ခ်န္ပီယံလိဂ္သမုိင္းမွာ အၾကီးမားဆံုး အမွားေတြထဲက တစ္ခုကို မလုပ္မိဖို႔ မာေနး သတိေပး

လီဗာပူးတိုက္စစ္သမား မာေနးက မႏွစ္ကရာသီမွာ ေပၚတိုအသင္းကို ဂိုးျပတ္ အႏုိင္ရဖူးတယ္ဆိုတဲ့ ရလဒ္ေဟာင္းေတြကို ေမ့ထားျပီး ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈကို အေကာင္းဆံုး ယွဥ္ျပိဳင္ဖုိ႔ အသင္းေဖာ္ေတြကို သတိေပးလိုက္ပါတယ္။

ဒီကေန႔ညမွာေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ လီဗာပူးက ေပၚတုိကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ရပါမယ္။ မႏွစ္က ခ်န္ပီယံလိဂ္ရဲ႕ 16 သင္းအဆင့္ ရံွဴးထြက္မွာ ဒီႏွစ္သင္း ေတြ႔ဆံုထားဖူးျပီး ပထမအေက်ာ့မွာ လီဗာပူးက 5-0 ဆိုတဲ့ ရလဒ္နဲ႔ အေဝးကြင္းမွာ ပထမဆံုး ကစားခဲ့တာျဖစ္တယ္။ အဲ့သည္တုန္းက မာေနးက hat-trick သြင္းယူခဲ့တာျဖစ္တယ္။

လီဗာပူးေတာင္ပံသမားက ေပၚတိုဟာ မႏွစ္ကထက္ တိုးတက္လာျပီျဖစ္ျပီး ဒီတစ္ၾကိမ္မွာ ပိုခက္ခဲတဲ့ ျပိဳင္ဆိုင္မႈအတြက္ ျပင္ဆင္ထားဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

မာေနးက ေျပာရာမွာ “ ဒီရာသီမွာ ေပၚတိုအသင္းက ပိုမိုအင္အားေတာင့္လာျပီး ပိုမိုသန္မာလာပါတယ္။ ေနာက္တစ္ဆင့္ကို တက္လွမ္းႏုိင္ဖုိ႔ က်ေန္ာတို႔ ျပင္းထန္စြာ ၾကိဳးစားရမယ္ဆိုတာ သိထားပါတယ္။ အသင္းက နည္းျပအဖြဲ႔ေတြနဲ႔ အသင္းသားေတြအားလံုး ဒါကို သိထားပါတယ္။ ေနာက္တစ္ဆင့္ကို တက္ဖို႔ရာ က်ေန္ာတို႔ ဘာလုပ္ရမယ္ဆိုတာ နားလည္တယ္။ ကိုယ္မွာရွိတဲ့ အရာအားလံုးကို ေပးဆပ္ရမွာျဖစ္ျပီး လံုးဝ လြယ္ကူမွာ မဟုတ္ပါဘူး။

မႏွစ္တုန္းက က်ေန္ာတို႔ သူတို႔ကို အႏုိင္ယူခဲ့တဲ့ အမွတ္တရေကာင္းေတြ ရွိပါတယ္။ က်ေန္ာေျပာသလိုပဲ သူတို႔က အသင္းေကာင္းပါ။ ဒီရာသီမွာ ပိုလည္း ေကာင္းလာပါတယ္။ ပိုျပီးလည္း လံု႔ေဆာ္မႈေတြ ရွိလာပါတယ္။ မႏွစ္ကရာသီ ရလဒ္အေပၚမွာပဲ ယံုၾကည္ေနမယ္ဆိုရင္ က်ေန္ာတို႔က အရမ္းကိုၾကီးမားတဲ့ အမွားေတြထဲက တစ္ခုကို လုပ္မိတာပဲ ျဖစ္ပါလိမ့္မယ္။ မႏွစ္ကဆိုတာ အတိတ္မွာ က်န္ခဲ့ပါျပီ။ အဲ့တာကို ေမ့ပစ္ျပီး ဒီရာသီအတြက္ အာရံုစိုက္ရပါမယ္ ” လို႔ ဆိုခဲ့ပါတယ္။

