ဒီေန႔ ဒီလိုအေျခအေန ၾကံဳေနရတာ က်ေန္ာတို႔ အျပစ္ပါ (ဗန္ဒိုက္)

[Zawgyi] လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ဒီရာသီ အသင္းရဲ႕ ခ်န္ပီယံလိဂ္လမ္းေၾကာင္းကို ဆက္လက္ျပီး အသက္ဆက္နိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ေနာက္တစ္ဆင့္ ၁၆သင္း ရွံဳးထြက္အဆင့္ကို တက္နုိင္ဖို႔ နာပိုလီကို ၁-၀ ဒါမွ မဟုတ္ ၂ဂိုးအသာနဲဲ႕ အနုိင္ယူဖို႔ လိုအပ္ေနတဲ့ အေျခအေနပါ။

“က်ေနာ္တို႔ မနက္ျဖန္ ၾကံဳရမယ့္ အေျခအေနမ်ိဳး ခင္ဗ်ားတို႔ဆို ရင္ဆုိင္ခ်င္မွာ မဟုတ္ဘူး.. အခ်ိိန္မေရြး ဒီျပိဳင္ပြဲက ထြက္သြားနုိင္ေလာက္တဲ့ အႏၱရာယ္မ်ိဳး ရင္ဆိုင္ေနရတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ဆိုတာ က်ေနာ္တို႔နဲ႕ ဆက္ႏြယ္ေနေၾကာင္း ျပသခ်င္တယ္။ က်ေနာ္တို႔ ပရီးမီးယားလိဂ္မွာ ေကာင္းေကာင္း လုပ္ထားနုိင္တယ္.. ခ်န္ပီယံလိဂ္မွာလည္း အဲဒီလို လုပ္ဖို႔လိုတယ္.. ဒီလို အၾကပ္အတည္း အေျခအေနမ်ိဳး ေရာက္ေနရတာလည္း က်ေနာ္တို႔ ကိုယ့္အျပစ္နဲ႕ ကုိယ္ပါ။ ” လို႔ ဗန္ဒိုက္က ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲေတြမွာ နာပိုလီ၊ ရက္စတားနဲ႕ ပီအက္စ္ဂ်ီ သံုးသင္းလံုးကို အေ၀းကြင္းပြဲေတြမွာ ရွံဳးနိမ့္ထားလို႔ အေျခအေန ဆိုးသြားရတာ ျဖစ္ပါတယ္။

“(ပထမအေက်ာ့) နာပိုလီနဲ႕ပြဲမွာတည္းက က်ေနာ္တို႔ သိတယ္.. ေျခစြမ္း မေကာင္းတာကို.. ရက္စတားနဲ႕ပြဲမွာလည္း ပို မေကာင္းလာခဲ့ဘူး။ ကစားျပီးသမွ် အိမ္ကြင္းမွာ ေကာင္းခဲ့တယ္.. မနက္ျဖန္မွာ ပိုေကာင္းဖို႔ လိုအပ္ေနတယ္။ က်ေနာ့္ ေကာင္ေလးေတြကိုလည္း ေျပာထားတယ္.. ဒိုင္လူၾကီး အဆံုးအျဖတ္ထဲမွာ သမာရိုးက် မဟုတ္တာသာ မပါ၀င္ရင္ ကိုယ္နဲ႕ ထိုက္တန္တာ ကိုယ္ရၾကမယ္ဆိုတာ နားလည္ထားဖို႔။ ”

“ဒီ အဆံုးအျဖတ္ အေျခအေနထိ က်ေန္ာတို႔ေၾကာင့္ ေရာက္သြားခဲ့တာ ျဖစ္တယ္ ဒီအတြက္ တာ၀န္လည္း ရွိတယ္။ က်ေနာ္တို႔ ထူးထူးျခားျခား လုပ္ျပျပီး ဒီအေျခအေနကို ေက်ာ္ျဖတ္နုိင္မယ့္ အခြင့္အေရးေတြ ရွိပါေသးတယ္။ အဲဒီအတြက္လည္း ေမွ်ာ္လင့္ထားတယ္။ ဒီပြဲက က်ေနာ္တို႔ မွားခဲ့တာေတြ ျပန္ျပင္ဖို႔ အခြင့္အေရးၾကီး တစ္ရပ္ပဲ။” လို႕ ဗန္ဒိုက္က အသင္းသားေတြ႕ကို လွံဳ႕ေဆာ္သြားပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စု C မွာ လီဗာပူးက ၅ပြဲကစား ၆မွတ္သာ ရထားျပီး တတိယေနရာမွာ ရွိပါတယ္။ အုပ္စုတက္ေရး အဆံုးအျဖတ္ ပြဲစဥ္အျဖစ္ လီဗာပူးအသင္းက နာပိုလီကို အိမ္ကြင္း အန္းဖီးလ္မွာ အဂၤါေန႔ည/ ဗုဒၶဟူးမနက္ ျမန္မာစံေတာ္ခ်ိန္ ၂နာရီခြဲအခ်ိန္မွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီရာသီ အသင်းရဲ့ ချန်ပီယံလိဂ်လမ်းကြောင်းကို ဆက်လက်ပြီး အသက်ဆက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ နောက်တစ်ဆင့် ၁၆သင်း ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ နာပိုလီကို ၁-၀ ဒါမှ မဟုတ် ၂ဂိုးအသာနဲ့ အနိုင်ယူဖို့ လိုအပ်နေတဲ့ အခြေအနေပါ။

