လူကာကူနဲ႔ ပက္သက္ျပီး အံ့ၾသသင့္ဖြယ္ မွတ္ခ်က္စကားေတြ ေပးလာတဲ့ ဘာဘာေတာ့ဗ္

[Zawgyi] ႐ိုမီလူ လူကာကူဟာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ဂိုးေတြဆိုတာထက္ ပိုၿပီးအဖိုးတန္တယ္လို႔ ဘာဘာေတာ့ဗ္က ဆိုပါတယ္။ ဘယ္လ္ဂ်ီယမ္သား တိုက္စစ္မႉးရဲ႕ အျဖစ္ကို ကူညီဖို႔ သူ႔ရဲ႕ယူႏိုက္တက္ အသင္းေဖာ္ေတြက ဒီထက္ ပိုလုပ္ႏိုင္တယ္လို႔ ဘာဘာေတာ့ဗ္က ယုံၾကည္ေနတာလဲ ျဖစ္ပါတယ္။

လူကာကူဟာ မတ္လေနာက္ပိုင္း ယူႏိုက္တက္ အတြက္ သူ႔ရဲ႕ပထမဆုံး အိမ္ကြင္း သြင္း ဂိုးကို စေနေန႔က ဖူလ္ဟမ္ကို 4 ဂိုး 1 ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့ပါတယ္။ ၿပီးခဲ့တဲ့တပတ္က ေဆာက္သမ္တန္ကို အေဝးကြင္းမွာ ကစားခဲ့ရတဲ့ပြဲမွာမွ ကလပ္အတြက္ 12 ပြဲ ဆက္ ဂိုးမသြင္းႏိုင္တဲ့ မွတ္တမ္းဆိုးကို အဆုံးသတ္ခဲ့တာပါ။

အဲ့ဒီ့လို ဆိုး႐ြားတဲ့ အေျခအေနေၾကာင့္ လူကာကူဟာ အိုးလ္ထရက္ဖို႔ဒ္ ကေန ထြက္ခြာႏိုင္တယ္ဆိုၿပီး ထင္ေၾကးေတြ ေပးလာၾကပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ဒီလို မေကာင္းတဲ့ အျမင္ေတြအားလုံးဟာ လူကာကူကို တိုးတက္ေစဖို႔ ကူညီေပးသလိုျဖစ္တယ္လို႔ ခံစားရေၾကာင္းေျပာပါတယ္။

ဂိုးမသြင္းႏိုင္လို႔ ေဝဖန္မႉေတြခံေနရတဲ့ တိုက္စစ္မႉးလူကာကူနဲ႔ပတ္သက္ၿပီး ဘာဘာေတာ့ဗ္က

“ဘာလို႔ လူေတြက ဒီလို ဂိုး မိုးေခါင္တာကို အာ႐ုံစိုက္ေနတာလဲ? တိုက္စစ္မႉးေတြဟာ ယေန႔ေခတ္မွာ ဂိုးေတြသြင္းတာထက္ ပိုလာေနၾကပါၿပီ။ လူကာကူအေနနဲ႔ ဂိုး တစ္ဂိုးရဖို႔ ဘယ္ေလာက္ၾကာတယ္ဆိုတာကို လူေတြက အၿမဲေျပာေနတာက သူ႔ကို ဘယ္လိုမ်ား ကူညီေပးႏိုင္မွာမို႔လဲ။ ဒါက အေရးႀကီးပါတယ္ ေနာက္ဆုံးေတာ့ သူဂိုးသြင္းႏိုင္ခဲ့ၿပီေလ။ သူ႔ကိုစိတ္သက္သာရာရေစမယ္လို႔ က်ေနာ္ ယုံၾကည္ပါတယ္။ ”

