အိုဒြိဳင္း ပြဲထြက္ခြင့္ရဖြယ္ရွိတဲ့ ခ်ယ္ဆီး Vs ဘရိုက္တန္ ပြဲၾကိဳသံုးသပ္ခ်က္

[Zawgyi] ခ်ယ္ဆီး ပရိသတ္ေတြ ေတာင္းဆိုမႈမ်ားေနတဲ့ လူငယ္ ေတာင္ပံတိုက္စစ္မွူး အိုဒြိဳင္း ဒီည ဘရိုက္တန္နဲ႕ပြဲမွာ ပြဲထြက္ ကစားခြင့္ ရဖြယ္ ရွိျပီး ဟာဇက္နဲ႕ ကန္ေတတို႔လည္း ျပန္ ပါ၀င္လာဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီး ဘယ္ေနာက္ခံလူ မားကို႔စ္အလြန္ိုကေတာ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ဒီပြဲမွာ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ ခ်ယ္ဆီးနည္းျပ ဆာရီက အဂၤလန္လူငယ္ အိုဒြိဳင္းကို လာမယ့္ ၂ ပြဲမွာ ပြဲထြက္လူစာရင္းမွာ ပါ၀င္ခြင့္ေပးဖို႕ စဥ္းစားေနတာ ျဖစ္ျပီး ကားဒစ္နဲ႕ ပြဲ ပြဲထြက္မွာ ခ်န္လွပ္ခံခဲ့ရတဲ့ ကန္ေတ၊ ဟာဇက္တို႔ပါ အခြင့္အေရး ျပန္ရဖို႔ ရွိေနတာပါ။

ဘရိုက္တန္ဘက္မွာလည္း နည္းျပ ဟူတန္က စတန္းဖို႔ဘရစ္က ပြဲမွာ တိုက္စစ္မွူး Florin Andone ျပန္ ပါ၀င္နုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ရိုေမးနီးယား တိုက္စ္သမားဟာ မတ္ ၉ ရက္ပဲေလ့စ္နဲ႕ ပြဲ ေသြးပူေလ့က်င့္စဥ္မွာ ေပါင္ျခံဒဏ္ရာ ရခဲ့တာ ျဖစ္ျပီး ေလ့က်င့္ေရးမွာ ျပန္ပါ၀င္ေနပါျပီ။ ေဖေဖာ္၀ါရီတည္းက တံေကာက္ေၾကာ ဒဏ္ရာ ရထားတဲ့ ကြင္းလယ္ ပတ္စကယ္ဂေရာ့စ္ကေတာ့ ဆက္လက္ လြဲေခ်ာ္မွာပါ။

ပြဲခ်ိန္ – ဧျပီ ၄၊ ၾကာသပေတးေန႔ မနက္ ၁း၁၅ နာရီ

အခ်က္အလက္မ်ား

ခ်ယ္ဆီးအသင္းဟာ ဘရိုက္တန္နဲ႕ ဆံုတဲ့ လိဂ္ပြဲ ၇ ပြဲလံုး ရာနႈန္းျပည့္ အနုိင္ရထားပါတယ္။ ဘရိုက္တန္က ခ်ယ္ဆီးအသင္းနဲ႕ ရင္ဆုိင္ရတဲ့ ျပိဳင္ပြဲစံု အေ၀းကြင္းပြဲ ၄ ပြဲလံုး ရွံဳးနိမ့္ထားကာ ဂိုးလည္း သြင္းမထားနုိင္ပါဘူး။

ခ်ယ္ဆီးနည္းျပ ဆာရီက ေ၀ဖန္မႈေတြ ခံေနရေပမယ့္ အသင္းဟာ အနာဂတ္မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုပါ စိန္ေခၚလာနုိင္မယ္လို႔ ပြဲၾကိဳ စကား ေျပာၾကားထားပါတယ္။

ဆာရီက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာေတာ့ ဒီဇင္ဘာလအတြင္း လက္စတာနဲ႕ တစ္ပြဲသာ ရွံဳးနိမ့္ထားတာပါ။ စတန္းဖို႔ ဘရစ္ခ်္က ေနာက္ဆံုး ၉ ပြဲမွာ clean sheets က ၆ ပြဲယူထားပါတယ္။

