ေဆာင္းပါး | အာဆင္နယ္က ဘာလို႔ ေပါင္ 75 သန္းကို လက္လြတ္ဖို႔ ဆံုးျဖတ္ရတာလဲ

[Zawgyi] ေျမာက္လန္ဒန္ဒါဘီပြဲအျပီး အႏိုင္ရအသင္းဘက္ကို ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ ဘာလို႔မ်ား ပရီးမီးယားလိဂ္ရဲ႕ ဂိုးေထာက္ပံ့မႈ အေကာင္းဆံုး ကစားသမားကို ထြက္ခြာခြင့္ေပးရတာပါလဲ?

အရန္ခံုကထလာတဲ့ အာရြန္ရမ္ေဆးဟာ ကြင္းထဲဝင္လာျပီး ဂိုးေထာက္ပံ့မႈ 2 ၾကိမ္ လုပ္ေပးသြားပါတယ္။ အဲ့သည္ ေထာက္ပံ့မႈေတြကပဲ သူ႔ကို ထိပ္ဆံုးကို ေရာက္ေစခဲ့တာပါ။ ယူႏိုက္တက္နဲ႔ပြဲအျပီးမွာေတာ့ လိဂ္ရဲ႕ ဂိုးေထာက္ပံ့မႈ အျမင့္ဆံုးစာရင္းမွာ သူ႔ထက္ပိုတဲ့ ကစားသမားက တစ္ဦးပဲ ရွိပါေတာ့တယ္။ ဒါေပမယ့္လို႔ အာဆင္နယ္က ရမ္ေဆးကို ေႏြမွာ အလြတ္နဲ႔ ေျပာင္းေရႊ႔ခြင့္ ေပးပါေတာ့မယ္။

အဂၤါေန႔ကပဲ ထပ္မံအတည္ျပဳသတင္းေတြ ထြက္လာတာက ဝဲလ္ဘတ္ကလည္း ရာသီကုန္ရင္ အလႊတ္နဲ႔ ထြက္ခြာမွာပါ။ သူကလည္း ရမ္ေဆးလို ဂ်ဴလိုင္မွာ သက္တမ္းကုန္မယ့္ ကစားသမားျဖစ္တယ္။ သူတို႔ရဲ႕ စာခ်ဳပ္ေတြ မကုန္ဆံုးဘူးဆိုရင္ ရမ္ေဆးက ေပါင္ သန္း 50 ေလာက္တန္ျပီး ဝဲလ္ဘတ္က ေပါင္ 25 သန္းေလာက္တန္တဲ့ ကစားသမားမ်ိဳးျဖစ္တယ္။ စိတ္မေကာင္းစြာနဲ႔ ေျပာရရင္ အသင္းက ပိုက္ဆံေတြ အရမ္းေပါလို႔မ်ား ျဖဳန္းေနသလား ေအာက္ေမ့ရပါတယ္။

ဝဲလ္ဘတ္ရဲ႕ အေနအထားက မွားတယ္လို႔ေတာ့ ေျပာမရပါဘူး။ အဂၤလန္လက္ေရြးစင္ဟာ 2014 မွာ ယူႏုိက္တက္ကေန ေျပာင္းလာခဲ့ျပီး ပြဲ 80 ေက်ာ္ လြဲေခ်ာ္ထားတယ္။ ဒဏ္ရာျပႆနာေတြက သူ႔ကို မၾကာခဏ ႏွိပ္စက္ေနျပီး ဒီရာသီမွာလည္း အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ေနာက္မွာပဲ ပြဲထြက္ေနရသူျဖစ္တယ္။ အမ္မရီအေနနဲ႔ ပိုသန္မာတဲ့ တုိက္စစ္သမားေတြကပဲ လိုခ်င္ပါလိမ့္မယ္။

