[Zawgyi] ပရီးမီးယားလိဂ္ ပြဲစဥ္ 16 မွာေတာ့ လီဗာပူးက ဘုန္းေမာက္ကို 4-0 နဲ႔ အႏိုင္ရျပီး အမွတ္ေပးဇယားကို လြဲေျပာင္းဦးေဆာင္တဲ့ပြဲ။ ခ်ယ္ဆီးက လက္ရွိခ်န္ပီယံ မန္စီးတီးကို 2-0 နဲ႔ အႏိုင္ယူတဲ့ပြဲ။ ရလဒ္ဆိုးေတြနဲ႔ ရုန္းကန္ေနရတဲ့ ယူႏိုက္တက္တို႔ တန္းဆင္းဇံုက ဖူလ္ဟမ္အသင္းကို အိမ္ကြင္းမွာ 4-1 နဲ႔ ဂိုးျပတ္အႏိုင္ယူတဲ့ပြဲအျပင္ ေတာ္တင္ဟမ္ကစားသမား ဆြန္ေျခစြမ္းျပခဲ့တဲ့ လက္စတာကို အႏိုင္ရတဲ့ပြဲေတြ ပါဝင္ခဲ့ပါတယ္။
အဆိုပါပြဲေတြထဲက ဒီအပတ္အတြက္ အေကာင္းဆံုးအသင္းကို Goal က ေရြးထုတ္ျပခဲ့ျပီး လီဗာပူး၊ ခ်ယ္ဆီး၊ ယူႏိုက္တက္ အသင္းသားေတြ အဓိက ပါဝင္လာခဲ့ပါတယ္။
Kepa Arrizabalaga | Chelsea
မန္စီးတီးနဲ႔ပြဲမွာ လက္စြမ္းျပခဲ့တဲ့ ကီပါဟာ လီဗာပူးဂိုးသမား အယ္လီဆန္ေနာက္ clean sheet အမ်ားဆံုးရထားတဲ့ ဂိုးသမားျဖစ္လာပါတယ္။
Ashley Young | Manchester United
2015 ဧပရယ္လေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲ တစ္ပြဲတည္းမွာ ကိုယ္တိုင္ဂိုးသြင္းယူမႈေကာ၊ ဂိုးေထာက္ပံ့မႈပါ ပူးတြဲလုပ္ႏိုင္မႈျဖစ္ပါတယ္။
Sokratis Papastathopoulos | Arsenal
ဟက္ဒါဖီးကို clean sheet နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဆိုကေရးတက္စ္ဟာ ေဘာလံုးျဖတ္လုမႈ 5 ၾကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ျပီး မည့္သည္ ဂန္းနားအသင္းသားထက္မဆို 3 ၾကိမ္ ပိုမ်ားပါတယ္။
David Luiz | Chelsea
မန္စီးတီးကို ရင္ဆိုင္တဲ့ပြဲမွာ လူးဝစ္လုပ္ျပခဲ့တဲ့ ေဘာလံုးျပန္ဆယ္မႈ (7 ၾကိမ္)၊ ျဖတ္ထုတ္မႈ (7 ၾကိမ္) ထက္ ပိုလုပ္ႏိုင္တဲ့ ခ်ယ္ဆီးအသင္းသား မရွိပါဘူး။ လူးဝစ္က ဒုတိယေျမာက္ ဦးေဆာင္ဂိုးကိုပါ သြင္းေပးခဲ့ပါတယ္။
Andrew Robertson | Liverpool
မည္သည့္ လီဗာပူးကစားသမားက ဘုန္းေမာက္ကို 4-0 နဲ႔ အႏိုင္ရတဲ့ပြဲမွာ ေရာ္ဘတ္ဆန္လုပ္ခဲ့တဲ့ ထိေတြ႔မႈ (97 ၾကိမ္)၊ ျဖတ္ထုတ္မႈ (4 ၾကိမ္)၊ ရွင္းထုတ္မႈ (3 ၾကိမ္) ကို သာလြန္ေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။
Felipe Anderson | West Ham
အန္ဒါဆန္ဟာ သူ႔ရဲ႕ေနာက္ဆံုး လိဂ္ပြဲ 6 ပြဲမွာ 5 ဂိုးသြင္းထားပါျပီ။
Juan Mata | Manchester United
ဂ်ဴအန္မာတာဟာ ပရီးမီးယားလိဂ္မွာ သြင္းဂိုး 50၊ ဂိုးေထာက္ပံ့မႈ 50 ျပဳလုပ္ႏိုင္တဲ့ တတိယေျမာက္ ကစားသမားျဖစ္ပါတယ္။ သူ႔မတိုင္ခင္က ဖာဘရီဂတ္စ္နဲ႔ ေဒးဗစ္ေဆးဗားတုိ႔ပဲ ဒီမွတ္တမ္းကို ပိုင္ဆိုင္ထားပါတယ္။
Robert Snodgrass | West Ham
ပဲေလစ့္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဝက္ဟမ္းအတြက္ ဂိုးသြင္းေပးျပီး 705 ရက္ၾကာ ဂိုးမသြင္းႏိုင္မႈကို အဆံုးသတ္ခဲ့ပါျပီ။
Marcus Rashford | Manchester United
ပရီးမီးယားလိဂ္ ပြဲဦးထြက္အျဖစ္ 2016 ေဖေဖာ္ဝါရီလ မွာ ရင္ဆိုင္ကစားတဲ့ အာဆင္နယ္ပြဲေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ သြင္းဂိုး 3 ဂိုးအတြက္ ပါဝင္ပက္သက္ခဲ့ပါတယ္။
Mohamed Salah | Liverpool
ဆာလက္ဟာ အျခားေသာ အသင္းမွ ကစားသမားေတြထက္ ဒီရာသီမွာ အဖြင့္ဂိုး အမ်ားဆံုးအျဖစ္ (7 ဂိုး) သြင္းထားပါတယ္။
Son Heung-Min | Tottenham
ဆြန္ဟာ လက္စတာကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ေတာ္တင္ဟမ္အတြက္ အထူးေျခစြမ္းျပခဲ့ပါတယ္။
Sports Home Time

