အနွစ္ ၂၀ အတြင္း အေကာင္းဆံုး ကြင္းလယ္လို႔ ခ်ီးက်ဴးခံလိုက္ရတဲ့ လီဗာပူးကစားသမား

[Zawgyi] လီဗာပူးကစားသမား မာကို ဂရူဂ်စ္ဟာ အငွားကစားေနတဲ့ ဟယ္သာဘာလင္ ကလပ္အသင္း မန္ေနဂ်ာ ပါ ဒါဒိုင္းရဲ႕ အထူးခ်ီးက်ဴးမႈကို ခံလိုက္ရပါတယ္။ လီဗာပူး ပရိသတ္ေတြ ပိုျပီး ေၾကြေစတာက “အႏွစ္ ၂၀ အတြင္း က်ေနာ္တို႔ ရွိဖူးတဲ့ထဲ အေကာင္းဆံုး ကြင္းလယ္ကစားသမားပဲ” လို႔ ေျပာလိုက္တဲ့ စကားေၾကာင့္ပါ။

ဖရန္႔ဘတ္နဲ႕ပြဲမွာ ဂရူဂ်စ္က ဘာလင္ကလပ္အတြင္ ေခါင္းတိုက္ဂိုး လွလွပပသြင္းျပီး နုိင္ပြဲဆက္ေစခဲ့ပါတယ္။ ဘြန္ဒစ္လီဂါကလပ္ ဟယ္သာ ဘယ္လင္အတြက္ ၇ပြဲ သာ ကစားထားေပမယ့္ ဂရူဂ်စ္ရဲ႕ လႊမ္းမိုးကစားဟန္ကို နည္းျပက အလြန္သေဘာက်ေနတာပါ။ ဆားဘီးယန္းသား ဂရူဂ်စ္က အသင္းအတြက္ အေရးပါတဲ့ ကစားသမား အျဖစ္ လ်င္လ်င္ျမန္ျမန္ပဲ ေရာက္ရွိ သြားပါတယ္။

“မာကို (ဂရူဂ်စ္)က နွစ္ ၂၀ အတြင္း အသင္းရဲ႕ အေကာင္းဆံုး ကြင္းလယ္ ကစားသမားပါ.. သူ႔ အသင္းမွာ ေရရွည္ဆက္ရွိေနဖို႔ လုပ္နုိင္တာ အကုန္ လုပ္သြားဦးမွာပါ။” လို႔ ဒါဒိုင္းက ခ်ီးက်ဴးေျပာဆိုသြားပါတယ္။ ၄င္းကိုယ္တိုင္လည္း ဟယ္သာကြင္းလယ္အတြက္ ၁၄ နွစ္ၾကာ ကစားဖူးသူ ျဖစ္ပါတယ္။

နည္းျပျဖစ္သူအျပင္ အသင္းေဖာ္ ခံစစ္သမား Fabian Lustenberger ကလည္း – “မာကိုမွာ အရည္အခ်င္း အျပည့္အစံု ရွိပါတယ္.. တိုက္စစ္အတြက္ေကာ ခံစစ္တည္ျငိမ္မႈပါ ရွိတယ္.. ခြန္အားလည္း အျပည့္ ေဘာလံုးစြမ္းရည္လည္း ထူးခၽြန္သူ ျဖစ္တယ္။ ျပီးျပည့္စံုတဲ့ ကစားသမားတစ္ေယာက္ ဘယ္လိုဆိုတာ မၾကာခဏေဆြးေႏြးဖူးၾကတယ္.. ကြင္းလယ္ဗဟိုမွာ ကစားဖို႔ အရည္အခ်င္း လိုအပ္ခ်က္ေတြက အမ်ားၾကီးရွိတယ္.. ဒါေပမယ့္ သူက က်ေနာ္တို႔နဲ႕ အံ၀င္ခြင့္က်ျဖစ္ေနတာ ေတြ႔ေတာ့ အားလံုး ၀မ္းသာေနၾကတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ဟယ္သာဘာလင္အတြက္ ဆိုးတာကေတာ့ လီဗာပူးကစားသမားဟာ တစ္ရာသီသာ အငွားလာကစားတာ ျဖစ္ျပီး စီနီယာ ကစားသမားေတြ မ်ားေနတဲ့ လီဗာပူးကြင္းလယ္မွာ ေနရာမေပးနုိင္ေသးလို႔သာ ဂရူဂ်စ္ကို အငွားထြက္ ကစားေစတာ ျဖစ္ပါတယ္။ ကိတ္တာသာ လီဗာပူးမွာ ရုန္းကန္ေနရရင္ ေႏြမွာ ဂရူဂ်စ္ ျပန္ေရာက္လာဖို႔ ရွိပါတယ္။

ဂရူဂ်စ္ဘက္ကေတာ့ ဟယ္လာဘာလင္သာ ယူရိုပါလိဂ္၀င္ခြင့္ရရင္ ဒုတိယရာသီ အငွားဆက္ကစားဖို႕ ဆႏၵရွိေၾကာင္း ေျပာၾကားထားပါတယ္။ ေလာေလာဆယ္ ေနရာမေပးနုိင္ေသးေပမယ့္ ဂရူဂ်စ္ကို အသင္းမွာ ေနရာေပးထားဖို႔ ကေလာ့ပ္ဆီမွာလည္း ေရရွည္ အစီအစဥ္ ရွိထားတယ္လို႕ သိရပါတယ္။

