ပရီးမီးယားလိဂ္ အေကာင္းဆံုးကြင္းထဲ ပါဝင္လာတဲ့ စပါးအိမ္ကြင္းသစ္ အတြင္းပိုင္းအား ဖြင့္ျပျခင္း

ပရီးမီးယားလိဂ္ကလပ္ အသင္းတစ္သင္းျဖစ္တဲ့ ေတာ္တင္ဟမ္ေဟာ့ စပါးအသင္းဟာ သူတို႔ရဲ႕ ကြင္းသစ္ႀကီးကို မၾကာမီ ဖြင့္လွစ္ေတာ့မွာ ျဖစ္ပါတယ္။ ေတာ္တင္ဟမ္အသင္းဟာ အိမ္ကြင္းသစ္ရဲ႕ ပထမဆုံး ပြဲစဥ္အျဖစ္ ပဲေလစ့္နဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး လန္ဒန္ျပိဳင္ဘက္ အမ္းမရိတ္ကြင္းထက္ ပိုမိုသာလြန္းတယ္လို႔ ဘာေၾကာင္း ညႊန္းဆိုသလဲဆိုတာ ေဖၚျပလိုက္ပါတယ္။

ေတာ္တင္ဟမ္ကြင္းသစ္ၾကီးနဲ႔ ကိန္းဂဏန္းမ်ား

ဝင္ဘာေလမွာ ႏွစ္ႏွစ္ေလာက္ ငွားရမ္း အသံုးျပဳခဲ့တဲ့ စပါးတို႔ဟာ ပရိသတ္ေတြ ေျခာက္ေသာင္းေက်ာ္ဆံ့ ကြင္းၾကီးကို စတင္ဖြင့္လွစ္ပါမယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဒုတိယအၾကီးဆံုး အိမ္ကြင္းလည္း ျဖစ္လာခဲ့ျပီး အေမရိကန္ ေဘာလံုးကို ငွားရမ္းက်င္းပေပးမယ့္ ဒုတိယျမက္ခင္းကိုလည္း ကြင္းထဲမွာ ထည့္တြင္းထားပါတယ္။

အထက္ကပံုကေတာ့ ကြင္းေဟာင္းျဖစ္တဲ့ ဝိႈက္ဟမ္းလိမ္းကို ျခံဳျပီး ကြင္းသစ္တည္ေဆာက္ခဲ့ပံု အဆင့္ဆင့္ျဖစ္တယ္။ ေအာက္က ပံုမွာေတာ့ ေဘာလံုးကြင္း ျမက္ခင္းျပင္နဲ႔ ပရိသတ္ ပြဲၾကည့္စင္ၾကား ကြာျခားမႈ အကြာအေဝး ျဖစ္ပါတယ္။

  • ဥေရာပမွာ ပထမဆံုးအားျဖင့္ ေငြသားနဲ႔ မဟုတ္ပဲ credit ကဒ္နဲ႔ ဝင္ေရာက္ရမယ့္ ကြင္းျဖစ္ပါတယ္
  • အေနာက္ဥေရာပမွာ အၾကီးဆံုး တီဗီစခရင္ ႏွစ္ခုကို ေတာင္ဘက္ပြဲၾကည့္စဥ္မွာ တပ္ဆင္ထားတယ္
  • ဘီယာကို “bottoms-up” လို႔ေခၚတဲ့ ေအာက္ေျခကထည့္တဲ့ နည္းပညာကို ထည့္သြင္းထားတယ္
  • တစ္မိနစ္မွာ ဘီယာခြက္ 10,000 ကို ဝန္ေဆာင္မႈေပးႏုိင္တယ္
  • အျမင္ဆံုး လက္မွတ္ႏႈန္းထားက တစ္ရာသီစာ ေပါင္ 19,000 ျဖစ္တယ္
  • ပရိသတ္ ဝင္ဆံ့မႈ 62,062 ဦး ျဖစ္ပါတယ္

အထက္က ပံုမွာေတာ့ ကြင္းအထဲက တည္ေဆာက္မႈေတြကို ေဖာ္ျပထားတာျဖစ္တယ္။ မီဒီယာေတြ႔ဆံုမႈ၊ 65 မီတာရွည္တဲ့ ဥေရာပအရွည္ဆံုးဘား၊ ကစားသမားနဲ႔ မိသားစုဝင္ေရာက္ရာ ကားပါကင္၊ ျမက္ခင္းႏွစ္ထပ္၊ ရံုးခန္း၊ ပထမအသင္း အဝတ္လဲခန္း၊ ေသြးပူေလ့က်င့္ခန္းေတြကစလို႔ ကြင္းထိပ္က Sky walk လမ္းေလွ်ာက္ရာ ေနရာတို႔ကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

