ဘာစီလိုနာနဲ႔ပြဲမွာ ယူႏုိက္တက္အတြက္ အဓိကက်မယ့္ အရန္ကစားသမားကို ဆိုးရွား ထုတ္ေဖာ္

ယူႏုိက္တက္ တုိက္စစ္သမားျဖစ္တဲ့ ဆန္းခ်က္စ္က မတ္လ အေစာပိုင္းေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ဒူးဒဏ္ရာကေန ျပန္လာႏုိင္ျပီျဖစ္တယ္။ ဒူးဒဏ္ရာေၾကာင့္ ေျခာက္ပတ္နားခဲ့ရၿပီး ေနာက္ပိုင္း ဆန္းခ်က္ ျပန္လာႏုိင္ျခင္းျဖစ္တယ္။ သူ ပြဲထြက္ဖို႔ မေသခ်ာေသးေပမယ့္ ဆိုးရွားက ခ်ီလီ တိုက္စစ္မႉးဟာ သူ႔ အသင္းေဟာင္းကို ရင္ဆိုင္ရာမွာ သက္ေသျပလိုေနတယ္လို႔ ဆုိပါတယ္။

ဆန္းခ်က္ဟာ 2014 မွာ ဘာစီလိုနာကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ 2018 ဇန္နဝါရီမွာေတာ့ အာဆင္နယ္ကေန ယူႏုိက္တက္ကို ထပ္မံ ေျပာင္းေရႊ႔ခဲ့တာပါ။ ကလပ္ စံခ်ိန္တင္လုပ္ခကို ရရွိေနေပမယ့္ ယူႏိုက္တက္အတြက္ သူ႔ကစားပုံေတြက ဆိုးဝါးခဲ့ၿပီး မွန္ကန္တဲ့ ေခၚယူမႈဆိုတာ သက္ေသျပႏုိင္ျခင္းလည္း မရွိပါဘူး။ ဆိုးရွားကေတာ့ ဆန္းခ်က္စ္ထံက တိုးတက္လာမႈေတြကို ျမင္ခ်င္ေနပါတယ္။

အိုလီက ဆန္းခ်က္စ္ကို ပြဲထြက္လူစာရင္းမွာ ထည့္သြင္းဖို႔ မေသခ်ာေပမယ့္ ဘာစီလိုနာနဲ႔ပြဲမွာ လူစားဝင္ ကစားမႈကေန အသင္းအတြက္ အေကာင္းဆံုးေတြ လုပ္ေဆာင္ျပဖို႔ ေမွ်ာ္္လင့္ထားေၾကာင္း ေျပာခဲ့ပါတယ္။ ဆက္လက္ျပီးလည္း

” အလက္ဆစ္က ဒီမွာ ရွိခဲ့ဖူးျပီး ဒီမွာ ကစားခဲ့တာပါ။ သူ ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္ က်ေနာ္တို႕ အတြက္ ေကာင္းေကာင္း သက္ေသျပခ်င္ပါတယ္။ သူ ဒဏ္ရာ ရခဲ့တယ္။ ဒီရာသီက သူ႔အတြက္ သိပ္မေကာင္းခဲ့ဘူး။ ဒါေၾကာင့္ ရာသီကို ေကာင္းေကာင္း အဆုံးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္ ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ၾကရေအာင္ပါ။

က်ေန္ာတို႔ ဒီမွာ အလုပ္ကို အဆံုးသတ္ဖို႔ လိုပါတယ္။ ယူႏုိက္တက္ ကစားရမယ့္ ပြဲေတြကို ကစားျပီး ဆီမီးဖိုင္နယ္အတြက္ စိန္ေခၚဖို႔ လိုပါတယ္။ ဆန္းခ်က္စ္ထံက အေကာင္းဆံုးေတြ ေမွ်ာ္လင့္ၾကရေအာင္ပါ။ သူကြင္းထဲကို ေျခခ်တဲ့အခ်ိန္မွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္အတြက္ ေက်နပ္မႈလည္း ရွိႏုိင္ပါတယ္ ” လို႔ ဆိုပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ ပီအက္စ္ဂ်ီကို အႏိုင္ရၿပီးေနာက္ ဆိုးရွားက ပဲရစ္ ႏိုင္ပြဲကေန ယုံၾကည္မႈ ရယူမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ အိမ္ကြင္းထက္ အေဝးကြင္းမွတ္တမ္း ေကာင္းမြန္ေနတာေၾကာင့္ ယုံၾကည္မႈ ရွိေနပါတယ္။

” ပီအက္စ္ဂ်ီပြဲက အေတြ႕အႀကဳံက ကစားသမားေတြကို အကူအညီျဖစ္ေစမွာပါ။ က်ေနာ္တို႔ ျပန္လာႏိုင္တယ္ ဆိုတာ သိပါတယ္။ န်ဴးကမ့္မွာ ဘာကာက မတူညီတဲ့ ပုံစံ ရွိပါတယ္။ ဒါေပမယ့္ ပဲရစ္ေျမက အမွတ္တရေတြက ကစားသမားေတြနဲ႔အတူ ရွိေနမွာပါ။ အဲ့ဒါက သိပ္မၾကာ ေသးဘူး။ ၿပီးေတာ့ က်ေနာ္တို႔က တစ္ဂိုးထဲ ေပးထားရတာပါ။