အာဆင္နယ္က ျပိဳင္ဘက္အသင္းေတြကို ယွဥ္ျပိဳင္ဖုိ႔ရာ ဂရုစိုက္ေနေပမယ့္ အျခားဘက္မွာကလည္း ၾကီးမားတဲ့ လွစ္ဟင္းမႈေတြ ရွိလာေနခဲ့တယ္။ ရမ္းေဆး၊ ဝဲလ္ဘတတို႔မတိုင္ခင္ အဓိက ဥပမာေကာင္း ႏွစ္ခုက ခ်ိန္ဘာလိန္နဲ႔ ဆန္းခ်က္စ္လို တန္ဖိုးျမင့္ ကစားသမားေတြ စာခ်ဳပ္ကုန္ဆံုးခါနီးမွ သက္တမ္းတိုးမႈေတြ အဆင္မေျပပဲ ကလပ္အသင္းကေန ေျပာင္းေရႊ႔ေၾကးၾကီးေတြ လက္လြတ္လိုက္ရတာပါပဲ။ ဒါေတြက အာဆင္နယ္ရဲ႕ ျဖစ္ေနက်အမွားေတြလို ျဖစ္လာေနခဲ့ျပီး ေႏြအေျပာင္းအေရႊ႔မွာတုန္းက ဝီရိႈင္းယားကိုလည္း အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္ခဲ့ရပါေသးတယ္။

ဒီတစ္ၾကိမ္ ရမ္ေဆး၊ ဝဲလ္ဘတ္တို႔ကို စြန္႔လႊတ္ရမွာက တူညီတဲ့မွားယြင္းမႈကို ထပ္ျဖစ္ေစဖို႔လား (သို႔) ဆုဖလား စိန္ေခၚမႈေတြအတြက္ ေျပာင္းလဲမႈအသစ္ေတြကို စတင္ေျခလွမ္းဖို႔လားဆိုတာက လာမယ့္ ႏွစ္အနည္းငယ္မွာ ျမင္ေတြ႔ရပါမယ္။

လာမယ့္ရာသီအတြက္ ဂန္းနားတို႔ ေမွ်ာ္လင့္ေနတဲ့ နယ္ဆန္က ဘြန္ဒက္လီဂါမွာ 9 ပြဲ ကစားျပီး 6 ဂိုး သြင္းထားပါတယ္။ မ်ားေသာအားျဖင့္ အရန္ခံုကေန ထလာတဲ့ပြဲေတြပါ။ ေဟာ့ဖန္ဟိမ္းအသင္းက နယ္ဆန္ကို ေခၚယူလိုမယ္ဆိုရင္ ဂဏန္း 8 လံုးေလာက္ေတာ့ ေျပာင္းေရႊ႔ေၾကး ေပးရပါမယ္။ အာဆင္နယ္မွာ ပြဲထြက္ခြင့္မရလို႔ ဂ်ာမနီကို ေျပာင္းကစားေနတဲ့ နယ္ဆန္က မႏွစ္ကမွ ဂန္းနားတို႔နဲ႔ သက္တမ္းရွည္စာခ်ဳပ္ ခ်ဳပ္ထားလို႔ သူ႔အေနအထားက စိတ္ပူစရာေတာ့ မရွိဘူး။

နလ္ဆန္ဟာ အာဆင္နယ္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေကာင္းေတြကို ပိုင္ဆိုင္ထားတယ္။ ဒါေၾကာင့္လည္း ဘြန္ဒက္လီဂါကလပ္ ေဟာ့ဖန္ဟိမ္းထံ အဌားခ်ျပီး ပံုမွန္ပြဲထြက္ခြင့္ေတြကို ထိေတြ႔ခြင့္ရထားေစတယ္။ ဒီဆယ္္ေက်ာ္သက္ေလးဟာ တိုက္စစ္ပိုင္းေတြအတြက္ ယံုၾကည့္ႏိုင္ေလာက္တဲ့ အရည္အခ်င္းရွိသူပါ။ အမ္မရိတ္ကို ျပန္လာခဲ့ရင္ သူ႔ရဲ႕တိုက္စစ္ပိုင္း တိုးတက္လာမႈေတြအရ ကြင္းလယ္တိုက္စစ္ေနရာကို ျဖည့္ကစားေပးႏိုင္မယ့္သူ ျဖစ္ပါတယ္။

ေမးခြန္းထုတ္စရာရွိတာက ရမ္ေဆးကို ေႏြအေျပာင္းအေရႊ႔မွာ ေရာင္းထုတ္လို႔ရပါရဲ႕နဲ႔ ဘာလို႔ ဒီလို ဆံုးျဖတ္ရတာလဲ? ကလပ္အသင္းက ေပါင္ သန္း 50 ေလာက္ရႏိုင္တဲ့ အခြင့္အေရးကို ဘာလို႔လက္လြတ္ရတာလဲ?

