ခ်န္ပီယံလိဂ္မွာ လီဗာပူးကို ေပၚတို နွစ္ေက်ာ့လံုး အနုိင္ရနုိင္တဲ့ အေၾကာင္းရင္း ေမာ္ရင္ညိဳ ဖြင့္ဟ

[Zawgyi] ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ လီဗာပူးအသင္းအေနနဲ႕ ျပိဳင္ဘက္ ေပၚတိုအသင္းကို ေလွ်ာ့တြက္ မထားဖို႔ ၄င္း အသင္းေဟာင္းဘက္က ဂ်ိဳ႕စ္ ေမာ္ရင္ညိဳက သတိေပးစကား ဆိုလိုက္ပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ဒီအဆင့္မွာ အလြယ္ကူဆံုး ျပိဳင္ဘက္နဲ႕ ရင္ဆုိင္ရတယ္လို႔ အမ်ားက မွတ္ခ်က္ျပဳထားတာပါ။

ဒါေပမယ့္ ေမာ္ရင္ညိဳကေတာ့ လီဗာပူးအသင္းရဲ႕ ျပည္တြင္း အမွတ္ေပးဖလား အာရံုရွိေနတာက ေပၚတိုအေနနဲ႕ ပရီးမီးလိဂ္ကလပ္ကို ေက်ာ္ျဖတ္နုိင္မယ့္ အခြင့္ေကာင္း ျဖစ္လာမယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။

“ေပၚတိုမွာလည္း အနိုင္ယူျပီး ေနာက္တစ္ဆင့္ တက္နုိင္တဲ့ အခြင့္အေရး ရွိေနပါတယ္။ ျပီးခဲ့တဲ့ ရာသီကနဲ႕ ယွဥ္ရင္ ဒီနွစ္မွာ မတူညီေအာင္ ဘာလုပ္ရမလဲဆိုတာ ေပၚတိုနည္းျပ ဆာဂ်ီယို ကြန္စီကာအိုလည္း သူ႔ကို သူ ေမးခြန္းေတြထုတ္ အေျဖရွာျပီး ျဖစ္ေနေလာက္ပါျပီ။ ျပိဳင္ပြဲက မျပီးေသးပါဘူး .. ရွံဳဴးခဲ့တယ္ဆိုတာ ယခင္ကပဲ။ က်ေနာ္ကေတာ့ ေပၚတို နွစ္ေက်ာ့လံုး အနုိင္ကစားနုိင္မယ္လို႔ေတာင္ ယံုၾကည္ေနပါတယ္။”

” လီဗာပူးအသင္းက တစ္ဦးခ်င္း ေကာင္းမြန္တဲ့ အရည္အခ်င္းရွိ ကစားသမားေတြ ရွိပါတယ္။ ဒါေပမယ့္ သူတို႔က ပရီးမီးယားလိဂ္ဖလား ဗိုလ္စြဲဖို႔ ၾကိဳးစားေနဆဲ ျဖစ္တယ္။ ဒါေၾကာင့္ သူတို႔က ေပၚတိုနဲ႕ ရင္ဆိုင္ရမယ့္ ပြဲေတြ မတိုင္ခင္နဲ႕ ၾကားပြဲေတြမွာ လူခ်န္ ကစားလို႔ မရပါဘူး။” လို႔ ေမာ္ရင္ညိဳက ေပၚတိုအတြက္ အခ်က္ေပး ေျပာဆိုသြားပါတယ္။

လီဗာပူးနဲ႕ ေပၚတိုအသင္းတို႔ဟာ ကြာတားဖိုင္နယ္ ပထမအေက်ာ့ ပြဲစဥ္အျဖစ္ ဧျပီလ ၁၀ ရက္ေန႔ အန္းဖီးမွာ ကစားမွာ ျဖစ္ျပီး ဒုတိယအေက်ာ့ကိုေတာ့ ဧျပီ ၁၈ ရက္ ေပၚတိုကြင္းမွာ ယွဥ္ျပိဳင္ၾကမွာပါ။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးအသင်းအနေနဲ့ ပြိုင်ဘက် ပေါ်တိုအသင်းကို လျှော့တွက် မထားဖို့ ၎င်း အသင်းဟောင်းဘက်က ဂျို့စ် မော်ရင်ညိုက သတိပေးစကား ဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီအဆင့်မှာ အလွယ်ကူဆုံး ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတယ်လို့ အများက မှတ်ချက်ပြုထားတာပါ။ ဒါပေမယ့် မော်ရင်ညိုကတော့ လီဗာပူးအသင်းရဲ့ ပြည်တွင်း အမှတ်ပေးဖလား အာရုံရှိနေတာက ပေါ်တိုအနေနဲ့ ပရီးမီးလိဂ်ကလပ်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်ကောင်း ဖြစ်လာမယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

“ပေါ်တိုမှာလည်း အနိုင်ယူပြီး နောက်တစ်ဆင့် တက်နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကနဲ့ ယှဉ်ရင် ဒီနှစ်မှာ မတူညီအောင် ဘာလုပ်ရမလဲဆိုတာ ပေါ်တိုနည်းပြ ဆာဂျီယို ကွန်စီကာအိုလည်း သူ့ကို သူ မေးခွန်းတွေထုတ် အဖြေရှာပြီး ဖြစ်နေလောက်ပါပြီ။ ပြိုင်ပွဲက မပြီးသေးပါဘူး .. ရှုံူးခဲ့တယ်ဆိုတာ ယခင်ကပဲ။ ကျနော်ကတော့ ပေါ်တို နှစ်ကျော့လုံး အနိုင်ကစားနိုင်မယ်လို့တောင် ယုံကြည်နေပါတယ်။”

” လီဗာပူးအသင်းက တစ်ဦးချင်း ကောင်းမွန်တဲ့ အရည်အချင်းရှိ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲဖို့ ကြိုးစားနေဆဲ ဖြစ်တယ်။ ဒါကြောင့် သူတို့က ပေါ်တိုနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေ မတိုင်ခင်နဲ့ ကြားပွဲတွေမှာ လူချန် ကစားလို့ မရပါဘူး။” လို့ မော်ရင်ညိုက ပေါ်တိုအတွက် အချက်ပေး ပြောဆိုသွားပါတယ်။ လီဗာပူးနဲ့ ပေါ်တိုအသင်းတို့ဟာ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ဧပြီလ ၁၀ ရက်နေ့ အန်းဖီးမှာ ကစားမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဧပြီ ၁၈ ရက် ပေါ်တိုကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

Sports Home Time