အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲမွာ ယူႏုိက္တက္အတြက္ သတင္းေကာင္းကေတာ့ ရပ္ဖိုဒ့္နဲ႔ ဆန္းခ်က္စ္တုိ႔ ႏွစ္ဦးဟာ အသင္းနဲ႔ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္ႏုိင္ခဲ့ျပီပဲျဖစ္ပါတယ္။
ရပ္ဖိုဒ့္ဟာ ဝုဗ္ကို 2-1 နဲ႔ အေရးနိမ့္တဲ့ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တယ္။ ခ်န္ပီယံလိဂ္ပြဲ မတိုင္ခင္ ကြင္းဖြင့္ေလ့က်င့္ေရးမွာ ရပ္ဖိုဒ့္ ျပန္လည္ ပါဝင္လာခဲ့ေပမယ့္ အသင္းလိုက္ ေလ့က်င့္ေရးမွာ ပါဝင္ႏုိင္တာ မဟုတ္ပဲ သီးသန္႔ နည္းျပတစ္ဦးနဲ႔အတူ ေလ့က်င့္ေရးဆင္းေနတဲ့ အေနအထားျဖစ္လုိ႔ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ရမယ္ေတာ့ မေသခ်ာပါဘူး။
ဒါနဲ႔ပက္သက္လို႔ သတင္းသမားေတြက ဆိုးရွားကို တုိက္ရိုက္ ေမးခြန္းထုတ္ခဲ့ပါတယ္။ ေနာ္ေဝသားၾကီးကေတာ့ ” ရပ္ဖုိဒ့္က အပိုေလ့က်င့္ေရးေတြ လုပ္ၾကည့္ဖို႔လိုပါတယ္။ အဲ့သည္မွာ ဒဏ္ရာကေန ဘယ္လို တုန္႔ျပန္မႈမွ မေပးဖို႔ေတာ့ ေမွ်ာ္လင့္တာပါပဲ။ သူက ေလ့က်င့္မႈရဲ႕ အစိတ္အပိုင္းအေနနဲ႔ ပါဝင္ခဲ့ေပမယ့္ ေလ့က်င့္ေရးရဲ႕ အေကာင္းဆံုး အပိုင္းမွာေတာ့ မပါႏုိင္ခဲ့ပါဘူး။
ဒီေတာ့ ရပ္ဖိုဒ့္ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး မနက္ျဖန္ကို ေစာင့္ၾကည့္ရေအာင္ပါ။ သူအဆင္သင့္ျဖစ္ေနဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏုိက္တက္ တုိက္စစ္သမားျဖစ္တဲ့ ဆန္းခ်က္စ္က မတ္လ အေစာပိုင္းေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ဒူးဒဏ္ရာကေန ျပန္လာႏုိင္ျပီျဖစ္တယ္။ မာတစ္၊ ဟာရဲရား၊ ဗလန္စီယာနဲ႔ ဘိုင္လီတို႔လို စီနီယာကစားသမားေတြ ပြဲၾကိဳ ေလ့က်င့္ေရးမွာ ပါဝင္လာျခင္း မရွိတာကေတာ့ သတင္းဆိုးျဖစ္ျပီး လူငယ္ကစားသမာေတြျဖစ္တဲ့ ဂါနာနဲ႔ ဂိုးမက္စ္ကို ပထမအသင္း လူစာရင္းမွာ ျမင္ေတြ႔ေနရပါတယ္။
ဘာစီလိုနာက မန္ခ်က္စတာကို မလာခင္ကတည္းက သူတို႔ရဲ႕ လူစာရင္းကို ေၾကညာခဲ့ျပီး ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဒမ္ဘီလီ ပါဝင္လာခဲ့ပါတယ္။ ၾကံ႕ခိုင္မႈပိုင္းမွာ ေနာက္ဆံုးအေျခအေနေတြကို စစ္ေဆးဖို႔လိုျပီး ယူႏုိက္တက္နဲ႔ပြဲကို လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္ခံထားရပါတယ္။
Sports Home Time

[Unicode] အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ယူနိုက်တက်အတွက် သတင်းကောင်းကတော့ ရပ်ဖိုဒ့်နဲ့ ဆန်းချက်စ်တို့ နှစ်ဦးဟာ အသင်းနဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ရပ်ဖိုဒ့်ဟာ ဝုဗ်ကို 2-1 နဲ့ အရေးနိမ့်တဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တယ်။ ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ကွင်းဖွင့်လေ့ကျင့်ရေးမှာ ရပ်ဖိုဒ့် ပြန်လည် ပါဝင်လာခဲ့ပေမယ့် အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်နိုင်တာ မဟုတ်ပဲ သီးသန့် နည်းပြတစ်ဦးနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ အနေအထားဖြစ်လို့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရမယ်တော့ မသေချာပါဘူး။
ဒါနဲ့ပက်သက်လို့ သတင်းသမားတွေက ဆိုးရှားကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့ပါတယ်။ နော်ဝေသားကြီးကတော့ ” ရပ်ဖိုဒ့်က အပိုလေ့ကျင့်ရေးတွေ လုပ်ကြည့်ဖို့လိုပါတယ်။ အဲ့သည်မှာ ဒဏ်ရာကနေ ဘယ်လို တုန့်ပြန်မှုမှ မပေးဖို့တော့ မျှော်လင့်တာပါပဲ။ သူက လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပေမယ့် လေ့ကျင့်ရေးရဲ့ အကောင်းဆုံး အပိုင်းမှာတော့ မပါနိုင်ခဲ့ပါဘူး။
ဒီတော့ ရပ်ဖိုဒ့်ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး မနက်ဖြန်ကို စောင့်ကြည့်ရအောင်ပါ။ သူအဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်သမားဖြစ်တဲ့ ဆန်းချက်စ်က မတ်လ အစောပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒူးဒဏ်ရာကနေ ပြန်လာနိုင်ပြီဖြစ်တယ်။ မာတစ်၊ ဟာရဲရား၊ ဗလန်စီယာနဲ့ ဘိုင်လီတို့လို စီနီယာကစားသမားတွေ ပွဲကြို လေ့ကျင့်ရေးမှာ ပါဝင်လာခြင်း မရှိတာကတော့ သတင်းဆိုးဖြစ်ပြီး လူငယ်ကစားသမာတွေဖြစ်တဲ့ ဂါနာနဲ့ ဂိုးမက်စ်ကို ပထမအသင်း လူစာရင်းမှာ မြင်တွေ့နေရပါတယ်။
ဘာစီလိုနာက မန်ချက်စတာကို မလာခင်ကတည်းက သူတို့ရဲ့ လူစာရင်းကို ကြေညာခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒမ်ဘီလီ ပါဝင်လာခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်းမှာ နောက်ဆုံးအခြေအနေတွေကို စစ်ဆေးဖို့လိုပြီး ယူနိုက်တက်နဲ့ပွဲကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ခံထားရပါတယ်။
Sports Home Time