ရမ္ေဆးကိစၥက လက္ခံဖို႔ ခက္ပါတယ္။ အဂၤလန္ထိပ္တန္းကလပ္ေတြမွာ ရမ္ေဆးရဲ႕ အရည္အခ်င္းကို မလိုခ်င္တဲ့ ကလပ္အသင္းက ရွားပါတယ္။ အဂၤလန္ျပင္ပမွာလည္း ဘိုင္ယန္ျမဴနစ္၊ ဂ်ဴဗင္တပ္တို႔ကေတာင္ အလိုရွိတဲ့ ကစားသမားပါ။ ျပႆနာက အာဆင္နယ္ရဲ႕ ဘ႑ာေရးပိုင္းမွာျဖစ္ေနတာပါ။ အာဆင္နယ္က ပိုက္ဆံေတြ ရွားေနတဲ့အသင္း မဟုတ္ဘူး။ ခက္တာက ထိပ္သီး 4 သင္းျပင္ပကို ထြက္ေနရတဲ့ေနာက္ လုပ္ခလစာနဲ႔ အသံုးစရိတ္ပိုင္းကို စိစစ္ဖို႔ လိုအပ္ေနတဲ့ အေျခအေနျဖစ္တယ္။

အျခားတစ္ဘက္မွာ အာဆင္နယ္အသင္းက ရမ္ေဆးကို သက္တမ္းတိုးႏိုင္ဖို႔ ကိစၥမွာ တြန္းအားမေပးတာက လာမယ့္ရာသီမွာ အေျပာင္းအေရႊ႔ လုပ္ရွားမႈၾကီး ျပဳလုပ္ႏိုင္မယ္လို႔ ယံုၾကည္ခ်က္ ရွိထားလို႔လည္း ျဖစ္ႏိုင္ပါတယ္။ မၾကာေသးခင္ကပဲ အာဆင္နယ္ဟာ Adidas နဲ႔ ေပါင္ သန္း 300 တန္ စာခ်ဳပ္အတြက္ သေဘာတူညီမႈလည္း ျပဳလုပ္ထားႏိုင္ပါေသးတယ္။

လူသစ္ေတြေခၚယူဖို႔ရာ အမ္းမရိတ္ကလပ္အတြက္က လုပ္ခလစာေတြဟာ ျပသနာတရပ္ ျဖစ္လာေနခဲ့ျပီးပါျပီ။ အူဘာမီယန္၊ လာကာဇက္တီနဲ႔ အိုေဇးတို႔ကို ျမင့္မားတဲ့ လုပ္ခေတြ ေပးေခ်ထားရတာပါ။ ရမ္ေဆးကို တစ္ပတ္လုပ္ခ ေပါင္ 2 သိန္းအထက္နဲ႔ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ဆိုတာက အာဆင္နယ္အတြက္ မစဥး္စားရမယ့္ ကိစၥ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ဝင္ခြင့္ ထိခိုက္ခဲ့ျခင္းအျဖစ္ ကလပ္တြင္း ဘ႑ာေရးဆိုင္ရာ အမွားေတြကေပးတဲ့ ကန္႔သတ္ခ်က္ေတြက ေႏြအေျပာင္းအေရႊ႔မွာ အသံုးစရိတ္ပိုင္းေကာ၊ လုပ္ခလစာပိုင္းအတြက္ပါ အကန္႔အသတ္ ရွိေစခဲ့ျပီးပါျပီ။

