တိုက္စစ္မွဴး ကိန္းရဲ႕ ဒဏ္ရာနဲ႕ ပတ္သတ္ျပီး ပိုခ်က္တီနို ရွင္းလင္း

[Zawgyi] စပါးအသင္းဟာ မန္စီးတီးကို ခ်န္ပီယံလိဂ္ ကြာတား ပထမအေက်ာ့ ပြဲစဥ္မွာ အနိုင္ရခဲ့ေပမယ့္ အသင္း အဓိက တိုက္စစ္မွဴး ကိန္း ေျခက်င္း၀တ္ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္ ရာသီကုန္ထိ လက္လႊတ္ရမွာ စိုးရိမ္ေနရပါတယ္။ ကိန္းဟာ စီးတီး ဘယ္ျခမ္းမွ ဒပ္ဖ္နဲ႕ ထိခိုက္မိျပီး ပြဲခ်ိန္ ၅၈ မိနစ္မွာ လူးကပ္မိုရာနဲ႕ လူစားလဲခဲ့ရတာပါ။

ပြဲအျပီးမွာ စပါးအသင္း မန္ေနဂ်ာ ပိုခ်က္တီနိုက ကိန္းရဲ႕ ဒဏ္ရာ အေျခအေနနဲ႕ ပတ္သတ္ျပီး အလြန္ စိတ္ပူေနရေၾကာင္း သတင္းသမားေတြကို ေျပာၾကားလိုက္ပါတယ္။

“ဒါက ေတာ္ေတာ္ကို ၀မ္းနည္းဖို႔ ေကာင္းပါတယ္။ က်ေန္ာတို႔ သူ႔ကို ရာသီကုန္ထိ လက္လႊတ္ရေတာ့မလား မသိဘူး။ အသင္းအတြက္ ခက္ခဲေတာ့မွာပါ။ သူ ေျခက်င္း၀တ္ လည္ထြက္သြားတာ ေတြ႔လုိက္ရတယ္။ အရင္ ဒဏ္ရာရထားတဲ့ဘက္ျခမ္းပဲ ျဖစ္တယ္။ ဒဏ္ရာေဟာင္းကို ျပန္ ထိ သြားတာမ်ိဳး မဟုတ္ဖို႔ပဲ ဆုေတာင္းပါတယ္။ ေတာ္ေတာ္ ေၾကကြဲစရာပါ။ လာမယ့္ရက္အတြင္း ေသခ်ာစစ္ေဆးသြားဖို႔ လိုပါတယ္။” လို႔ ပိုခ်က္တီနိုက ေျပာၾကားခဲ့ပါတယ္။

အဂၤလန္အသင္း မန္ေနဂ်ာ ေဆာက္ဂိတ္ကလည္း ဇြန္ ၆ ရက္ေန႔မွာ ေဟာ္လန္နဲ႕ UEFA Nations League ဆီမီးဖိုင္နယ္ ပြဲစဥ္ရွိတာေၾကာင့္ ကိန္း ျပန္ ကစာနုိင္ဖို႔ ေမွ်ာ္လင့္ေနမွာပါ။ ဒီရာသီ ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနရတဲ့ ကိန္းအတြက္ ေနာက္ထပ္ ကံဆုိးမႈ တစ္္ခု ထပ္ၾကံဳခဲ့ရတာ ျဖစ္ပါတယ္။

ကိန္းဟာ ဇန္န၀ါရီတုန္းက ၀င္ဘာေလမွာ ယူနိုက္တက္နဲ႕ ပြဲမွာ ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့ျပီး သီတင္းပတ္ အတန္ၾကာ အနားယူခဲ့ရတာပါ။ အခု အဲဒီ ေျခက်င္း၀တ္ကိုပဲ ထပ္ ထိသြားတာ ျဖစ္လို႔ ပိုခ်က္တီနို အစိုးရိမ္ၾကီးေနျခင္း ျဖစ္ပါတယ္။ ထိုစဥ္က ကိန္း ၇ ပြဲ လြဲေခ်ာ္ခဲ့ျပီး စပါးက ၅ ပြဲ နုိင္ပြဲ ရခဲ့ပါတယ္။ ကိန္းမပါ၀င္တဲ့ ပိုခ်က္တီနိုရဲ႕ စပါးကို ေလွ်ာ့တြက္လို႔ေတာ့ မရပါဘူး။ စပါးမွာ ေလာ္ရန္ေတး၊ ဆြန္နဲ႕ လူးကပ္စ္ မိုရာတို႔ ကိန္းေနရာ ၀င္ကစားနုိင္သူေတြ ရွိပါတယ္။

