နာပိုလီက အသင္းေကာင္းပါ က်ေနာ္တို႔ အလုပ္က သူတို႔ထက္ ပိုေကာင္းေၾကာင္း ျပသဖို႔ပါ

[Zawgyi] လီဗာပူးအတြက္ ေသေရး ရွင္ေရး အဆံုးအျဖတ္ေပးမယ့္ ခ်န္ပီယံလိဂ္ပြဲကိုေတာ့ လာမယ့္ ဗုဒၶဟူးေန႔ မနက္ (2း30) နာရီ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရပါမယ္။ လီဗာပူးဟာ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖုိ႔ စီးရီးေအကလပ္ နာပိုလီကို အနည္းဆံုး 1-0 နဲ႔ အႏိုင္ရရမွာျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ပြဲေကာင္းတစ္ပြဲအတြက္ ဘယ္သူေတြကို အကူအညီေတာင္းရမယ္ဆိုတာ ေကာင္းေကာင္းနားလည္ပါတယ္။ ကေလာ့ပ္က အန္ဖီးကြင္းမွာ ေက်ာ္ၾကားလွတဲ့ အနီိေရာင္အားေပးသူေတြကို ကလပ္အသင္းအား ပံ့ပိုးေပးၾကပါလို႔ ဆင့္ေခၚလာပါတယ္။

ကေလာ့ပ္က ” နာပိုလီမွာ က်ေနာ္တုိ႔ မေကာင္းခဲ့ပါဘူး။ ဒီေတာ့ ပထမဆံုးအေနနဲ႔ က်ေနာ္တို႔က သူ႔တို႔ထက္ ပိုေကာင္းတယ္ဆိုတာ အန္ဖီးမွာ ကစားျပလိုပါတယ္။ ထပ္ျပီးလည္း အန္ဖီးကို ဆင့္ေခၚပါတယ္၊ ပရိသတ္ေတြကိုလည္း က်ေနာ္တို႔ကို ကူညီဖို႔ ပန္ၾကားလိုပါတယ္။ ဒါက တကယ္ကို ၾကီးမားတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ ဒီပြဲက ဘယ္ေလာက္ေတာင္ အေရးပါတဲ့ပြဲလည္းဆိုတာ က်ေနာ္တုိ႔ ပရိသတ္ေတြသိပါတယ္။ အသင္းပရိသတ္ေတြလည္း ဒီပြဲကို ေမွ်ာ္လင့္ေနၾကမယ္ဆိုတာ က်ေနာ္သိပါတယ္။

ၾကီးမားတဲ့ ပရိသတ္အားေပးမႈ အသိုင္းအဝိုင္းဟာ က်ေနာ္တို႔ကို အကူအညီျဖစ္ေစပါတယ္။ ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္အဆင့္ကို တက္ေရာက္ဖို႔ရာ က်ေနာ္တို႔ လုပ္ႏိုင္တာ အားလံုးကို ၾကိဳးစားသြားမွာပါ။ ခ်န္ပီယံလိဂ္မွာ က်ေနာ္တို႔ အေကာင္းဆံုးပံုစံေတြ မျပသထားႏိုင္ေပမယ့္ ေကာင္းမြန္တဲ့ ရလဒ္က ေနာက္တစ္ဆင့္ကို တက္လွမ္းဖို႔ အခြင့္အေရး ရွိမယ္ဆိုတာ က်ေနာ္တုိ႔ သိပါတယ္ ” လို႔ သတိေပးစကား ဆိုပါတယ္။

ယခင္တစ္ၾကိမ္ ယွဥ္ျပိဳင္မႈမွာ လီဗာပူးဟာ ပီအက္ဂ်ီအသင္းကို 2-1 နဲ႔ အေရးနိမ့္ခဲ့တာပါ။ ဒါေၾကာင့္ ရံွဴးထြက္အဆင့္ကို ခပ္ေစာေစာ တက္ေရာက္ႏိုင္ခြင့္အား လက္လြတ္ခဲ့ရတယ္။ အုပ္စုအဆင့္မွာလည္း နာပိုလီနဲ႔ ပီအက္ဂ်ီေနာက္ တတိယေနရာမွာ ေရာက္ေနပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္မွာ အေဝးကြင္း သံုးပြဲလံုး ရံွဴးထားပါတယ္။ ဒါဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲတစ္ေလွ်ာက္ လီဗာပူးအတြက္ ပထမဆံုးလည္းျဖစ္တယ္။

လီဗာပူးက ရမွတ္ 6 မွတ္ပဲရွိေသးျပီး 9 မွတ္ရထားတဲ့ နာပိုလီ၊ 8 မွတ္ရထားတဲ့ ပီအက္ဂ်ီအသင္း ေနာက္ေတြမွာပဲ ရွိေနတာပါ။ လီဗာပူးက 1-0 နဲ႔ အႏိုင္ရရင္ေတာင္ အုပ္စုတက္ေပမယ့္ နာပိုလီဘက္က သြင္းဂိုးတစ္ဂိုး ရခဲ့မယ္ဆိုရင္ အနည္းဆံုး 2 ဂိုးျပတ္ႏိုင္ဖို႔ လိုလာပါလိမ့္မယ္။