တကယ္တမ္းက အမ္မရီရဲ႕ ပြဲထြက္စာရင္းမွာ ရမ္ေဆးဟာ မ်က္ႏွာသာမရပါဘူး။ သူ႔ေနရာမွာ ကစားသမားသစ္ျဖစ္တဲ့ ေတာ္ရဲရာ ဝင္ေရာက္လာပါတယ္။ ေတာ္ရဲရာဟာ အာဆင္နယ္ဂ်ာစီကို ဝတ္ဆင္တဲ့ ကစားသမားေတြထဲမွာ တိုက္ခိုက္လိုစိတ္ အျပင္းထန္ဆံုး ကြင္းလယ္လူျဖစ္တယ္။ အသက္ 19 ႏွစ္အရြယ္ပဲရွိေသးတဲ့ ဂူရန္ေဒါင္ဇီကလည္း အဂၤလန္မွာ တိုးတက္ျပီး အသားက်လာေနပါတယ္။

အဲ့တာကလြဲရင္ အမ္မရီရဲ႕ နည္းစနစ္ျဖစ္တဲ့ တုိက္စစ္မွဴးႏွစ္ဦးေနာက္ ကြင္းလယ္တိုက္စစ္ပိုင္းအတြက္ တာဝန္ယူမႈမွာ ရမ္ေဆးက အသားမက်ပါဘူး။ ရမ္ေဆးဟာ အေထာင္တုိက္စစ္ တစ္ဦးတည္းရဲ႕ တုိက္စစ္ပိုင္း လြတ္လပ္စြာ ကစားရမႈေတြမွာ ပိုမိုအကၽြမ္းဝင္သူျဖစ္တယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕ပြဲထြက္ခြင့္ေတြက အကန္႔အသတ္ ရွိလာတာျဖစ္တယ္။ အမ္မရီက ရမ္ေဆးအစား ေစ်းေပါျပီး သူ႔ရဲ႕စနစ္နဲ႔ ကိုက္ညီမယ့္ အျခားကြင္းလယ္လူေတြကိုပဲ ေခၚထည့္လိုေနပါတယ္။

အိုေဇးရဲ႕ကိစၥကလည္း တူညီတဲ့ ျပႆနာေတြပါပဲ။ အမ္မရီက အိုေဇးကို မယံုပါဘူး။ ဒါေပမယ့္ တစ္ပတ္လုပ္ခ ေပါင္ 350,000 ထိ ေပးထားရတဲ့ ရမ္ေဆးကုိ ဇန္နဝါရီ (သို႔) ေဆာင္းရာသီေစ်းကြက္မွာ ေရာင္းထုတ္ဖို႔ကလည္း ခက္ခဲမယ့္ ကိစၥျဖစ္တယ္။ အာဆင္နယ္ဟာ အိုေဇးကိစၥမွာ အခ်ိန္ယူျပီး အေျဖရွာရဖို႔လိုပါတယ္။ ရမ္ေဆး၊ အိုေဇးနဲ႔ ဝဲလ္ဘတ္တို႔ကို ေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္ျခင္းက အာဆင္နယ္ကို ေႏြအေျပာင္းအေရႊ႔မွာ ဝင္ေရာက္လႈပ္ရွားခြင့္အတြက္ အားသာခ်က္ေတြ ေပးလာႏိုင္ပါတယ္။

မွားယြင္းတဲ့ စီမံခန္႔ခြဲမႈေတြရဲ႕ အက်ိဳးဆက္အေနနဲ႔ အာဆင္နယ္ဟာ ၾကီး 6 ၾကီး အသင္းေတြထဲမွာ ေျပာင္းေရႊ႔ေၾကးေတြကေန ေငြေၾကးလက္ခံရရွိမႈ အနည္းဆံုးအသင္း ျဖစ္လာခဲ့တယ္။ 2014 ခုႏွစ္ ေႏြအေျပာင္းအေရႊ႔ကစလို႔ အာဆင္နယ္က ကစားသမား ေရာင္းခ်မႈကေန ေပါင္ 161 သန္းရရွိခဲ့ခ်ိန္မွာ ခ်ယ္ဆီးက (ေပါင္ 494 သန္း)၊ လီဗာပူးက (ေပါင္) 442 သန္း)၊ မန္စီးတီးက (ေပါင္ 240 သန္း)၊ ေတာ္တင္ဟမ္က (ေပါင္ 225 သန္း) နဲ႔ ယူႏိုက္တက္က (ေပါင္ 221 သန္း) တို႔ကို ရရွိခဲ့ပါတယ္။