Sports Home Time

[Unicode] လီဗာပူးကစားသမား မာကို ဂရူဂျစ်ဟာ အငှားကစားနေတဲ့ ဟယ်သာဘာလင် ကလပ်အသင်း မန်နေဂျာ ပါ ဒါဒိုင်းရဲ့ အထူးချီးကျူးမှုကို ခံလိုက်ရပါတယ်။ လီဗာပူး ပရိသတ်တွေ ပိုပြီး ကြွေစေတာက “အနှစ် ၂၀ အတွင်း ကျနော်တို့ ရှိဖူးတဲ့ထဲ အကောင်းဆုံး ကွင်းလယ်ကစားသမားပဲ” လို့ ပြောလိုက်တဲ့ စကားကြောင့်ပါ။

ဖရန့်ဘတ်နဲ့ပွဲမှာ ဂရူဂျစ်က ဘာလင်ကလပ်အတွင် ခေါင်းတိုက်ဂိုး လှလှပပသွင်းပြီး နိုင်ပွဲဆက်စေခဲ့ပါတယ်။ ဘွန်ဒစ်လီဂါကလပ် ဟယ်သာ ဘယ်လင်အတွက် ၇ပွဲ သာ ကစားထားပေမယ့် ဂရူဂျစ်ရဲ့ လွှမ်းမိုးကစားဟန်ကို နည်းပြက အလွန်သဘောကျနေတာပါ။ ဆားဘီးယန်းသား ဂရူဂျစ်က အသင်းအတွက် အရေးပါတဲ့ ကစားသမား အဖြစ် လျင်လျင်မြန်မြန်ပဲ ရောက်ရှိ သွားပါတယ်။

“မာကို (ဂရူဂျစ်)က နှစ် ၂၀ အတွင်း အသင်းရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားပါ.. သူ့ အသင်းမှာ ရေရှည်ဆက်ရှိနေဖို့ လုပ်နိုင်တာ အကုန် လုပ်သွားဦးမှာပါ။” လို့ ဒါဒိုင်းက ချီးကျူးပြောဆိုသွားပါတယ်။ ၎င်းကိုယ်တိုင်လည်း ဟယ်သာကွင်းလယ်အတွက် ၁၄ နှစ်ကြာ ကစားဖူးသူ ဖြစ်ပါတယ်။

နည်းပြဖြစ်သူအပြင် အသင်းဖော် ခံစစ်သမား Fabian Lustenberger ကလည်း – “မာကိုမှာ အရည်အချင်း အပြည့်အစုံ ရှိပါတယ်.. တိုက်စစ်အတွက်ကော ခံစစ်တည်ငြိမ်မှုပါ ရှိတယ်.. ခွန်အားလည်း အပြည့် ဘောလုံးစွမ်းရည်လည်း ထူးချွန်သူ ဖြစ်တယ်။ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဘယ်လိုဆိုတာ မကြာခဏဆွေးနွေးဖူးကြတယ်.. ကွင်းလယ်ဗဟိုမှာ ကစားဖို့ အရည်အချင်း လိုအပ်ချက်တွေက အများကြီးရှိတယ်.. ဒါပေမယ့် သူက ကျနော်တို့နဲ့ အံဝင်ခွင့်ကျဖြစ်နေတာ တွေ့တော့ အားလုံး ဝမ်းသာနေကြတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဟယ်သာဘာလင်အတွက် ဆိုးတာကတော့ လီဗာပူးကစားသမားဟာ တစ်ရာသီသာ အငှားလာကစားတာ ဖြစ်ပြီး စီနီယာ ကစားသမားတွေ များနေတဲ့ လီဗာပူးကွင်းလယ်မှာ နေရာမပေးနိုင်သေးလို့သာ ဂရူဂျစ်ကို အငှားထွက် ကစားစေတာ ဖြစ်ပါတယ်။ ကိတ်တာသာ လီဗာပူးမှာ ရုန်းကန်နေရရင် နွေမှာ ဂရူဂျစ် ပြန်ရောက်လာဖို့ ရှိပါတယ်။

ဂရူဂျစ်ဘက်ကတော့ ဟယ်လာဘာလင်သာ ယူရိုပါလိဂ်ဝင်ခွင့်ရရင် ဒုတိယရာသီ အငှားဆက်ကစားဖို့ ဆန္ဒရှိကြောင်း ပြောကြားထားပါတယ်။ လောလောဆယ် နေရာမပေးနိုင်သေးပေမယ့် ဂရူဂျစ်ကို အသင်းမှာ နေရာပေးထားဖို့ ကလော့ပ်ဆီမှာလည်း ရေရှည် အစီအစဉ် ရှိထားတယ်လို့ သိရပါတယ်။

Sports Home Time