ေပါင္ 10 သန္း တန္ေၾကးရွိမယ့္ လီဗာပူး၊ နာပိုလီတို႔ရဲ႕ ခ်န္ပီယံလိဂ္ အဆံုးအျဖတ္ပြဲ

[Zawgyi] ယာဂင္ကေလာ့ပ္ကေတာ့ အန္ဖီးကြင္းက 12 ေယာက္ေျမာက္ ကစားသမားေတြကို ေခၚယူထားခဲ့ျပီးပါျပီ။ အန္ဖီးကြင္းက ပရိသတ္ေတြက ကလပ္အသင္းကို ေထာက္ပံ့ေပးႏိုင္ဖုိ႔ မိနစ္ 90 လံုး ကြင္းထဲမွာ စုေဝးၾကမွာျဖစ္ပါတယ္။

လီဗာပူး၊ အန္ဖီးကြင္းနဲ႔ အသင္းပရိသတ္ေတြဆိုတာက တြဲလ်က္ ျမင္ႏို္င္ၾကတာမ်ိဳးပါ။ လီဗာပူး ပရိသတ္တိုင္းမွာ အန္ဖီးကြင္းမွာ ခ်န္ပီယံလိဂ္ပြဲေတြကို အားေပးဖို႔ အျမဲအိပ္မက္ရွိၾကသူပါ။ အတိတ္သမိုင္းမွာလည္း အနီေရာင္ပရိသတ္ေတြနဲ႔ ရဲရဲနီေနတဲ့ အန္ဖီးရဲ႕ ေက်ာ္ၾကားလွတဲ့ ခ်န္ပီယံလိဂ္ညေတြကို အားရဖြယ္ျမင္ခဲ့ရျပီးျပီ။ ၾကြယ္ဝလွတဲ့ ကလပ္အသင္းသမိုင္းမွာ ေနာက္ထပ္ ညတစ္ညကို ထပ္ျဖည့္သြားဖို႔ လီဗာပူးဘက္က အဆင္သင့္ရွိေနပါလိမ့္မယ္။

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ခြင့္ဆိုတာအတြက္ အန္ဖီးကြင္းက အေထာက္အပံ့ျဖစ္ေစခဲ့တာ အၾကိမ္ၾကိမ္ ရွိခဲ့ဖူးပါတယ္။ မနက္မွာ ေတြ႔ဆံုးယွဥ္ျပိဳင္ နာပိုလီပြဲမတိုင္ခင္ Saint-Etienne, အိုလီပီယာကိုစ့္၊ ခ်ယ္ဆီး အဆိုပါ အသင္းေတြနဲ႔ ေက်ာ္ၾကားလွတဲ့ အန္ဖီးညေတြကို ယွဥ္ျပိဳင္ခဲ့ဖူးတယ္။ မႏွစ္တုန္းကလည္း အန္ဖီးကြင္းမွာ မန္စီးတီးကို 3-0 နဲ႔ အႏိုင္ယူခဲ့တာက ေက်ာ္ၾကားတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ပါေသးတယ္။

ဘယ္လိုဆိုရင္ လီဗာပူး ရံွဴးထြက္ကို တက္ေရာက္မလဲ?

  • လီဗာပူးက နာပိုလီကို 1-0 နဲ႔ ႏိုင္ရပါမယ္။ ဂိုးသြင္းႏုိင္မႈ ကြာျခားခ်က္အရ လီဗာပူးအသင္း ရံွဴးထြက္ကို တက္ေရာက္ပါမယ္။
  • လီဗာပူးက သြင္းဂိုး 2 ဂိုးနဲ႔ 2 ဂိုးအထက္ သြင္းယူႏိုင္ရင္ အုပ္စုတက္ပါမယ္။ ထိပ္တိုက္ေတြ႔ဆံုမႈမွာ ရလဒ္ပိုေကာင္းလို႔ျဖစ္ပါတယ္။
  • ဒါေပမယ့္လို႔ လီဗာပူးက 2-1 နဲ႔ အႏိုင္ရရင္ ယူရိုပါလိဂ္ ဆင္းကစားရပါမယ္။ နာပိုလီကို အႏိုင္ရေပမယ့္ စီးရီးေအကလပ္က အေဝးဂိုး တစ္ဂိုးရတာေၾကာင့္ ထိပ္တိုက္ေတြ႔ဆံုမႈအရ လီဗာပူးက အေရးနိမ့္မွာျဖစ္ပါတယ္။
  • အကယ္လို႔ ရတ္စတားနဲ႔ အေဝးကြင္းပြဲမွာ ပီအက္ဂ်ီက အႏိုင္မရခဲ့ဘူးဆိုရင္ နာပိုလီကို မည္သည့္ ရလဒ္ႏွင့္ ႏိုင္သည္ျဖစ္ေစ အုပ္စုဗိုလ္ျဖင့္ လီဗာပူးအသင္း ေနာက္တစ္ဆင့္ကို တက္ပါမယ္။