ဒီေတာ့ အာဆင္ဝင္းဂါးလက္ထက္က စီနီယာ ကစားသမားေတြ ထြက္ခြာသြားမယ္ဆိုရင္ေတာ့ မစ္လန္တက္ဟာ အမ္မရီအတြက္ သူ႔ရဲ႕စံႏႈန္းနဲ႔ ကိုက္ညီမယ့္ ကစားသမားေတြကို ေခၚယူေပးဖို႔ အခန္းလြတ္ေတြ အမ်ားၾကီးကို ျဖည့္စည္းေပးရဖို႔ေတြ ရွိလာမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] မြောက်လန်ဒန်ဒါဘီပွဲအပြီး အနိုင်ရအသင်းဘက်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဘာလို့များ ပရီးမီးယားလိဂ်ရဲ့ ဂိုးထောက်ပံ့မှု အကောင်းဆုံး ကစားသမားကို ထွက်ခွာခွင့်ပေးရတာပါလဲ?

အရန်ခုံကထလာတဲ့ အာရွန်ရမ်ဆေးဟာ ကွင်းထဲဝင်လာပြီး ဂိုးထောက်ပံ့မှု 2 ကြိမ် လုပ်ပေးသွားပါတယ်။ အဲ့သည် ထောက်ပံ့မှုတွေကပဲ သူ့ကို ထိပ်ဆုံးကို ရောက်စေခဲ့တာပါ။ ယူနိုက်တက်နဲ့ပွဲအပြီးမှာတော့ လိဂ်ရဲ့ ဂိုးထောက်ပံ့မှု အမြင့်ဆုံးစာရင်းမှာ သူ့ထက်ပိုတဲ့ ကစားသမားက တစ်ဦးပဲ ရှိပါတော့တယ်။ ဒါပေမယ့်လို့ အာဆင်နယ်က ရမ်ဆေးကို နွေမှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့် ပေးပါတော့မယ်။

အင်္ဂါနေ့ကပဲ ထပ်မံအတည်ပြုသတင်းတွေ ထွက်လာတာက ဝဲလ်ဘတ်ကလည်း ရာသီကုန်ရင် အလွှတ်နဲ့ ထွက်ခွာမှာပါ။ သူကလည်း ရမ်ဆေးလို ဂျူလိုင်မှာ သက်တမ်းကုန်မယ့် ကစားသမားဖြစ်တယ်။ သူတို့ရဲ့ စာချုပ်တွေ မကုန်ဆုံးဘူးဆိုရင် ရမ်ဆေးက ပေါင် သန်း 50 လောက်တန်ပြီး ဝဲလ်ဘတ်က ပေါင် 25 သန်းလောက်တန်တဲ့ ကစားသမားမျိုးဖြစ်တယ်။ စိတ်မကောင်းစွာနဲ့ ပြောရရင် အသင်းက ပိုက်ဆံတွေ အရမ်းပေါလို့များ ဖြုန်းနေသလား အောက်မေ့ရပါတယ်။

ဝဲလ်ဘတ်ရဲ့ အနေအထားက မှားတယ်လို့တော့ ပြောမရပါဘူး။ အင်္ဂလန်လက်ရွေးစင်ဟာ 2014 မှာ ယူနိုက်တက်ကနေ ပြောင်းလာခဲ့ပြီး ပွဲ 80 ကျော် လွဲချော်ထားတယ်။ ဒဏ်ရာပြဿနာတွေက သူ့ကို မကြာခဏ နှိပ်စက်နေပြီး ဒီရာသီမှာလည်း အူဘာမီယန်နဲ့ လာကာဇက်တီတို့နောက်မှာပဲ ပွဲထွက်နေရသူဖြစ်တယ်။ အမ်မရီအနေနဲ့ ပိုသန်မာတဲ့ တိုက်စစ်သမားတွေကပဲ လိုချင်ပါလိမ့်မယ်။