” ခ်န္ပီယံလိဂ္ျပိဳင္ပြဲတစ္ေလွ်ာက္ က်ေနာ္တုိ႔ရဲ႕ အိမ္ကြင္းပြဲေတြက အထင္ၾကီးဖို႔ ေကာင္းပါတယ္။ နာပိုလီ ရင္ဆိုင္ရမွာ လီဗာပူးပါ။ ခက္ခဲဲတဲ့ပြဲျဖစ္လာမယ္ဆိုတာ သူတို႔သိေပမယ့္ နာပိုလီကလည္း သန္မာပါတယ္။ ဒီေတာ့ သူတို႔ထက္ ပိုသန္မာဖို႔လိုပါတယ္။

ကိုယ္နဲ႔ထိုက္တန္တာပဲ ကိုယ္ရတယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ အကယ္လို႔ က်ေနာ္တုိ႔က ထိုက္တန္တဲ့ ရလဒ္ရမယ္ဆိုရင္ ေနာက္တစ္ဆင့္ကို တက္သြားႏိုင္မွာျဖစ္ျပီး မဟုတ္ရင္လည္း နာပိုလီနဲ႔ ပီအက္ဂ်ီကို ဂုဏ္ျပဳလိုက္ဖို႔ပဲရွိပါတယ္။ ဒီဂရုက စိတ္လႈပ္ရွားရစရာပါ။ ေလးစားမႈရွိေပမယ့္ ဘဲလ္ဂရိတ္မွာ က်ေနာ္တို႔ အေရးမနိမ့္ခဲ့သင့္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔ အေရးနိမ့္ခဲ့တယ္။ အခုခ်ိန္မွာ က်ေနာ္တို႔ ခ်န္ပီယံလိဂ္မွာ တကယ္ကို ဆက္ေနလိုတယ္ဆုိတာကို ျပသရပါေတာ့မယ္။ ”

လီဗာပူး ေနာက္တစ္ဆင့္ကိုတက္ဖို႔ အျခားနည္းလမ္းမွာေတာ့ ပီအက္ဂ်ီအသင္း သေရက်ဖို႔လိုပါတယ္။ ဒါဆိုရင္ေတာ့ နာပိုလီကို ရင္ဆုိင္တဲ့ပြဲမွာ ဘယ္လိုအႏိုင္ရလဒ္ပဲ ထြက္ပါေစ လီဗာပူး အုပ္စုတက္ပါမယ္။ ဒါေပမယ့္လို႔ လံုးဝ ရံွဴးလို႔မရတဲ့ ခ်န္ပီယံလိဂ္ပြဲတစ္ပြဲအတြက္ အန္ဖီးကြင္းကေတာ့ ေစာ္ေမွ်ာ္လို႔ေနျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအတွက် သေရေး ရှင်ရေး အဆုံးအဖြတ်ပေးမယ့် ချန်ပီယံလိဂ်ပွဲကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မနက် (2း30) နာရီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးဟာ ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ စီးရီးအေကလပ် နာပိုလီကို အနည်းဆုံး 1-0 နဲ့ အနိုင်ရရမှာဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ပွဲကောင်းတစ်ပွဲအတွက် ဘယ်သူတွေကို အကူအညီတောင်းရမယ်ဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ ကလော့ပ်က အန်ဖီးကွင်းမှာ ကျော်ကြားလှတဲ့ အနီရောင်အားပေးသူတွေကို ကလပ်အသင်းအား ပံ့ပိုးပေးကြပါလို့ ဆင့်ခေါ်လာပါတယ်။

ကလော့ပ်က ” နာပိုလီမှာ ကျနော်တို့ မကောင်းခဲ့ပါဘူး။ ဒီတော့ ပထမဆုံးအနေနဲ့ ကျနော်တို့က သူ့တို့ထက် ပိုကောင်းတယ်ဆိုတာ အန်ဖီးမှာ ကစားပြလိုပါတယ်။ ထပ်ပြီးလည်း အန်ဖီးကို ဆင့်ခေါ်ပါတယ်၊ ပရိသတ်တွေကိုလည်း ကျနော်တို့ကို ကူညီဖို့ ပန်ကြားလိုပါတယ်။ ဒါက တကယ်ကို ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲက ဘယ်လောက်တောင် အရေးပါတဲ့ပွဲလည်းဆိုတာ ကျနော်တို့ ပရိသတ်တွေသိပါတယ်။ အသင်းပရိသတ်တွေလည်း ဒီပွဲကို မျှော်လင့်နေကြမယ်ဆိုတာ ကျနော်သိပါတယ်။

