ဘာစီလိုနာ မန္ေနဂ်ာ ဗယ္ဗာဒီက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ ယူႏုိက္တက္နဲ႔ပြဲမွာ ျပိဳင္ဘက္ မန္ခ်က္စတာကလပ္ရဲ႕ အင္အားကို စိုးရိမ္ ထိန္႔လန္႔မႈရွိေၾကာင္း ေျပာဆိုလာပါတယ္။
လာမယ့္ ဗုဒၶဟူးေန႔မွာ ဘာစီလိုနာနဲ႔ ယူႏုိက္တက္ၾကား ဥေရာပျပိဳင္ပြဲေတြမွာ 12 ၾကိမ္ေျမာက္ ေတြ႔ဆံုမႈအျဖစ္ လာမယ့္ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္သြားၾကေတာ့မွာျဖစ္တယ္။ ဒါဟာ 2011 ခုႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ဝင္ဘာေလမွာ ေတြ႔ဆံုမႈေနာက္ပိုင္း ပထမဆံုးအၾကိမ္ ျပန္လည္ေတြ႔ဆံုမႈျဖစ္တယ္။ ထိုစဥ္တုနး္ကေတာ့ ဘာစီလိုနာက 3-1 နဲ႔ အႏုိင္ရခဲ့တာျဖစ္ပါတယ္။
ႏွစ္သင္းၾကား ေတြ႔ဆံုထားမႈ 11 ၾကိမ္မွာ ရံွဴးပြဲ 3 ပြဲပဲ ရထားတဲ့ ဘာစီလိုနာဟာ အေဝးကြင္းမွာေတာ့ ယူႏုိက္တက္ကို အႏုိင္ရဖူးေသးပါဘူး။ ဒီအတြက္လည္း မန္ေနဂ်ာဗယ္ဗာဒီက စိုးရိမ္မႈ ရွိေနေပမယ့္ ဒီတစ္ၾကိမ္မွာ အေျပာင္းအလဲတစ္ခုကို လုပ္ေဆာင္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ယူႏုိက္တက္ဟာ ေနာက္ပိုင္းမွာ ေျခစြမ္းက်ဆင္းလာေပမယ့္ ဆိုးရွားလက္ေအာင္မွာ ပံုစံေကာင္းေတြ ျပသထားျပီး ျပင္သစ္ခ်န္ပီယံ ပီအက္ဂ်ီကို မယံုႏုိင္ေလာက္တဲ့ အေနအထားကေန ရင္ဆုိင္ေက်ာ္ျဖတ္လာခဲ့တာျဖစ္တယ္။
ဗယ္ဗာဒီက ေျပာရာမွာ ” သူတို႔က အားေကာင္းတဲ့ ကလပ္အသင္းပါ။ ဝုဗ္နဲ႔ ယွဥ္ျပိဳင္ကစားထားတဲ့ ေနာက္ဆံုးပြဲကို အေရးနိမ့္ထားေပမယ့္ သူတို႔က ေကာင္းမြန္တဲ့ ေက်ာ္ျဖတ္မႈေတြကို လုပ္ထားပါတယ္။ ရုပ္ပိုင္းဆိုင္ရာမွာ ယူႏုိက္တက္က အရမ္းကို သန္မာတယ္။ ျပိဳင္ဘက္ကို ဘယ္လို ဖိအားေတြ ေပးရမယ္ဆိုတာ ေကာင္းေကာင္းၾကီး နားလည္ထားပါတယ္။ သူတို႔မွာ ရုပ္ပိုင္းဆုိင္ရာ အရမ္းကို သန္မာတဲ့ ကစားသမားေတြလည္းရွိတယ္။
ယူႏုိက္တက္က ေကာင္းေကာင္းၾကီး ဒုကၡေပးႏုိင္စြမ္း ရွိထားပါတယ္။ ေနာက္ျပီး ဒီပြဲက အထက္တန္းက်တဲ့ ဥေရာပ ေဘာလံုးပြဲပါ။ အိုထရတ္ဖိုဒ့္မွာ ဘာစီလိုနာက တစ္ၾကိမ္မွ အႏုိင္ရဖူးတာေၾကာင့္ ဒီတစ္ၾကိမ္မွာ အေျပာင္းအလဲျဖစ္ေအာင္ ၾကိဳးစားႏုိင္ဖို႔ က်ေန္ာ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုပါတယ္။
ဘာစီလိုနာဟာ စေနေန႔က အက္သလက္တီကို မက္ဒရစ္နဲ႔ ႏ်ဴးကပ္ကြင္းမွာ ယွဥ္ျပိဳင္မႈ ျပဳလုပ္ခဲ့တယ္။ ဘာစီလိုနာက 2-0 နဲ႔ အႏုိင္ရခဲ့တဲ့ အဆိုပါပြဲကိုေတာ့ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားနဲ႔ လက္ေထာက္ျဖစ္သူ မိုက္ခ္ဖီလန္းတို႔ တက္ေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။
Sports Home Time

