[Zawgyi] ပရီးမီးယားလိဂ္ကလပ္ ပဲေလစ့္အသင္းဟာ ခ်ယ္ဆီးအသင္းမွ ေတာင္ပံသမားျဖစ္သူ ေမာ့ဆက္ကို ေပါင္ 12 သန္းနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ မိုဆက္စ္ဟာ 2007 မွ 2010 ခုႏွစ္အတြင္း ပဲေလစ့္အသင္းရဲ႕ လူငယ္ကစားသမားအျဖစ္ ကစားခဲ့ဖူးသူလည္းျဖစ္တယ္။
အသက္ 27 ႏွစ္အရြယ္ ေတာင္ပံလူဟာ မန္ေနဂ်ာဆာရီလက္ထက္ ဒီရာသီမွာ ပြဲကစားခြင့္မရပဲ ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနရပါတယ္။ သူဟာ လန္ဒန္အသင္းအတြက္ 6 ပြဲပဲ ပါဝင္ကစားခြင့္ရထားတာပါ။ ေမာ့ဆက္ဟာ မန္ေနဂ်ာေဟာင္း ကြန္တီလက္ထက္မွာ ပံုမွန္ပြဲထြက္ခြင့္ေတြ ရခဲ့ေပမယ့္ ဆာရီလက္ထက္မွာေတာ့ နည္းစနစ္ပိုင္း မကိုက္ညီမႈေၾကာင့္ ပြဲကစားခြင့္ေတြ မရထားပါဘူး။
ႏိုဝင္ဘာလမွာတုန္းက ခ်ယ္ဆီးမန္ေနဂ်ာ ေမာ္ရီဇီယို ဆာရီက ဗစ္တာေမာ့ဆက္နဲ႔ ဒန္နီ ဒရင့္ဝါတာတို႔ဟာ သူ႔ရဲ႕ ယခုရာသီ နည္းဗ်ဴဟာေျမာက္ အစီအစဥ္ေတြမွာ မပါဝင္ေၾကာင္း အတည္ျပဳ ျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အသင္းရဲ႕ ပြဲက်ပ္ကာလေတြမွာေတာ့ အလွည့္က် လူစာရင္း အသံုးျပဳမွာျဖစ္တယ္လို႔ ဆိုခဲ့ဖူးတယ္။
ဆာရီက “ အေျခအေနက တျခားကြင္းလယ္ႏွစ္ေယာက္နဲ႕ တြဲကစားဖို႕ ဒရင့္ဝါတာဟာ က်ေနာ့္အတြက္ ကြင္းလယ္တေယာက္အေနနဲ႔ မသင့္ေတာ္ေသးဘူးလို႔ ထင္တယ္။ လြန္ခဲ့တဲ့ ႏွစ္လေလာက္ထဲက က်ေနာ့္အေတြးကို သူ႔ကို ေျပာျပခဲ့ပါတယ္။ ေမာ့ဆက္က ေတာင္ပံ ဒါမွမဟုတ္ ေနာက္တန္းထက္ ေတာင္ပံခံစစ္မွာ ကစားတာ ပိုၿပီးသင့္ေတာ္တယ္လို႔ ထင္ပါတယ္။ သူတို႔ရဲ႕ ခ်ယ္ဆီးနဲ႔အနာဂတ္ ဘယ္လိုျဖစ္မလဲဆိုတာ က်ေနာ္မသိပါဘူး။ သူတို႔ဟာ တိုးတက္ဖို႔ လိုပါေသးတယ္။ ဒါေပမယ့္ သူတို႔ပံုစံက နည္းနည္းေတာ့ ကြဲျပားပါတယ္ ” လို႔ ဆိုထားပါတယ္။
ဆာရီဟာ ယခုရာသီ ပ႐ီးမီးယားလိဂ္မွာ ကစားသမား အနည္းငယ္သာ အသံုးျပဳထားၿပီး သူ႔ထက္နည္းတာဆိုလို႔ 17 ေယာက္ အသံုးျပဳထားတဲ့ ဝုလ္ အသင္းသာ႐ွိပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးမွာ ေဘးေရာက္ေနရတဲ့ ကစားသမား ေတာ္ေတာ္မ်ားမ်ားက ပြဲကစားခြင့္မရလို႔ စိတ္ပ်က္ေနရတဲ့ အေၾကာင္းေတြကို လူသိ႐ွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။
အန္တိုနီယို ကြန္တီလက္ေအာက္မွာ ေမာ့ဆက္ဟာ ညာေတာင္ပံခံစစ္အေနနဲ႔ အဓိက ကစားသမားျဖစ္ခဲ့ေပမယ့္ ဆာရီေရာက္႐ွိလာခ်ိန္မွာေတာ့ ခ်ယ္ဆီးရဲ႕ကစားပံုကို 4-3-3 ပံုစံေျပာင္းလဲခဲ့ပါတယ္။ ႏိုင္ဂ်ီးရီးယားသား ေမာ့ဆက္ဟာ ေတာင္ပံမွာေနရာတစ္ေနရာရဖို႔က အီဒင္ဟာဇက္၊ ပက္ဒ႐ို၊ ဝီလီယမ္တို႔ကို ေက်ာ္ျဖတ္ႏုိင္ဖုိ႔ ခက္ခဲေနတာျဖစ္တယ္။
ေမာ့ဆက္ဟာ 2012 ခုႏွစ္မွာတုန္းက ဝီဂန္ကေန ေပါင္ 9 သန္းနဲ႔ ေျပာင္းလာခဲ့တယ္။ 2016-2017 ခုႏွစ္ ခ်ယ္ဆီးအသင္း ပရီးမီးယားလိဂ္ဖလားရရွိမႈမွာ အဓိက ကစားသမားျဖစ္ျပီး ပြဲေပါင္း 40 ေလာက္ ကစားခြင့္ရခဲ့တယ္။ မႏွစ္တုန္းကလည္း 38 ပြဲ ပါဝင္ကစားခဲ့ပါတယ္။
Sports Home Time