ေတာ္တင္ဟမ္အသင္းဟာ သူတို႔ရဲ႕ ကြင္းသစ္ႀကီးမွာ ကုတင္ (၁၈၀) ဆန္႔ ဟိုတယ္တစ္ခုပါ ထည့္သြင္းထားတယ္။ ဒါ့အျပင္ ကြင္းကို လာေရာက္တဲ့သူေတြကို ဆြဲေဆာင္ႏိုင္ဖို႔ မီတာ (၄၀) ခန႔္ျမင့္မားတဲ့ “Sky Walk” ကိုလည္း ထည့္သြင္းေပးထားၿပီး ကြင္းသစ္ႀကီးဟာ တစ္ႏွစ္ပတ္လုံး ပိတ္ရက္မရွိ ဖြင့္လွစ္ထားမွာ ျဖစ္ပါတယ္။

ေတာ္တင္ဟမ္အသင္းဟာ သူတို႔ရဲ႕ ကြင္းသစ္ႀကီးအတြက္ တစ္ရာသီစာ ပြဲၾကည့္ခြင့္ လက္မွတ္ႏႈန္းထားေတြကိုေတာ့ (၇၉၅) ေပါင္ကေန ေပါင္ (၂၂၀၀) အထိ သတ္မွတ္ထားတာ ျဖစ္ၿပီး လူငယ္အသင္းရဲ႕ ပြဲစဥ္ေတြအတြက္ တစ္ရာသီစာ လက္မွတ္ ေဈးႏႈန္းကေတာ့ (၃၉၇.၅၀) ေပါင္ကေန (၅၆၂.၅၀) ေပါင္အထိ သတ္မွတ္ထားတယ္လို႔ သိရွိရပါတယ္။

ေတာင္ဘက္ပြဲၾကည့္စဥ္မွာေတာ့ အဂၤလန္အတြင္း အၾကီးဆံုး ပြဲၾကည့္စဥ္အျဖစ္ ပရိသတ္ 17,500 ဝင္ဆံ့မယ့္ ေနရာ ပါဝင္ပါတယ္။ ဒါဟာ ေဒါ့မြန္အသင္းရဲ႕ ပရိသတ္ 25,000 ဆံ့ ‘Yellow Wall’ ကို တုပျပီးေတာ့ ျပဳလုပ္ထားတာျဖစ္တယ္။ အဆိုပါ ေနရာကေနျပီး ကြင္းအတြင္း အိမ္ကြင္းအားေပးမႈ အေငြ႔အသက္ကို ၾကီးမားေစဖို႔ စပါးတို႔ ရည္ရြယ္ပါတယ္။

ကြင္းသစ္ႀကီးကို လတ္တေလာမွာေတာ့ ” Tottenham Hotspur Stadium ” လို႔ပဲ ယာယီ ေခၚေဝါေနေသးတာျဖစ္ၿပီး ကြင္းသစ္ႀကီးအတြက္ နာမည္မူပိုင္ခြင့္ကို ေရာင္းခ်သြားၿပီးမွ နာမည္တစ္ခု သတ္မွတ္မွာ ျဖစ္ပါတယ္။ အဆိုပါကြင္းဟာ ပရီးမီးယားလိဂ္မွာ ဒုတိယအၾကီးဆံုး အိမ္ကြင္းလည္း ျဖစ္လာခဲ့ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တော်တင်ဟမ်ဟော့ စပါးအသင်းဟာ သူတို့ရဲ့ ကွင်းသစ်ကြီးကို မကြာမီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ တော်တင်ဟမ်အသင်းဟာ အိမ်ကွင်းသစ်ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ပဲလေစ့်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လန်ဒန်ပြိုင်ဘက် အမ်းမရိတ်ကွင်းထက် ပိုမိုသာလွန်းတယ်လို့ ဘာကြောင်း ညွှန်းဆိုသလဲဆိုတာ ဖေါ်ပြလိုက်ပါတယ်။

တော်တင်ဟမ်ကွင်းသစ်ကြီးနဲ့ ကိန်းဂဏန်းများ

ဝင်ဘာလေမှာ နှစ်နှစ်လောက် ငှားရမ်း အသုံးပြုခဲ့တဲ့ စပါးတို့ဟာ ပရိသတ်တွေ ခြောက်သောင်းကျော်ဆံ့ ကွင်းကြီးကို စတင်ဖွင့်လှစ်ပါမယ်။ ပရီးမီးယားလိဂ်မှာတော့ ဒုတိယအကြီးဆုံး အိမ်ကွင်းလည်း ဖြစ်လာခဲ့ပြီး အမေရိကန် ဘောလုံးကို ငှားရမ်းကျင်းပပေးမယ့် ဒုတိယမြက်ခင်းကိုလည်း ကွင်းထဲမှာ ထည့်တွင်းထားပါတယ်။

အထက်ကပုံကတော့ ကွင်းဟောင်းဖြစ်တဲ့ ဝှိုက်ဟမ်းလိမ်းကို ခြုံပြီး ကွင်းသစ်တည်ဆောက်ခဲ့ပုံ အဆင့်ဆင့်ဖြစ်တယ်။ အောက်က ပုံမှာတော့ ဘောလုံးကွင်း မြက်ခင်းပြင်နဲ့ ပရိသတ် ပွဲကြည့်စင်ကြား ကွာခြားမှု အကွာအဝေး ဖြစ်ပါတယ်။

