ခ်န္ပီယံလိဂ္ကြာတားပြဲအျဖစ္ အန္ဖီးကို မလာခင္တည္းက တစ္ပန္းရံွဴးေနတဲ့ ေပၚတို

ဒီအပတ္မွာေတာ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးက ေပၚတိုကို ဧည့္ခံ ယွဥ္ျပိဳင္ပါမယ္။ အဆိုပါပြဲမွာ ေပၚတိုရဲ႕ အဓိက ကစားသမားႏွစ္ဦးဟာ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ပါဝင္သြားရဖို႔ မရွိပါဘူး။

ရီးရဲလ္မက္ဒရစ္ ဗဟိုခံစစ္မွဴးေဟာင္း ပီပီနဲ႔ မကၠဆီကို ကြင္းလယ္လူ ဟက္သာဟာရဲရားတို႔ဟာ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ လီဗာပူးနဲ႔ ပထမအေက်ာ့ပြဲမွာ ပါဝင္ခြင့္ရမွာ မဟုတ္ဘူး။ ဒါ့အျပင္ အန္ဖီးကြင္းမွာ အဝါကဒ္ျပား ျပသခံရမယ္ဆိုရင္ ေပၚတို စီနီယာအသင္းသား သံုးဦးဟာ ဒုတိယအေက်ာ့အျဖစ္ ေပၚတူဂီမွာ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြကို လြဲေခ်ာ္သြားမွာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႔ဖို႔ အၾကိဳသေဘာတူညီမႈ ရရွိထားတဲ့ ေပၚတိုရဲ႕ အဓိက ခံစစ္မွဴး မီလစ္တို၊ ကြင္းလယ္အတြဲျဖစ္တဲ့ အိုတာဗိုနဲ႔ ဒန္နီလိုတို႔ဟာ ေနာက္ထပ္ အဝါတစ္ကဒ္ရရင္ ဒုတိယအေက်ာ့ပြဲမွာ ပြဲပယ္ခံရပါမယ္။ ဘာေနဗ်ဴးကို ေျပာင္းဖို႔ သေဘာတူထားခဲ့တဲ့ မီလစ္တိုဟာ ဒီရာသီမွာ ေတာက္ပတဲ့ေျခစြမ္းေတြ ျပသေနျပီး ဥေရာပရဲ႕ အေကာင္းဆံုး ခံစစ္သမားေတြထဲက တစ္ဦးအျဖစ္ မွတ္ခ်က္ေကာင္းေတြ ရေနတာျဖစ္တယ္။

လီဗာပူးဘက္မွာေတာ့ 16 သင္းအဆင့္ ရံွဴးထြက္ပြဲအျဖစ္ ဘိုင္ယန္ကို အႏုိင္ရတဲ့ပြဲမွာ အဝါကဒ္ရခဲ့တဲ့ ေရာ္ဘတ္ဆန္က အန္ဖီးမွာ ယွဥ္ျပိဳင္မယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ကို လြဲမွာျဖစ္ပါတယ္။ စေကာ့ခံစစ္သမားဟာ နာက်င္အခ်ိန္ပိုမွာ ေဂၚရက္စကာကို ဖ်တ္ထုတ္မႈကေန အဝါကဒ္ ျပသခံခဲ့ရတာပါ။ ပြဲတန္ပိုအရ ျပစ္ဒဏ္က်ဴးလြန္မိတာျဖစ္ျပီး လီဗာပူးမွာ ဘယ္အစြန္အတြက္ မီလ္နာ၊ မိုရီႏိုတို႔ ရွိေနေပမယ့္ ေရာ္ဘတ္ဆန္လို ကစားသမားကို လက္လြတ္ရတာကေတာ့ ၾကီးမားတဲ့ ဆံုးရံွဴးမႈျဖစ္ပါတယ္။

လီဗာပူးအတြက္ သတင္းေကာင္းကေတာ့ ပထမအေက်ာ့မွာ လီဗာပူးရဲ႕ မည္သည့္ကစားသမားမဆို အဝါကဒ္ရရင္ ဒုတိယအေက်ာ့ကို လြဲဖယ္ဖို႔ မရွိေတာ့ပါဘူး။ ဗန္ဒိုက္ကလည္း ဘိုင္ယန္နဲ႔ ပထမအေက်ာ့ပြဲတုန္းက ပြဲပယ္ျပစ္ဒဏ္ကို လက္ခံခဲ့ျပီးပါျပီ။ လီဗာပူးက ကြာတားအဆင့္ ဒုတိယအေက်ာ့ ရလဒ္ေပါင္းအရ ေပၚတိုကို ေက်ာ္ျဖတ္လို႔ ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ခဲ့မယ္ဆိုရင္ အဆိုပါ အဆင့္အတြက္ မတိုင္ခင္ ရထားတဲ့ အဝါကဒ္ေတြအားလံုး အၾကံဳးဝင္ေတာ့မွာ မဟုတ္လို႔ စည္းကမ္းပိုင္းဆိုင္ရာမွာ အာသားခ်က္ေကာင္း ရခဲ့ျပီျဖစ္တယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္မယ့္ ပြဲကိုေတာ့ စပိန္ ဒိုင္လူၾကီး Antonio Mateu Lahoz က ကိုင္တြယ္ပါမယ္။ သူဟာ ႏိုဝင္ဘာလက ရတ္စတားဘဲလ္ဂရိတ္နဲ႔ လီဗာပူးတို႔ ဆားဘီးယားမွာ သြားေရာက္ယွဥ္ျပိဳင္တဲ့ပြဲကို ကိုင္တြယ္ဖူးပါတယ္။ အဲ့သည္တုန္းကေတာ့ လီဗာပူးက ဘဲလ္ဂရိတ္အေျခစိုက္ကလပ္ကို 2-0 နဲ႔ အေရးနိမ့္ခဲ့ျပီး ခ်န္ပီယံလိဂ္အုပ္စုတြင္း အေဝးကြင္းသံုးပြဲလံုး အေရးနိမ့္မႈမွာ ပါဝင္တဲ့ ပြဲတစ္ပြဲလည္းျဖစ္ပါတယ္။