ဘရိုက္တန္က ေနာက္ဆံုးကစားထားတဲ့ လိဂ္ပြဲ အေ၀းကြင္းပြဲစဥ္မွာ ပဲေလ့စ္ကို ၂-၁ နဲ႕ အနုိ္ငရရွိထားပါတယ္။ ဒါေပမယ့္ နုိ၀င္ဘာ ၂၀၁၇ ေနာက္ပိုင္း ၄င္းတို႕က အေ၀းကြင္း နွစ္ပြဲ ဆက္ အနုိင္ မရဖူးပါဘူး။ ဒါ့အျပင္ ပရီးမီးယားလိဂ္ ထိပ္သီး ၆ သင္းနဲ႕ ဆံုထားတဲ့ အေ၀းကြင္း ၉ ပြဲလံုး ရွံဳးနိမ့္ထားျပီး ထိုပြဲ အားလံုးမွ ၂ ဂိုးသာ သြင္းထားနုိင္ခဲ့တာပါ။

ဘရိုက္တန္ဟာ ၾကားရက္ ကစားတဲ့ ပရီးမီးယားလိဂ္ ပြဲ ၁၁ ပြဲမွာ သေရ ၅ ပြဲ၊ အရွံဳး ၅ ပြဲ ရွိထားျပီး ၁ ပြဲသာ နုိင္ထားပါတယ္။ ဒါကလည္း ဒီရာသီ အေစာပိုင္းက ပဲေလ့စ္ကို နုိင္တဲ့ပြဲပါ။

အီဒင္ဟာဇက္က ဘရိုက္တန္နဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၂ပြဲမွာ ၃ ဂိုး သြင္း ၁ ၾကိမ္ ဂိုးထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဒ့ါအျပင္ ခ်ယ္ဆီးရဲ႕ ဒီရာသီ စတန္းဖို႔ဘရစ္က ပရီးမီးယားလိဂ္ဂိုး ၂၉ ဂိုးမွာ ၁၄ ဂိုး ပါ၀င္ပတ္သတ္ထားတာပါ။ ဟာဇက္ကိုယ္တိုင္ ၈ ဂိုးသြင္း ဂိုးေထာက္ပံ့မႈက ၆ ၾကိမ္ ျပဳလုပ္ထားပါတယ္။ ဒါက အျခားခ်ယ္ဆီးကစားသမားေတြထက္ ၂ ဆ မ်ားျပားတဲ့ အေရအတြက္ပါ။

ေပါလ္မာဆန္ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္

စေနေန႔က ဘရိုက္တန္ဟာ အိမ္ကြင္းမွာတင္ ေဆာက္တမ္တန္ကို အေရးနိမ့္ခဲ့တယ္။ ကာဒစ္ ကံဆိုးစြာ အေရးနိမ့္ခဲ့တာက ဘရိုက္တန္အတြက္ ကံေကာင္းမႈျဖစ္ျပီး ပိုျပီး သတိထားဖို႔ လိုအပ္လာပါတယ္။ ခ်ယ္ဆီးမွာက မန္ေနဂ်ာကိစၥက မေသခ်ာေသးသလို သူ႔အေနနဲ႔လည္း ကံေကာင္းေနတယ္။ ကားဒစ္ ကံမေကာင္းဘူးဆိုတာက ခ်ယ္ဆီး ကံေကာင္းခဲ့တာပါပဲ။

