ဆာလက္ရဲ႕ အရည္အခ်င္းကို ဘယ္တုန္းကမွ သံသယမရွိခဲ့ေၾကာင္း ကေလာ့ပ္ ဆို

[Zawgyi] အီဂ်စ္တိုက္စစ္မွဴး မိုဆာလက္က ၄င္းရဲ႕ ဒီေဘာလံုးရာသီ ပထမဆံုး ဟက္ထရစ္အျဖစ္ ဘုန္းေမာက္နဲ႕ပြဲမွာ ၃ဂိုးသြင္း ရယူသြားပါတယ္။ လီဗာပူး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က တိုက္စစ္မွဴး မိုရဲ႕ အရည္အခ်င္းကို ဘယ္တုန္းကမွ သံသယမရွိခဲ့ စိတ္မပူခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဆာလက္ဟာ အရင္ရာသီကလို ေျခစြမ္းမ်ိဳး မရွိေနဘူး မေကာင္းေတာ့ဘူးလို႔ ေ၀ဖန္မႈေတြ ရွိေနၾကေပမယ့္ ဆာလက္ကေတာ့ အရင္လို အစြမ္းထက္တဲ့ ဂိုးမုဆိုးျဖစ္ေနဆဲဆိုတာ ဘုန္းေမာက္နဲ႔ပြဲမွာ ျပသခဲ့ပါတယ္။ ဆာလက္က ဒီရာသီ ၂၂ ပြဲ ကစားထားရာမွာ ၁၂ ဂိုး သြင္းထားျပီးပါျပီ။

“ၾကည့္ၾကဦး.. ခင္ဗ်ားတို႕ သတင္းဌာနေတြကလည္း ခက္တယ္.. အခ်ိန္တိုေလးၾကည့္ျပီး ဆံုးျဖတ္ၾကတယ္။ က်ေနာ္လည္း လက္ရွိအခ်ိန္ကို ေလ့လာတတ္တဲ့သူပါ.. ဒါေပမယ့္ ခဏေလးနဲ႕ လူတစ္ေယာက္ကို ေကာက္ခ်က္ခ်တာမ်ိဳးေတာ့ မလုပ္ဘူး။ က်ေန္ာတို႔ ပံုစံအတိုင္း သြားေနတာ ျဖစ္လို႔ တစ္စကၠန္႔ေတာင္ စိတ္မပူခဲ့ဘူး။” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ဆာလက္ရဲ႕ လီဗာပူးနဲ႕ ပထမရာသီကေတာ့ လူအမ်ားကို အံ့အားသင့္ေစခဲ့တာပါ။ ရိုးမားကစားသမားေဟာင္း ဆာလက္က ပရီးမီးယားလိဂ္ ေရာက္တဲ့ရာသီမွာပဲ ၄၁ ဂိုး သြင္းခဲ့တာပါ။ ဒါ့အျပင္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကိုပါ ကိန္းကိုေက်ာ္ျပီး သိမ္းပိုက္နုိင္ခဲ့ပါတယ္။ ဆာလက္အေနနဲ႕ ျပီးခဲ့တဲ့ရာသီက မွတ္တမ္းေကာင္းေတြနဲ႕ နိႈင္းယွဥ္ေနၾကတာကို ဘယ္လိုကိုင္တြယ္ရမယ္ သိဖို႔ လိုတယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။

“က်ေနာ္တို႔က အျမဲတိုးတက္ေနဖို႔ လိုအပ္သလို အဲဒါ ေသခ်ာဖို႔လည္းလိုတယ္.. နည္းနည္းေတာ့ ရုန္းကန္ရမွာေပါ့.. ပထမ ၅ပြဲတင္ ၁၀ ဂိုးေလာက္ သြင္းလည္း ‘ဟာ ဒါကေတာ့ ျဖစ္မွာေပါ့’ လို႔ ေျပာၾကလိမ့္မယ္.. ရာသီကုန္မွာ ၃၉ ဂိုးဆိုလို႔ကေတာ့ ဟာ အရင္လို ၄၁ လည္း မဟုတ္ေတာ့ဘူး ေ၀ဖန္ၾကမွာပဲ။ က်ေန္ာတို႔အားလံုး ဒါေတြကို ရင္ဆိုင္နိုင္ဖို႔ သင္ယူရပါမယ္.. ဆာလက္လည္း ပါတာေပါ့.”

