ဘယ္လ္ဂ်ီယံ မဟုတ္ဘဲ ယူရို ၂၀၂၀ ဗိုလ္စြဲမယ္ ထင္ထားတဲ့အသင္း ဒီဘရိုင္း ဖြင့္ဟ

[Zawgyi] ဘယ္လ္ဂ်ီယံနဲ႕ မန္ခ်က္စတာစီးတီး ၾကယ္ပြင့္ကစားသမား ကီဗင္ ဒီဘရိုင္းက ၂၀၂၀ ဟာ အဂၤလန္အသင္း ဆုဖလား တစ္ခုခု ဆြတ္ခူးမယ္လို႔ ယံုၾကည္ေနပါတယ္။ ဒီဘရိုင္းက ယူရို ၂၀၂၀ ျပိဳင္ပဲြမွာ နုိင္ငံအသင္း ဘယ္လ္ဂ်ီယံနဲ႕ အတူ ေအာင္ပြဲ ရယူဖို႔ ပစ္မွတ္ထားေနေပမယ့္ ဗိုလ္စြဲမယ့္ အသင္းကေတာ့ အဂၤလန္ ဒါမွမဟုတ္ ေရပန္းစားေနတဲ့ ျပင္သစ္ အသင္းပဲ ျဖစ္မယ္လို႔ ယူဆထားေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။

“က်ေနာ္ အသင္းက အဂၤလန္သားေတြကိ အရင္အပတ္ကပဲ ယူရိုမွာ အဂၤလန္ နုိင္သင့္တယ္ေနာ္ ေျပာခဲ့ေသးတယ္။ သူတို႔က ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့ အသင္းပါ.. ျပင္သစ္နဲ႕ အတူေပါ့။ က်ေနာ္တို႔ သူတို႔ေတြ အသင္းနဲ႕ အတူ အထိုင္က်ေနျပီး တက္ၾကြေနတာ ျမင္ေနရတယ္။ အဂၤလန္အသင္း အနာဂတ္ကေတာ့ သိပ္ေကာင္းမယ့္ ပံုပဲ။”

“သူတို႔ တကယ္ပဲ ဗိုလ္စြဲပါ့မလား ဆိုရင္ က်ေနာ္လည္း အတိအက် မသိဘူးေပါ့။ အသင္းေတြထဲက တစ္သင္းပဲ ဗိုလ္စြဲနုိ္င္တယ္ေလ။ ဒါေပမယ့္ ေနာက္ ဆယ္နွစ္အတြင္းလည္း ဒီလူစာရင္းနဲ႕ ေကာင္းေကာင္း လုပ္နိုင္တဲ့ အခြင့္အေရး ရွိပါတယ္။” လို႔ ဒီဘရိုင္းက ဆိုပါတယ္။

ဒီဘရိုင္းတစ္ေယာက္ အဂၤလန္အသင္းကို ေထာက္ခံသြားတာ ထူးျခားပါတယ္။ ဘယ္လ္ဂ်ီယံဟာ ၂၀၁၈ ကမၻာ့ဖလား ျပိဳင္ပြဲမွာ အဂၤလန္ကို အုပ္စုပြဲမွာေရာ တတိယေနရာလုပြဲမွာပါ အနုိင္ရထားတာပါ။ ဒါေပမယ့္ အဂၤလန္အသင္း အနာဂတ္ ေတာက္ပေနတယ္ဆိုတာေတာ့ အမွန္ပါပဲ။ လူငယ္ေလးေတြ ျဖစ္တဲ့ ဒီဘရိုင္းရဲ႕ အသင္းေဖာ္ ဖိုဒန္ အပါအ၀င္ ဆန္ခ်ိဳ၊ အိုဒြိဳင္းတို႔ စီနီယာကစားသမားေတြနဲ႕ အတူ အသင္းၾကီးမွာ ပါ၀င္ ေျခစြမ္းျပေနပါျပီ။

“ေဆာက္ဂိတ္က သူ ဘာလုပ္ဖို႔ လိုတယ္ဆိုတာ ေကာင္းေကာင္း သိမွာပါ။ ဖီးလ္ (ဖိုဒန္)သာ တုိးတက္မႈ ေကာင္းေနရင္ ယူရို ၂၀၂၀ ျပိဳင္ပြဲ၀င္ စာရင္းထဲ ပါ၀င္ခြင့္ရမယ္ ေမွ်ာ္လင့္ပါတယ္။ သူ အဂၤလန္အသင္းအတြက္ ပြဲေတြ ပါ၀င္ကစားနုိင္မွာပါ။” လို႕ ဒီဘရိုင္းက ဆိုပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းဟာ ၁၉၆၆ က စလို႔ နုိင္ငံတကာ ေအာင္ျမင္မႈ တစ္ခုမွ မရေသးပါဘူး။ ေရႊေရာင္မ်ိဳးဆက္ေတြ ေတာက္ပလာတဲ့ အခိုက္မွာ ဒီ ဆုဖလား မိုးေခါင္ေနတဲ့ကာလ အဆံုးသတ္ သြားနုိင္ပါတယ္။ ဒီနွစ္ပိုင္းေတြဟာ အဂၤလန္အသင္းနဲ႕ ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွား ရင္ခုန္စရာ ကာလေတြပါပဲ။

