[Zawgyi] မန္စီးတီးဟာ ဇန္နဝါရီအေျပာင္းအေရႊ႔မွာ လူေခၚမႈ မလုပ္ပါဘူးလို႔ ကလပ္အသင္း မန္ေနဂ်ာျဖစ္သူ ဂြာဒီယိုလာက ထုတ္ေျပာထားတယ္။ ဒါေပမယ့္ ကလပ္အသင္ဘက္ကေတာ့ အဆိုပါ ေျပာစကားနဲ႔ ဆန္႔က်င္ဘက္အျဖစ္ ေနာက္ကြယ္ကေန လႈပ္ရွားမႈေတြ ျပဳလုပ္ေနဆဲျဖစ္ပါတယ္။
ျပင္သစ္လီဂူးပြဲအျဖစ္ Lille နဲ႔ Reims တို႔ ကစားတဲ့ပြဲမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးဟာ ပီပီကို ေစာင့္ၾကည့္ဖို႔ ကင္းေထာက္လြတ္ခဲ့ပါတယ္။ ဒါကို beIN Sports ရဲ႕ အစီအစဥ္တင္ဆက္သူ Julien Brun က အတည္ျပဳေပးခဲ့တာပါ။ ဒီရာသီမွာ ျပင္သစ္အမွတ္ေပးျပိဳင္ပြဲေတြအတြင္း ေျခစြမ္းေတာက္ပလာတဲ့ ပီပီဟာ လီဂူးဝမ္းရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး ကစားသမားလည္းျဖစ္ပါတယ္။
မန္စီးတီးက ပီပီကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္း သတင္းထြက္လာေပမယ့္ မန္ခ်က္စတာကလပ္ရဲ႕ စိတ္ဝင္စားမႈကို မီဒီယာေတြ အမိဖမ္းႏိုင္ခဲ့တာက ဒီတစ္ၾကိမ္ပဲ မဟုတ္ပါဘူး။ ႏိုဝင္ဘာလမွာတုန္းက The Times သတင္းေထာက္ Duncan Castles က ဂြာဒီယိုလာရဲ႕အသင္းဟာ ပီပီကို ေပါင္ 44 သန္းနဲ႔ ကမ္းလွမ္းမႈလုပ္ဖို႔ စဥ္းစားေနၾကတယ္ဆိုတာကို သိခဲ့ရျပီးပါျပီ။
မန္စီးတီးဘက္က ေစာင့္ၾကည့္ခဲ့စဥ္မွာပဲ လိုင္လီစတားက Reims အသင္းကို 1-1 သေရက်တဲ့ပြဲမွာ သြင္းဂိုးတစ္ဂိုး သြင္းေပးခဲ့တယ္။ အဲ့သည္ဂိုးဟာ လိဂ္ပြဲ 17 ပြဲအတြင္း သူ႔ရဲ႕ 11 ဂိုးေျမာက္ သြင္းဂိုးျဖစ္လာခဲ့တယ္။ ပီပီဟာ လိဂ္ရဲ႕ ဖန္တီးမႈျမင့္ ကစားသမားအျဖစ္လည္း ဂိုးေထာက္ပံ့မႈ 5 ၾကိမ္ လုပ္ထားပါတယ္။
ဂြာဒီယိုလာဟာ ေတာင္ပံသမားထက္ အေထာင္တိုက္စစ္မွဴးကို ပိုလိုတယ္လို႔ ယူဆထားရတာပါ။ ဂြာဒီယိုလာအတြက္ အဂြယ္ရို ဒဏ္ရာ မၾကာခဏ ရေနတာက ထိခိုက္မႈျဖစ္လာစလို ဂ်ီဆုကလည္း ဂိုးမိုးေခါင္ျခင္းေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ဒါေပမယ့္ ပီပီလို ေတာင္ပံသမားကို ေစာင့္ၾကည့္ေနတယ္ဆိုတာက ေမးခြန္းတစ္ခု ျဖစ္လာေစပါတယ္။
အာဆင္နယ္အသင္း မန္ေနဂ်ာ အမ္မရီနဲ႔ ကလပ္အသင္း ကစားသမားေခၚယူမႈဆိုင္ရာ တာဝန္ရွိသူ မစ္လန္တက္တို႔ကလည္း ဇန္နဝါရီမွာ ေခၚယူဖို႔ရာ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။ အမ္မရီရဲ႕ ဦးစားေပးပစ္မွတ္က ပီပီျဖစ္တယ္ဆိုတာလည္း သိထားရတယ္။ ေႏြအေျပာင္းအေရႊ႔မွာတုန္းက ဒမ္ဘီလီ၊ လူးကပ္ ဗက္ကြက္ဇ္၊ ကိုးမန္းတို႔လို ကစားသမားေတြနဲ႔ သတင္းၾကီးခဲ့တာေၾကာင့္ အမ္မရီဟာ ေတာင္ပံသမားတစ္ဦးကို ေသခ်ာေပါက္ ေခၚယူလိုစိတ္ ျပင္းျပေနပါတယ္။
ပီပီကို ေခၚယူဖို႔ကိစၥမွာ မန္စီးတီး ၾကားဝင္လာမယ္ဆိုရင္ အာဆင္နယ္အတြက္ ခက္ခဲမႈေတြ ျဖစ္လာေစမွာပါ။ ခ်ယ္ဆီးစတား ဟာဇက္ ပရီးမီးယားလိဂ္မလာခင္ က်င္လယ္ခဲ့တဲ့ လိုင္လီအသင္းမွ ေတာင္ပံသမားဟာလည္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႔လာဖို႔ ဆႏၵရွိေနမယ္လို႔ ယံုၾကည္ထားရပါတယ္။
Sports Home Time

