ဘာစီလိုနာလည္း လူေတြပဲ ကစားတာပါလို႔ ဆုိလိုက္တဲ့ အလီ

[Zawgyi] ေတာ့တင္ဟမ္ စပါးအသင္းဟာ အဂၤါေန႕ည ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆံုးပြဲအျဖစ္ လာလီဂါ အင္အားၾကီးကလပ္ ဘာစီလိုနာကို ၄င္းတို႔ အိမ္ကြင္း နူးကမ့္မွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ စပါး ကြင္းလယ္ကစားသမား အလီကေတာ့ ဘာစီလိုနာဆိုတာလည္း လူေတြပဲ ကစားတဲ့အသင္းျဖစ္လို႔ သူတို႔ ေၾကာက္ရြံ႕ေနမွာ မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ အလီက မက္ဆီဟာ ကမၻာေပၚမွာ အေကာင္းဆံုး ကစားသမား ျဖစ္ျပီး သူကစားတာ ၾကည့္ေနရတာကိုက ေက်နပ္စရာပါ.. ဒါေပမယ့္ အားလံုးက လူသားေတြပဲ ျဖစ္လို႔ အမွားအယြင္းေတြလဲ ျဖစ္နုိင္ၾကပါတယ္လို႔ စိုးရိမ္မႈမရွိေၾကာင္း ၄င္းက ဆိုပါတယ္။

“မက္ဆီက လူတိုင္း စံထားရတဲ့ ကစားသမားပါ။ သူ ကစားသမားဘ၀မွာ ယူထားတဲ့ ဆုေတြကိုလည္း ၾကည့္ေလ။ က်ေနာ့္အတြက္လည္း သူက တကယ္ကို ကမၻာေပၚမွာ အေကာင္းဆံုး ကစားသမားပါပဲ။ ဒါေပမယ့္ ဘာစီလိုနာ ကစားသမားေတြကို က်ေနာ္ စိတ္ထဲ မထားပါဘူး .. သူတို႔ ဘာလုပ္လုပ္ပါ။”

“က်ေနာ္တို႔ အဲဒီကို ယံုၾကည္မႈ အျပည့္နဲ႕သြားမွာ။ ဒီပြဲဟာ ခက္ခဲ့မယ့္ပြဲ ျဖစ္တယ္ဆိုတာ က်ေနာ္တို႔ သိတယ္.. ဒါေပမယ့္ အားလံုးက လူေတြပဲ.. လူသားေတြဆိုတာ အမွားလုပ္နုိင္ၾကတာပဲ။ သူတို႔ အမွားက်ဴးလြန္တာနဲ႕ သင္ခန္းစာေပးဖို႔ က်ေနာ္တို႔ အသင့္ရွိေနမွာ။ သူတို႔က ကမၻာ့အေကာင္းဆံုး ကလပ္အသင္းေတြထဲ ပါတဲ့အသင္းပါ။ ကစားသမားေကာင္းတခ်ိဳ႕ ပိုင္ဆိုင္ထားတယ္။ ကေလးတစ္ေယာက္ အေနနဲ႕ဆို နူးကမ့္မွာ ကစားဖို႔ဆိုတာ အိပ္မက္ျဖစ္ေနမွာ.. ဒါေပမယ့္က်ောန္တို႔ကေတာ့ အေကာင္းဆံုးပံုစံနဲ႕ ကစားဖို႔ အဲဒီကို သြားေတာ့မယ္။”

“က်ေနာ္တို႔ဘက္က အဆင္သင့္ပဲ.. တကယ္ ခက္ခဲတဲ့ပြဲလည္း ျဖစ္လိမ့္မယ္။ ကမၻာ့အေကာင္းဆံုး အသင္းေတြထဲက တစ္သင္း၊ ကမၻာ့အေကာင္းဆံုး ကစားသမားေတြနဲ႕ ရင္ဆိုင္ရေတာ့မွာပါ။ က်ေနာ္တို႔ ကုိယ့္ကိုယ္ကို စိန္ေခၚခ်င္တယ္.. နူးကမ့္မွာ က်ေနာ္တို႔ အနိုင္ယူနုိ္င္စြမ္း ရွိတယ္ဆိုတဲ့ စိတ္နဲ႕ သြားၾကေတာ့မွာ” လို႔ အလီက တက္ၾကြစြာ ဆိုပါတယ္။

