[Zawgyi] ပက္ဂြာဒီယိုလာက ဂ်ီဆုရဲ႕ အရင္ပံုစံ ျပန္ရေအာင္ ထုတ္ေဖာ္ေပးဖုိ႔ လိုအပ္ေနပါျပီ။ ပရီးမီးယားလိဂ္မွာ အေျခအေန ေကာင္းေနသည့္တိုင္ မန္စီးတီး ပရိသတ္အေတာ္မ်ားမ်ားက ဇန္န၀ါရီမွာ တိုက္စစ္မွဴးသစ္ ေခၚေပးဖို႔ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။ ဂိုးနဲ႕ ပိုက္ မိတ္မဆက္ေပးနုိင္တဲ့ ပြဲတိုင္း ဂ်ီဆုဟာ ေ၀ဖန္မႈမ်ားစြာ ဒီတေလာ ခံေနရပါတယ္။
မန္စီးတီးရဲ႕ ၀ါရင့္တိုက္စစ္မွဴး အဂြယ္ရိုကေတာ့ ပရီးမီးယားလိဂ္ သမိုင္းမွာပါ မွတ္တမ္းေကာင္းေတြယူျပီး မန္ခ်က္စတာကလပ္အတြက္ ဂိုးေတြ မွန္မွန္သြင္းေပးေနသူပါ။ ဒါေပမယ့္ အဂြယ္ရို ကိုယ္တိုင္လည္း ဂ်ီဆုလို ဂိုးမသြင္းနုိင္ဘဲ ေ၀ဖန္မႈေတြ ခံေနရတဲ့ ကာလမ်ိဳး ၾကံဳဖူးခဲ့ပါတယ္။ ဒါေပမယ့္ အာဂ်င္တိုင္းသားၾကီးကေတာ့ သူမ်ား ပါးစပ္ဖ်ား ေ၀ဖန္သံေတြၾကား တိမ္ျမဳပ္မသြားျပန္ ျပန္ထလာနိုင္ခဲ့တယ္။
၂၀၁၅-၂၀၁၆ ေဘာလံုးရာသီမွာ အဂြယ္ရိုက အဖြင့္ပြဲ ၇ ပြဲမွာ တစ္ဂိုးသာ သြင္းနုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔အေျခအေနေပၚ ေမးခြန္းထုတ္မႈေတြ ရွိေနခဲ့တယ္.. ဒဏ္ရာေတြေၾကာင့္ အဂြယ္ရို ျပန္မလာနုိင္ေတာ့ဘူးလား.. မန္စီးတီး ပိုက္ဆံထုတ္ဖို႔ လူ၀ယ္ဖို႔ အခ်ိန္တန္ျပီးလား စသျဖင့္ပါ။ အဂြယ္ရို တုန္႔ျပန္ခဲ့ပံုက လွပပါတယ္။
ေနာက္ထပ္ ၆ ပြဲမွာ ၈ ဂိုးသြင္းျပီး သူ ဘယ္လို တိုက္စစ္မွဴးဆိုတာ သက္ေသ ျပသြားတာပါ။ အဆိုပါ ၈ ဂိုးထဲမွာ ပရီးမီးယားလိဂ္ စံခ်ိ္န္တင္ခဲ့တဲ့ နယူးကာဆယ္ကို တစ္ပြဲတည္း ၅ ဂိုး သြင္းခဲ့တဲ့ ပြဲ အပါအ၀င္ ျဖစ္ပါတယ္။ ေ၀ဖန္မႈေတြ ရွိလာတိုင္း သံသယရွိသူေတြကို အဂြယ္ရို ဒါမ်ိဳး တုန္႔ျပန္ခဲ့ပါတယ္။ အၾကိမ္ၾကိမ္ သက္ေသျပခဲ့တဲ့ေနာက္ ေ၀ဖန္သူေတြ ပါးစပ္ပိတ္သြားတဲ့ အထိပါပဲ။
ဒီရာသီမွာ တစ္ဂိုးပဲ သြင္းထားရေသးတဲ့ တိုက္စစ္မွဴး ဂ်ီဆုက လတ္တေလာအင္တာဗ်ူးမွာ ဒဏ္ရာကေန ျပန္လာရတာ အလြန္ခက္ခဲေၾကာင္း ၀န္္ခံထားပါတယ္။ “က်ေနာ့္ ပထမဆံုး ဒဏ္ရာက စလို႕ ျပန္လည္ျပီး ကစားရတာ ခက္ခဲပါတယ္.. ရိုးရိုးရွင္းရွင္းလည္း မဟုတ္ဘူး ခြဲစိတ္ခံခဲ့ရတာလည္း ခက္ခဲတယ္။” လို႔ ဂ်ီဆုက ဆိုခဲ့တာပါ။
ဂ်ီဆုအေနနဲ႕ ေ၀ဖန္သူေတြကို အနားေပးဖို႔ ၄င္း အရည္အခ်င္းကို သက္ေသျပဖို႔ အဂြယ္ရိုလို စိတ္ပိုင္းျဖတ္မႈမ်ိဳးနဲ႕ ျပန္လာနုိင္ေအာင္ ၾကိဳးစားဖို႔ လိုအပ္ေနပါတယ္။ မန္စီးတီးလို ကလပ္အသင္းၾကီးတစ္သင္းမွာ ကစားေနတဲ့ တိုက္စစ္မွဴး တစ္ေယာက္ အေနနဲ႕ ဘယ္လုိ အေၾကာင္းေတြ ရွိေနသည့္တိုင္ ဒီလို ဂိုးမိုးေခါင္မႈမ်ိဳး ၾကံဳလာရင္ ေ၀ဖန္မႈေတြ ခံရမွာ ေသခ်ာေပါက္ပဲ လို႕ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္ တိုက္တြန္းသြားပါတယ္။
မန္စီးတီးအတြက္ကေတာ့ ဂ်ီဆုဟာ ဝါရင့္တိုက္စစ္မွဴးၾကီး အဂြယ္ရိုကဲ့သို႔ လဲက်ရင္ ျပန္ထတတ္ဖို႔ လိုအပ္လာေနပါျပီ။
Sports Home Time

