နာပိုလီ အစြန္လူ ဟိုင္ဆက္ကို ေခၚယူႏိုင္ဖို႔ ခ်ယ္ဆီးကို ပိုမိုအားသားလာေစမႈ

[Zawgyi] ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းဟာ နာပိုလီ ညာအစြန္လူ ဟိုင္ဆက္ကို ေခၚယူဖို႔ အေတာ္ေလး သတင္းထြက္ေနတဲ့အသင္းပါ။ ေနာက္ဆံုးထြက္ေပၚလာတဲ့ သတင္းေတြအရ ဟိုင္ဆက္ဟာ ေနပယ္ကလပ္နဲ႔ သက္တမ္းတိုးကိစၥ စကားေျပာေနမႈကို ရပ္ဆိုင္းထားဆဲျဖစ္တယ္လို႔ သိလာရတယ္။

မန္ေနဂ်ာဆာရီဟာ နာပိုလီအသင္းမွ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို သူနဲ႔အတူ အဂၤလန္ကို ေခၚလာခဲ့တယ္။ ထပ္ျပီးလည္း ကလပ္အသင္းရဲ႕ အစြန္ေနရာကို ထပ္မံအားျဖည့္ဖို႔ ဟိုင္ဆက္ကို မ်က္စိက်ေနတာျဖစ္ပါတယ္။ နာပိုလီနဲ႔ ဟိုင္ဆက္ၾကား စာခ်ဳပ္ဟာ 2021 ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ျပီး နာပိုလီဘက္က သက္တမ္းတိုးလိုေပမယ့္ ဟိုင္ဆက္ဘက္က ရပ္ဆိုင္းထားဆဲ အေျခအေနျဖစ္တယ္။

အီတလီသတင္းေထာက္ Emanuele Cammaroto ကေတာ့ နာပိုဘီဘက္က ဟိုင္ဆက္ကို သက္တမ္းတိုးလိုေပမယ့္ လက္က်န္ ရာသီဝက္အတြင္း အဆိုပါကိစၥ အဆင္မေျပခဲ့ရင္ ကစားသမားကို လာမယ့္ ေႏြမွာ ေရာင္းထုတ္ဖို႔ မန္ေနဂ်ာ အန္ဆယ္ေလာ့တီေကာ ဥကၠဌ ဒီေလာ့ရန္တစ္ပါ သေဘာတူညီထားၾကတယ္လို႔ ေဖာ္ျပပါတယ္။

အယ္ေဘးနီးယာ လက္ေရြးစင္ အသက္ 24 ႏွစ္အရြယ္ ညာအစြန္လူအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ 45 သန္း ရွိေပမယ့္ ခ်ယ္ဆီးဘက္က ေႏြမွာ ခ်ိတ္ဆက္မယ္ဆိုရင္ ေပါင္ သန္း 40 ဝန္းက်င္နဲ႔ အေျပာင္းအေရႊ႔ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ လန္ဒန္ကလပ္က ဇန္နဝါရီမွာတင္ ဟိုင္ဆက္ကို ေခၚယူႏိုင္ခြင့္အတြက္ အခြင့္အလမ္း ရွာေဖြေနတာျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ ညာအစြန္ေနရာမွာ ကီြတာက အဓိက ပြဲထြက္ခြင့္ရေနသူပါ။ မန္စီးတီးနဲ႔ပြဲမွာ စပိန္သားဟာ ညာအစြန္လူအျဖစ္ အေကာင္းဆံုး ကစားခဲ့တယ္။ လန္ဒန္ကလပ္ကလည္း အသက္ 29 ႏွစ္အရြယ္ ကစားသမားကို ယံုၾကည္စြာပဲ သက္တမ္းတိုးစာခ်ဳပ္သစ္ကို မၾကာေသးခင္ကပဲ ေပးအပ္ထားပါတယ္။ ေနာက္ထပ္ အစြန္လူျဖစ္တဲ့ ဇာပါေကာ္စတာကေတာ့ မန္ေနဂ်ာဆာရီအတြက္ ပြဲထြက္ေပးခြင့္ ရလာဖြယ္ မရွိပါဘူး။

ဟိုင္ဆက္ဟာ နာပိုလီမွာ ညာအစြန္ေနရာက ကစားေပမယ့္ ဘယ္/ညာ ႏွစ္ဘက္လံုးမွာ ကစားႏိုင္သူျဖစ္တယ္။ အလြန္ဆိုရာ ရာသီအေစာပိုင္းမွာ ေတာက္ပခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းတည္ျငိမ္ဖို႔ ရုန္းကန္ေနရပါတယ္။ ဆာရီဟာ အလြန္ဆိုေနရာမွာ အီမာဆန္နဲ႔ ဖိအားေပးေစဖို႔ ရည္ရြယ္ေနခဲ့ျပီး ပိုေကာင္းတဲ့ ေရြးခ်ယ္မႈအျဖစ္ ဟိုင္ဆက္ကို ထည့္သြင္းလိုေနတယ္။ အခ်ိဳ႕ေသာ ကေလာင္ရွင္ေတြကေတာ့ ကီြတာကို ဘယ္ျခမ္းပို႔ျပီး ဟိုင္ဆက္ကို ညာျခမ္းအတြက္ထားေစတာမ်ိဳးလည္း ေရြးခ်ယ္ႏိုင္တယ္လို႔ ခန္႔မွန္းထားၾကတယ္။

