[Zawgyi] မန္စီးတီး မန္ေနဂ်ာ ပက္ ဂြာဒီယိုလာက ခ်န္ပီယံလိဂ္မွာ ဗိုိလ္စြဲျခင္းက သူ႔အတြက္ အျခား ပရီးမီးယားလိဂ္ဖလား တစ္လံုး ရလိုက္သလိုပဲ ထူးျခားမွာ မဟုတ္ေၾကာင္းနဲ႕ စီးတီးကို လာခဲ့တာက ခ်န္ပီယံလိဂ္ ဖလား ယူဖို႔ သက္သက္ မဟုတ္ေၾကာင္း ကြာတားဖိုင္နယ္ ပြဲမတိုင္ခင္မွာ ေျပာၾကားလိုက္ပါတယ္။

ဂြာဒီယိုလာက ဘာစီလိုနာနဲ႕ အတူ သံုးရာသီအတြင္း ခ်န္ပီယံလိဂ္ ၂ ၾကိမ္ ဗိုလ္စြဲခဲ့ဖူးေပမယ့္ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီးအသင္းနဲ႕ အတူေတာ့ ရယူနိုင္ျခင္း မရွိပါဘူး။
” လူေတြက က်ေနာ္ ဒီကို ခ်န္ပီယံလိဂ္ ယူဖို႔ လာတယ္ ေျပာေနၾကတယ္ ဆုိတာ ျပန္ၾကားပါတယ္။ ဒါေပမယ့္ က်ေနာ္ ဒီလာတာ ခ်န္ပီယံလိဂ္ ဖလားယူဖို႔ မဟုတ္ဘူး.. ရိုးရိုးသားသားေျပာရရင္ ျပီးခဲ့တဲ့ လ ၂၀ လံုးလံုး က်ေနာ့္အသင္း ကစားေနတဲ့ ပံုစံမ်ိဳး ကစားဖို႔ အေကာင္အထည္ ေဖာ္ဖို႕ ဒီလာခဲ့တာ။ ခ်န္ပီယံလိဂ္ကို က်ေနာ္လည္း ရေတာ့ ရခ်င္တာေပါ့ ဒါေပမယ့္ ဒီအတြက္ လာခဲ့တာေတာ့ မဟုတ္ဘူး။” လို႔ ဂြာဒီယိုလာက ေျပာၾကားလိုက္ပါတယ္။
” က်ေနာ္ ဘုိင္ယန္ျမဴးနစ္လို ကလပ္အသင္းၾကီးနဲ႕ ရွိခဲ့ျပီး သံုးနွစ္ၾကာတဲ့အခါမွာ ခ်န္ပီယံလိဂ္ကလြဲလို႔ ဖလားအားလံုး ရရွိခဲ့တယ္။ အဲဒီမွာ ခ်န္ပီယံလိဂ္ မေအာင္ျမင္ခဲ့ဘူး။ ဒါေပမယ့္ က်ေနာ္ေျပာနုိ္င္တာက ဒါကို က်ေနာ္ လက္ခံနုိ္ငတယ္ သိတယ္.. ဒါေပမယ့္ ဒါက ျပႆနာၾကီး မဟုတ္ဘူး။ ဒါကပဲ ေအာင္ျမင္မႈ ရတဲ့အခ်ိန္က် ပို ခ်ိဳျမိန္ေစမွာပါ။ တကယ္လို႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ မရခဲ့ရင္လည္း ဗိုလ္စြဲသြားတဲ့ တျခားအသင္းက က်ေနာ္တို႔ထက္ ေကာင္းတာ လက္ခံရမွာပါ။ ” လုိ႔ ဂြာဒီယိုလာက ဆိုပါတယ္။
မန္စီးတီးနဲ႕ စပါးအသင္းတို႔ဟာ ဗုဒၶဟူးေန႕ညမွာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္ အီတီဟက္မွာ ကစားၾကမွာ ျဖစ္ျပီး ပထမအေက်ာ့မွာေတာ့ စပါးက အိမ္ကြင္းမွာ ၁ဂိုး ဂိုးမရွိနဲ႕ အသာရထားပါတယ္။
Sports Home Time

[Unicode] မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခြင်းက သူ့အတွက် အခြား ပရီးမီးယားလိဂ်ဖလား တစ်လုံး ရလိုက်သလိုပဲ ထူးခြားမှာ မဟုတ်ကြောင်းနဲ့ စီးတီးကို လာခဲ့တာက ချန်ပီယံလိဂ် ဖလား ယူဖို့ သက်သက် မဟုတ်ကြောင်း ကွာတားဖိုင်နယ် ပွဲမတိုင်ခင်မှာ ပြောကြားလိုက်ပါတယ်။ ဂွာဒီယိုလာက ဘာစီလိုနာနဲ့ အတူ သုံးရာသီအတွင်း ချန်ပီယံလိဂ် ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးပေမယ့် ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းနဲ့ အတူတော့ ရယူနိုင်ခြင်း မရှိပါဘူး။
” လူတွေက ကျနော် ဒီကို ချန်ပီယံလိဂ် ယူဖို့ လာတယ် ပြောနေကြတယ် ဆိုတာ ပြန်ကြားပါတယ်။ ဒါပေမယ့် ကျနော် ဒီလာတာ ချန်ပီယံလိဂ် ဖလားယူဖို့ မဟုတ်ဘူး.. ရိုးရိုးသားသားပြောရရင် ပြီးခဲ့တဲ့ လ ၂၀ လုံးလုံး ကျနော့်အသင်း ကစားနေတဲ့ ပုံစံမျိုး ကစားဖို့ အကောင်အထည် ဖော်ဖို့ ဒီလာခဲ့တာ။ ချန်ပီယံလိဂ်ကို ကျနော်လည်း ရတော့ ရချင်တာပေါ့ ဒါပေမယ့် ဒီအတွက် လာခဲ့တာတော့ မဟုတ်ဘူး။” လို့ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။
” ကျနော် ဘိုင်ယန်မြူးနစ်လို ကလပ်အသင်းကြီးနဲ့ ရှိခဲ့ပြီး သုံးနှစ်ကြာတဲ့အခါမှာ ချန်ပီယံလိဂ်ကလွဲလို့ ဖလားအားလုံး ရရှိခဲ့တယ်။ အဲဒီမှာ ချန်ပီယံလိဂ် မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ကျနော်ပြောနိုင်တာက ဒါကို ကျနော် လက်ခံနိုငတယ် သိတယ်.. ဒါပေမယ့် ဒါက ပြဿနာကြီး မဟုတ်ဘူး။ ဒါကပဲ အောင်မြင်မှု ရတဲ့အချိန်ကျ ပို ချိုမြိန်စေမှာပါ။ တကယ်လို့ ချန်ပီယံလိဂ် အောင်မြင်မှု မရခဲ့ရင်လည်း ဗိုလ်စွဲသွားတဲ့ တခြားအသင်းက ကျနော်တို့ထက် ကောင်းတာ လက်ခံရမှာပါ။ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။ မန်စီးတီးနဲ့ စပါးအသင်းတို့ဟာ ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အီတီဟက်မှာ ကစားကြမှာ ဖြစ်ပြီး ပထမအကျော့မှာတော့ စပါးက အိမ်ကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့ အသာရထားပါတယ်။
Sports Home Time