ေတာ့တင္ဟမ္ဟာ ခ်န္ပီယံလိဂ္ အုပ္စုဘီမွာ ရမွတ္ ၇ မွတ္နဲ႕ အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေနျပီး အင္တာမီလန္နဲ႕ အမွတ္တူ ရွိေနပါတယ္။ ဘာစီလိုနာနဲ႕ စပါးအသင္းတို႔ဟာ အဂၤါည/ ဗုဒၶဟူးမနက္ ျမန္မာစံေတာ္ခ်ိန္ ၂နာရီခြဲ အခ်ိန္မွာ ယွဥ္ျပိဳင္ကစားၾကမွာပါ။

Sports Home Time

[Unicode] တော့တင်ဟမ် စပါးအသင်းဟာ အင်္ဂါနေ့ည ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာကို ၎င်းတို့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါး ကွင်းလယ်ကစားသမား အလီကတော့ ဘာစီလိုနာဆိုတာလည်း လူတွေပဲ ကစားတဲ့အသင်းဖြစ်လို့ သူတို့ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အလီက မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်ပြီး သူကစားတာ ကြည့်နေရတာကိုက ကျေနပ်စရာပါ.. ဒါပေမယ့် အားလုံးက လူသားတွေပဲ ဖြစ်လို့ အမှားအယွင်းတွေလဲ ဖြစ်နိုင်ကြပါတယ်လို့ စိုးရိမ်မှုမရှိကြောင်း ၎င်းက ဆိုပါတယ်။

“မက်ဆီက လူတိုင်း စံထားရတဲ့ ကစားသမားပါ။ သူ ကစားသမားဘဝမှာ ယူထားတဲ့ ဆုတွေကိုလည်း ကြည့်လေ။ ကျနော့်အတွက်လည်း သူက တကယ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါပဲ။ ဒါပေမယ့် ဘာစီလိုနာ ကစားသမားတွေကို ကျနော် စိတ်ထဲ မထားပါဘူး .. သူတို့ ဘာလုပ်လုပ်ပါ။”

“ကျနော်တို့ အဲဒီကို ယုံကြည်မှု အပြည့်နဲ့သွားမှာ။ ဒီပွဲဟာ ခက်ခဲ့မယ့်ပွဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ သိတယ်.. ဒါပေမယ့် အားလုံးက လူတွေပဲ.. လူသားတွေဆိုတာ အမှားလုပ်နိုင်ကြတာပဲ။ သူတို့ အမှားကျူးလွန်တာနဲ့ သင်ခန်းစာပေးဖို့ ကျနော်တို့ အသင့်ရှိနေမှာ။ သူတို့က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲ ပါတဲ့အသင်းပါ။ ကစားသမားကောင်းတချို့ ပိုင်ဆိုင်ထားတယ်။ ကလေးတစ်ယောက် အနေနဲ့ဆို နူးကမ့်မှာ ကစားဖို့ဆိုတာ အိပ်မက်ဖြစ်နေမှာ.. ဒါပေမယ့်ကျောန်တို့ကတော့ အကောင်းဆုံးပုံစံနဲ့ ကစားဖို့ အဲဒီကို သွားတော့မယ်။”

“ကျနော်တို့ဘက်က အဆင်သင့်ပဲ.. တကယ် ခက်ခဲတဲ့ပွဲလည်း ဖြစ်လိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ ကျနော်တို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်တယ်.. နူးကမ့်မှာ ကျနော်တို့ အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတဲ့ စိတ်နဲ့ သွားကြတော့မှာ” လို့ အလီက တက်ကြွစွာ ဆိုပါတယ်။

တော့တင်ဟမ်ဟာ ချန်ပီယံလိဂ် အုပ်စုဘီမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး အင်တာမီလန်နဲ့ အမှတ်တူ ရှိနေပါတယ်။ ဘာစီလိုနာနဲ့ စပါးအသင်းတို့ဟာ အင်္ဂါည/ ဗုဒ္ဓဟူးမနက် မြန်မာစံတော်ချိန် ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

Sports Home Time