Sports Home Time

[Unicode] စပါးအသင်းဟာ မန်စီးတီးကို ချန်ပီယံလိဂ် ကွာတား ပထမအကျော့ ပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် အသင်း အဓိက တိုက်စစ်မှူး ကိန်း ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့တာကြောင့် ရာသီကုန်ထိ လက်လွှတ်ရမှာ စိုးရိမ်နေရပါတယ်။ ကိန်းဟာ စီးတီး ဘယ်ခြမ်းမှ ဒပ်ဖ်နဲ့ ထိခိုက်မိပြီး ပွဲချိန် ၅၈ မိနစ်မှာ လူးကပ်မိုရာနဲ့ လူစားလဲခဲ့ရတာပါ။ ပွဲအပြီးမှာ စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက ကိန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး အလွန် စိတ်ပူနေရကြောင်း သတင်းသမားတွေကို ပြောကြားလိုက်ပါတယ်။

“ဒါက တော်တော်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျနေ်ာတို့ သူ့ကို ရာသီကုန်ထိ လက်လွှတ်ရတော့မလား မသိဘူး။ အသင်းအတွက် ခက်ခဲတော့မှာပါ။ သူ ခြေကျင်းဝတ် လည်ထွက်သွားတာ တွေ့လိုက်ရတယ်။ အရင် ဒဏ်ရာရထားတဲ့ဘက်ခြမ်းပဲ ဖြစ်တယ်။ ဒဏ်ရာဟောင်းကို ပြန် ထိ သွားတာမျိုး မဟုတ်ဖို့ပဲ ဆုတောင်းပါတယ်။ တော်တော် ကြေကွဲစရာပါ။ လာမယ့်ရက်အတွင်း သေချာစစ်ဆေးသွားဖို့ လိုပါတယ်။” လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်း မန်နေဂျာ ဆောက်ဂိတ်ကလည်း ဇွန် ၆ ရက်နေ့မှာ ဟော်လန်နဲ့ UEFA Nations League ဆီမီးဖိုင်နယ် ပွဲစဉ်ရှိတာကြောင့် ကိန်း ပြန် ကစာနိုင်ဖို့ မျှော်လင့်နေမှာပါ။ ဒီရာသီ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရတဲ့ ကိန်းအတွက် နောက်ထပ် ကံဆိုးမှု တစ်ခု ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကိန်းဟာ ဇန်နဝါရီတုန်းက ဝင်ဘာလေမှာ ယူနိုက်တက်နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ပြီး သီတင်းပတ် အတန်ကြာ အနားယူခဲ့ရတာပါ။ အခု အဲဒီ ခြေကျင်းဝတ်ကိုပဲ ထပ် ထိသွားတာ ဖြစ်လို့ ပိုချက်တီနို အစိုးရိမ်ကြီးနေခြင်း ဖြစ်ပါတယ်။ ထိုစဉ်က ကိန်း ၇ ပွဲ လွဲချော်ခဲ့ပြီး စပါးက ၅ ပွဲ နိုင်ပွဲ ရခဲ့ပါတယ်။ ကိန်းမပါဝင်တဲ့ ပိုချက်တီနိုရဲ့ စပါးကို လျှော့တွက်လို့တော့ မရပါဘူး။ စပါးမှာ လော်ရန်တေး၊ ဆွန်နဲ့ လူးကပ်စ် မိုရာတို့ ကိန်းနေရာ ဝင်ကစားနိုင်သူတွေ ရှိပါတယ်။

Sports Home Time