စပါးကို ရွံဳးတဲ့ ပြဲအျပီး အေၾကာင္းျပခ်က္ ေပးလိုက္တဲ့ ဂြာဒီယိုလာ

[Zawgyi] ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ ပြဲစဥ္မွာ မန္စီးတီးက အိမ္ရွင္စပါးအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႕ ရွံဳးနိမ့္သြားျပီးေနာက္ စီးတီး မန္ေနဂ်ာ ပက္ ဂြာဒီယိုလာက ဒီဘရိုင္း၊ ဘာနာဒိုတို႔ မပါ၀င္တဲ့ ပြဲထြက္လူစာရင္း ေရြးခ်ယ္မႈအေပၚ ကာကြယ္ေျပာဆိုလိုက္ပါတယ္။

ဂြာဒီယိုလာက ဖာဘီယန္ ဒပ္ဖ္ကို ထည့္ျပီး ျဖတ္တင္ေဘာေတြနဲ႕ တိုက္စစ္ဆင္ဖို႕ ျပင္ဆင္လာခဲ့ပါတယ္။ ေျခစြမ္းေကာင္း ျပန္ရေနတဲ့ ကီဗင္ ဒီဘရိုင္းက အရန္ခံုမွာသာ ရွိခဲ့ျပီး ဘာနာဒိုေဆးလ္ဗားကေတာ့ လူစာရင္းမွာ မပါ၀င္လာခဲ့ပါဘူး။ ဘာနာဒိုရဲ႕ ပ်က္ကြက္မႈက ဒဏ္ရာေၾကာင့္ ျဖစ္ျပီး ဒုတိယအေက်ာ့မွာေတာ့ ျပန္ ပါ၀င္နိုင္တယ္လို႔ ဂြာဒီယိုလာက ဆိုပါတယ္။ ဒါ့အျပင္ ဇီခ်န္ကို ဒဏ္ရာရေနကာ ဘန္ဂ်မင္ မန္ဒီ ၾကံ႕ခိုင္မႈ မျပည့္တာေၾကာင့္ ဘယ္ျခမ္း ခံစစ္သမားေနရာအတြက္ ေခါင္းစားခဲ့ရတဲ့ ဂြာဒီယိုလာက ၂၀၁၉ အတြင္း ၂ ပြဲသာ ပြဲထြက္ ကစားထားတဲ့ ဒပ္ဖ္ကို ထည့္သြင္းခဲ့ရတာ ျဖစ္ပါတယ္။

“က်ေနာ္ သူ႔ (ဒပ္ဖ္)ကို ျပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေတာ္ ေကာင္းလာတာ ျမင္ခဲ့တယ္။ ၄-၅ လ ေလာက္ ဒဏ္ရာ ရထားျပီး ၄ရက္အတြင္း ၂ ပြဲ ကစားဖို႔က မန္ဒီအတြက္ ခက္ခဲပါတယ္။ ဘာနာဒိုလည္း မကစားနုိင္လို႔ က်ေနာ္တုိ႔ မာရက္ဇ္ကို ထည့္ခဲ့တယ္။ သူ ကစားထားတာလည္း အထူး သျဖင့္ ဒုတိယပိုင္းမွာ ေတာ္ေတာ္ ေကာင္းခဲ့တာပါ။ ပထမပိုင္းမွာေတာ့ သူ႔အတြက္ မလြယ္ကူခဲ့ဘူး။”

“ဒုတိယပိုင္းမွာ မာရက္ဇ္ ေတာ္ေတာ္ကို ေကာင္းေကာင္း ပို ကစားလာနုိင္တယ္။ ေဘာလံုးရာသီ ဒီလို အခ်ိန္ေတြမွာ ဒဏ္ရာေတြ ျပႆနာေတြက ရွိတတ္တာပဲ။ ေနာက္တစ္ပတ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား ၾကံ႕ခိုင္မႈ ျပည့္ျပီး ျပန္ပါ၀င္လာနုိင္မယ္ ထင္ပါတယ္။” လို႔ ဂြာဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဒီဘရိုင္းကို အရန္မွာ ထားခဲ့တာက ၾကံ႕ခိုင္မႈ မျပည့္လို႔ မဟုတ္ဘဲ နည္းဗ်ဴဟာပိုင္းအရ ခ်န္ထားခဲ့တာ ျဖစ္ေၾကာင္း ၄င္းက ဆိုပါတယ္။ ဂြာဒီယိုလာက ၄င္း ပြဲထြက္ေနက် ပံုစံမ်ိဳးမွ ေသြဖယ္ျပီး ကြင္းလယ္ အထိုင္ ခံစစ္နွစ္ေယာက္ ထည့္ျပီး ကစားခဲ့တာပါ။