Sports Home Time

[Unicode] ဒီအပတ်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အန်ဖီးကွင်းမှာ လီဗာပူးက ပေါ်တိုကို ဧည့်ခံ ယှဉ်ပြိုင်ပါမယ်။ အဆိုပါပွဲမှာ ပေါ်တိုရဲ့ အဓိက ကစားသမားနှစ်ဦးဟာ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပါဝင်သွားရဖို့ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ် ဗဟိုခံစစ်မှူးဟောင်း ပီပီနဲ့ မက္ကဆီကို ကွင်းလယ်လူ ဟက်သာဟာရဲရားတို့ဟာ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် လီဗာပူးနဲ့ ပထမအကျော့ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူး။ ဒါ့အပြင် အန်ဖီးကွင်းမှာ အဝါကဒ်ပြား ပြသခံရမယ်ဆိုရင် ပေါ်တို စီနီယာအသင်းသား သုံးဦးဟာ ဒုတိယအကျော့အဖြစ် ပေါ်တူဂီမှာ ယှဉ်ပြိုင်ရမယ့် ပွဲတွေကို လွဲချော်သွားမှာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတဲ့ ပေါ်တိုရဲ့ အဓိက ခံစစ်မှူး မီလစ်တို၊ ကွင်းလယ်အတွဲဖြစ်တဲ့ အိုတာဗိုနဲ့ ဒန်နီလိုတို့ဟာ နောက်ထပ် အဝါတစ်ကဒ်ရရင် ဒုတိယအကျော့ပွဲမှာ ပွဲပယ်ခံရပါမယ်။ ဘာနေဗျူးကို ပြောင်းဖို့ သဘောတူထားခဲ့တဲ့ မီလစ်တိုဟာ ဒီရာသီမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသနေပြီး ဥရောပရဲ့ အကောင်းဆုံး ခံစစ်သမားတွေထဲက တစ်ဦးအဖြစ် မှတ်ချက်ကောင်းတွေ ရနေတာဖြစ်တယ်။

လီဗာပူးဘက်မှာတော့ 16 သင်းအဆင့် ရံှူးထွက်ပွဲအဖြစ် ဘိုင်ယန်ကို အနိုင်ရတဲ့ပွဲမှာ အဝါကဒ်ရခဲ့တဲ့ ရော်ဘတ်ဆန်က အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို လွဲမှာဖြစ်ပါတယ်။ စကော့ခံစစ်သမားဟာ နာကျင်အချိန်ပိုမှာ ဂေါ်ရက်စကာကို ဖျတ်ထုတ်မှုကနေ အဝါကဒ် ပြသခံခဲ့ရတာပါ။ ပွဲတန်ပိုအရ ပြစ်ဒဏ်ကျူးလွန်မိတာဖြစ်ပြီး လီဗာပူးမှာ ဘယ်အစွန်အတွက် မီလ်နာ၊ မိုရီနိုတို့ ရှိနေပေမယ့် ရော်ဘတ်ဆန်လို ကစားသမားကို လက်လွတ်ရတာကတော့ ကြီးမားတဲ့ ဆုံးရံှူးမှုဖြစ်ပါတယ်။

လီဗာပူးအတွက် သတင်းကောင်းကတော့ ပထမအကျော့မှာ လီဗာပူးရဲ့ မည်သည့်ကစားသမားမဆို အဝါကဒ်ရရင် ဒုတိယအကျော့ကို လွဲဖယ်ဖို့ မရှိတော့ပါဘူး။ ဗန်ဒိုက်ကလည်း ဘိုင်ယန်နဲ့ ပထမအကျော့ပွဲတုန်းက ပွဲပယ်ပြစ်ဒဏ်ကို လက်ခံခဲ့ပြီးပါပြီ။ လီဗာပူးက ကွာတားအဆင့် ဒုတိယအကျော့ ရလဒ်ပေါင်းအရ ပေါ်တိုကို ကျော်ဖြတ်လို့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ခဲ့မယ်ဆိုရင် အဆိုပါ အဆင့်အတွက် မတိုင်ခင် ရထားတဲ့ အဝါကဒ်တွေအားလုံး အကြုံးဝင်တော့မှာ မဟုတ်လို့ စည်းကမ်းပိုင်းဆိုင်ရာမှာ အာသားချက်ကောင်း ရခဲ့ပြီဖြစ်တယ်။

အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ပွဲကိုတော့ စပိန် ဒိုင်လူကြီး Antonio Mateu Lahoz က ကိုင်တွယ်ပါမယ်။ သူဟာ နိုဝင်ဘာလက ရတ်စတားဘဲလ်ဂရိတ်နဲ့ လီဗာပူးတို့ ဆားဘီးယားမှာ သွားရောက်ယှဉ်ပြိုင်တဲ့ပွဲကို ကိုင်တွယ်ဖူးပါတယ်။ အဲ့သည်တုန်းကတော့ လီဗာပူးက ဘဲလ်ဂရိတ်အခြေစိုက်ကလပ်ကို 2-0 နဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုတွင်း အဝေးကွင်းသုံးပွဲလုံး အရေးနိမ့်မှုမှာ ပါဝင်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

Sports Home Time