ကာဒစ္နဲ႔ပြဲမွာ သူ႔အလုပ္ကိုသူ အေကာင္းဆံုးလုပ္ဖုိ႔ ဆာရီ ေရြးခ်ယ္ခဲ့တဲ့ လူစာရင္းက ရံွဴးလုနီးပါး ျဖစ္ခဲ့တယ္။ အဲ့သည္ေနာက္ လူစားလဲမႈေတြ ျပဳလုပ္ခ်ိန္မွာလဲ အိုဒိြဳင္း ပြဲထြက္ခြင့္ မရခဲ့ဘူး။ ပြဲအျပီးမွၾ ဆာရီက သိပ္ကံေကာင္းခဲ့ျပီး အဆိုးျမင္မႈေတြ အမ်ားၾကီး ပိုင္ဆိုင္ခဲ့တာေတာင္မွ စတမ္းဖိုဒ္ဘရစ္ခ်္မွာ ဘရိုက္တန္ကို အႏုိင္ယူဖို႔ေတာ့ လံုေလာက္ေနဆဲ ျဖစ္ပါတယ္။

ေပါလ္မာဆန္၏ ခန္႕မွန္းရလဒ္။ ။ ခ်ယ္ဆီး 2-0 ဘရိုက္တန္

ေလာ္ရိုး သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္

ခ်ယ္ဆီးတို႔က ျပီးခဲ့တဲ့တနဂၤေႏြပဲြမွာ ကားဒစ္ဖ္ကို ကံေကာင္းလို႔ အနုိင္ရခဲ့တာပါ။ ဆာရီအေနနဲ႕ ဒီပြဲမွာ ဟာဇက္ကို ဘာလို႔ အရန္မွာထားခဲ့လည္း က်ေနာ္ နားမလည္နုိင္ ျဖစ္ရပါတယ္။ သူတို႔ အေကာင္းဆံုး ကစားသမားကို ဘာလို႔ ခ်န္လွပ္ထားခဲ့ရတာလဲ။ ဘရိုက္တန္ဘက္မွာလည္း နည္းျပ ခရစ္ဟူတန္မွာ ျပႆနာအခ်ိဳ႕ ရွိပါတယ္။ ေဆာက္သမ္တန္ကို ရွံဳးတဲ့ပြဲမွာ သူ႕အသင္းကစားပံု သိပ္အေကာင္းၾကီး မရွိခဲ့တဲ့အျပင္ အခြင့္ေကာင္း ရခ်ိန္ေတြမွာလည္း ဂိုးမသြင္းနုိင္ခဲ့ျပန္ပါဘူး။ ဘရိုက္တန္ကလည္း တန္းဆင္းဇုန္နဲ႕ သိပ္မကြာပါဘူး။ အသင္း နည္းနည္းျခားထားတယ္ ဆိုေပမယ့္ သူတို႕က အခ်ိန္မေရြး အမွတ္ေပးဇယား ေအာက္ ပိုေရာက္သြားနုိင္တဲ့ အသင္း ျဖစ္ေနပါတယ္။ သူတို႔ ရဲ႕ အေကာင္းဆံုး အေနအထားမွာ မရွိတာေၾကာင့္ ဆာရီသာ ေရြးခ်ယ္မႈ မွန္မွန္ကန္ကန္ လုပ္ရင္ ခ်ယ္ဆီး သက္ေတာင့္သက္သာ အနုိင္ရသြားနိုင္ပါတယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ခ်ယ္ဆီး 2-0 ဘရိုက္တန္

Sports Home Time

[Unicode] ချယ်ဆီး ပရိသတ်တွေ တောင်းဆိုမှုများနေတဲ့ လူငယ် တောင်ပံတိုက်စစ်မှူး အိုဒွိုင်း ဒီည ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက် ကစားခွင့် ရဖွယ် ရှိပြီး ဟာဇက်နဲ့ ကန်တေတို့လည်း ပြန် ပါဝင်လာဖွယ် ရှိနေပါတယ်။

ချယ်ဆီး ဘယ်နောက်ခံလူ မားကို့စ်အလွနိုကတော့ တံကောက်ကြောဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချယ်ဆီးနည်းပြ ဆာရီက အင်္ဂလန်လူငယ် အိုဒွိုင်းကို လာမယ့် ၂ ပွဲမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ပေးဖို့ စဉ်းစားနေတာ ဖြစ်ပြီး ကားဒစ်နဲ့ ပွဲ ပွဲထွက်မှာ ချန်လှပ်ခံခဲ့ရတဲ့ ကန်တေ၊ ဟာဇက်တို့ပါ အခွင့်အရေး ပြန်ရဖို့ ရှိနေတာပါ။