နာပိုလီကို အႏိုင္ရခဲ့မယ္ဆိုရင္ ရရွိမယ့္ ခ်န္ပီယံလိဂ္ဆုေၾကး

ခ်န္ပီယံလိဂ္ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏိုင္တာနဲပ ယူရိုပါလိဂ္ကို ဆင္းကစားရတာက အေတာ္ေလး ကြာပါတယ္။ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗုိလ္လုပြဲကို တက္ႏုိင္ခဲ့တဲ့ လီဗာပူးဟာ ေပါင္ 72 သန္းကို ဆုေၾကးအျဖစ္ရခဲ့တယ္။ ဒီႏွစ္မွာေတာ့ အမ်ားၾကီး ပိုလာပါတယ္။

အုပ္စုအဆင့္မွာ အႏိုင္ရတဲ့ ပြဲတိုင္းအတြက္ ေပါင္ 2.36 သန္း (မႏွစ္က ေပါင္ 1.35 သန္း) ရရွိမွာပါ။ ေနာက္ဆံုး 16 အသင္းအဆင့္ ရံွဴးထြက္ကို တက္ေရာက္ႏိုင္ရင္ ေပါင္ 8.31 သန္း (မႏွစ္က ေပါင္ 5.4 သန္း) ရမွာျဖစ္တယ္။ ဒါေၾကာင့္ နာပိုလီကို အႏိုင္ရမယ္ဆိုရင္ ရံွဴးထြက္အဆင့္ကို တက္ရမယ့္ လီဗာပူးအတြက္ မနက္မွာ ယွဥ္ျပိဳင္မယ့္ မိနစ္ 90 တစ္ပြဲကတင္ ေပါင္ 10.67 သန္း တန္ေၾကးရွိမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ကတော့ အန်ဖီးကွင်းက 12 ယောက်မြောက် ကစားသမားတွေကို ခေါ်ယူထားခဲ့ပြီးပါပြီ။ အန်ဖီးကွင်းက ပရိသတ်တွေက ကလပ်အသင်းကို ထောက်ပံ့ပေးနိုင်ဖို့ မိနစ် 90 လုံး ကွင်းထဲမှာ စုဝေးကြမှာဖြစ်ပါတယ်။

လီဗာပူး၊ အန်ဖီးကွင်းနဲ့ အသင်းပရိသတ်တွေဆိုတာက တွဲလျက် မြင်နိုင်ကြတာမျိုးပါ။ လီဗာပူး ပရိသတ်တိုင်းမှာ အန်ဖီးကွင်းမှာ ချန်ပီယံလိဂ်ပွဲတွေကို အားပေးဖို့ အမြဲအိပ်မက်ရှိကြသူပါ။ အတိတ်သမိုင်းမှာလည်း အနီရောင်ပရိသတ်တွေနဲ့ ရဲရဲနီနေတဲ့ အန်ဖီးရဲ့ ကျော်ကြားလှတဲ့ ချန်ပီယံလိဂ်ညတွေကို အားရဖွယ်မြင်ခဲ့ရပြီးပြီ။ ကြွယ်ဝလှတဲ့ ကလပ်အသင်းသမိုင်းမှာ နောက်ထပ် ညတစ်ညကို ထပ်ဖြည့်သွားဖို့ လီဗာပူးဘက်က အဆင်သင့်ရှိနေပါလိမ့်မယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ခွင့်ဆိုတာအတွက် အန်ဖီးကွင်းက အထောက်အပံ့ဖြစ်စေခဲ့တာ အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ မနက်မှာ တွေ့ဆုံးယှဉ်ပြိုင် နာပိုလီပွဲမတိုင်ခင် Saint-Etienne, အိုလီပီယာကိုစ့်၊ ချယ်ဆီး အဆိုပါ အသင်းတွေနဲ့ ကျော်ကြားလှတဲ့ အန်ဖီးညတွေကို ယှဉ်ပြိုင်ခဲ့ဖူးတယ်။ မနှစ်တုန်းကလည်း အန်ဖီးကွင်းမှာ မန်စီးတီးကို 3-0 နဲ့ အနိုင်ယူခဲ့တာက ကျော်ကြားတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါသေးတယ်။