အာဆင်နယ်က ပြိုင်ဘက်အသင်းတွေကို ယှဉ်ပြိုင်ဖို့ရာ ဂရုစိုက်နေပေမယ့် အခြားဘက်မှာကလည်း ကြီးမားတဲ့ လှစ်ဟင်းမှုတွေ ရှိလာနေခဲ့တယ်။ ရမ်းဆေး၊ ဝဲလ်ဘတတို့မတိုင်ခင် အဓိက ဥပမာကောင်း နှစ်ခုက ချိန်ဘာလိန်နဲ့ ဆန်းချက်စ်လို တန်ဖိုးမြင့် ကစားသမားတွေ စာချုပ်ကုန်ဆုံးခါနီးမှ သက်တမ်းတိုးမှုတွေ အဆင်မပြေပဲ ကလပ်အသင်းကနေ ပြောင်းရွှေ့ကြေးကြီးတွေ လက်လွတ်လိုက်ရတာပါပဲ။ ဒါတွေက အာဆင်နယ်ရဲ့ ဖြစ်နေကျအမှားတွေလို ဖြစ်လာနေခဲ့ပြီး နွေအပြောင်းအရွှေ့မှာတုန်းက ဝီရှိုင်းယားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ခဲ့ရပါသေးတယ်။

ဒီတစ်ကြိမ် ရမ်ဆေး၊ ဝဲလ်ဘတ်တို့ကို စွန့်လွှတ်ရမှာက တူညီတဲ့မှားယွင်းမှုကို ထပ်ဖြစ်စေဖို့လား (သို့) ဆုဖလား စိန်ခေါ်မှုတွေအတွက် ပြောင်းလဲမှုအသစ်တွေကို စတင်ခြေလှမ်းဖို့လားဆိုတာက လာမယ့် နှစ်အနည်းငယ်မှာ မြင်တွေ့ရပါမယ်။

လာမယ့်ရာသီအတွက် ဂန်းနားတို့ မျှော်လင့်နေတဲ့ နယ်ဆန်က ဘွန်ဒက်လီဂါမှာ 9 ပွဲ ကစားပြီး 6 ဂိုး သွင်းထားပါတယ်။ များသောအားဖြင့် အရန်ခုံကနေ ထလာတဲ့ပွဲတွေပါ။ ဟော့ဖန်ဟိမ်းအသင်းက နယ်ဆန်ကို ခေါ်ယူလိုမယ်ဆိုရင် ဂဏန်း 8 လုံးလောက်တော့ ပြောင်းရွှေ့ကြေး ပေးရပါမယ်။ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရလို့ ဂျာမနီကို ပြောင်းကစားနေတဲ့ နယ်ဆန်က မနှစ်ကမှ ဂန်းနားတို့နဲ့ သက်တမ်းရှည်စာချုပ် ချုပ်ထားလို့ သူ့အနေအထားက စိတ်ပူစရာတော့ မရှိဘူး။

နလ်ဆန်ဟာ အာဆင်နယ်အသင်းရဲ့ မျှော်လင့်ချက်ကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်လည်း ဘွန်ဒက်လီဂါကလပ် ဟော့ဖန်ဟိမ်းထံ အဌားချပြီး ပုံမှန်ပွဲထွက်ခွင့်တွေကို ထိတွေ့ခွင့်ရထားစေတယ်။ ဒီဆယ်ကျော်သက်လေးဟာ တိုက်စစ်ပိုင်းတွေအတွက် ယုံကြည့်နိုင်လောက်တဲ့ အရည်အချင်းရှိသူပါ။ အမ်မရိတ်ကို ပြန်လာခဲ့ရင် သူ့ရဲ့တိုက်စစ်ပိုင်း တိုးတက်လာမှုတွေအရ ကွင်းလယ်တိုက်စစ်နေရာကို ဖြည့်ကစားပေးနိုင်မယ့်သူ ဖြစ်ပါတယ်။

မေးခွန်းထုတ်စရာရှိတာက ရမ်ဆေးကို နွေအပြောင်းအရွှေ့မှာ ရောင်းထုတ်လို့ရပါရဲ့နဲ့ ဘာလို့ ဒီလို ဆုံးဖြတ်ရတာလဲ? ကလပ်အသင်းက ပေါင် သန်း 50 လောက်ရနိုင်တဲ့ အခွင့်အရေးကို ဘာလို့လက်လွတ်ရတာလဲ?