[Unicode] ပရီးမီးယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ ချယ်ဆီးအသင်းမှ တောင်ပံသမားဖြစ်သူ မော့ဆက်ကို ပေါင် 12 သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မိုဆက်စ်ဟာ 2007 မှ 2010 ခုနှစ်အတွင်း ပဲလေစ့်အသင်းရဲ့ လူငယ်ကစားသမားအဖြစ် ကစားခဲ့ဖူးသူလည်းဖြစ်တယ်။
အသက် 27 နှစ်အရွယ် တောင်ပံလူဟာ မန်နေဂျာဆာရီလက်ထက် ဒီရာသီမှာ ပွဲကစားခွင့်မရပဲ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပါတယ်။ သူဟာ လန်ဒန်အသင်းအတွက် 6 ပွဲပဲ ပါဝင်ကစားခွင့်ရထားတာပါ။ မော့ဆက်ဟာ မန်နေဂျာဟောင်း ကွန်တီလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်တွေ ရခဲ့ပေမယ့် ဆာရီလက်ထက်မှာတော့ နည်းစနစ်ပိုင်း မကိုက်ညီမှုကြောင့် ပွဲကစားခွင့်တွေ မရထားပါဘူး။
နိုဝင်ဘာလမှာတုန်းက ချယ်ဆီးမန်နေဂျာ မော်ရီဇီယို ဆာရီက ဗစ်တာမော့ဆက်နဲ့ ဒန်နီ ဒရင့်ဝါတာတို့ဟာ သူ့ရဲ့ ယခုရာသီ နည်းဗျူဟာမြောက် အစီအစဉ်တွေမှာ မပါဝင်ကြောင်း အတည်ပြု ပြာကြားခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ပွဲကျပ်ကာလတွေမှာတော့ အလှည့်ကျ လူစာရင်း အသုံးပြုမှာဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်။
ဆာရီက “ အခြေအနေက တခြားကွင်းလယ်နှစ်ယောက်နဲ့ တွဲကစားဖို့ ဒရင့်ဝါတာဟာ ကျနော့်အတွက် ကွင်းလယ်တယောက်အနေနဲ့ မသင့်တော်သေးဘူးလို့ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ထဲက ကျနော့်အတွေးကို သူ့ကို ပြောပြခဲ့ပါတယ်။ မော့ဆက်က တောင်ပံ ဒါမှမဟုတ် နောက်တန်းထက် တောင်ပံခံစစ်မှာ ကစားတာ ပိုပြီးသင့်တော်တယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ချယ်ဆီးနဲ့အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာ ကျနော်မသိပါဘူး။ သူတို့ဟာ တိုးတက်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် သူတို့ပုံစံက နည်းနည်းတော့ ကွဲပြားပါတယ် ” လို့ ဆိုထားပါတယ်။
ဆာရီဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ကစားသမား အနည်းငယ်သာ အသုံးပြုထားပြီး သူ့ထက်နည်းတာဆိုလို့ 17 ယောက် အသုံးပြုထားတဲ့ ဝုလ် အသင်းသာရှိပါတယ်။ ဒါကြောင့် ချယ်ဆီးမှာ ဘေးရောက်နေရတဲ့ ကစားသမား တော်တော်များများက ပွဲကစားခွင့်မရလို့ စိတ်ပျက်နေရတဲ့ အကြောင်းတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အန်တိုနီယို ကွန်တီလက်အောက်မှာ မော့ဆက်ဟာ ညာတောင်ပံခံစစ်အနေနဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ဆာရီရောက်ရှိလာချိန်မှာတော့ ချယ်ဆီးရဲ့ကစားပုံကို 4-3-3 ပုံစံပြောင်းလဲခဲ့ပါတယ်။ နိုင်ဂျီးရီးယားသား မော့ဆက်ဟာ တောင်ပံမှာနေရာတစ်နေရာရဖို့က အီဒင်ဟာဇက်၊ ပက်ဒရို၊ ဝီလီယမ်တို့ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေတာဖြစ်တယ်။
မော့ဆက်ဟာ 2012 ခုနှစ်မှာတုန်းက ဝီဂန်ကနေ ပေါင် 9 သန်းနဲ့ ပြောင်းလာခဲ့တယ်။ 2016-2017 ခုနှစ် ချယ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလားရရှိမှုမှာ အဓိက ကစားသမားဖြစ်ပြီး ပွဲပေါင်း 40 လောက် ကစားခွင့်ရခဲ့တယ်။ မနှစ်တုန်းကလည်း 38 ပွဲ ပါဝင်ကစားခဲ့ပါတယ်။
Sports Home Time