ဘရိုက်တန်ဘက်မှာလည်း နည်းပြ ဟူတန်က စတန်းဖို့ဘရစ်က ပွဲမှာ တိုက်စစ်မှူး Florin Andone ပြန် ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ရိုမေးနီးယား တိုက်စ်သမားဟာ မတ် ၉ ရက်ပဲလေ့စ်နဲ့ ပွဲ သွေးပူလေ့ကျင့်စဉ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး လေ့ကျင့်ရေးမှာ ပြန်ပါဝင်နေပါပြီ။ ဖေဖော်ဝါရီတည်းက တံကောက်ကြော ဒဏ်ရာ ရထားတဲ့ ကွင်းလယ် ပတ်စကယ်ဂရော့စ်ကတော့ ဆက်လက် လွဲချော်မှာပါ။

ပွဲချိန် – ဧပြီ ၄၊ ကြာသပတေးနေ့ မနက် ၁း၁၅ နာရီ

အချက်အလက်များ

ချယ်ဆီးအသင်းဟာ ဘရိုက်တန်နဲ့ ဆုံတဲ့ လိဂ်ပွဲ ၇ ပွဲလုံး ရာနှုန်းပြည့် အနိုင်ရထားပါတယ်။ ဘရိုက်တန်က ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ပွဲစုံ အဝေးကွင်းပွဲ ၄ ပွဲလုံး ရှုံးနိမ့်ထားကာ ဂိုးလည်း သွင်းမထားနိုင်ပါဘူး။

ချယ်ဆီးနည်းပြ ဆာရီက ဝေဖန်မှုတွေ ခံနေရပေမယ့် အသင်းဟာ အနာဂတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ စိန်ခေါ်လာနိုင်မယ်လို့ ပွဲကြို စကား ပြောကြားထားပါတယ်။

ဆာရီက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာတော့ ဒီဇင်ဘာလအတွင်း လက်စတာနဲ့ တစ်ပွဲသာ ရှုံးနိမ့်ထားတာပါ။ စတန်းဖို့ ဘရစ်ချ်က နောက်ဆုံး ၉ ပွဲမှာ clean sheets က ၆ ပွဲယူထားပါတယ်။

ဘရိုက်တန်က နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲ အဝေးကွင်းပွဲစဉ်မှာ ပဲလေ့စ်ကို ၂-၁ နဲ့ အနိုငရရှိထားပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၂၀၁၇ နောက်ပိုင်း ၎င်းတို့က အဝေးကွင်း နှစ်ပွဲ ဆက် အနိုင် မရဖူးပါဘူး။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းနဲ့ ဆုံထားတဲ့ အဝေးကွင်း ၉ ပွဲလုံး ရှုံးနိမ့်ထားပြီး ထိုပွဲ အားလုံးမှ ၂ ဂိုးသာ သွင်းထားနိုင်ခဲ့တာပါ။

ဘရိုက်တန်ဟာ ကြားရက် ကစားတဲ့ ပရီးမီးယားလိဂ် ပွဲ ၁၁ ပွဲမှာ သရေ ၅ ပွဲ၊ အရှုံး ၅ ပွဲ ရှိထားပြီး ၁ ပွဲသာ နိုင်ထားပါတယ်။ ဒါကလည်း ဒီရာသီ အစောပိုင်းက ပဲလေ့စ်ကို နိုင်တဲ့ပွဲပါ။

အီဒင်ဟာဇက်က ဘရိုက်တန်နဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲမှာ ၃ ဂိုး သွင်း ၁ ကြိမ် ဂိုးထာက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဒ့ါအပြင် ချယ်ဆီးရဲ့ ဒီရာသီ စတန်းဖို့ဘရစ်က ပရီးမီးယားလိဂ်ဂိုး ၂၉ ဂိုးမှာ ၁၄ ဂိုး ပါဝင်ပတ်သတ်ထားတာပါ။ ဟာဇက်ကိုယ်တိုင် ၈ ဂိုးသွင်း ဂိုးထောက်ပံ့မှုက ၆ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါက အခြားချယ်ဆီးကစားသမားတွေထက် ၂ ဆ များပြားတဲ့ အရေအတွက်ပါ။

