. အီတလီအသင္း ပီသစြာ ခံစစ္ကလည္း က်စ္လစ္တယ္.. ခက္ခဲတဲ့ စိန္ေခၚမႈၾကီး ျဖစ္ေပမယ့္ ထူးရွယ္တစ္ခုခု ဖန္တီးနုိင္ဖို႔ က်ေနာ္တို႔ ၾကိဳးစားသြားမွာပါ။”

– ယာဂင္ကေလာ့ပ္ (လီဗာပူး မန္ေနဂ်ာ)

နာပိုလီအသင္း မန္ေနဂ်ာ အန္ဆာေလာ့တီကလည္း အန္းဖီးလ္ကြင္းမွာ ဘယ္လိုပင္ ရွိပါေစ လီဗာပူးကို အနုိင္ယူဖို႔ သူ႔ဘက္က ယံုၾကည္မႈ အျပည့္ ရွိေနပါတယ္။ လီဗာပူးအိမ္ကြင္း အန္းဖီးလ္က ဥေရာပပြဲ ညေတြမွာ ပိုျပီးအသက္၀င္ ခမ္းနားတယ္လို႔ နာမည္ေက်ာ္ပါတယ္။

“အန္းဖီးလ္က သိပ္လွတဲ့ေနရာပါ.. အေကာင္းဆံုး အားေပးမႈေတြနဲ႕ ကမၻာေပၚ အေကာင္းဆံုးကြင္းေတြထဲပါတယ္.. အဲဒီက လူေတြက အရမ္း စိတ္အားထက္သန္ၾကတယ္.. သူတို႔ကစားသမားေတြအတြက္ေတာ့ ဒီလို ပရိသတ္ေတြ ေရွ႕မွာ ကစားရတာ သိပ္ေကာင္းမွာပါ.. ရင္ခုန္စရာ ျဖစ္ပါလိမ့္မယ္။ ဘာျဖစ္မယ္ဆိုတာ က်ေန္ာ မသိေပမယ့္ အန္းဖီးလ္က က်ေန္ာတို႔အေပၚ သက္ေရာက္မႈ မရွိဖို႔ ေမွ်ာ္လင့္ထားတယ္.. က်ေနာ့္ ကစားသမားေတြကလည္း ယံုၾကည္မႈ အျပည့္ပဲ။”

“လူတိုင္းက အားေပးမႈ သိပ္ေကာင္းပါတယ္ဆိုတဲ့ ကြင္းေကာင္းမွာ ကစားၾကည့္ခ်င္ၾကတယ္.. အဲဒီမွာ လီဗာပူး ပရိသတ္ေတြ အမ်ားၾကီး ရွိမယ္.. ဒါေပမယ့္ ကြင္းထဲမွာ နာပိုလီ ပရိသတ္ ၃၀၀၀ ေလာက္နဲ႕ တျခားမွာ ၾကည့္ေနတဲ့ က်ေနာ္တို႔ ပရိသတ္ေတြလည္း အမ်ားၾကီး ရွိတယ္” လို႔ အန္ဆာေလာ့တီက အန္းဖီးလ္ကို အန္တုဖို႔ အသင့္ရွိေၾကာင္း ဆိုလိုက္ပါတယ္။

နာပိုလီဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ဒီရာသီ ရွံဳးပြဲမရွိတဲ့ အသင္း ျဖစ္ပါတယ္။ လီဗာပူးကလည္း ခ်န္ပီယံလိဂ္မွာသာ အေျခအေနေကာင္း မရွိေပမယ့္ ျပည္တြင္း ပရီးမီးယားလိဂ္မွာေတာ့ ရွံဳးပြဲမရွိ ပံုစံေကာင္းနဲ႕ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။

ဒီည ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္ကို တက္သြားမွာက ကေလာ့ပ္ရဲ႕ လီဗာပူးလား အန္ဆာေလာ့တီရဲ႕ နာပိုလီ ျဖစ္မလား အျမင္ေလးေတြ ေျပာသြားပါဦး။

Sports Home Time

[Unicode] ယနေ့ည ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ရင်ဆိုင်ကြမယ့် လီဗာပူး နာပိုလီ ပွဲမတိုင် နည်းပြနှစ်ဦးရဲ့ ပွဲကြို ပြောစကားများ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ကလော့ပ်ပြောသွားတဲ့ စကားတွေထဲမှာတော့ “ကျနော်တို့ အမှား” “ကျနော်တို့ တာဝန်ယူရမယ့် ကိစ္စ” လု့ိ သေချာပြောသွားပါတယ်။ လီဗာပူး ချန်ပီယံလိဂ်မှာ Do or Die အခြေအနေရောက်သွားတာ သူအပါအဝင် အသင်းသားတွေရဲ့ အမှားပါလို့ ကလော့ပ်က ဝန်ခံသွားခဲ့ကာ အမှားပြန်ပြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ကျနော်တို့ သီတင်းပတ် အတော်ကြာ လအတော်ကြာ ကလပ်အသင်း တစ်သင်း အနေနဲ့ စုစည်းကောင်းမွန်တဲ့ ကာလတွေ ရှိထားတယ်.. ဒီ အခြေကျမှုကို အသုံးချဖို့ လိုတယ်။ လောလောဆယ် ရင်ဆိုင်ရအခက်ဆုံး အသင်းတွေထဲ နာပိုလီ ပါပါတယ်။ အရင်နှစ်ကတည်းက သူတို့ဟာ တောင့်တင်းတဲ့အသင်း ဖြစ်လာခဲ့ပြီး အန်ဆာလော့တီ ရောက်လာတဲ့နောက် ပိုပြီးတောင် ကောင်းမွန်လာပါသေးတယ်။ သူတို့က သိပ်ကောင်းတဲ အသင်း ဖြစ်သလို ကျနော်တို့လည်း အသင်းကောင်းပါ။”