Sports Home Time

[Unicode] ဘယ်လ်ဂျီယံနဲ့ မန်ချက်စတာစီးတီး ကြယ်ပွင့်ကစားသမား ကီဗင် ဒီဘရိုင်းက ၂၀၂၀ ဟာ အင်္ဂလန်အသင်း ဆုဖလား တစ်ခုခု ဆွတ်ခူးမယ်လို့ ယုံကြည်နေပါတယ်။ ဒီဘရိုင်းက ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နိုင်ငံအသင်း ဘယ်လ်ဂျီယံနဲ့ အတူ အောင်ပွဲ ရယူဖို့ ပစ်မှတ်ထားနေပေမယ့် ဗိုလ်စွဲမယ့် အသင်းကတော့ အင်္ဂလန် ဒါမှမဟုတ် ရေပန်းစားနေတဲ့ ပြင်သစ် အသင်းပဲ ဖြစ်မယ်လို့ ယူဆထားကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

“ကျနော် အသင်းက အင်္ဂလန်သားတွေကိ အရင်အပတ်ကပဲ ယူရိုမှာ အင်္ဂလန် နိုင်သင့်တယ်နော် ပြောခဲ့သေးတယ်။ သူတို့က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းပါ.. ပြင်သစ်နဲ့ အတူပေါ့။ ကျနော်တို့ သူတို့တွေ အသင်းနဲ့ အတူ အထိုင်ကျနေပြီး တက်ကြွနေတာ မြင်နေရတယ်။ အင်္ဂလန်အသင်း အနာဂတ်ကတော့ သိပ်ကောင်းမယ့် ပုံပဲ။ သူတို့ တကယ်ပဲ ဗိုလ်စွဲပါ့မလား ဆိုရင် ကျနော်လည်း အတိအကျ မသိဘူးပေါ့။ အသင်းတွေထဲက တစ်သင်းပဲ ဗိုလ်စွဲနိုင်တယ်လေ။ ဒါပေမယ့် နောက် ဆယ်နှစ်အတွင်းလည်း ဒီလူစာရင်းနဲ့ ကောင်းကောင်း လုပ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။” လို့ ဒီဘရိုင်းက ဆိုပါတယ်။

ဒီဘရိုင်းတစ်ယောက် အင်္ဂလန်အသင်းကို ထောက်ခံသွားတာ ထူးခြားပါတယ်။ ဘယ်လ်ဂျီယံဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်ကို အုပ်စုပွဲမှာရော တတိယနေရာလုပွဲမှာပါ အနိုင်ရထားတာပါ။ ဒါပေမယ့် အင်္ဂလန်အသင်း အနာဂတ် တောက်ပနေတယ်ဆိုတာတော့ အမှန်ပါပဲ။ လူငယ်လေးတွေ ဖြစ်တဲ့ ဒီဘရိုင်းရဲ့ အသင်းဖော် ဖိုဒန် အပါအဝင် ဆန်ချို၊ အိုဒွိုင်းတို့ စီနီယာကစားသမားတွေနဲ့ အတူ အသင်းကြီးမှာ ပါဝင် ခြေစွမ်းပြနေပါပြီ။

“ဆောက်ဂိတ်က သူ ဘာလုပ်ဖို့ လိုတယ်ဆိုတာ ကောင်းကောင်း သိမှာပါ။ ဖီးလ် (ဖိုဒန်)သာ တိုးတက်မှု ကောင်းနေရင် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် စာရင်းထဲ ပါဝင်ခွင့်ရမယ် မျှော်လင့်ပါတယ်။ သူ အင်္ဂလန်အသင်းအတွက် ပွဲတွေ ပါဝင်ကစားနိုင်မှာပါ။” လို့ ဒီဘရိုင်းက ဆိုပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ၁၉၆၆ က စလို့ နိုင်ငံတကာ အောင်မြင်မှု တစ်ခုမှ မရသေးပါဘူး။ ရွှေရောင်မျိုးဆက်တွေ တောက်ပလာတဲ့ အခိုက်မှာ ဒီ ဆုဖလား မိုးခေါင်နေတဲ့ကာလ အဆုံးသတ် သွားနိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေဟာ အင်္ဂလန်အသင်းနဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှား ရင်ခုန်စရာ ကာလတွေပါပဲ။

Sports Home Time