ဆုဖလားေတြ အႏုိင္ရဖို႔ အခ်ိန္တန္ျပီျဖစ္ျပီး လီဗာပူးမွာပဲ ဆက္ေနမယ္လို႔ ကေလာ့ပ္ အတည္ျပဳ

ဂ်ာမာန္မန္ေနဂ်ာၾကီး ယာဂင္ကေလာ့ပ္က လီဗာပူးမွာ သူဟာ ငယ္ရြယ္တဲ့ လူစာရင္းတစ္ခုကို တည္ေထာင္ခဲ့ျပီျဖစ္ျပီး ဆုဖလားေတြကို စတင္စိန္ေခၚဖို႔ရာ အခ်ိန္ကာလကို ေရာက္လာခဲ့ျပီျဖစ္လို႔ ကလပ္အသင္းကေန ထြက္သြားဖို႔ မစဥ္းစားပါဘူးလို႔ ထုတ္ေျပာလာပါတယ္။

ဘိုင္ယန္ျမဴနစ္အသင္းကို ကိုင္တြယ္ဖို႔ ဂ်ာမနီကို ျပန္သြားမယ္လို႔ သတင္းထြက္ေနတဲ့အေပၚ အန္ဖီးအသင္းမွာ 2022 ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ ယာဂင္ကေလာ့ပ္က ျငင္းဆန္လိုက္ျပီး ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြ အႏုိင္ရဖို႔ လီဗာပူးနဲ႔အတူ တိုက္ပြဲဝင္ေနရတာကို ေပ်ာ္ရႊင္မိတယ္လို႔ ဆိုပါတယ္။

ဂ်ာမနီသတင္းစာက ကေလာ့ပ္ရဲ႕ အနာဂတ္အေပၚ ေမးခြန္းထုတ္ခဲ့ရာမွာ ဂ်ာမာန္သားၾကီးက “ 2022 ခုႏွစ္ထိ လီဗာပူးမွာ ဆက္ရွိေနဖို႔ စာခ်ဳပ္ ရွိထားပါတယ္။ က်ေန္ာဘက္ကေကာ၊ အသင္းဘက္ကပါ ဘယ္သူကမွ ဒါကို အဆံုးသတ္သင့္တယ္လို႔ မခံစားရေသးပါဘူး။ ဘယ္အခ်ိန္မွာ လီဗာပူးမန္ေနဂ်ာဘဝ အဆံုးသတ္သြားမယ္ဆိုတာ က်ေန္ာ မသိပါဘူး။ ခရီးရွည္ၾကီး သြားရဖို႔ လိုပါေသးတယ္။

အေျခခံအားျဖင့္က ေဘာလံုးမွာ မွန္ကန္တဲ့ အခြင့္အေရးေတြက ခ်ိန္သားကိုက္ရွိေနဖို႔ လိုပါတယ္။ က်ေန္ာကေတာ့ လီဗာပူးမွာ ေပ်ာ္ေနျပီး ဒီကေန ထြက္ခြာသြားသင့္တယ္လို႔ မခံစားရပါဘူး။ က်ေန္ာတို႔အသင္းက ေကာင္းမြန္တဲ့ အသက္အရြယ္ စုဖြဲ႔မႈနဲ႔အတူ အခ်ိန္ကာလတစ္ခုထိ အတူတကြ အလုပ္လုပ္ႏုိင္ပါတယ္ ” လို႔ ေျဖဆိုတယ္။

လီဗာပူးအသင္းဟာ အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔ကို ကာလရွည္ စာခ်ဳပ္ေတြနဲ႔ ထိန္းသိမ္းထားႏုိင္တာျဖစ္ျပီး အသင္းရဲ႕ ပွ်မ္းမွ်အသက္ဟာဆိုရင္ 27 ႏွစ္မွာပဲ ရွိေနတာျဖစ္တယ္။ အဆိုပါ ကစားသမားေတြထဲမွာ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔လို ကစားသမားေကာင္းေတြလည္း ပါဝင္ပါတယ္။