[Unicode] ပရီးမီးယားလိဂ် ပွဲစဉ် 16 မှာတော့ လီဗာပူးက ဘုန်းမောက်ကို 4-0 နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို လွဲပြောင်းဦးဆောင်တဲ့ပွဲ။ ချယ်ဆီးက လက်ရှိချန်ပီယံ မန်စီးတီးကို 2-0 နဲ့ အနိုင်ယူတဲ့ပွဲ။ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက်တို့ တန်းဆင်းဇုံက ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ 4-1 နဲ့ ဂိုးပြတ်အနိုင်ယူတဲ့ပွဲအပြင် တော်တင်ဟမ်ကစားသမား ဆွန်ခြေစွမ်းပြခဲ့တဲ့ လက်စတာကို အနိုင်ရတဲ့ပွဲတွေ ပါဝင်ခဲ့ပါတယ်။
အဆိုပါပွဲတွေထဲက ဒီအပတ်အတွက် အကောင်းဆုံးအသင်းကို Goal က ရွေးထုတ်ပြခဲ့ပြီး လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက် အသင်းသားတွေ အဓိက ပါဝင်လာခဲ့ပါတယ်။
Kepa Arrizabalaga | Chelsea
မန်စီးတီးနဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ကီပါဟာ လီဗာပူးဂိုးသမား အယ်လီဆန်နောက် clean sheet အများဆုံးရထားတဲ့ ဂိုးသမားဖြစ်လာပါတယ်။
Ashley Young | Manchester United
2015 ဧပရယ်လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ တစ်ပွဲတည်းမှာ ကိုယ်တိုင်ဂိုးသွင်းယူမှုကော၊ ဂိုးထောက်ပံ့မှုပါ ပူးတွဲလုပ်နိုင်မှုဖြစ်ပါတယ်။
Sokratis Papastathopoulos | Arsenal
ဟက်ဒါဖီးကို clean sheet နဲ့ အနိုင်ရတဲ့ပွဲမှာ ဆိုကရေးတက်စ်ဟာ ဘောလုံးဖြတ်လုမှု 5 ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး မည့်သည် ဂန်းနားအသင်းသားထက်မဆို 3 ကြိမ် ပိုများပါတယ်။
David Luiz | Chelsea
မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲမှာ လူးဝစ်လုပ်ပြခဲ့တဲ့ ဘောလုံးပြန်ဆယ်မှု (7 ကြိမ်)၊ ဖြတ်ထုတ်မှု (7 ကြိမ်) ထက် ပိုလုပ်နိုင်တဲ့ ချယ်ဆီးအသင်းသား မရှိပါဘူး။ လူးဝစ်က ဒုတိယမြောက် ဦးဆောင်ဂိုးကိုပါ သွင်းပေးခဲ့ပါတယ်။
Andrew Robertson | Liverpool
မည်သည့် လီဗာပူးကစားသမားက ဘုန်းမောက်ကို 4-0 နဲ့ အနိုင်ရတဲ့ပွဲမှာ ရော်ဘတ်ဆန်လုပ်ခဲ့တဲ့ ထိတွေ့မှု (97 ကြိမ်)၊ ဖြတ်ထုတ်မှု (4 ကြိမ်)၊ ရှင်းထုတ်မှု (3 ကြိမ်) ကို သာလွန်အောင် မလုပ်နိုင်ခဲ့ပါဘူး။
Felipe Anderson | West Ham
အန်ဒါဆန်ဟာ သူ့ရဲ့နောက်ဆုံး လိဂ်ပွဲ 6 ပွဲမှာ 5 ဂိုးသွင်းထားပါပြီ။
Juan Mata | Manchester United
ဂျူအန်မာတာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး 50၊ ဂိုးထောက်ပံ့မှု 50 ပြုလုပ်နိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်ပါတယ်။ သူ့မတိုင်ခင်က ဖာဘရီဂတ်စ်နဲ့ ဒေးဗစ်ဆေးဗားတို့ပဲ ဒီမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။
Robert Snodgrass | West Ham
ပဲလေစ့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဝက်ဟမ်းအတွက် ဂိုးသွင်းပေးပြီး 705 ရက်ကြာ ဂိုးမသွင်းနိုင်မှုကို အဆုံးသတ်ခဲ့ပါပြီ။
Marcus Rashford | Manchester United
ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် 2016 ဖေဖော်ဝါရီလ မှာ ရင်ဆိုင်ကစားတဲ့ အာဆင်နယ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး 3 ဂိုးအတွက် ပါဝင်ပက်သက်ခဲ့ပါတယ်။
Mohamed Salah | Liverpool
ဆာလက်ဟာ အခြားသော အသင်းမှ ကစားသမားတွေထက် ဒီရာသီမှာ အဖွင့်ဂိုး အများဆုံးအဖြစ် (7 ဂိုး) သွင်းထားပါတယ်။
Son Heung-Min | Tottenham
ဆွန်ဟာ လက်စတာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ တော်တင်ဟမ်အတွက် အထူးခြေစွမ်းပြခဲ့ပါတယ်။
Sports Home Time
