လီဗာပူးအသင္းသားေဟာင္းျဖစ္လို႔ ယူႏုိက္တက္ကို အႏုိင္ရရင္ ႏွစ္ဆေက်နပ္မယ္ဆိုတဲ့ ေကာ္တင္ညိဳ

ဘာစီလိုနာ ကစားသမား ေကာ္တင္ညိဳက လီဗာပူးအေပၚထားတဲ့ သူ႔ရဲ႕ခ်စ္ျခင္းအခ်ိဳ႕ကို ဖြင့္ထုတ္ျပမႈကို ျပဳလုပ္လာခဲ့ျပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ယူႏိုက္တက္ကို ေက်ာ္ျဖတ္ခဲ့ရင္ သိပ္ေက်နပ္မိမွာျဖစ္ေၾကာင္း ဝန္ခံစကား ေျပာဆိုလာပါတယ္။

ေကာ္တင္ညိဳက သူနဲ႔ လူးဝစ္ဆြာရက္စ္တို႔ကို ယူႏုိက္တက္ပရိသတ္ေတြက ေႏြးေႏြးေထြးေထြး ၾကိဳဆိုလိုမွာ မဟုတ္ဘူးဆိုတာ နားလည္ထားပါတယ္။ ဒါေပမယ့္ အတိတ္က က်င္လယ္ခဲ့တဲ့ လီဗာပူးအသင္းနဲ႔ ပက္သက္ဆက္ႏြယ္ခဲ့မႈေတြအရ ယူႏုိက္တက္ရဲ႕ ဆုဖလားေအာင္ျမင္မႈ ေမွ်ာ္လင့္ခ်က္ကို အဆံုးသတ္ေပးႏုိင္ကို သူက ေမွ်ာ္လင့္ေနပါတယ္။

ေကာ္တင္ညိဳက “ က်ေန္ာနဲ႔ လူးဝစ္ဆြာရက္စ္ကို အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္ပရိသတ္ေတြက ေလွာင္ေျပာင္ၾကမယ္ဆိုရင္ ပံုမွန္ပါပဲ။ က်ေန္ာတို႔က သူတုိ႔နဲ႔ ကစားဖူးပါတယ္။ ဒါက က်ေန္ာအတြက္ေတာ့ ထူးျခားမယ့္ ကိစၥလည္း မဟုတ္ပါဘူး။ ေနာက္ျပီး ယူႏုိက္တက္နဲ႔ ကစားရမယ္ဆိုတာက ပိုမိုအာရံုစိုက္ျပီး ပိုေကာင္းေကာင္းကစားဖို႔ မက္လံုးေကာင္းေတာင္ ျဖစ္လာပါေသးတယ္။

ယူႏုိက္တက္နဲ႔ ရင္ဆိုင္ရတဲ့ပြဲေတြက ထူးရွယ္ပဲဆိုတာ က်ေန္ာ သိတယ္။ အသင္းပရိသတ္ေတြ အားေပးမႈ သိပ္ၾကီးမားတဲ့ လီဗာပူးမွာ ကစားခဲ့စဥ္ကတည္းက ဒါကို က်ေန္ာ သင္ယူခဲ့ရပါတယ္။ က်ေန္ာရဲ႕ မွတ္ဥာဏ္ထဲမွာ ဒါကို မွတ္သားထားျပီး မတူညီတဲ့ ကလပ္အသင္းျဖစ္ရင္ေတာင္ ဘာစီလိုနာနဲ႔ ယူႏုိက္တက္ကို ဥေရာပကေန ထြက္ခြာေစခဲ့ရင္ ပုဂၢိဳလ္ေရးအရ က်ေန္ာအတြက္ေတာ့ ႏွစ္ဆ စိတ္ေက်နပ္မႈ ျဖစ္လာပါလိမ့္မယ္ ” လို႔ ေျပာပါတယ္။

အကယ္လို႔ ဘာစီလိုနာက ယူႏုိက္တက္ကို အႏုိင္ယူျပီး လီဗာပူးက ေပၚတိုကို အႏုိင္ရမယ္ဆိုရင္ ေကာ္တင္ညိဳနဲ႔ လူဝစ္ဆြာရက္စ္တုိ႔ဟာ အသင္းေဟာင္းနဲ႔ ဆီးမီးဖိုင္နယ္အဆင့္မွာ ေတြ႔ဆံုၾကမွာပါ။ 2018 ခုႏွစ္ ဇန္နဝါရီလတုန္းက လီဗာပူးကေန ဘာစီလိုနာကို ေပါင္ 142 သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ေကာ္တင္ညိဳကေတာ့ အဲ့သည္ပြဲအတြက္ စိတ္ဖိအားေတြ မရွိပါဘူး။

ဘရာဇီးသားက ဆက္လက္ျပီးလည္း “ ယူႏုိက္တက္နဲ႔ပြဲမွာ လီဗာပူးအားေပးသူေတြက က်ေန္ာတို႔နဲ႔အတူ ရွိေနမယ္ဆိုတာ နားလည္ထားပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ အန္ဖီးမွာ သူတို႔နဲ႔ ျပန္လည္ကာ ရင္ဆိုင္ေတြ႔ႏုိင္တယ္ဆိုတာလည္း နားလည္ထားတယ္။ အဲ့သည္ပြဲက်ရင္လည္း က်ေန္ာက ဘာစီလိုနာနဲ႔အတူ လီဗာပူးကို အႏုိင္ရလိုပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဘရာဇီးကြင္းလယ္ဖန္တီးရွင္ဟာ ယာဂင္ကေလာ့ပ္ လီဗာပူးကို ပထမဆံုးကိုင္တြယ္တဲ့ ေဘာလံုးရာသီျဖစ္တဲ့ 2016 တုန္းက ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္မွာ လီဗာပူးနဲ႔အတူ ယူႏုိက္တက္နဲ႔ ေတြ႔ဆံုထားဖူးပါတယ္။ ထိုစဥ္က မန္ခ်က္စတာကလပ္ကို ဥေရာပကေန ဖယ္ထုတ္မႈမွာ အေရးပါတဲ့သြင္းဂိုးကို အိုထရတ္ဖိုဒ့္ကြင္းမွာ သြင္းယူေပးထားဖူးသူျဖစ္ပါတယ္။

