ေဘာင္းဘီကၽြတ္တဲ့အထိ ေအာင္ပြဲခံမႈအေၾကာင္း ထုတ္ေျပာလာတဲ့ ဆမ္ဒိုးရီးယား ကစားသမား

[Zawgyi] ဆမ္ဒိုးရီးယားရဲ႕ ရီကာဒို ဆန္ပိုနာ႐ိုက လာဇီယိုနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲမွာ အဖိုးတန္ သေရက်ေစမယ့္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ သူ႔ရဲ႕ မ႐ိုမေသ ေအာင္ပြဲခံမႈေနာက္ကြယ္မွာ အသင္းေဖာ္ လိုရန္ဇို တိုနယ္လီ ရွိေနပါတယ္လို႔ ေျပာပါတယ္။

စေနေန႔က စတာဒီယို အိုလန္ပီကိုကြင္းမွာ ဆမ္ဒိုးရီးယား နဲ႔ လာဇီယိုတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အခ်ိန္ပို ကိုးမိနစ္ေရာက္ခါမွ ဆာပိုနာ႐ိုက ေျမမက်ကန္ခ်က္နဲ႔ ဆမ္ဒိုးရီးယား အတြက္ 2 ဂိုးစီ သေရရလဒ္ျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့တာပါ။

2004-2005 ရာသီမွာ စီးရီးေအလိဂ္အတြက္ အခ်က္အလက္ အေသးစိတ္ကို စတင္စုေဆာင္းခဲ့ခ်ိန္ ေနာက္ပိုင္း ဒီဂိုးဟာ လိဂ္သမိုင္းမွာ အေနာက္က်ဆုံးဂိုးအျဖစ္ မွတ္တမ္းဝင္သြားၿပီး ဆာပိုနာရာရဲ႕ အံ့အားသင့္စရာ အဆုံးသတ္မႈနဲ႔အတူ ေအာင္ပြဲခံပုံကလဲ သတိျပဳစရာျဖစ္ခဲ့ပါတယ္။

သူဟာ ရွပ္အက်ႌကိုခြၽတ္၊ ပရိသတ္အုပ္ၾကားထဲ အျမန္ေျပးသြားၿပီး သူတို႔နဲ႔အတူ ေအာင္ပြဲခံခဲ့တာပါ။ အဲ့ဒီ့မွာ သူ႔ရဲ႕အက်ႌလဲ ေပ်ာက္သြားခဲ့ၿပီးေတာ့ ပရိသတ္ေတြက ေအာက္က အတြင္းခံကို ဆြဲခြၽတ္ခ်တာနဲ႔အတူ ခႏၶာကိုယ္ ေအာက္ပိုင္းက ဗလာက်င္းျဖစ္သြားပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆာပိုနာ႐ိုက ” ေအာင္ပြဲခံနည္း 99 မ်ိဳး။ ဒီလို႐ူးေၾကာင္ေၾကာင္ အခိုက္အတန္႔ကို က်ေနာ္နဲ႔အတူ မွ်ေဝခဲ့တဲ့ အသင္းေဖာ္ေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ လူေနာက္ႀကီး လိုရန္ဇို တိုနယ္လီေပါ့ ” လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

တိုနယ္လီကလဲ ေအာင္ပြဲခံေနတဲ့ လွ်ပ္တျပက္႐ိုက္ခ်က္ ဓာတ္ပုံတပုံနဲ႔အတူ “သူငယ္ခ်င္းအားလုံး မင္းရဲ႕အျဖစ္ကိုသိသင့္တယ္။ ငါမင္းအတြက္ ဝမ္းသာတယ္ေဟ့။ လူတိုင္း အရာရာတိုင္းကို ငါတို႔ ရင္ဆိုင္ခဲ့တယ္။ ငါတို႔ကို ဘယ္သူမွ မတားဆီးႏိုင္ပါဘူး ” လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

ပြဲအၿပီး စကားေျပာရာမွာ ဆာပိုနာ႐ိုက အခ်ိန္ပို 6 မိနစ္မွာ ဆာ႐ို အင္မိုဘိုင္းရဲ႕ ပင္နယ္တီဂိုးကို လာဇီယိုတို႔ ေနာက္ဆုံးမိနစ္အထိ အႏိုင္ရလဒ္ မထိန္းသိမ္းႏိုင္ခဲ့ပဲ သူ႔ရဲ႕ ေနာက္ဆုံးမိနစ္ သြင္းဂိုးနဲ႔ ေခ်ပႏိုင္ခဲ့တာျဖစ္သလို ကံတရားရဲ႕ ေဖးမမႈေၾကာင့္ ဆမ္ဒိုးရီးယားတို႔ ကံေကာင္းရတယ္ဆိုတာကို လက္ခံခဲ့ပါတယ္။