ရမ်ဆေးကိစ္စက လက်ခံဖို့ ခက်ပါတယ်။ အင်္ဂလန်ထိပ်တန်းကလပ်တွေမှာ ရမ်ဆေးရဲ့ အရည်အချင်းကို မလိုချင်တဲ့ ကလပ်အသင်းက ရှားပါတယ်။ အင်္ဂလန်ပြင်ပမှာလည်း ဘိုင်ယန်မြူနစ်၊ ဂျူဗင်တပ်တို့ကတောင် အလိုရှိတဲ့ ကစားသမားပါ။ ပြဿနာက အာဆင်နယ်ရဲ့ ဘဏ္ဍာရေးပိုင်းမှာဖြစ်နေတာပါ။ အာဆင်နယ်က ပိုက်ဆံတွေ ရှားနေတဲ့အသင်း မဟုတ်ဘူး။ ခက်တာက ထိပ်သီး 4 သင်းပြင်ပကို ထွက်နေရတဲ့နောက် လုပ်ခလစာနဲ့ အသုံးစရိတ်ပိုင်းကို စိစစ်ဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်။

အခြားတစ်ဘက်မှာ အာဆင်နယ်အသင်းက ရမ်ဆေးကို သက်တမ်းတိုးနိုင်ဖို့ ကိစ္စမှာ တွန်းအားမပေးတာက လာမယ့်ရာသီမှာ အပြောင်းအရွှေ့ လုပ်ရှားမှုကြီး ပြုလုပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိထားလို့လည်း ဖြစ်နိုင်ပါတယ်။ မကြာသေးခင်ကပဲ အာဆင်နယ်ဟာ Adidas နဲ့ ပေါင် သန်း 300 တန် စာချုပ်အတွက် သဘောတူညီမှုလည်း ပြုလုပ်ထားနိုင်ပါသေးတယ်။

လူသစ်တွေခေါ်ယူဖို့ရာ အမ်းမရိတ်ကလပ်အတွက်က လုပ်ခလစာတွေဟာ ပြသနာတရပ် ဖြစ်လာနေခဲ့ပြီးပါပြီ။ အူဘာမီယန်၊ လာကာဇက်တီနဲ့ အိုဇေးတို့ကို မြင့်မားတဲ့ လုပ်ခတွေ ပေးချေထားရတာပါ။ ရမ်ဆေးကို တစ်ပတ်လုပ်ခ ပေါင် 2 သိန်းအထက်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုဖို့ဆိုတာက အာဆင်နယ်အတွက် မစဥ်းစားရမယ့် ကိစ္စ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် ထိခိုက်ခဲ့ခြင်းအဖြစ် ကလပ်တွင်း ဘဏ္ဍာရေးဆိုင်ရာ အမှားတွေကပေးတဲ့ ကန့်သတ်ချက်တွေက နွေအပြောင်းအရွှေ့မှာ အသုံးစရိတ်ပိုင်းကော၊ လုပ်ခလစာပိုင်းအတွက်ပါ အကန့်အသတ် ရှိစေခဲ့ပြီးပါပြီ။

တကယ်တမ်းက အမ်မရီရဲ့ ပွဲထွက်စာရင်းမှာ ရမ်ဆေးဟာ မျက်နှာသာမရပါဘူး။ သူ့နေရာမှာ ကစားသမားသစ်ဖြစ်တဲ့ တော်ရဲရာ ဝင်ရောက်လာပါတယ်။ တော်ရဲရာဟာ အာဆင်နယ်ဂျာစီကို ဝတ်ဆင်တဲ့ ကစားသမားတွေထဲမှာ တိုက်ခိုက်လိုစိတ် အပြင်းထန်ဆုံး ကွင်းလယ်လူဖြစ်တယ်။ အသက် 19 နှစ်အရွယ်ပဲရှိသေးတဲ့ ဂူရန်ဒေါင်ဇီကလည်း အင်္ဂလန်မှာ တိုးတက်ပြီး အသားကျလာနေပါတယ်။