ပေါလ်မာဆန် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

စနေနေ့က ဘရိုက်တန်ဟာ အိမ်ကွင်းမှာတင် ဆောက်တမ်တန်ကို အရေးနိမ့်ခဲ့တယ်။ ကာဒစ် ကံဆိုးစွာ အရေးနိမ့်ခဲ့တာက ဘရိုက်တန်အတွက် ကံကောင်းမှုဖြစ်ပြီး ပိုပြီး သတိထားဖို့ လိုအပ်လာပါတယ်။ ချယ်ဆီးမှာက မန်နေဂျာကိစ္စက မသေချာသေးသလို သူ့အနေနဲ့လည်း ကံကောင်းနေတယ်။ ကားဒစ် ကံမကောင်းဘူးဆိုတာက ချယ်ဆီး ကံကောင်းခဲ့တာပါပဲ။

ကာဒစ်နဲ့ပွဲမှာ သူ့အလုပ်ကိုသူ အကောင်းဆုံးလုပ်ဖို့ ဆာရီ ရွေးချယ်ခဲ့တဲ့ လူစာရင်းက ရံှူးလုနီးပါး ဖြစ်ခဲ့တယ်။ အဲ့သည်နောက် လူစားလဲမှုတွေ ပြုလုပ်ချိန်မှာလဲ အိုဒွိုင်း ပွဲထွက်ခွင့် မရခဲ့ဘူး။ ပွဲအပြီးမြှ ဆာရီက သိပ်ကံကောင်းခဲ့ပြီး အဆိုးမြင်မှုတွေ အများကြီး ပိုင်ဆိုင်ခဲ့တာတောင်မှ စတမ်းဖိုဒ်ဘရစ်ချ်မှာ ဘရိုက်တန်ကို အနိုင်ယူဖို့တော့ လုံလောက်နေဆဲ ဖြစ်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 ဘရိုက်တန်

လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးတို့က ပြီးခဲ့တဲ့တနင်္ဂနွေပွဲမှာ ကားဒစ်ဖ်ကို ကံကောင်းလို့ အနိုင်ရခဲ့တာပါ။ ဆာရီအနေနဲ့ ဒီပွဲမှာ ဟာဇက်ကို ဘာလို့ အရန်မှာထားခဲ့လည်း ကျနော် နားမလည်နိုင် ဖြစ်ရပါတယ်။ သူတို့ အကောင်းဆုံး ကစားသမားကို ဘာလို့ ချန်လှပ်ထားခဲ့ရတာလဲ။ ဘရိုက်တန်ဘက်မှာလည်း နည်းပြ ခရစ်ဟူတန်မှာ ပြဿနာအချို့ ရှိပါတယ်။ ဆောက်သမ်တန်ကို ရှုံးတဲ့ပွဲမှာ သူ့အသင်းကစားပုံ သိပ်အကောင်းကြီး မရှိခဲ့တဲ့အပြင် အခွင့်ကောင်း ရချိန်တွေမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပြန်ပါဘူး။ ဘရိုက်တန်ကလည်း တန်းဆင်းဇုန်နဲ့ သိပ်မကွာပါဘူး။ အသင်း နည်းနည်းခြားထားတယ် ဆိုပေမယ့် သူတို့က အချိန်မရွေး အမှတ်ပေးဇယား အောက် ပိုရောက်သွားနိုင်တဲ့ အသင်း ဖြစ်နေပါတယ်။ သူတို့ ရဲ့ အကောင်းဆုံး အနေအထားမှာ မရှိတာကြောင့် ဆာရီသာ ရွေးချယ်မှု မှန်မှန်ကန်ကန် လုပ်ရင် ချယ်ဆီး သက်တောင့်သက်သာ အနိုင်ရသွားနိုင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 ဘရိုက်တန်

Sports Home Time