[Unicode] ဘာစီလိုနာ မန်နေဂျာ ဗယ်ဗာဒီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက် မန်ချက်စတာကလပ်ရဲ့ အင်အားကို စိုးရိမ် ထိန့်လန့်မှုရှိကြောင်း ပြောဆိုလာပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘာစီလိုနာနဲ့ ယူနိုက်တက်ကြား ဥရောပပြိုင်ပွဲတွေမှာ 12 ကြိမ်မြောက် တွေ့ဆုံမှုအဖြစ် လာမယ့် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်သွားကြတော့မှာဖြစ်တယ်။ ဒါဟာ 2011 ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဝင်ဘာလေမှာ တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှုဖြစ်တယ်။ ထိုစဉ်တုန်းကတော့ ဘာစီလိုနာက 3-1 နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
နှစ်သင်းကြား တွေ့ဆုံထားမှု 11 ကြိမ်မှာ ရံှူးပွဲ 3 ပွဲပဲ ရထားတဲ့ ဘာစီလိုနာဟာ အဝေးကွင်းမှာတော့ ယူနိုက်တက်ကို အနိုင်ရဖူးသေးပါဘူး။ ဒီအတွက်လည်း မန်နေဂျာဗယ်ဗာဒီက စိုးရိမ်မှု ရှိနေပေမယ့် ဒီတစ်ကြိမ်မှာ အပြောင်းအလဲတစ်ခုကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်ဟာ နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာပေမယ့် ဆိုးရှားလက်အောင်မှာ ပုံစံကောင်းတွေ ပြသထားပြီး ပြင်သစ်ချန်ပီယံ ပီအက်ဂျီကို မယုံနိုင်လောက်တဲ့ အနေအထားကနေ ရင်ဆိုင်ကျော်ဖြတ်လာခဲ့တာဖြစ်တယ်။
ဗယ်ဗာဒီက ပြောရာမှာ ” သူတို့က အားကောင်းတဲ့ ကလပ်အသင်းပါ။ ဝုဗ်နဲ့ ယှဉ်ပြိုင်ကစားထားတဲ့ နောက်ဆုံးပွဲကို အရေးနိမ့်ထားပေမယ့် သူတို့က ကောင်းမွန်တဲ့ ကျော်ဖြတ်မှုတွေကို လုပ်ထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ယူနိုက်တက်က အရမ်းကို သန်မာတယ်။ ပြိုင်ဘက်ကို ဘယ်လို ဖိအားတွေ ပေးရမယ်ဆိုတာ ကောင်းကောင်းကြီး နားလည်ထားပါတယ်။ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ အရမ်းကို သန်မာတဲ့ ကစားသမားတွေလည်းရှိတယ်။
ယူနိုက်တက်က ကောင်းကောင်းကြီး ဒုက္ခပေးနိုင်စွမ်း ရှိထားပါတယ်။ နောက်ပြီး ဒီပွဲက အထက်တန်းကျတဲ့ ဥရောပ ဘောလုံးပွဲပါ။ အိုထရတ်ဖိုဒ့်မှာ ဘာစီလိုနာက တစ်ကြိမ်မှ အနိုင်ရဖူးတာကြောင့် ဒီတစ်ကြိမ်မှာ အပြောင်းအလဲဖြစ်အောင် ကြိုးစားနိုင်ဖို့ ကျနေ်ာ မျှော်လင့်ပါတယ် ” လို့ ပြောဆိုပါတယ်။
ဘာစီလိုနာဟာ စနေနေ့က အက်သလက်တီကို မက်ဒရစ်နဲ့ နျူးကပ်ကွင်းမှာ ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့တယ်။ ဘာစီလိုနာက 2-0 နဲ့ အနိုင်ရခဲ့တဲ့ အဆိုပါပွဲကိုတော့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားနဲ့ လက်ထောက်ဖြစ်သူ မိုက်ခ်ဖီလန်းတို့ တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။
Sports Home Time