“သူလည္း ဒါမ်ိဳးေဘာလံုးရာသီမ်ဳိး အရင္က မၾကံဳဖူးဘူး.. ဒါေၾကာင့္ ထပ္ပိုင္ဆိုင္ခ်င္မွာပဲ.. ဒါေပမယ့္ တစ္ဆင့္ခ်င္း သြားရပါမယ္.. ဒါ က်ေနာ္တို႔ အလုပ္လုပ္ေနတဲ့ ပံုစံပဲ” လို႕ ဆာလက္ကို အားေပးသြားပါတယ္။

လီဗာပူးအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ မန္စီးတီးထက္ ၁ မွတ္အသာနဲ႕ ပထမေနရာမွာ ရပ္တည္ေနပါတယ္။ လာမယ့္ ၾကားရက္မွာ အေရးၾကီးပြဲစဥ္ နာပိုလီနဲ႕ ခ်န္ပီယံလိဂ္ပြဲ ကန္ရမွာျဖစ္ျပီး အဲဒီေနာက္မွာေတာ့ ယူနိုက္တက္နဲ႕ ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ကစားရမွာပါ။

Sports Home Time

[Unicode] အီဂျစ်တိုက်စစ်မှူး မိုဆာလက်က ၎င်းရဲ့ ဒီဘောလုံးရာသီ ပထမဆုံး ဟက်ထရစ်အဖြစ် ဘုန်းမောက်နဲ့ပွဲမှာ ၃ဂိုးသွင်း ရယူသွားပါတယ်။ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က တိုက်စစ်မှူး မိုရဲ့ အရည်အချင်းကို ဘယ်တုန်းကမှ သံသယမရှိခဲ့ စိတ်မပူခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆာလက်ဟာ အရင်ရာသီကလို ခြေစွမ်းမျိုး မရှိနေဘူး မကောင်းတော့ဘူးလို့ ဝေဖန်မှုတွေ ရှိနေကြပေမယ့် ဆာလက်ကတော့ အရင်လို အစွမ်းထက်တဲ့ ဂိုးမုဆိုးဖြစ်နေဆဲဆိုတာ ဘုန်းမောက်နဲ့ပွဲမှာ ပြသခဲ့ပါတယ်။ ဆာလက်က ဒီရာသီ ၂၂ ပွဲ ကစားထားရာမှာ ၁၂ ဂိုး သွင်းထားပြီးပါပြီ။

“ကြည့်ကြဦး.. ခင်ဗျားတို့ သတင်းဌာနတွေကလည်း ခက်တယ်.. အချိန်တိုလေးကြည့်ပြီး ဆုံးဖြတ်ကြတယ်။ ကျနော်လည်း လက်ရှိအချိန်ကို လေ့လာတတ်တဲ့သူပါ.. ဒါပေမယ့် ခဏလေးနဲ့ လူတစ်ယောက်ကို ကောက်ချက်ချတာမျိုးတော့ မလုပ်ဘူး။ ကျနေ်ာတို့ ပုံစံအတိုင်း သွားနေတာ ဖြစ်လို့ တစ်စက္ကန့်တောင် စိတ်မပူခဲ့ဘူး။” လို့ ကလော့ပ်က ဆိုပါတယ်။

ဆာလက်ရဲ့ လီဗာပူးနဲ့ ပထမရာသီကတော့ လူအများကို အံ့အားသင့်စေခဲ့တာပါ။ ရိုးမားကစားသမားဟောင်း ဆာလက်က ပရီးမီးယားလိဂ် ရောက်တဲ့ရာသီမှာပဲ ၄၁ ဂိုး သွင်းခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုပါ ကိန်းကိုကျော်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆာလက်အနေနဲ့ ပြီးခဲ့တဲ့ရာသီက မှတ်တမ်းကောင်းတွေနဲ့ နှိုင်းယှဉ်နေကြတာကို ဘယ်လိုကိုင်တွယ်ရမယ် သိဖို့ လိုတယ်လို့ ကလော့ပ်က ပြောပါတယ်။

“ကျနော်တို့က အမြဲတိုးတက်နေဖို့ လိုအပ်သလို အဲဒါ သေချာဖို့လည်းလိုတယ်.. နည်းနည်းတော့ ရုန်းကန်ရမှာပေါ့.. ပထမ ၅ပွဲတင် ၁၀ ဂိုးလောက် သွင်းလည်း ‘ဟာ ဒါကတော့ ဖြစ်မှာပေါ့’ လို့ ပြောကြလိမ့်မယ်.. ရာသီကုန်မှာ ၃၉ ဂိုးဆိုလို့ကတော့ ဟာ အရင်လို ၄၁ လည်း မဟုတ်တော့ဘူး ဝေဖန်ကြမှာပဲ။ ကျနေ်ာတို့အားလုံး ဒါတွေကို ရင်ဆိုင်နိုင်ဖို့ သင်ယူရပါမယ်.. ဆာလက်လည်း ပါတာပေါ့.”

“သူလည်း ဒါမျိုးဘောလုံးရာသီမျိုး အရင်က မကြုံဖူးဘူး.. ဒါကြောင့် ထပ်ပိုင်ဆိုင်ချင်မှာပဲ.. ဒါပေမယ့် တစ်ဆင့်ချင်း သွားရပါမယ်.. ဒါ ကျနော်တို့ အလုပ်လုပ်နေတဲ့ ပုံစံပဲ” လို့ ဆာလက်ကို အားပေးသွားပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ မန်စီးတီးထက် ၁ မှတ်အသာနဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။ လာမယ့် ကြားရက်မှာ အရေးကြီးပွဲစဉ် နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲ ကန်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။

Sports Home Time