” အင္မိုဘိုင္းရဲ႕ ပင္နယ္တီဂိုးၿပီးေတာ့ က်ေနာ္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ဟာ အံ့ၾသစရာ ေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာ က်ေနာ္တို႔ ေကာင္းေကာင္းကစားခဲ့တယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့ဘူး။ က်ေနာ္တို႔ နည္းနည္းကံေကာင္းခဲ့လို႔သာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ အရမ္းေပ်ာ္႐ႊင္ရပါတယ္။ ဂိုးသြင္းၿပီးေတာ့ က်ေနာ္ ပရိသတ္ေတြဆီကို ေျပးသြားခဲ့တယ္။ သူတို႔က က်ေနာ့္အဝတ္ေတြ အားလုံးကို ဆြဲၿဖဲၾကတယ္ ” လို႔ ေျပာပါတယ္။

Sports Home Time

[Unicode] ဆမ်ဒိုးရီးယားရဲ့ ရီကာဒို ဆန်ပိုနာရိုက လာဇီယိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ အဖိုးတန် သရေကျစေမယ့်ဂိုးကို သွင်းယူခဲ့ပြီးနောက် သူ့ရဲ့ မရိုမသေ အောင်ပွဲခံမှုနောက်ကွယ်မှာ အသင်းဖော် လိုရန်ဇို တိုနယ်လီ ရှိနေပါတယ်လို့ ပြောပါတယ်။

စနေနေ့က စတာဒီယို အိုလန်ပီကိုကွင်းမှာ ဆမ်ဒိုးရီးယား နဲ့ လာဇီယိုတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အချိန်ပို ကိုးမိနစ်ရောက်ခါမှ ဆာပိုနာရိုက မြေမကျကန်ချက်နဲ့ ဆမ်ဒိုးရီးယား အတွက် 2 ဂိုးစီ သရေရလဒ်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာပါ။

2004-2005 ရာသီမှာ စီးရီးအေလိဂ်အတွက် အချက်အလက် အသေးစိတ်ကို စတင်စုဆောင်းခဲ့ချိန် နောက်ပိုင်း ဒီဂိုးဟာ လိဂ်သမိုင်းမှာ အနောက်ကျဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားပြီး ဆာပိုနာရာရဲ့ အံ့အားသင့်စရာ အဆုံးသတ်မှုနဲ့အတူ အောင်ပွဲခံပုံကလဲ သတိပြုစရာဖြစ်ခဲ့ပါတယ်။

သူဟာ ရှပ်အင်္ကျီကိုချွတ်၊ ပရိသတ်အုပ်ကြားထဲ အမြန်ပြေးသွားပြီး သူတို့နဲ့အတူ အောင်ပွဲခံခဲ့တာပါ။ အဲ့ဒီ့မှာ သူ့ရဲ့အင်္ကျီလဲ ပျောက်သွားခဲ့ပြီးတော့ ပရိသတ်တွေက အောက်က အတွင်းခံကို ဆွဲချွတ်ချတာနဲ့အတူ ခန္ဓာကိုယ် အောက်ပိုင်းက ဗလာကျင်းဖြစ်သွားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆာပိုနာရိုက ” အောင်ပွဲခံနည်း 99 မျိုး။ ဒီလိုရူးကြောင်ကြောင် အခိုက်အတန့်ကို ကျနော်နဲ့အတူ မျှဝေခဲ့တဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် လူနောက်ကြီး လိုရန်ဇို တိုနယ်လီပေါ့ ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

တိုနယ်လီကလဲ အောင်ပွဲခံနေတဲ့ လျှပ်တပြက်ရိုက်ချက် ဓာတ်ပုံတပုံနဲ့အတူ “သူငယ်ချင်းအားလုံး မင်းရဲ့အဖြစ်ကိုသိသင့်တယ်။ ငါမင်းအတွက် ဝမ်းသာတယ်ဟေ့။ လူတိုင်း အရာရာတိုင်းကို ငါတို့ ရင်ဆိုင်ခဲ့တယ်။ ငါတို့ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ပွဲအပြီး စကားပြောရာမှာ ဆာပိုနာရိုက အချိန်ပို 6 မိနစ်မှာ ဆာရို အင်မိုဘိုင်းရဲ့ ပင်နယ်တီဂိုးကို လာဇီယိုတို့ နောက်ဆုံးမိနစ်အထိ အနိုင်ရလဒ် မထိန်းသိမ်းနိုင်ခဲ့ပဲ သူ့ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ ချေပနိုင်ခဲ့တာဖြစ်သလို ကံတရားရဲ့ ဖေးမမှုကြောင့် ဆမ်ဒိုးရီးယားတို့ ကံကောင်းရတယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

” အင်မိုဘိုင်းရဲ့ ပင်နယ်တီဂိုးပြီးတော့ ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အံ့သြစရာ ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ကောင်းကောင်းကစားခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ နည်းနည်းကံကောင်းခဲ့လို့သာပေါ့။ ဒါပေမယ့် ကျနော်တို့ အရမ်းပျော်ရွှင်ရပါတယ်။ ဂိုးသွင်းပြီးတော့ ကျနော် ပရိသတ်တွေဆီကို ပြေးသွားခဲ့တယ်။ သူတို့က ကျနော့်အဝတ်တွေ အားလုံးကို ဆွဲဖြဲကြတယ် ” လို့ ပြောပါတယ်။

Sports Home Time