ဘယ်လိုဆိုရင် လီဗာပူး ရံှူးထွက်ကို တက်ရောက်မလဲ?

  • လီဗာပူးက နာပိုလီကို 1-0 နဲ့ နိုင်ရပါမယ်။ ဂိုးသွင်းနိုင်မှု ကွာခြားချက်အရ လီဗာပူးအသင်း ရံှူးထွက်ကို တက်ရောက်ပါမယ်။
  • လီဗာပူးက သွင်းဂိုး 2 ဂိုးနဲ့ 2 ဂိုးအထက် သွင်းယူနိုင်ရင် အုပ်စုတက်ပါမယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ ရလဒ်ပိုကောင်းလို့ဖြစ်ပါတယ်။
  • ဒါပေမယ့်လို့ လီဗာပူးက 2-1 နဲ့ အနိုင်ရရင် ယူရိုပါလိဂ် ဆင်းကစားရပါမယ်။ နာပိုလီကို အနိုင်ရပေမယ့် စီးရီးအေကလပ်က အဝေးဂိုး တစ်ဂိုးရတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူးက အရေးနိမ့်မှာဖြစ်ပါတယ်။
  • အကယ်လို့ ရတ်စတားနဲ့ အဝေးကွင်းပွဲမှာ ပီအက်ဂျီက အနိုင်မရခဲ့ဘူးဆိုရင် နာပိုလီကို မည်သည့် ရလဒ်နှင့် နိုင်သည်ဖြစ်စေ အုပ်စုဗိုလ်ဖြင့် လီဗာပူးအသင်း နောက်တစ်ဆင့်ကို တက်ပါမယ်။

နာပိုလီကို အနိုင်ရခဲ့မယ်ဆိုရင် ရရှိမယ့် ချန်ပီယံလိဂ်ဆုကြေး

ချန်ပီယံလိဂ်ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်တာနဲပ ယူရိုပါလိဂ်ကို ဆင်းကစားရတာက အတော်လေး ကွာပါတယ်။ မနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့ လီဗာပူးဟာ ပေါင် 72 သန်းကို ဆုကြေးအဖြစ်ရခဲ့တယ်။ ဒီနှစ်မှာတော့ အများကြီး ပိုလာပါတယ်။

အုပ်စုအဆင့်မှာ အနိုင်ရတဲ့ ပွဲတိုင်းအတွက် ပေါင် 2.36 သန်း (မနှစ်က ပေါင် 1.35 သန်း) ရရှိမှာပါ။ နောက်ဆုံး 16 အသင်းအဆင့် ရံှူးထွက်ကို တက်ရောက်နိုင်ရင် ပေါင် 8.31 သန်း (မနှစ်က ပေါင် 5.4 သန်း) ရမှာဖြစ်တယ်။ ဒါကြောင့် နာပိုလီကို အနိုင်ရမယ်ဆိုရင် ရံှူးထွက်အဆင့်ကို တက်ရမယ့် လီဗာပူးအတွက် မနက်မှာ ယှဉ်ပြိုင်မယ့် မိနစ် 90 တစ်ပွဲကတင် ပေါင် 10.67 သန်း တန်ကြေးရှိမှာဖြစ်ပါတယ်။

Sports Home Time