ေပၚတိုကို hat-trick သြင္းယူႏုိင္ခဲ့တဲ့ ညအေၾကာင္း ေမးခံရရာမွာေတာ့ “ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ကစားရတာက အရမ္းေကာင္းတဲ့ ခံစားမႈျဖစ္ျပီး သိပ္ေကာင္းတဲ့ ညလည္း ျဖစ္ခဲ့ပါတယ္။ လီဗာပူးအတြက္ အစိတ္အပိုင္းအေနနဲ႔ ပါဝင္ျပီး hat-trick သြင္းယူဖို႔ အခြင့္အေရး ရခဲ့တာအတြက္ က်ေန္ာ အရမ္းေက်နပ္မိပါတယ္ ” လို႔ မာေနးက ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] လီဗာပူးတိုက်စစ်သမား မာနေးက မနှစ်ကရာသီမှာ ပေါ်တိုအသင်းကို ဂိုးပြတ် အနိုင်ရဖူးတယ်ဆိုတဲ့ ရလဒ်ဟောင်းတွေကို မေ့ထားပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ဒီကနေ့ညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် လီဗာပူးက ပေါ်တိုကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရပါမယ်။ မနှစ်က ချန်ပီယံလိဂ်ရဲ့ 16 သင်းအဆင့် ရံှူးထွက်မှာ ဒီနှစ်သင်း တွေ့ဆုံထားဖူးပြီး ပထမအကျော့မှာ လီဗာပူးက 5-0 ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ပထမဆုံး ကစားခဲ့တာဖြစ်တယ်။ အဲ့သည်တုန်းက မာနေးက hat-trick သွင်းယူခဲ့တာဖြစ်တယ်။

လီဗာပူးတောင်ပံသမားက ပေါ်တိုဟာ မနှစ်ကထက် တိုးတက်လာပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာ ပိုခက်ခဲတဲ့ ပြိုင်ဆိုင်မှုအတွက် ပြင်ဆင်ထားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

မာနေးက ပြောရာမှာ “ ဒီရာသီမှာ ပေါ်တိုအသင်းက ပိုမိုအင်အားတောင့်လာပြီး ပိုမိုသန်မာလာပါတယ်။ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ကျနေ်ာတို့ ပြင်းထန်စွာ ကြိုးစားရမယ်ဆိုတာ သိထားပါတယ်။ အသင်းက နည်းပြအဖွဲ့တွေနဲ့ အသင်းသားတွေအားလုံး ဒါကို သိထားပါတယ်။ နောက်တစ်ဆင့်ကို တက်ဖို့ရာ ကျနေ်ာတို့ ဘာလုပ်ရမယ်ဆိုတာ နားလည်တယ်။ ကိုယ်မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်ရမှာဖြစ်ပြီး လုံးဝ လွယ်ကူမှာ မဟုတ်ပါဘူး။

မနှစ်တုန်းက ကျနေ်ာတို့ သူတို့ကို အနိုင်ယူခဲ့တဲ့ အမှတ်တရကောင်းတွေ ရှိပါတယ်။ ကျနေ်ာပြောသလိုပဲ သူတို့က အသင်းကောင်းပါ။ ဒီရာသီမှာ ပိုလည်း ကောင်းလာပါတယ်။ ပိုပြီးလည်း လုံ့ဆော်မှုတွေ ရှိလာပါတယ်။ မနှစ်ကရာသီ ရလဒ်အပေါ်မှာပဲ ယုံကြည်နေမယ်ဆိုရင် ကျနေ်ာတို့က အရမ်းကိုကြီးမားတဲ့ အမှားတွေထဲက တစ်ခုကို လုပ်မိတာပဲ ဖြစ်ပါလိမ့်မယ်။ မနှစ်ကဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အဲ့တာကို မေ့ပစ်ပြီး ဒီရာသီအတွက် အာရုံစိုက်ရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

ပေါ်တိုကို hat-trick သွင်းယူနိုင်ခဲ့တဲ့ ညအကြောင်း မေးခံရရာမှာတော့ “ ဘောလုံးသမားတစ်ယောက်အနေနဲ့ ချန်ပီယံလိဂ်မှာ ကစားရတာက အရမ်းကောင်းတဲ့ ခံစားမှုဖြစ်ပြီး သိပ်ကောင်းတဲ့ ညလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအတွက် အစိတ်အပိုင်းအနေနဲ့ ပါဝင်ပြီး hat-trick သွင်းယူဖို့ အခွင့်အရေး ရခဲ့တာအတွက် ကျနေ်ာ အရမ်းကျေနပ်မိပါတယ် ” လို့ မာနေးက ပြောဆိုခဲ့ပါတယ်။

Sports Home Time