ေပၚတိုတို႔ လီဗာပူးကို မနွစ္က ရွံဳးေၾကြး ျပန္ဆပ္နုိင္မလား

[Zawgyi] ေပၚတူဂီကလပ္ ေပၚတိုအသင္းဟာ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာလည္း လီဗာပူးနဲ႕ ဆံုခဲ့ျပီး နွစ္ေက်ာ့ေပါင္း ၅ ဂိုး ဂိုးမရွိနဲ႕ ရွံဳးကာ ျပိဳင္ပြဲက ထြက္ခဲ့ရတဲ့အသင္းပါ။ ဒီနွစ္္မွာလည္း လီဗာပူးနဲ႕ ကြာတားဖိုင္နယ္ အဆင့္မွာ ထပ္မံေတြ႕ဆံုေနျပန္တာေၾကာင့္ ေပၚတူဂီသားတို႔ ရွံဳးေၾကြး ျပန္ဆပ္နုိင္မလား ေမးခြန္းေတြ ရွိေနပါတယ္။

လီဗာပူးအသင္းကေတာ့ ေနာက္ဆံုးကစားထားတဲ့ပြဲမွာ ေဆာက္သမ္တန္ကို အေ၀းကြင္း စိန္႔ေမရီမွာ ခက္ခဲေပမယ့္ အမွားအယြင္းမရိွ ေက်ာ္ျဖတ္လာနုိင္လို႔ စိတ္ဓာတ္ တက္ၾကြေနတာပါ။ ၄င္းတို႔ အာရံုေတြက ခ်န္ပီယံလဂ္ဘက္ လွည့္လာျပီ ျဖစ္ကာ ေပၚတိုနဲ႕ ရင္ဆိုင္ဖို႔ အသင့္ရွိလာျပီ ျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ေပၚတိုကို ယခင္နွစ္ကလည္း ဂိုးျပတ္နုိင္ထားတာေၾကာင့္ ဒီကြာတားဖိုင္နယ္မွာလည္း နွစ္ေက်ာ့လံုး အနုိင္ရမယ္လို႔ ေရပန္းစားေနတာပါ။

ေပၚတူဂီ ပရီမီယာလီဂါ ကလပ္ကလည္း ျပီးခဲ့တဲ့နွစ္က ဂိုးျပတ္ အရွက္တကြဲ အရွံဳးကို ျပန္ လက္စားေခ်ျပီး မာေဆးဆိုဒ္အသင္း စိတ္ပ်က္သြားေအာင္ လုပ္ဖို႔ အသင့္ျပင္ဆင္ေနပါတယ္။ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ေပၚတိုက လြယ္လြယ္ကူကူ ျဖတ္ေက်ာ္လာခဲ့ျပီး ေရွာ္လ္ေကး၊ ဂါလာတာစာေရး၊ လိုကိုမိုတစ္ ေမာ္စကို အသင္းေတြနဲ႕သာ ဆံုခဲ့တာ ျဖစ္လို႔ ေပၚတို အဆိပ္ဘယ္ေလာက္ ရွိလဲ မွန္းရခက္ေသးပါတယ္။

ဒီရာသီ ၄င္းတို႔ရဲ႕ တစ္ခုတည္းေသာ ဥေရာပ ရွံဳးပြဲက ၁၆သင္းအဆင့္မွာ ဆံုခဲ့တဲ့ ရိုးမားကို အေ၀းကြင္းမွာ ၂-၁ နဲ႕ ရွံဳးခဲ့တာ ျဖစ္ပါတယ္။ ဒုတိယအေက်ာ့မွာေတာ့ ေကာင္းစြာ ျပန္လည္ တုန္႔ျပန္နုိင္ခဲ့ျပီး ၃-၁ နဲ႕နုိင္ကာ ကြာတားဖိုင္နယ္ အဆင့္ဆီ တက္ေရာက္လာခဲ့တာပါ။ ေပၚတိုအသင္းမွာ ျပင္သစ္ဖြား မာလီလက္ေရြးစင္ မိုဆာမာရီဂါက ေျခစြမ္းျပေနျပီး ခ်န္ပီယံလိဂ္ ဒီရာသီမွာ ၆ ဂိုးသြင္း ေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ထားပါတယ္။ ၄င္းကေတာ့ အခြင့္အေရးရတာနဲ႕ လီဗာပူးခံစစ္သမားေတြ ခံစားသြားေအာင္ လုပ္နုိင္တဲ့ တိုက္စစ္မွဴး ျဖစ္ပါတယ္။