  • ဥရောပမှာ ပထမဆုံးအားဖြင့် ငွေသားနဲ့ မဟုတ်ပဲ credit ကဒ်နဲ့ ဝင်ရောက်ရမယ့် ကွင်းဖြစ်ပါတယ်
  • အနောက်ဥရောပမှာ အကြီးဆုံး တီဗီစခရင် နှစ်ခုကို တောင်ဘက်ပွဲကြည့်စဉ်မှာ တပ်ဆင်ထားတယ်
  • ဘီယာကို “bottoms-up” လို့ခေါ်တဲ့ အောက်ခြေကထည့်တဲ့ နည်းပညာကို ထည့်သွင်းထားတယ်
  • တစ်မိနစ်မှာ ဘီယာခွက် 10,000 ကို ဝန်ဆောင်မှုပေးနိုင်တယ်
  • အမြင်ဆုံး လက်မှတ်နှုန်းထားက တစ်ရာသီစာ ပေါင် 19,000 ဖြစ်တယ်
  • ပရိသတ် ဝင်ဆံ့မှု 62,062 ဦး ဖြစ်ပါတယ်

အထက်က ပုံမှာတော့ ကွင်းအထဲက တည်ဆောက်မှုတွေကို ဖော်ပြထားတာဖြစ်တယ်။ မီဒီယာတွေ့ဆုံမှု၊ 65 မီတာရှည်တဲ့ ဥရောပအရှည်ဆုံးဘား၊ ကစားသမားနဲ့ မိသားစုဝင်ရောက်ရာ ကားပါကင်၊ မြက်ခင်းနှစ်ထပ်၊ ရုံးခန်း၊ ပထမအသင်း အဝတ်လဲခန်း၊ သွေးပူလေ့ကျင့်ခန်းတွေကစလို့ ကွင်းထိပ်က Sky walk လမ်းလျှောက်ရာ နေရာတို့ကို အသေးစိတ် ဖော်ပြထားပါတယ်။

တော်တင်ဟမ်အသင်းဟာ သူတို့ရဲ့ ကွင်းသစ်ကြီးမှာ ကုတင် (၁၈၀) ဆန့် ဟိုတယ်တစ်ခုပါ ထည့်သွင်းထားတယ်။ ဒါ့အပြင် ကွင်းကို လာရောက်တဲ့သူတွေကို ဆွဲဆောင်နိုင်ဖို့ မီတာ (၄၀) ခန့်မြင့်မားတဲ့ “Sky Walk” ကိုလည်း ထည့်သွင်းပေးထားပြီး ကွင်းသစ်ကြီးဟာ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

တော်တင်ဟမ်အသင်းဟာ သူတို့ရဲ့ ကွင်းသစ်ကြီးအတွက် တစ်ရာသီစာ ပွဲကြည့်ခွင့် လက်မှတ်နှုန်းထားတွေကိုတော့ (၇၉၅) ပေါင်ကနေ ပေါင် (၂၂၀၀) အထိ သတ်မှတ်ထားတာ ဖြစ်ပြီး လူငယ်အသင်းရဲ့ ပွဲစဉ်တွေအတွက် တစ်ရာသီစာ လက်မှတ် ဈေးနှုန်းကတော့ (၃၉၇.၅၀) ပေါင်ကနေ (၅၆၂.၅၀) ပေါင်အထိ သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

တောင်ဘက်ပွဲကြည့်စဉ်မှာတော့ အင်္ဂလန်အတွင်း အကြီးဆုံး ပွဲကြည့်စဉ်အဖြစ် ပရိသတ် 17,500 ဝင်ဆံ့မယ့် နေရာ ပါဝင်ပါတယ်။ ဒါဟာ ဒေါ့မွန်အသင်းရဲ့ ပရိသတ် 25,000 ဆံ့ ‘Yellow Wall’ ကို တုပပြီးတော့ ပြုလုပ်ထားတာဖြစ်တယ်။ အဆိုပါ နေရာကနေပြီး ကွင်းအတွင်း အိမ်ကွင်းအားပေးမှု အငွေ့အသက်ကို ကြီးမားစေဖို့ စပါးတို့ ရည်ရွယ်ပါတယ်။

ကွင်းသစ်ကြီးကို လတ်တလောမှာတော့ ” Tottenham Hotspur Stadium ” လို့ပဲ ယာယီ ခေါ်ဝေါနေသေးတာဖြစ်ပြီး ကွင်းသစ်ကြီးအတွက် နာမည်မူပိုင်ခွင့်ကို ရောင်းချသွားပြီးမှ နာမည်တစ်ခု သတ်မှတ်မှာ ဖြစ်ပါတယ်။ အဆိုပါကွင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယအကြီးဆုံး အိမ်ကွင်းလည်း ဖြစ်လာခဲ့ပါတယ်။

Sports Home Time