လီဗာပူးနဲ႔ပြဲအတြက္ အဂၤလန္ကို ထြက္ခြာလာတဲ့ ေပၚတိုအသင္း ခ်န္ပီယံလိဂ္လူစာရင္း

ဒီအပတ္မွာေတာ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲေတြ စတင္ယွဥ္ျပိဳင္ေတာ့မွာျဖစ္ျပီး ေပၚတူဂီကလပ္ ေပၚတိုအသင္းဟာ အဂၤလန္ကလပ္ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ဖို႔ မာေဆးဆိုဒ္ကို ထြက္ခြာလာျပီျဖစ္ပါတယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ ပထမအေက်ာ့ပြဲအတြက္ ေပၚတိုအသင္းဟာ ကစားသမား 23 ဦးပါ လူစာရင္းကို ေခၚေဆာင္လာခဲ့ျပီး မနက္ျဖန္မွာေတာ့ အန္ဖီးကြင္းမွာ ေလ့က်င့္ပါမယ္။ အိမ္ရွင္ လီဗာပူးကေတာ့ မဲဝုဒ္ကြင္းမွာ ကြင္းဖြင့္ေလ့က်င့္ေရးကို ျပဳလုပ္သြားမွာျဖစ္ျပီး ကလပ္အသင္းဘက္ကေတာ့ Live လႊင့္ေပးမယ္လို႔ ေၾကညာထားပါတယ္။

ေပၚတိုဘက္မွာေတာ့ မန္ေနဂ်ာ Sergio Conceicao ဦးေဆာင္ျပီး ဝါရင္ခံစစ္သမားၾကီး ပီပီလည္း ပါဝင္လာတာကို ျမင္ရတယ္။ ဒါေပမယ့္လို႔ ပီပီနဲ႔ ကြင္းလယ္လူ ဟက္သာ ဟာရဲရားတို႔က ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ပါဝင္ခြင့္ရမွာ မဟုတ္ပဲ။ လီဗာပူးဘက္ကေတာ့ ေရာ္ဘတ္ဆန္ ပြဲပယ္ခံရမွာ ျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ မႏွစ္က 16 သင္းအဆင့္ ရံွဴးထြက္မွာ လီဗာပူးက 5-0 နဲ႔ အႏုိင္ယူျခင္းကို ခံထားရျပီး ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈက ကြာတားဖိုင္နယ္အဆင့္ျဖစ္ကာ လက္စာေခ်လိုစိတ္ မ်ားျပားေနမွာပါ။ ေပၚတိုအသင္းဟာ ျပည္တြင္းလိဂ္မွာေတာ့ ဘင္ဖီကာနဲ႔ ပြဲတူ ရမွတ္တူ အေနအထားကို ေရာက္ေနတာျဖစ္ျပီး လီဗာပူးနည္းတူ အမွတ္ေပးခ်န္ပီယံအတြက္ ျပိဳင္ဆုိင္ေနရတာျဖစ္တယ္။

အန္ဖီးကြင္းမွာ အဝါကဒ္ျပား ျပသခံရမယ္ဆိုရင္ ေပၚတို စီနီယာအသင္းသား သံုးဦးျဖစ္တဲ့ ခံစစ္မွဴး မီလစ္တို၊ ကြင္းလယ္အတြဲျဖစ္တဲ့ အိုတာဗိုနဲ႔ ဒန္နီလိုတို႔ဟာ ေနာက္ထပ္ အဝါတစ္ကဒ္ရရင္ ဒုတိယအေက်ာ့ပြဲမွာ ပြဲပယ္ခံရပါမယ္။ အန္ဖီးမွာ ယွဥ္ျပိဳင္မယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲကိုေတာ့ ကြင္းလယ္ဒိုင္အျဖစ္ စပိန္ ဒိုင္လူၾကီး Antonio Mateu Lahoz က ကိုင္တြယ္ပါမယ္။

လီဗာပူးပြဲအတြက္ ထြက္ခြာလာတဲ့ ေပၚတိုရဲ႕ အသင္းသား 23 ဦးစာရင္း

Iker Casillas, Vaná and Diogo Costa (goalkeeper); Maxi, Éder Militão, Diogo Leite, Bruno Costa, Hernâni, Brahimi, Óliver Torres, Marega, Alex Telles, Herrera, Corona, Adrián López, André Pereira, Danilo, Otávio, Felipe, Soares, Pepe, Fernando Andrade and Diogo Queirós.

