[Zawgyi] ဘာစီလိုနာ နဲ့ ယူနိုက်တက် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – လီဗာပူး
အဝေးအသင်း – ပေါ်တို
ဘယ်အချိန်ကန်မှာလဲ?
အလေးပေးခြင်းများ
- Barca to win: 2/5
- Draw: 4/1
- Man Utd: 15/2
ပွဲကြိုခန့်မှန်းမှု?
Sports Home Time
[Unicode] ဘာစီလိုနာ နဲ့ ယူနိုက်တက် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – လီဗာပူး
လီဗာပူး 0-0 ဘိုင်ယန်မြူးနစ် (ပထမအကျော့ရလဒ်)
ဘိုင်ယန်မြူးနစ် 1-3 လီဗာပူး (ဒုတိယအကျော့ရလဒ်)
အဝေးအသင်း – ပေါ်တို
ရိုးမား 2-1 ပေါ်တို (ပထမအကျော့ရလဒ်)
ပေါ်တို 3-1 ရိုးမား (ဒုတိယအကျော့ရလဒ်)
ဘယ်အချိန်ကန်မှာလဲ?
ဧပြီ ၁၇၊ ဗုဒ္ဓဟူးနေ့ မနက် ၁း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရလဒ်
ယူနိုက်တက် 0-1 ဘာစီလိုနာ
နှစ်သင်းရဲ့ ထူးခြားသတင်း
ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ လာလီဂါပွဲမှာ ပြန်ပါလာခဲ့လို့ ယူနိုက်တက်နဲ့ ပွဲမှာလည်း ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားရတယ်။ ကော်တင်ညို၊ မက်ဆီ အပါအဝင် အဓိက ကစားသမားတွေ အနားပေးခံထားရလို့ ဒီပွဲမှာ ပြန်ပါလာနိုင်တယ်။ လုရှော ပွဲပယ်ခံရမှာဖြစ်ပြီး သူ့နေရာမှာ ယန်း အစားထိုး ဝင်ရောက်လာမှာပါ။ တိုက်စစ်မှာတော့ ရပ်ဖိုဒ့် ကစားနိုင်မှာဖြစ်ပြီး လူကာကူ၊ လင်ဂတ်တို့နဲ့ တွဲဘက်လာမယ်လို့ မျှော်လင့်ထားရတယ်။
ဘာစီလိုနာ Vs ယူနိုက်တက် ခန့်မှန်းလူစာရင်း
Barcelona XI: ter Stegen; Semedo, Pique, Lenglet, Alba; Busquets, Roberto, Rakitic, Arthur; Messi, Suarez
Man Utd XI: Dalot, Smalling, Lindelof, Young, McTominay, Fred, Pogba, Lukaku, Rashford, Lingard
အလေးပေးခြင်းများ
- Barca to win: 2/5
- Draw: 4/1
- Man Utd: 15/2
ပွဲကြိုခန့်မှန်းမှု?
ဆိုးရှားအတွက်တော့ အရမ်းကြီးမားတဲ့ ပွဲလို့ထင်တယ်။ သူတို့ ဒီအဆင့်မှာ ဆက်ရှိနေသေးတာကို အံ့သြမိတယ်။ နျူးကပ်ကိုသွားပြီး ထပ်မံ အနိုင်ယူပြမလား? သူတို့က ဂျူဗင်တပ်နဲ့ ပီအက်ဂျီပွဲတွေမှာ ကျနေ်ာကို အမြင်တွေ မှားတယ်ဆိုတာ နှစ်ကြိမ်တောင် သက်သေပြခဲ့တယ်။ ပီအက်ဂျီနဲ့ပွဲမှာ ပေါ့ဘာမပါပဲ ကောင်းလေးတွေကို ခေါ်သွားပြီး အကောင်းဆုံး လုပ်ပြခဲ့တယ်။ နည်းစနစ်ပိုင်း ထူးချွန်ပြီး ကစားကွက် အပြောင်းအလဲတွေ မြင်ခဲ့ရကာ အဲ့တာတွေက အလုပ်ဖြစ်ခဲ့တယ်။
ဒါကတော့ ခြားနားပါတယ်။ လူးဝစ်ဆွာရက်စ်က ကောင်းပေမယ့် အိုထရတ်ဖိုဒ့်ပွဲမှာ မက်ဆီ သိပ်မကောင်းခဲ့ဘူး။ မက်ဆီထံက ချန်ပီယံလိဂ်လိုချင်တယ်လို့ ဆန္ဒရှိတာမျိုး ဒီတစ်ကြိမ်လောက် ထုတ်ပြောတာမျိုး မကြားဖူးပါဘူး။ သူ့အနေနဲ့ အသင်းပရိသတ်တွေအတွက် တစ်ခုခု လုပ်ပြလိုမယ် မျှော်လင့်တယ်။ အိမ်ကွင်းမှာ ဘာစီလိုနာက ရက်စက်စွာ ကစားမှာဖြစ်တယ်။ မက်ဆီက သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ရနေပေမယ့် ယူနိုက်တက်က ကစားပုံတွေ အရမ်းကောင်းမနေပါဘူး။
Sky Sports မှ ချာလီ ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 3-1 ယူနိုက်တက်
အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်နေတဲ့ ပထမအကျော့ပွဲမှာ ဘာစီလိုနာက တစ်ဂိုးအသာရထားတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲ 30 ဆက်တိုက် အရေးမနိမ့်ထားဘူး။ ဒါပေမယ့် ယူနိုက်တက်က တွေးစရာတွေ ပေးမှာဖြစ်ကာ စပိန်ကလပ်ကပဲ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါလိမ့်မယ်။ 1999 ခုနှစ်က နျူးကပ်မှာ ယှဉ်ပြိုင်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဗိုလ်လုပွဲမှာ ဆိုးရှားဟာ အရန်ခုံက ထလာခဲ့ပြီး ဂိုးသွင်းခဲ့တဲ့ သူ့ရဲ့ အကြီးကျယ်ဆုံးညကို ပြန်အမှတ်ရနေမှာပါ။
ပီအက်ဂျီနဲ့ပွဲမှာ ယူနိုက်တက်က ပထမအကျော့ရလဒ်ကို တုန့်ပြန်နိုင်တာကို ပြသထားခဲ့တယ်။ ဘာစီလိုနာက နောက်ဆုံး သုံးပွဲမှာ ထိန်းသိမ်းထားတဲ့ clean sheet ကို ပထမအကျော့ တစ်ဂိုးအသာရထားမှုမှာ ဆက်လက် ထိန်းသိမ်းနိုင်မလား ကြည့်ရပါမယ်။ ယူနိုက်တက်က ဂိုးသွင်းနိုင်မှာဖြစ်ပေမယ့် နော်ကထပ် မယုံနိုင်လောက်တဲ့ comeback ပွဲကို လုပ်နိုင်မယ်တော့ မထင်ပါဘူး။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 1-1 ယူနိုက်တက်
Sports Home Time