ကြီးမားတဲ့ ပရိသတ်အားပေးမှု အသိုင်းအဝိုင်းဟာ ကျနော်တို့ကို အကူအညီဖြစ်စေပါတယ်။ ချန်ပီယံလိဂ်မှာ ရံှူးထွက်အဆင့်ကို တက်ရောက်ဖို့ရာ ကျနော်တို့ လုပ်နိုင်တာ အားလုံးကို ကြိုးစားသွားမှာပါ။ ချန်ပီယံလိဂ်မှာ ကျနော်တို့ အကောင်းဆုံးပုံစံတွေ မပြသထားနိုင်ပေမယ့် ကောင်းမွန်တဲ့ ရလဒ်က နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရှိမယ်ဆိုတာ ကျနော်တို့ သိပါတယ် ” လို့ သတိပေးစကား ဆိုပါတယ်။

ယခင်တစ်ကြိမ် ယှဉ်ပြိုင်မှုမှာ လီဗာပူးဟာ ပီအက်ဂျီအသင်းကို 2-1 နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒါကြောင့် ရံှူးထွက်အဆင့်ကို ခပ်စောစော တက်ရောက်နိုင်ခွင့်အား လက်လွတ်ခဲ့ရတယ်။ အုပ်စုအဆင့်မှာလည်း နာပိုလီနဲ့ ပီအက်ဂျီနောက် တတိယနေရာမှာ ရောက်နေပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာ အဝေးကွင်း သုံးပွဲလုံး ရံှူးထားပါတယ်။ ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် လီဗာပူးအတွက် ပထမဆုံးလည်းဖြစ်တယ်။

လီဗာပူးက ရမှတ် 6 မှတ်ပဲရှိသေးပြီး 9 မှတ်ရထားတဲ့ နာပိုလီ၊ 8 မှတ်ရထားတဲ့ ပီအက်ဂျီအသင်း နောက်တွေမှာပဲ ရှိနေတာပါ။ လီဗာပူးက 1-0 နဲ့ အနိုင်ရရင်တောင် အုပ်စုတက်ပေမယ့် နာပိုလီဘက်က သွင်းဂိုးတစ်ဂိုး ရခဲ့မယ်ဆိုရင် အနည်းဆုံး 2 ဂိုးပြတ်နိုင်ဖို့ လိုလာပါလိမ့်မယ်။

” ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ကျနော်တို့ရဲ့ အိမ်ကွင်းပွဲတွေက အထင်ကြီးဖို့ ကောင်းပါတယ်။ နာပိုလီ ရင်ဆိုင်ရမှာ လီဗာပူးပါ။ ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာ သူတို့သိပေမယ့် နာပိုလီကလည်း သန်မာပါတယ်။ ဒီတော့ သူတို့ထက် ပိုသန်မာဖို့လိုပါတယ်။

ကိုယ်နဲ့ထိုက်တန်တာပဲ ကိုယ်ရတယ်လို့ ကျနော် ယုံကြည်ပါတယ်။ အကယ်လို့ ကျနော်တို့က ထိုက်တန်တဲ့ ရလဒ်ရမယ်ဆိုရင် နောက်တစ်ဆင့်ကို တက်သွားနိုင်မှာဖြစ်ပြီး မဟုတ်ရင်လည်း နာပိုလီနဲ့ ပီအက်ဂျီကို ဂုဏ်ပြုလိုက်ဖို့ပဲရှိပါတယ်။ ဒီဂရုက စိတ်လှုပ်ရှားရစရာပါ။ လေးစားမှုရှိပေမယ့် ဘဲလ်ဂရိတ်မှာ ကျနော်တို့ အရေးမနိမ့်ခဲ့သင့်ဘူး။ ဒါပေမယ့် ကျနော်တို့ အရေးနိမ့်ခဲ့တယ်။ အခုချိန်မှာ ကျနော်တို့ ချန်ပီယံလိဂ်မှာ တကယ်ကို ဆက်နေလိုတယ်ဆိုတာကို ပြသရပါတော့မယ်။ ”

လီဗာပူး နောက်တစ်ဆင့်ကိုတက်ဖို့ အခြားနည်းလမ်းမှာတော့ ပီအက်ဂျီအသင်း သရေကျဖို့လိုပါတယ်။ ဒါဆိုရင်တော့ နာပိုလီကို ရင်ဆိုင်တဲ့ပွဲမှာ ဘယ်လိုအနိုင်ရလဒ်ပဲ ထွက်ပါစေ လီဗာပူး အုပ်စုတက်ပါမယ်။ ဒါပေမယ့်လို့ လုံးဝ ရံှူးလို့မရတဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွက် အန်ဖီးကွင်းကတော့ စော်မျှော်လို့နေပြီဖြစ်ပါတယ်။

Sports Home Time