Sports Home Time

[Unicode] ဒီအပတ်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွေ စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပြီး ပေါ်တူဂီကလပ် ပေါ်တိုအသင်းဟာ အင်္ဂလန်ကလပ် လီဗာပူးနဲ့ ယှဉ်ပြိုင်ဖို့ မာဆေးဆိုဒ်ကို ထွက်ခွာလာပြီဖြစ်ပါတယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ပထမအကျော့ပွဲအတွက် ပေါ်တိုအသင်းဟာ ကစားသမား 23 ဦးပါ လူစာရင်းကို ခေါ်ဆောင်လာခဲ့ပြီး မနက်ဖြန်မှာတော့ အန်ဖီးကွင်းမှာ လေ့ကျင့်ပါမယ်။ အိမ်ရှင် လီဗာပူးကတော့ မဲဝုဒ်ကွင်းမှာ ကွင်းဖွင့်လေ့ကျင့်ရေးကို ပြုလုပ်သွားမှာဖြစ်ပြီး ကလပ်အသင်းဘက်ကတော့ Live လွှင့်ပေးမယ်လို့ ကြေညာထားပါတယ်။

ပေါ်တိုဘက်မှာတော့ မန်နေဂျာ Sergio Conceicao ဦးဆောင်ပြီး ဝါရင်ခံစစ်သမားကြီး ပီပီလည်း ပါဝင်လာတာကို မြင်ရတယ်။ ဒါပေမယ့်လို့ ပီပီနဲ့ ကွင်းလယ်လူ ဟက်သာ ဟာရဲရားတို့က ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပါဝင်ခွင့်ရမှာ မဟုတ်ပဲ။ လီဗာပူးဘက်ကတော့ ရော်ဘတ်ဆန် ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ မနှစ်က 16 သင်းအဆင့် ရံှူးထွက်မှာ လီဗာပူးက 5-0 နဲ့ အနိုင်ယူခြင်းကို ခံထားရပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုက ကွာတားဖိုင်နယ်အဆင့်ဖြစ်ကာ လက်စာချေလိုစိတ် များပြားနေမှာပါ။ ပေါ်တိုအသင်းဟာ ပြည်တွင်းလိဂ်မှာတော့ ဘင်ဖီကာနဲ့ ပွဲတူ ရမှတ်တူ အနေအထားကို ရောက်နေတာဖြစ်ပြီး လီဗာပူးနည်းတူ အမှတ်ပေးချန်ပီယံအတွက် ပြိုင်ဆိုင်နေရတာဖြစ်တယ်။

အန်ဖီးကွင်းမှာ အဝါကဒ်ပြား ပြသခံရမယ်ဆိုရင် ပေါ်တို စီနီယာအသင်းသား သုံးဦးဖြစ်တဲ့ ခံစစ်မှူး မီလစ်တို၊ ကွင်းလယ်အတွဲဖြစ်တဲ့ အိုတာဗိုနဲ့ ဒန်နီလိုတို့ဟာ နောက်ထပ် အဝါတစ်ကဒ်ရရင် ဒုတိယအကျော့ပွဲမှာ ပွဲပယ်ခံရပါမယ်။ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲကိုတော့ ကွင်းလယ်ဒိုင်အဖြစ် စပိန် ဒိုင်လူကြီး Antonio Mateu Lahoz က ကိုင်တွယ်ပါမယ်။

လီဗာပူးပွဲအတွက် ထွက်ခွာလာတဲ့ ပေါ်တိုရဲ့ အသင်းသား 23 ဦးစာရင်း

Iker Casillas, Vaná and Diogo Costa (goalkeeper); Maxi, Éder Militão, Diogo Leite, Bruno Costa, Hernâni, Brahimi, Óliver Torres, Marega, Alex Telles, Herrera, Corona, Adrián López, André Pereira, Danilo, Otávio, Felipe, Soares, Pepe, Fernando Andrade and Diogo Queirós.

Sports Home Time