“ကျနော်တို့ မနက်ဖြန် ကြုံရမယ့် အခြေအနေမျိုး ခင်ဗျားတို့ဆို ရင်ဆိုင်ချင်မှာ မဟုတ်ဘူး.. အချိန်မရွေး ဒီပြိုင်ပွဲက ထွက်သွားနိုင်လောက်တဲ့ အန္တရာယ်မျိုး ရင်ဆိုင်နေရတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆိုတာ ကျနော်တို့နဲ့ ဆက်နွယ်နေကြောင်း ပြသချင်တယ်။ ကျနော်တို့ ပရီးမီးယားလိဂ်မှာ ကောင်းကောင်း လုပ်ထားနိုင်တယ်.. ချန်ပီယံလိဂ်မှာလည်း အဲဒီလို လုပ်ဖို့လိုတယ်.. ဒီလို အကြပ်အတည်း အခြေအနေမျိုး ရောက်နေရတာလည်း ကျနော်တို့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါ။ ” လို့ ဗန်ဒိုက်က ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာ နာပိုလီ၊ ရက်စတားနဲ့ ပီအက်စ်ဂျီ သုံးသင်းလုံးကို အဝေးကွင်းပွဲတွေမှာ ရှုံးနိမ့်ထားလို့ အခြေအနေ ဆိုးသွားရတာ ဖြစ်ပါတယ်။

“(ပထမအကျော့) နာပိုလီနဲ့ပွဲမှာတည်းက ကျနော်တို့ သိတယ်.. ခြေစွမ်း မကောင်းတာကို.. ရက်စတားနဲ့ပွဲမှာလည်း ပို မကောင်းလာခဲ့ဘူး။ ကစားပြီးသမျှ အိမ်ကွင်းမှာ ကောင်းခဲ့တယ်.. မနက်ဖြန်မှာ ပိုကောင်းဖို့ လိုအပ်နေတယ်။ ကျနော့် ကောင်လေးတွေကိုလည်း ပြောထားတယ်.. ဒိုင်လူကြီး အဆုံးအဖြတ်ထဲမှာ သမာရိုးကျ မဟုတ်တာသာ မပါဝင်ရင် ကိုယ်နဲ့ ထိုက်တန်တာ ကိုယ်ရကြမယ်ဆိုတာ နားလည်ထားဖို့။ ”

“ဒီ အဆုံးအဖြတ် အခြေအနေထိ ကျနေ်ာတို့ကြောင့် ရောက်သွားခဲ့တာ ဖြစ်တယ် ဒီအတွက် တာဝန်လည်း ရှိတယ်။ ကျနော်တို့ ထူးထူးခြားခြား လုပ်ပြပြီး ဒီအခြေအနေကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးတွေ ရှိပါသေးတယ်။ အဲဒီအတွက်လည်း မျှော်လင့်ထားတယ်။ ဒီပွဲက ကျနော်တို့ မှားခဲ့တာတွေ ပြန်ပြင်ဖို့ အခွင့်အရေးကြီး တစ်ရပ်ပဲ။” လို့ ဗန်ဒိုက်က အသင်းသားတွေ့ကို လှုံ့ဆော်သွားပါတယ်။

ချန်ပီယံလိဂ် အုပ်စု C မှာ လီဗာပူးက ၅ပွဲကစား ၆မှတ်သာ ရထားပြီး တတိယနေရာမှာ ရှိပါတယ်။ အုပ်စုတက်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် လီဗာပူးအသင်းက နာပိုလီကို အိမ်ကွင်း အန်းဖီးလ်မှာ အင်္ဂါနေ့ည/ ဗုဒ္ဓဟူးမနက် မြန်မာစံတော်ချိန် ၂နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

Sports Home Time