တဆက္တည္းမွာပဲ လီဗာပူးဟာ ေပၚတိုနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ေရာ္ဘတ္ဆန္ကို လက္လြတ္ရမွာျဖစ္လို႔ ဝါရင့္ကြင္းလယ္လူနဲ႔ လက္ေထာက္အသင္းေခါင္းေဆာင္ မီလ္နာကို ဘယ္အစြန္လူေနရာမွာ တာဝန္ယူခိုင္းဖို႔ ရွိေနပါတယ္။ ေရာ္ဘတ္ဆန္ဟာ တစ္ပြဲပယ္ျပစ္ဒဏ္ကို ရင္ဆိုင္ရမွာျဖစ္ျပီး ဒုတိယအေက်ာ့အျဖစ္ ေပၚတူဂီေျမကို သြားေရာက္ ယွဥ္ျပိဳင္ရာမွာေတာ့ ပါဝင္လို႔ရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ဂျာမာန်မန်နေဂျာကြီး ယာဂင်ကလော့ပ်က လီဗာပူးမှာ သူဟာ ငယ်ရွယ်တဲ့ လူစာရင်းတစ်ခုကို တည်ထောင်ခဲ့ပြီဖြစ်ပြီး ဆုဖလားတွေကို စတင်စိန်ခေါ်ဖို့ရာ အချိန်ကာလကို ရောက်လာခဲ့ပြီဖြစ်လို့ ကလပ်အသင်းကနေ ထွက်သွားဖို့ မစဉ်းစားပါဘူးလို့ ထုတ်ပြောလာပါတယ်။

ဘိုင်ယန်မြူနစ်အသင်းကို ကိုင်တွယ်ဖို့ ဂျာမနီကို ပြန်သွားမယ်လို့ သတင်းထွက်နေတဲ့အပေါ် အန်ဖီးအသင်းမှာ 2022 ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ယာဂင်ကလော့ပ်က ငြင်းဆန်လိုက်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေ အနိုင်ရဖို့ လီဗာပူးနဲ့အတူ တိုက်ပွဲဝင်နေရတာကို ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

ဂျာမနီသတင်းစာက ကလော့ပ်ရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်ခဲ့ရာမှာ ဂျာမာန်သားကြီးက “ 2022 ခုနှစ်ထိ လီဗာပူးမှာ ဆက်ရှိနေဖို့ စာချုပ် ရှိထားပါတယ်။ ကျနေ်ာဘက်ကကော၊ အသင်းဘက်ကပါ ဘယ်သူကမှ ဒါကို အဆုံးသတ်သင့်တယ်လို့ မခံစားရသေးပါဘူး။ ဘယ်အချိန်မှာ လီဗာပူးမန်နေဂျာဘဝ အဆုံးသတ်သွားမယ်ဆိုတာ ကျနေ်ာ မသိပါဘူး။ ခရီးရှည်ကြီး သွားရဖို့ လိုပါသေးတယ်။

အခြေခံအားဖြင့်က ဘောလုံးမှာ မှန်ကန်တဲ့ အခွင့်အရေးတွေက ချိန်သားကိုက်ရှိနေဖို့ လိုပါတယ်။ ကျနေ်ာကတော့ လီဗာပူးမှာ ပျော်နေပြီး ဒီကနေ ထွက်ခွာသွားသင့်တယ်လို့ မခံစားရပါဘူး။ ကျနေ်ာတို့အသင်းက ကောင်းမွန်တဲ့ အသက်အရွယ် စုဖွဲ့မှုနဲ့အတူ အချိန်ကာလတစ်ခုထိ အတူတကွ အလုပ်လုပ်နိုင်ပါတယ် ” လို့ ဖြေဆိုတယ်။

လီဗာပူးအသင်းဟာ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ကို ကာလရှည် စာချုပ်တွေနဲ့ ထိန်းသိမ်းထားနိုင်တာဖြစ်ပြီး အသင်းရဲ့ ပျှမ်းမျှအသက်ဟာဆိုရင် 27 နှစ်မှာပဲ ရှိနေတာဖြစ်တယ်။ အဆိုပါ ကစားသမားတွေထဲမှာ ရော်ဘတ်ဆန်နဲ့ ထရန့်လို ကစားသမားကောင်းတွေလည်း ပါဝင်ပါတယ်။

တဆက်တည်းမှာပဲ လီဗာပူးဟာ ပေါ်တိုနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ရော်ဘတ်ဆန်ကို လက်လွတ်ရမှာဖြစ်လို့ ဝါရင့်ကွင်းလယ်လူနဲ့ လက်ထောက်အသင်းခေါင်းဆောင် မီလ်နာကို ဘယ်အစွန်လူနေရာမှာ တာဝန်ယူခိုင်းဖို့ ရှိနေပါတယ်။ ရော်ဘတ်ဆန်ဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့အဖြစ် ပေါ်တူဂီမြေကို သွားရောက် ယှဉ်ပြိုင်ရာမှာတော့ ပါဝင်လို့ရမှာ ဖြစ်ပါတယ်။

Sports Home Time