လီဗာပူးလိုပဲ ေပၚတိုမွာလည္း ခ်န္ပီယံလိဂ္နဲ႕ စိမ္းတဲ့အသင္းမဟုတ္ဘဲ သမိုင္းမွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားတာပါ။ ေပၚတူဂီ အမွတ္ေပးဖလား ၂၈ ၾကိမ္ ဆြတ္ခူးထားတဲ့ ေပၚတိုက ေအာက္အသင္းအျဖစ္ကေန လီဗာပူးကို တြန္းလွန္ျပီး ရွံဳးေၾကြးဆပ္သြားနုိင္မလား အမ်ားက ေစာင့္ၾကည့္ေနၾကပါတယ္။

Sports Home Time

[Unicode] ပေါ်တူဂီကလပ် ပေါ်တိုအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း လီဗာပူးနဲ့ ဆုံခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးကာ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အသင်းပါ။ ဒီနှစ်မှာလည်း လီဗာပူးနဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ထပ်မံတွေ့ဆုံနေပြန်တာကြောင့် ပေါ်တူဂီသားတို့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား မေးခွန်းတွေ ရှိနေပါတယ်။

လီဗာပူးအသင်းကတော့ နောက်ဆုံးကစားထားတဲ့ပွဲမှာ ဆောက်သမ်တန်ကို အဝေးကွင်း စိန့်မေရီမှာ ခက်ခဲပေမယ့် အမှားအယွင်းမရှိ ကျော်ဖြတ်လာနိုင်လို့ စိတ်ဓာတ် တက်ကြွနေတာပါ။ ၎င်းတို့ အာရုံတွေက ချန်ပီယံလဂ်ဘက် လှည့်လာပြီ ဖြစ်ကာ ပေါ်တိုနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိလာပြီ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပေါ်တိုကို ယခင်နှစ်ကလည်း ဂိုးပြတ်နိုင်ထားတာကြောင့် ဒီကွာတားဖိုင်နယ်မှာလည်း နှစ်ကျော့လုံး အနိုင်ရမယ်လို့ ရေပန်းစားနေတာပါ။

ပေါ်တူဂီ ပရီမီယာလီဂါ ကလပ်ကလည်း ပြီးခဲ့တဲ့နှစ်က ဂိုးပြတ် အရှက်တကွဲ အရှုံးကို ပြန် လက်စားချေပြီး မာဆေးဆိုဒ်အသင်း စိတ်ပျက်သွားအောင် လုပ်ဖို့ အသင့်ပြင်ဆင်နေပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပေါ်တိုက လွယ်လွယ်ကူကူ ဖြတ်ကျော်လာခဲ့ပြီး ရှော်လ်ကေး၊ ဂါလာတာစာရေး၊ လိုကိုမိုတစ် မော်စကို အသင်းတွေနဲ့သာ ဆုံခဲ့တာ ဖြစ်လို့ ပေါ်တို အဆိပ်ဘယ်လောက် ရှိလဲ မှန်းရခက်သေးပါတယ်။

ဒီရာသီ ၎င်းတို့ရဲ့ တစ်ခုတည်းသော ဥရောပ ရှုံးပွဲက ၁၆သင်းအဆင့်မှာ ဆုံခဲ့တဲ့ ရိုးမားကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့မှာတော့ ကောင်းစွာ ပြန်လည် တုန့်ပြန်နိုင်ခဲ့ပြီး ၃-၁ နဲ့နိုင်ကာ ကွာတားဖိုင်နယ် အဆင့်ဆီ တက်ရောက်လာခဲ့တာပါ။ ပေါ်တိုအသင်းမှာ ပြင်သစ်ဖွား မာလီလက်ရွေးစင် မိုဆာမာရီဂါက ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ် ဒီရာသီမှာ ၆ ဂိုးသွင်း ထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ ၎င်းကတော့ အခွင့်အရေးရတာနဲ့ လီဗာပူးခံစစ်သမားတွေ ခံစားသွားအောင် လုပ်နိုင်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

လီဗာပူးလိုပဲ ပေါ်တိုမှာလည်း ချန်ပီယံလိဂ်နဲ့ စိမ်းတဲ့အသင်းမဟုတ်ဘဲ သမိုင်းမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတာပါ။ ပေါ်တူဂီ အမှတ်ပေးဖလား ၂၈ ကြိမ် ဆွတ်ခူးထားတဲ့ ပေါ်တိုက အောက်အသင်းအဖြစ်ကနေ လီဗာပူးကို တွန်းလှန်ပြီး ရှုံးကြွေးဆပ်သွားနိုင်မလား အများက စောင့်ကြည့်နေကြပါတယ်။

Sports Home Time