“က်ေနာ္က ကြင္းလယ္အထိုင္ခံစစ္ နွစ္ေယာက္ ထည့္ ကစားဖို႔ ဆံုးျဖတ္ခဲ့တယ္။ ဂြမ္ဒိုဂန္နဲ႕ ဖာနန္ဒင္ဟိုဆို အသင္း ကစားပံု လံုး၀ က်စ္လစ္သြားမယ္ေပါ့။ ဒါကလည္း ျပႆနာ မဟုတ္ပါဘူး။ ဒီပြဲက ခက္ခဲခဲ့ေပမယ့္ ဒုတိယအေက်ာ့ ပြဲစဥ္ ရွိပါေသးတယ္။ ဒီပြဲက မိစန္ ၁၈၀ ကစားရတဲ့ ပြဲပါ။ က်ေနာ္တို႔ ဂိုးတစ္ဂိုးေလာက္ သြင္းဖို႔ ၾကိဳးစား ကစားေပမယ့္ ကံမေကာင္းလို႔ မသြင္းနုိင္ခဲ့ဘူး။ ဘာျဖစ္မလဲ ဆက္ေစာင့္ၾကည့္ရမွာပါ။ က်ေန္ာတို႔ခ်င္း တစ္ေယာက္ တစ္ေယာက္ တြန္းအားေပးျပီး ၾကိဳးစားသြားၾကမွာပါ။” လို႔ ဂြာဒီယိုလာက ဆိုပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးက အိမ်ရှင်စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပြီးနောက် စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက ဒီဘရိုင်း၊ ဘာနာဒိုတို့ မပါဝင်တဲ့ ပွဲထွက်လူစာရင်း ရွေးချယ်မှုအပေါ် ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက ဖာဘီယန် ဒပ်ဖ်ကို ထည့်ပြီး ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ဆင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ခြေစွမ်းကောင်း ပြန်ရနေတဲ့ ကီဗင် ဒီဘရိုင်းက အရန်ခုံမှာသာ ရှိခဲ့ပြီး ဘာနာဒိုဆေးလ်ဗားကတော့ လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ ဘာနာဒိုရဲ့ ပျက်ကွက်မှုက ဒဏ်ရာကြောင့် ဖြစ်ပြီး ဒုတိယအကျော့မှာတော့ ပြန် ပါဝင်နိုင်တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။ ဒါ့အပြင် ဇီချန်ကို ဒဏ်ရာရနေကာ ဘန်ဂျမင် မန်ဒီ ကြံ့ခိုင်မှု မပြည့်တာကြောင့် ဘယ်ခြမ်း ခံစစ်သမားနေရာအတွက် ခေါင်းစားခဲ့ရတဲ့ ဂွာဒီယိုလာက ၂၀၁၉ အတွင်း ၂ ပွဲသာ ပွဲထွက် ကစားထားတဲ့ ဒပ်ဖ်ကို ထည့်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

“ကျနော် သူ့ (ဒပ်ဖ်)ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အတော် ကောင်းလာတာ မြင်ခဲ့တယ်။ ၄-၅ လ လောက် ဒဏ်ရာ ရထားပြီး ၄ရက်အတွင်း ၂ ပွဲ ကစားဖို့က မန်ဒီအတွက် ခက်ခဲပါတယ်။ ဘာနာဒိုလည်း မကစားနိုင်လို့ ကျနော်တို့ မာရက်ဇ်ကို ထည့်ခဲ့တယ်။ သူ ကစားထားတာလည်း အထူး သဖြင့် ဒုတိယပိုင်းမှာ တော်တော် ကောင်းခဲ့တာပါ။ ပထမပိုင်းမှာတော့ သူ့အတွက် မလွယ်ကူခဲ့ဘူး။ ဒုတိယပိုင်းမှာ မာရက်ဇ် တော်တော်ကို ကောင်းကောင်း ပို ကစားလာနိုင်တယ်။ ဘောလုံးရာသီ ဒီလို အချိန်တွေမှာ ဒဏ်ရာတွေ ပြဿနာတွေက ရှိတတ်တာပဲ။ နောက်တစ်ပတ်မှာတော့ ဘာနာဒို ဆေးလ်ဗား ကြံ့ခိုင်မှု ပြည့်ပြီး ပြန်ပါဝင်လာနိုင်မယ် ထင်ပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီဘရိုင်းကို အရန်မှာ ထားခဲ့တာက ကြံ့ခိုင်မှု မပြည့်လို့ မဟုတ်ဘဲ နည်းဗျူဟာပိုင်းအရ ချန်ထားခဲ့တာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ ဂွာဒီယိုလာက ၎င်း ပွဲထွက်နေကျ ပုံစံမျိုးမှ သွေဖယ်ပြီး ကွင်းလယ် အထိုင် ခံစစ်နှစ်ယောက် ထည့်ပြီး ကစားခဲ့တာပါ။ “ကျနော်က ကွင်းလယ်အထိုင်ခံစစ် နှစ်ယောက် ထည့် ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဂွမ်ဒိုဂန်နဲ့ ဖာနန်ဒင်ဟိုဆို အသင်း ကစားပုံ လုံး၀ ကျစ်လစ်သွားမယ်ပေါ့။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ ဒီပွဲက ခက်ခဲခဲ့ပေမယ့် ဒုတိယအကျော့ ပွဲစဉ် ရှိပါသေးတယ်။ ဒီပွဲက မိစန် ၁၈၀ ကစားရတဲ့ ပွဲပါ။ ကျနော်တို့ ဂိုးတစ်ဂိုးလောက် သွင်းဖို့ ကြိုးစား ကစားပေမယ့် ကံမကောင်းလို့ မသွင်းနိုင်ခဲ့ဘူး။ ဘာဖြစ်မလဲ ဆက်စောင့်ကြည့်ရမှာပါ။ ကျနေ်ာတို့ချင်း တစ်ယောက် တစ်ယောက် တွန်းအားပေးပြီး ကြိုးစားသွားကြမှာပါ။” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

Sports Home Time