“ပြိုင်ပွဲဆိုတာကတော့ ဒီလိုပဲ။ အတောင့်တင်းဆုံး အသင်းတွေကို ရင်ဆိုင်တွေ့နိုင်တယ်.. အဲဒီလို အသင်းတွေကို ကျော်ဖြတ်နိုင်မှလည်း ပြိုင်ပွဲမှာ တင်ကျန်ရစ်မယ်။ ဒါမျိုး အခြေအနေတွေ ကျနော်တို့ ကြုံဖူးကြတယ်။ အခုလိုမျိုး နောက်ဆုံးပွဲအထိ အဆုံးအဖြတ် ဖြစ်သွားရတာလည်း ကျနော်တို့ အမှားပါ.. ဒါကြောင့် ပြန်ပြီး ပြင်ဆင်နိုင်ရမယ်။ ကျနော်တို့ ဘယ်လိုရလဒ်မျိုး လိုအပ်လဲဆိုတာ လူတိုင်းသိပါတယ်.. တော်တော် ခက်ခဲမှာပါ.. နာပိုလီက ဘောလုံးပိုင်ဆိုင်မှု ရှိတဲ့အချိန်မှာလည်း ကောင်းသလို တန်ပြန်တိုက်စစ်လည်း ကောင်းတယ်.. အီတလီအသင်း ပီသစွာ ခံစစ်ကလည်း ကျစ်လစ်တယ်.. ခက်ခဲတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပေမယ့် ထူးရှယ်တစ်ခုခု ဖန်တီးနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။”

– ယာဂင်ကလော့ပ် (လီဗာပူး မန်နေဂျာ)

နာပိုလီအသင်း မန်နေဂျာ အန်ဆာလော့တီကလည်း အန်းဖီးလ်ကွင်းမှာ ဘယ်လိုပင် ရှိပါစေ လီဗာပူးကို အနိုင်ယူဖို့ သူ့ဘက်က ယုံကြည်မှု အပြည့် ရှိနေပါတယ်။ လီဗာပူးအိမ်ကွင်း အန်းဖီးလ်က ဥရောပပွဲ ညတွေမှာ ပိုပြီးအသက်ဝင် ခမ်းနားတယ်လို့ နာမည်ကျော်ပါတယ်။

“အန်းဖီးလ်က သိပ်လှတဲ့နေရာပါ.. အကောင်းဆုံး အားပေးမှုတွေနဲ့ ကမ္ဘာပေါ် အကောင်းဆုံးကွင်းတွေထဲပါတယ်.. အဲဒီက လူတွေက အရမ်း စိတ်အားထက်သန်ကြတယ်.. သူတို့ကစားသမားတွေအတွက်တော့ ဒီလို ပရိသတ်တွေ ရှေ့မှာ ကစားရတာ သိပ်ကောင်းမှာပါ.. ရင်ခုန်စရာ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်မယ်ဆိုတာ ကျနေ်ာ မသိပေမယ့် အန်းဖီးလ်က ကျနေ်ာတို့အပေါ် သက်ရောက်မှု မရှိဖို့ မျှော်လင့်ထားတယ်.. ကျနော့် ကစားသမားတွေကလည်း ယုံကြည်မှု အပြည့်ပဲ။”

“လူတိုင်းက အားပေးမှု သိပ်ကောင်းပါတယ်ဆိုတဲ့ ကွင်းကောင်းမှာ ကစားကြည့်ချင်ကြတယ်.. အဲဒီမှာ လီဗာပူး ပရိသတ်တွေ အများကြီး ရှိမယ်.. ဒါပေမယ့် ကွင်းထဲမှာ နာပိုလီ ပရိသတ် ၃၀၀၀ လောက်နဲ့ တခြားမှာ ကြည့်နေတဲ့ ကျနော်တို့ ပရိသတ်တွေလည်း အများကြီး ရှိတယ်” လို့ အန်ဆာလော့တီက အန်းဖီးလ်ကို အန်တုဖို့ အသင့်ရှိကြောင်း ဆိုလိုက်ပါတယ်။

နာပိုလီဟာ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ဒီရာသီ ရှုံးပွဲမရှိတဲ့ အသင်း ဖြစ်ပါတယ်။ လီဗာပူးကလည်း ချန်ပီယံလိဂ်မှာသာ အခြေအနေကောင်း မရှိပေမယ့် ပြည်တွင်း ပရီးမီးယားလိဂ်မှာတော့ ရှုံးပွဲမရှိ ပုံစံကောင်းနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ဒီည ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်သွားမှာက ကလော့ပ်ရဲ့ လီဗာပူးလား အန်ဆာလော့တီရဲ့ နာပိုလီ ဖြစ်မလား အမြင်လေးတွေ ပြောသွားပါဦး။

Sports Home Time