“သူ ဂိုးမသြင္းႏိုင္တာကိုပဲ လူေတြေျပာေနၾကတာက မေကာင္းပါဘူး။ ဒါေတြအားလုံး ကို သူသိတယ္။ သူအိမ္ကိုျပန္ၿပီးေတာ့ သူ႔ဘာသူ အခုလို ေျပာေကာင္းေျပာပါလိမ့္မယ္။ ‘ငါ ထပ္ၿပီးဂိုးမသြင္းႏိုင္ခဲ့ဘုူး ဆိုတာကို မယုံႏိုင္ဘူး။ လူေတြက ငါ့ေနာက္ကို ေရာက္လာၾကေတာ့မယ္’ ဆိုၿပီးေတာ့ေလ။ ဒါက သူ႔ယုံၾကည္မႈကို ဘယ္လိုအက်ိဳးသက္ေရာက္ေစမွာလဲ။ နိမ့္က်ပါတယ္။”

“သူ ဂိုးမသြင္းခ်င္ဘူးလို႔ လူေတြကထင္ေနတယ္။ ဒါေပမယ့္ အဲ့ဒါက မွားတယ္ေနာ္။ က်ေနာ္သူ႔ကို ေတာ္ေတာ္ သေဘာက်တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ေဘာလုံး ကစားတာ သူက အရမ္းေတာ္တယ္။ စြမ္းအားျပည့္ဝတယ္။ ဒါေပမယ့္ သူ႔နားမွာ သူ႔အရည္အခ်င္းေတြကို နားလည္ႏိုင္ၿပီး သူ႔ကို ေဘာလုံး ဘယ္လိုေပးရမလဲဆိုတာ သိတဲ့ အသင္းေဖာ္ေတြ လိုအပ္ေနတာပါ။ တကယ္လို႔ လူကာကူဟာ သူမ်ားေတြလိုမ်ိဳး ေဘာလုံးကို ထိန္းခ်ဳပ္ကစားတဲ့ေနရာမွာ မေတာ္ဘူးဆိုရင္ ဂိုးဝင္ေအာင္ သူအဆုံးသတ္ႏိုင္မယ့္ အလုံးကို သူ႔ကိုေပးလိုက္ပါ ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။”

ဘာဘာေတာ့ဗ္ဟာ 2008 ကေန 2012 အထိ ေလးႏွစ္ၾကာ မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလားနွစ္ၾကိမ္ ဆြတ္ခူးကာ ေအာင္ျမင္ခဲ့ပါတယ္။ ယူႏိုက္တက္ နဲ႔ ၿပိဳင္ပြဲစုံ 108 ပြဲမွာ 48 ဂိုး သြင္းယူေပးခဲ့ပါတယ္။

Sports Home Time

[Unicode] ရိုမီလူ လူကာကူဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးတွေဆိုတာထက် ပိုပြီးအဖိုးတန်တယ်လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။ ဘယ်လ်ဂျီယမ်သား တိုက်စစ်မှူးရဲ့ အဖြစ်ကို ကူညီဖို့ သူ့ရဲ့ယူနိုက်တက် အသင်းဖော်တွေက ဒီထက် ပိုလုပ်နိုင်တယ်လို့ ဘာဘာတော့ဗ်က ယုံကြည်နေတာလဲ ဖြစ်ပါတယ်။

လူကာကူဟာ မတ်လနောက်ပိုင်း ယူနိုက်တက် အတွက် သူ့ရဲ့ပထမဆုံး အိမ်ကွင်း သွင်း ဂိုးကို စနေနေ့က ဖူလ်ဟမ်ကို 4 ဂိုး 1 ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က ဆောက်သမ်တန်ကို အဝေးကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာမှ ကလပ်အတွက် 12 ပွဲ ဆက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ခဲ့တာပါ။