[Unicode] မန်စီးတီးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ လူခေါ်မှု မလုပ်ပါဘူးလို့ ကလပ်အသင်း မန်နေဂျာဖြစ်သူ ဂွာဒီယိုလာက ထုတ်ပြောထားတယ်။ ဒါပေမယ့် ကလပ်အသင်ဘက်ကတော့ အဆိုပါ ပြောစကားနဲ့ ဆန့်ကျင်ဘက်အဖြစ် နောက်ကွယ်ကနေ လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။
ပြင်သစ်လီဂူးပွဲအဖြစ် Lille နဲ့ Reims တို့ ကစားတဲ့ပွဲမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ ပီပီကို စောင့်ကြည့်ဖို့ ကင်းထောက်လွတ်ခဲ့ပါတယ်။ ဒါကို beIN Sports ရဲ့ အစီအစဉ်တင်ဆက်သူ Julien Brun က အတည်ပြုပေးခဲ့တာပါ။ ဒီရာသီမှာ ပြင်သစ်အမှတ်ပေးပြိုင်ပွဲတွေအတွင်း ခြေစွမ်းတောက်ပလာတဲ့ ပီပီဟာ လီဂူးဝမ်းရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမားလည်းဖြစ်ပါတယ်။
မန်စီးတီးက ပီပီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းထွက်လာပေမယ့် မန်ချက်စတာကလပ်ရဲ့ စိတ်ဝင်စားမှုကို မီဒီယာတွေ အမိဖမ်းနိုင်ခဲ့တာက ဒီတစ်ကြိမ်ပဲ မဟုတ်ပါဘူး။ နိုဝင်ဘာလမှာတုန်းက The Times သတင်းထောက် Duncan Castles က ဂွာဒီယိုလာရဲ့အသင်းဟာ ပီပီကို ပေါင် 44 သန်းနဲ့ ကမ်းလှမ်းမှုလုပ်ဖို့ စဉ်းစားနေကြတယ်ဆိုတာကို သိခဲ့ရပြီးပါပြီ။
မန်စီးတီးဘက်က စောင့်ကြည့်ခဲ့စဉ်မှာပဲ လိုင်လီစတားက Reims အသင်းကို 1-1 သရေကျတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းပေးခဲ့တယ်။ အဲ့သည်ဂိုးဟာ လိဂ်ပွဲ 17 ပွဲအတွင်း သူ့ရဲ့ 11 ဂိုးမြောက် သွင်းဂိုးဖြစ်လာခဲ့တယ်။ ပီပီဟာ လိဂ်ရဲ့ ဖန်တီးမှုမြင့် ကစားသမားအဖြစ်လည်း ဂိုးထောက်ပံ့မှု 5 ကြိမ် လုပ်ထားပါတယ်။
ဂွာဒီယိုလာဟာ တောင်ပံသမားထက် အထောင်တိုက်စစ်မှူးကို ပိုလိုတယ်လို့ ယူဆထားရတာပါ။ ဂွာဒီယိုလာအတွက် အဂွယ်ရို ဒဏ်ရာ မကြာခဏ ရနေတာက ထိခိုက်မှုဖြစ်လာစလို ဂျီဆုကလည်း ဂိုးမိုးခေါင်ခြင်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် ပီပီလို တောင်ပံသမားကို စောင့်ကြည့်နေတယ်ဆိုတာက မေးခွန်းတစ်ခု ဖြစ်လာစေပါတယ်။
အာဆင်နယ်အသင်း မန်နေဂျာ အမ်မရီနဲ့ ကလပ်အသင်း ကစားသမားခေါ်ယူမှုဆိုင်ရာ တာဝန်ရှိသူ မစ်လန်တက်တို့ကလည်း ဇန်နဝါရီမှာ ခေါ်ယူဖို့ရာ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ အမ်မရီရဲ့ ဦးစားပေးပစ်မှတ်က ပီပီဖြစ်တယ်ဆိုတာလည်း သိထားရတယ်။ နွေအပြောင်းအရွှေ့မှာတုန်းက ဒမ်ဘီလီ၊ လူးကပ် ဗက်ကွက်ဇ်၊ ကိုးမန်းတို့လို ကစားသမားတွေနဲ့ သတင်းကြီးခဲ့တာကြောင့် အမ်မရီဟာ တောင်ပံသမားတစ်ဦးကို သေချာပေါက် ခေါ်ယူလိုစိတ် ပြင်းပြနေပါတယ်။
ပီပီကို ခေါ်ယူဖို့ကိစ္စမှာ မန်စီးတီး ကြားဝင်လာမယ်ဆိုရင် အာဆင်နယ်အတွက် ခက်ခဲမှုတွေ ဖြစ်လာစေမှာပါ။ ချယ်ဆီးစတား ဟာဇက် ပရီးမီးယားလိဂ်မလာခင် ကျင်လယ်ခဲ့တဲ့ လိုင်လီအသင်းမှ တောင်ပံသမားဟာလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့ ဆန္ဒရှိနေမယ်လို့ ယုံကြည်ထားရပါတယ်။
Sports Home Time