Sports Home Time

[Unicode] ဘာစီလိုနာ ကစားသမား ကော်တင်ညိုက လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းအချို့ကို ဖွင့်ထုတ်ပြမှုကို ပြုလုပ်လာခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ကို ကျော်ဖြတ်ခဲ့ရင် သိပ်ကျေနပ်မိမှာဖြစ်ကြောင်း ဝန်ခံစကား ပြောဆိုလာပါတယ်။

ကော်တင်ညိုက သူနဲ့ လူးဝစ်ဆွာရက်စ်တို့ကို ယူနိုက်တက်ပရိသတ်တွေက နွေးနွေးထွေးထွေး ကြိုဆိုလိုမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် အတိတ်က ကျင်လယ်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပက်သက်ဆက်နွယ်ခဲ့မှုတွေအရ ယူနိုက်တက်ရဲ့ ဆုဖလားအောင်မြင်မှု မျှော်လင့်ချက်ကို အဆုံးသတ်ပေးနိုင်ကို သူက မျှော်လင့်နေပါတယ်။

ကော်တင်ညိုက “ ကျနေ်ာနဲ့ လူးဝစ်ဆွာရက်စ်ကို အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်ပရိသတ်တွေက လှောင်ပြောင်ကြမယ်ဆိုရင် ပုံမှန်ပါပဲ။ ကျနေ်ာတို့က သူတို့နဲ့ ကစားဖူးပါတယ်။ ဒါက ကျနေ်ာအတွက်တော့ ထူးခြားမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ နောက်ပြီး ယူနိုက်တက်နဲ့ ကစားရမယ်ဆိုတာက ပိုမိုအာရုံစိုက်ပြီး ပိုကောင်းကောင်းကစားဖို့ မက်လုံးကောင်းတောင် ဖြစ်လာပါသေးတယ်။

ယူနိုက်တက်နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေက ထူးရှယ်ပဲဆိုတာ ကျနေ်ာ သိတယ်။ အသင်းပရိသတ်တွေ အားပေးမှု သိပ်ကြီးမားတဲ့ လီဗာပူးမှာ ကစားခဲ့စဉ်ကတည်းက ဒါကို ကျနေ်ာ သင်ယူခဲ့ရပါတယ်။ ကျနေ်ာရဲ့ မှတ်ဉာဏ်ထဲမှာ ဒါကို မှတ်သားထားပြီး မတူညီတဲ့ ကလပ်အသင်းဖြစ်ရင်တောင် ဘာစီလိုနာနဲ့ ယူနိုက်တက်ကို ဥရောပကနေ ထွက်ခွာစေခဲ့ရင် ပုဂ္ဂိုလ်ရေးအရ ကျနေ်ာအတွက်တော့ နှစ်ဆ စိတ်ကျေနပ်မှု ဖြစ်လာပါလိမ့်မယ် ” လို့ ပြောပါတယ်။

အကယ်လို့ ဘာစီလိုနာက ယူနိုက်တက်ကို အနိုင်ယူပြီး လီဗာပူးက ပေါ်တိုကို အနိုင်ရမယ်ဆိုရင် ကော်တင်ညိုနဲ့ လူဝစ်ဆွာရက်စ်တို့ဟာ အသင်းဟောင်းနဲ့ ဆီးမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံကြမှာပါ။ 2018 ခုနှစ် ဇန်နဝါရီလတုန်းက လီဗာပူးကနေ ဘာစီလိုနာကို ပေါင် 142 သန်းနဲ့ ပြောင်းလာခဲ့တဲ့ ကော်တင်ညိုကတော့ အဲ့သည်ပွဲအတွက် စိတ်ဖိအားတွေ မရှိပါဘူး။

ဘရာဇီးသားက ဆက်လက်ပြီးလည်း “ ယူနိုက်တက်နဲ့ပွဲမှာ လီဗာပူးအားပေးသူတွေက ကျနေ်ာတို့နဲ့အတူ ရှိနေမယ်ဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အန်ဖီးမှာ သူတို့နဲ့ ပြန်လည်ကာ ရင်ဆိုင်တွေ့နိုင်တယ်ဆိုတာလည်း နားလည်ထားတယ်။ အဲ့သည်ပွဲကျရင်လည်း ကျနေ်ာက ဘာစီလိုနာနဲ့အတူ လီဗာပူးကို အနိုင်ရလိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဘရာဇီးကွင်းလယ်ဖန်တီးရှင်ဟာ ယာဂင်ကလော့ပ် လီဗာပူးကို ပထမဆုံးကိုင်တွယ်တဲ့ ဘောလုံးရာသီဖြစ်တဲ့ 2016 တုန်းက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ လီဗာပူးနဲ့အတူ ယူနိုက်တက်နဲ့ တွေ့ဆုံထားဖူးပါတယ်။ ထိုစဉ်က မန်ချက်စတာကလပ်ကို ဥရောပကနေ ဖယ်ထုတ်မှုမှာ အရေးပါတဲ့သွင်းဂိုးကို အိုထရတ်ဖိုဒ့်ကွင်းမှာ သွင်းယူပေးထားဖူးသူဖြစ်ပါတယ်။

Sports Home Time