အဲ့တာကလွဲရင် အမ်မရီရဲ့ နည်းစနစ်ဖြစ်တဲ့ တိုက်စစ်မှူးနှစ်ဦးနောက် ကွင်းလယ်တိုက်စစ်ပိုင်းအတွက် တာဝန်ယူမှုမှာ ရမ်ဆေးက အသားမကျပါဘူး။ ရမ်ဆေးဟာ အထောင်တိုက်စစ် တစ်ဦးတည်းရဲ့ တိုက်စစ်ပိုင်း လွတ်လပ်စွာ ကစားရမှုတွေမှာ ပိုမိုအကျွမ်းဝင်သူဖြစ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့ပွဲထွက်ခွင့်တွေက အကန့်အသတ် ရှိလာတာဖြစ်တယ်။ အမ်မရီက ရမ်ဆေးအစား ဈေးပေါပြီး သူ့ရဲ့စနစ်နဲ့ ကိုက်ညီမယ့် အခြားကွင်းလယ်လူတွေကိုပဲ ခေါ်ထည့်လိုနေပါတယ်။

အိုဇေးရဲ့ကိစ္စကလည်း တူညီတဲ့ ပြဿနာတွေပါပဲ။ အမ်မရီက အိုဇေးကို မယုံပါဘူး။ ဒါပေမယ့် တစ်ပတ်လုပ်ခ ပေါင် 350,000 ထိ ပေးထားရတဲ့ ရမ်ဆေးကို ဇန်နဝါရီ (သို့) ဆောင်းရာသီဈေးကွက်မှာ ရောင်းထုတ်ဖို့ကလည်း ခက်ခဲမယ့် ကိစ္စဖြစ်တယ်။ အာဆင်နယ်ဟာ အိုဇေးကိစ္စမှာ အချိန်ယူပြီး အဖြေရှာရဖို့လိုပါတယ်။ ရမ်ဆေး၊ အိုဇေးနဲ့ ဝဲလ်ဘတ်တို့ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းက အာဆင်နယ်ကို နွေအပြောင်းအရွှေ့မှာ ဝင်ရောက်လှုပ်ရှားခွင့်အတွက် အားသာချက်တွေ ပေးလာနိုင်ပါတယ်။

မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေရဲ့ အကျိုးဆက်အနေနဲ့ အာဆင်နယ်ဟာ ကြီး 6 ကြီး အသင်းတွေထဲမှာ ပြောင်းရွှေ့ကြေးတွေကနေ ငွေကြေးလက်ခံရရှိမှု အနည်းဆုံးအသင်း ဖြစ်လာခဲ့တယ်။ 2014 ခုနှစ် နွေအပြောင်းအရွှေ့ကစလို့ အာဆင်နယ်က ကစားသမား ရောင်းချမှုကနေ ပေါင် 161 သန်းရရှိခဲ့ချိန်မှာ ချယ်ဆီးက (ပေါင် 494 သန်း)၊ လီဗာပူးက (ပေါင်) 442 သန်း)၊ မန်စီးတီးက (ပေါင် 240 သန်း)၊ တော်တင်ဟမ်က (ပေါင် 225 သန်း) နဲ့ ယူနိုက်တက်က (ပေါင် 221 သန်း) တို့ကို ရရှိခဲ့ပါတယ်။

ဒီတော့ အာဆင်ဝင်းဂါးလက်ထက်က စီနီယာ ကစားသမားတွေ ထွက်ခွာသွားမယ်ဆိုရင်တော့ မစ်လန်တက်ဟာ အမ်မရီအတွက် သူ့ရဲ့စံနှုန်းနဲ့ ကိုက်ညီမယ့် ကစားသမားတွေကို ခေါ်ယူပေးဖို့ အခန်းလွတ်တွေ အများကြီးကို ဖြည့်စည်းပေးရဖို့တွေ ရှိလာမှာဖြစ်ပါတယ်။

Sports Home Time