[Unicode] ပက်ဂွာဒီယိုလာက ဂျီဆုရဲ့ အရင်ပုံစံ ပြန်ရအောင် ထုတ်ဖော်ပေးဖို့ လိုအပ်နေပါပြီ။ ပရီးမီးယားလိဂ်မှာ အခြေအနေ ကောင်းနေသည့်တိုင် မန်စီးတီး ပရိသတ်အတော်များများက ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဂိုးနဲ့ ပိုက် မိတ်မဆက်ပေးနိုင်တဲ့ ပွဲတိုင်း ဂျီဆုဟာ ဝေဖန်မှုများစွာ ဒီတလော ခံနေရပါတယ်။
မန်စီးတီးရဲ့ ဝါရင့်တိုက်စစ်မှူး အဂွယ်ရိုကတော့ ပရီးမီးယားလိဂ် သမိုင်းမှာပါ မှတ်တမ်းကောင်းတွေယူပြီး မန်ချက်စတာကလပ်အတွက် ဂိုးတွေ မှန်မှန်သွင်းပေးနေသူပါ။ ဒါပေမယ့် အဂွယ်ရို ကိုယ်တိုင်လည်း ဂျီဆုလို ဂိုးမသွင်းနိုင်ဘဲ ဝေဖန်မှုတွေ ခံနေရတဲ့ ကာလမျိုး ကြုံဖူးခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တိုင်းသားကြီးကတော့ သူများ ပါးစပ်ဖျား ဝေဖန်သံတွေကြား တိမ်မြုပ်မသွားပြန် ပြန်ထလာနိုင်ခဲ့တယ်။
၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အဂွယ်ရိုက အဖွင့်ပွဲ ၇ ပွဲမှာ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့အခြေအနေပေါ် မေးခွန်းထုတ်မှုတွေ ရှိနေခဲ့တယ်.. ဒဏ်ရာတွေကြောင့် အဂွယ်ရို ပြန်မလာနိုင်တော့ဘူးလား.. မန်စီးတီး ပိုက်ဆံထုတ်ဖို့ လူဝယ်ဖို့ အချိန်တန်ပြီးလား စသဖြင့်ပါ။ အဂွယ်ရို တုန့်ပြန်ခဲ့ပုံက လှပပါတယ်။
နောက်ထပ် ၆ ပွဲမှာ ၈ ဂိုးသွင်းပြီး သူ ဘယ်လို တိုက်စစ်မှူးဆိုတာ သက်သေ ပြသွားတာပါ။ အဆိုပါ ၈ ဂိုးထဲမှာ ပရီးမီးယားလိဂ် စံချိန်တင်ခဲ့တဲ့ နယူးကာဆယ်ကို တစ်ပွဲတည်း ၅ ဂိုး သွင်းခဲ့တဲ့ ပွဲ အပါအဝင် ဖြစ်ပါတယ်။ ဝေဖန်မှုတွေ ရှိလာတိုင်း သံသယရှိသူတွေကို အဂွယ်ရို ဒါမျိုး တုန့်ပြန်ခဲ့ပါတယ်။ အကြိမ်ကြိမ် သက်သေပြခဲ့တဲ့နောက် ဝေဖန်သူတွေ ပါးစပ်ပိတ်သွားတဲ့ အထိပါပဲ။
ဒီရာသီမှာ တစ်ဂိုးပဲ သွင်းထားရသေးတဲ့ တိုက်စစ်မှူး ဂျီဆုက လတ်တလောအင်တာဗျူးမှာ ဒဏ်ရာကနေ ပြန်လာရတာ အလွန်ခက်ခဲကြောင်း ဝန်ခံထားပါတယ်။ “ကျနော့် ပထမဆုံး ဒဏ်ရာက စလို့ ပြန်လည်ပြီး ကစားရတာ ခက်ခဲပါတယ်.. ရိုးရိုးရှင်းရှင်းလည်း မဟုတ်ဘူး ခွဲစိတ်ခံခဲ့ရတာလည်း ခက်ခဲတယ်။” လို့ ဂျီဆုက ဆိုခဲ့တာပါ။
ဂျီဆုအနေနဲ့ ဝေဖန်သူတွေကို အနားပေးဖို့ ၎င်း အရည်အချင်းကို သက်သေပြဖို့ အဂွယ်ရိုလို စိတ်ပိုင်းဖြတ်မှုမျိုးနဲ့ ပြန်လာနိုင်အောင် ကြိုးစားဖို့ လိုအပ်နေပါတယ်။ မန်စီးတီးလို ကလပ်အသင်းကြီးတစ်သင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဘယ်လို အကြောင်းတွေ ရှိနေသည့်တိုင် ဒီလို ဂိုးမိုးခေါင်မှုမျိုး ကြုံလာရင် ဝေဖန်မှုတွေ ခံရမှာ သေချာပေါက်ပဲ လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ် တိုက်တွန်းသွားပါတယ်။
မန်စီးတီးအတွက်ကတော့ ဂျီဆုဟာ ဝါရင့်တိုက်စစ်မှူးကြီး အဂွယ်ရိုကဲ့သို့ လဲကျရင် ပြန်ထတတ်ဖို့ လိုအပ်လာနေပါပြီ။
Sports Home Time