အဲ့တာက အေရးၾကီးပါတယ္။ က်ေန္ာတုိ႔ ဂိုးေတြ သြင္းယူဖို႔လိုတယ္။ က်ေန္ာတို႔မွာ လူကာကူ၊ လင္ဂတ္၊ ဆန္းခ်က္စနဲ႔ ရပ္ဖိုဒ့္လို စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ဂိုးသြင္းႏုိင္မယ့္ ကစားသမားေတြ ရွိပါတယ္။ ဘယ္သူပဲ ပြဲထြက္ခြင့္ရသည္ျဖစ္ေစ သူတို႔ထံက စြမ္းေဆာင္ရည္ေကာင္းေတြ ျမင္လိုပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက် တိုက်စစ်သမားဖြစ်တဲ့ ဆန်းချက်စ်က မတ်လ အစောပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒူးဒဏ်ရာကနေ ပြန်လာနိုင်ပြီဖြစ်တယ်။ ဒူးဒဏ်ရာကြောင့် ခြောက်ပတ်နားခဲ့ရပြီး နောက်ပိုင်း ဆန်းချက် ပြန်လာနိုင်ခြင်းဖြစ်တယ်။ သူ ပွဲထွက်ဖို့ မသေချာသေးပေမယ့် ဆိုးရှားက ချီလီ တိုက်စစ်မှူးဟာ သူ့ အသင်းဟောင်းကို ရင်ဆိုင်ရာမှာ သက်သေပြလိုနေတယ်လို့ ဆိုပါတယ်။

ဆန်းချက်ဟာ 2014 မှာ ဘာစီလိုနာကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 2018 ဇန်နဝါရီမှာတော့ အာဆင်နယ်ကနေ ယူနိုက်တက်ကို ထပ်မံ ပြောင်းရွှေ့ခဲ့တာပါ။ ကလပ် စံချိန်တင်လုပ်ခကို ရရှိနေပေမယ့် ယူနိုက်တက်အတွက် သူ့ကစားပုံတွေက ဆိုးဝါးခဲ့ပြီး မှန်ကန်တဲ့ ခေါ်ယူမှုဆိုတာ သက်သေပြနိုင်ခြင်းလည်း မရှိပါဘူး။ ဆိုးရှားကတော့ ဆန်းချက်စ်ထံက တိုးတက်လာမှုတွေကို မြင်ချင်နေပါတယ်။

အိုလီက ဆန်းချက်စ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းဖို့ မသေချာပေမယ့် ဘာစီလိုနာနဲ့ပွဲမှာ လူစားဝင် ကစားမှုကနေ အသင်းအတွက် အကောင်းဆုံးတွေ လုပ်ဆောင်ပြဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။ ဆက်လက်ပြီးလည်း

” အလက်ဆစ်က ဒီမှာ ရှိခဲ့ဖူးပြီး ဒီမှာ ကစားခဲ့တာပါ။ သူ ကွင်းထဲမှာ ရှိနေတဲ့အချိန် ကျနော်တို့ အတွက် ကောင်းကောင်း သက်သေပြချင်ပါတယ်။ သူ ဒဏ်ရာ ရခဲ့တယ်။ ဒီရာသီက သူ့အတွက် သိပ်မကောင်းခဲ့ဘူး။ ဒါကြောင့် ရာသီကို ကောင်းကောင်း အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူ ကွင်းထဲမှာ ရှိနေတဲ့အချိန် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ကြရအောင်ပါ။

ကျနေ်ာတို့ ဒီမှာ အလုပ်ကို အဆုံးသတ်ဖို့ လိုပါတယ်။ ယူနိုက်တက် ကစားရမယ့် ပွဲတွေကို ကစားပြီး ဆီမီးဖိုင်နယ်အတွက် စိန်ခေါ်ဖို့ လိုပါတယ်။ ဆန်းချက်စ်ထံက အကောင်းဆုံးတွေ မျှော်လင့်ကြရအောင်ပါ။ သူကွင်းထဲကို ခြေချတဲ့အချိန်မှာ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မှုလည်း ရှိနိုင်ပါတယ် ” လို့ ဆိုပါတယ်။

ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ ပီအက်စ်ဂျီကို အနိုင်ရပြီးနောက် ဆိုးရှားက ပဲရစ် နိုင်ပွဲကနေ ယုံကြည်မှု ရယူမှာဖြစ်ပြီး ချန်ပီယံလိဂ် အိမ်ကွင်းထက် အဝေးကွင်းမှတ်တမ်း ကောင်းမွန်နေတာကြောင့် ယုံကြည်မှု ရှိနေပါတယ်။

” ပီအက်စ်ဂျီပွဲက အတွေ့အကြုံက ကစားသမားတွေကို အကူအညီဖြစ်စေမှာပါ။ ကျနော်တို့ ပြန်လာနိုင်တယ် ဆိုတာ သိပါတယ်။ နျူးကမ့်မှာ ဘာကာက မတူညီတဲ့ ပုံစံ ရှိပါတယ်။ ဒါပေမယ့် ပဲရစ်မြေက အမှတ်တရတွေက ကစားသမားတွေနဲ့အတူ ရှိနေမှာပါ။ အဲ့ဒါက သိပ်မကြာ သေးဘူး။ ပြီးတော့ ကျနော်တို့က တစ်ဂိုးထဲ ပေးထားရတာပါ။

အဲ့တာက အရေးကြီးပါတယ်။ ကျနေ်ာတို့ ဂိုးတွေ သွင်းယူဖို့လိုတယ်။ ကျနေ်ာတို့မှာ လူကာကူ၊ လင်ဂတ်၊ ဆန်းချက်စနဲ့ ရပ်ဖိုဒ့်လို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ဂိုးသွင်းနိုင်မယ့် ကစားသမားတွေ ရှိပါတယ်။ ဘယ်သူပဲ ပွဲထွက်ခွင့်ရသည်ဖြစ်စေ သူတို့ထံက စွမ်းဆောင်ရည်ကောင်းတွေ မြင်လိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။