ဆာရီဟာ အမ္ပိုလီကို ကိုင္တြယ္ကတည္းက ဟိုင္ဆက္နဲ႔ စတင္လက္တြဲခဲ့တာပါ။ နာပိုလီအသင္းကို ေျပာင္းေရႊ႔ေတာ့လည္း ဟိုင္ဆက္ကို ေခၚယူခဲ့ပါေသးတယ္။ ဆာရီနဲ႔ ဟိုင္ဆက္ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိျခင္းကလည္း ဒီအေျပာင္းအေရႊ႔ကို ျဖစ္ေျမာက္လာဖို႔ တြန္းအားေပးႏုိင္တဲ့ အခ်က္တစ္ခ်က္အျဖစ္ သံုးသပ္ထားရပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ နာပိုလီ ညာအစွန်လူ ဟိုင်ဆက်ကို ခေါ်ယူဖို့ အတော်လေး သတင်းထွက်နေတဲ့အသင်းပါ။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ဟိုင်ဆက်ဟာ နေပယ်ကလပ်နဲ့ သက်တမ်းတိုးကိစ္စ စကားပြောနေမှုကို ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိလာရတယ်။

မန်နေဂျာဆာရီဟာ နာပိုလီအသင်းမှ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို သူနဲ့အတူ အင်္ဂလန်ကို ခေါ်လာခဲ့တယ်။ ထပ်ပြီးလည်း ကလပ်အသင်းရဲ့ အစွန်နေရာကို ထပ်မံအားဖြည့်ဖို့ ဟိုင်ဆက်ကို မျက်စိကျနေတာဖြစ်ပါတယ်။ နာပိုလီနဲ့ ဟိုင်ဆက်ကြား စာချုပ်ဟာ 2021 ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နာပိုလီဘက်က သက်တမ်းတိုးလိုပေမယ့် ဟိုင်ဆက်ဘက်က ရပ်ဆိုင်းထားဆဲ အခြေအနေဖြစ်တယ်။

အီတလီသတင်းထောက် Emanuele Cammaroto ကတော့ နာပိုဘီဘက်က ဟိုင်ဆက်ကို သက်တမ်းတိုးလိုပေမယ့် လက်ကျန် ရာသီဝက်အတွင်း အဆိုပါကိစ္စ အဆင်မပြေခဲ့ရင် ကစားသမားကို လာမယ့် နွေမှာ ရောင်းထုတ်ဖို့ မန်နေဂျာ အန်ဆယ်လော့တီကော ဥက္ကဌ ဒီလော့ရန်တစ်ပါ သဘောတူညီထားကြတယ်လို့ ဖော်ပြပါတယ်။

အယ်ဘေးနီးယာ လက်ရွေးစင် အသက် 24 နှစ်အရွယ် ညာအစွန်လူအတွက် စာချုပ်ဖျက်သိမ်းကြေးက ပေါင် 45 သန်း ရှိပေမယ့် ချယ်ဆီးဘက်က နွေမှာ ချိတ်ဆက်မယ်ဆိုရင် ပေါင် သန်း 40 ဝန်းကျင်နဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လန်ဒန်ကလပ်က ဇန်နဝါရီမှာတင် ဟိုင်ဆက်ကို ခေါ်ယူနိုင်ခွင့်အတွက် အခွင့်အလမ်း ရှာဖွေနေတာဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ညာအစွန်နေရာမှာ ကွီတာက အဓိက ပွဲထွက်ခွင့်ရနေသူပါ။ မန်စီးတီးနဲ့ပွဲမှာ စပိန်သားဟာ ညာအစွန်လူအဖြစ် အကောင်းဆုံး ကစားခဲ့တယ်။ လန်ဒန်ကလပ်ကလည်း အသက် 29 နှစ်အရွယ် ကစားသမားကို ယုံကြည်စွာပဲ သက်တမ်းတိုးစာချုပ်သစ်ကို မကြာသေးခင်ကပဲ ပေးအပ်ထားပါတယ်။ နောက်ထပ် အစွန်လူဖြစ်တဲ့ ဇာပါကော်စတာကတော့ မန်နေဂျာဆာရီအတွက် ပွဲထွက်ပေးခွင့် ရလာဖွယ် မရှိပါဘူး။

ဟိုင်ဆက်ဟာ နာပိုလီမှာ ညာအစွန်နေရာက ကစားပေမယ့် ဘယ်/ညာ နှစ်ဘက်လုံးမှာ ကစားနိုင်သူဖြစ်တယ်။ အလွန်ဆိုရာ ရာသီအစောပိုင်းမှာ တောက်ပခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရပါတယ်။ ဆာရီဟာ အလွန်ဆိုနေရာမှာ အီမာဆန်နဲ့ ဖိအားပေးစေဖို့ ရည်ရွယ်နေခဲ့ပြီး ပိုကောင်းတဲ့ ရွေးချယ်မှုအဖြစ် ဟိုင်ဆက်ကို ထည့်သွင်းလိုနေတယ်။ အချို့သော ကလောင်ရှင်တွေကတော့ ကွီတာကို ဘယ်ခြမ်းပို့ပြီး ဟိုင်ဆက်ကို ညာခြမ်းအတွက်ထားစေတာမျိုးလည်း ရွေးချယ်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။

ဆာရီဟာ အမ်ပိုလီကို ကိုင်တွယ်ကတည်းက ဟိုင်ဆက်နဲ့ စတင်လက်တွဲခဲ့တာပါ။ နာပိုလီအသင်းကို ပြောင်းရွှေ့တော့လည်း ဟိုင်ဆက်ကို ခေါ်ယူခဲ့ပါသေးတယ်။ ဆာရီနဲ့ ဟိုင်ဆက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခြင်းကလည်း ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်တဲ့ အချက်တစ်ချက်အဖြစ် သုံးသပ်ထားရပါတယ်။

Sports Home Time