အဲ့ဒီ့လို ဆိုးရွားတဲ့ အခြေအနေကြောင့် လူကာကူဟာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာနိုင်တယ်ဆိုပြီး ထင်ကြေးတွေ ပေးလာကြပါတယ်။ ဒါပေမယ့် ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒီလို မကောင်းတဲ့ အမြင်တွေအားလုံးဟာ လူကာကူကို တိုးတက်စေဖို့ ကူညီပေးသလိုဖြစ်တယ်လို့ ခံစားရကြောင်းပြောပါတယ်။

ဂိုးမသွင်းနိုင်လို့ ဝေဖန်မှူတွေခံနေရတဲ့ တိုက်စစ်မှူးလူကာကူနဲ့ပတ်သက်ပြီး ဘာဘာတော့ဗ်က

“ဘာလို့ လူတွေက ဒီလို ဂိုး မိုးခေါင်တာကို အာရုံစိုက်နေတာလဲ? တိုက်စစ်မှူးတွေဟာ ယနေ့ခေတ်မှာ ဂိုးတွေသွင်းတာထက် ပိုလာနေကြပါပြီ။ လူကာကူအနေနဲ့ ဂိုး တစ်ဂိုးရဖို့ ဘယ်လောက်ကြာတယ်ဆိုတာကို လူတွေက အမြဲပြောနေတာက သူ့ကို ဘယ်လိုများ ကူညီပေးနိုင်မှာမို့လဲ။ ဒါက အရေးကြီးပါတယ် နောက်ဆုံးတော့ သူဂိုးသွင်းနိုင်ခဲ့ပြီလေ။ သူ့ကိုစိတ်သက်သာရာရစေမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ”

“သူ ဂိုးမသွင်းနိုင်တာကိုပဲ လူတွေပြောနေကြတာက မကောင်းပါဘူး။ ဒါတွေအားလုံး ကို သူသိတယ်။ သူအိမ်ကိုပြန်ပြီးတော့ သူ့ဘာသူ အခုလို ပြောကောင်းပြောပါလိမ့်မယ်။ ‘ငါ ထပ်ပြီးဂိုးမသွင်းနိုင်ခဲ့ဘုူး ဆိုတာကို မယုံနိုင်ဘူး။ လူတွေက ငါ့နောက်ကို ရောက်လာကြတော့မယ်’ ဆိုပြီးတော့လေ။ ဒါက သူ့ယုံကြည်မှုကို ဘယ်လိုအကျိုးသက်ရောက်စေမှာလဲ။ နိမ့်ကျပါတယ်။”

“သူ ဂိုးမသွင်းချင်ဘူးလို့ လူတွေကထင်နေတယ်။ ဒါပေမယ့် အဲ့ဒါက မှားတယ်နော်။ ကျနော်သူ့ကို တော်တော် သဘောကျတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘောလုံး ကစားတာ သူက အရမ်းတော်တယ်။ စွမ်းအားပြည့်ဝတယ်။ ဒါပေမယ့် သူ့နားမှာ သူ့အရည်အချင်းတွေကို နားလည်နိုင်ပြီး သူ့ကို ဘောလုံး ဘယ်လိုပေးရမလဲဆိုတာ သိတဲ့ အသင်းဖော်တွေ လိုအပ်နေတာပါ။ တကယ်လို့ လူကာကူဟာ သူများတွေလိုမျိုး ဘောလုံးကို ထိန်းချုပ်ကစားတဲ့နေရာမှာ မတော်ဘူးဆိုရင် ဂိုးဝင်အောင် သူအဆုံးသတ်နိုင်မယ့် အလုံးကို သူ့ကိုပေးလိုက်ပါ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။”

ဘာဘာတော့ဗ်ဟာ 2008 ကနေ 2012 အထိ လေးနှစ်ကြာ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလားနှစ်ကြိမ် ဆွတ်ခူးကာ အောင်မြင်ခဲ့ပါတယ်။ ယူနိုက်တက် နဲ့ ပြိုင်ပွဲစုံ 108 ပွဲမှာ 48 ဂိုး သွင်းယူပေးခဲ့ပါတယ်။

Sports Home Time