ရီးရဲမက္ဒရစ္ကို ဒီရက္ဇ္ မပါသြားဖို႔ ေနာက္ဆံုး ၾကိဳးစားမႈ လုပ္ေဆာင္သြားမယ့္ မန္စီးတီး

[Zawgyi] မန္စီးတီးဘက္က အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ဘရာဟင္ ဒီရက္ဇ္ကို ဆက္ထိန္းသိမ္းဖို႔ ေနာက္ဆံုး ၾကိဳးစားမႈတစ္ရပ္ကို လုပ္ေဆာင္ပါေတာ့မယ္။ ေႏြမွာ စာခ်ဳပ္ကုန္ဆံုးမယ့္ ဒီရက္ဇ္ဟာ လာမယ့္ရာသီမွာ ရီးရဲမက္ဒရစ္အသင္းထံ ေပါင္ 8 သန္းဆိုတဲ့ ပမဏာနဲ႔ ေျပာင္းေရႊ႔သြားဖို႔ အနီးစပ္ဆံုး အေနအထားကို ေရာက္လာေနတာပါ။

မန္စီးတီးအသင္းဟာ ထိပ္တန္း လူငယ္ၾကယ္ပြင့္ေတြကို ဆက္တိုက္ ဆံုးရံွဴးေနရျပီး အထိနာဆံုးကေတာ့ မႏွစ္က ေႏြမွာ ဆန္ခ်ိဳကို လက္လြတ္ရမႈျဖစ္ပါတယ္။ တူညီတဲ့ အေျခအေနေတြ ထပ္မျဖစ္ဖို႔ ဖိုဒ္ကို ကာလရွည္ လက္မွတ္ထိုးႏိုင္ခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာ ဒီရက္ဇက္ကို ဆက္ထိန္းဖို႔ကလည္း အခက္အခဲျဖစ္လာခဲ့တယ္။ အရည္အခ်င္းရွိ စပိန္ကစားသမားေလးကို မန္ခ်က္စတာကလပ္က တစ္ပတ္လုပ္ ေပါင္ 25,000 အျပင္ အပိုထပ္ေဆာင္းေၾကးေတြ ေပးသြားဦးမယ့္ ကမ္းလွမ္းမႈကို ေပးဖို႔ထားခဲ့တာျဖစ္တယ္။

ဇန္နဝါရီမွာေတာ့ ဒီရက္ဇ္ကိုေခၚယူဖို႔ အဂၤလန္ျပင္ပကလပ္ေတြက တရားဝင္ စကားေျပာခြင့္ေတြ ရလာေတာ့မွာျဖစ္တယ္။ မက္ဒရစ္ဘက္က ကစားသမားေလးကို အကယ္ဒမီေၾကး ေပါင္ 8 သန္း ေပးေခ်ျပီး စပိန္ေျမကို ျပန္ေခၚသြားဖို႔ ယံုၾကည္ခ်က္ရွိေနတယ္။ တစ္ဘက္မွာလည္း ကစားသမားရဲ႕ ေအးဂ်န္႔ဟာ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ အကိုေတာ္သူ Pere Guardiola ျဖစ္လို႔ ကလပ္အသင္းဘက္က ေနာက္ဆံုးအၾကိမ္ ၾကိဳးစားမႈနဲ႔ ျပန္သိမ္းသြင္းႏိုင္ဖုိ႔ အားထုတ္သြားမွာျဖစ္ပါတယ္။

ေႏြမွာတုန္းက ဂ်ီ႐ိုနာအသင္းထံ အငွါးကစားဖို႔ အခြင့္အေရး ကမ္းလွမ္းခံရေပမယ့္ မန္စီးတီးမွာ ေနရာတစ္ေနရာ ရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေၾကာင့္ ဒီရက္ဇ္က အဂၤလန္မွာပဲ ဆက္ေနခဲ့တယ္။ ဒါေပမယ့္လို႔ စီနီယာကစားသမားေတြေတာင္ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ မန္စီးတီးရဲ႕ လူစာရင္းေတာင့္တင္းမႈဟာ စပိန္ဆယ္ေက်ာ္သက္ေလးရဲ႕ ထိပ္တန္းကစားသမားျဖစ္ေရး အိပ္မက္ေတြကို ေဝဝါးေစခဲ့ပါတယ္။

အဲ့သည္လို အေနအထားမွာ ကမၻာတဝန္းက လူငယ္ၾကယ္ပြင့္ေတြကို ေျခလွမ္းရွည္ရွည္နဲ႔ ေစာင့္ၾကည့္ေနတဲ့ ရီးရဲလ္မက္ဒရစ္က ဆန္တီယာဂို ဘာေနဗ်ဴးမွာ ကစားခ်ိန္ ပိုမိုရေစမယ္ဆိုတဲ့ ကတိနဲ႔ ဒီရက္ဇ္ကို ဆြဲေဆာင္ခဲ့တာျဖစ္တယ္။ သတင္းေတြအရ ဒီရက္ဇ္နဲ႔ ဥေရာပခ်န္ပီယံ ကလပ္ၾကား တပတ္လုပ္ခ ေပါင္ 6 ေသာင္းအျပင္ အသင္းႀကီးမွာ ေနရာတစ္ေနရာရဖို႔ အာမခံခ်က္နဲ႔ အၾကိဳ သေဘာတူညီမႈ ရခဲ့တယ္လို႔ သိထားရတယ္။

မန္စီးတီးဘက္ကေတာ့ ကလပ္အသင္းရဲ႕ အနာဂတ္လို႔ ေက်ာ္ၾကားတဲ့ အဂၤလန္သား ဖိုဒန္ကိုေတာင္ စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခ ေပါင္ 35,000 ပဲ ေပးထားတာျဖစ္တယ္။ ဒါေၾကာင့္ ဒီရက္ဇ္ကို လာလီဂါကလပ္နဲ႔အျပိဳင္ လုပ္ခေပးေခ်ဖို႔ေတာ့ မရွိပဲ အျခားေသာ အခြင့္အေရးတစ္ခုခု (သို႔) ပြဲထြက္ခြင့္ အာမခံခ်က္နဲ႔ ကမ္းလွမ္းမယ္လို႔ ယူဆရပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဘက်က အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘရာဟင် ဒီရက်ဇ်ကို ဆက်ထိန်းသိမ်းဖို့ နောက်ဆုံး ကြိုးစားမှုတစ်ရပ်ကို လုပ်ဆောင်ပါတော့မယ်။ နွေမှာ စာချုပ်ကုန်ဆုံးမယ့် ဒီရက်ဇ်ဟာ လာမယ့်ရာသီမှာ ရီးရဲမက်ဒရစ်အသင်းထံ ပေါင် 8 သန်းဆိုတဲ့ ပမဏာနဲ့ ပြောင်းရွှေ့သွားဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်လာနေတာပါ။

မန်စီးတီးအသင်းဟာ ထိပ်တန်း လူငယ်ကြယ်ပွင့်တွေကို ဆက်တိုက် ဆုံးရံှူးနေရပြီး အထိနာဆုံးကတော့ မနှစ်က နွေမှာ ဆန်ချိုကို လက်လွတ်ရမှုဖြစ်ပါတယ်။ တူညီတဲ့ အခြေအနေတွေ ထပ်မဖြစ်ဖို့ ဖိုဒ်ကို ကာလရှည် လက်မှတ်ထိုးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ ဒီရက်ဇက်ကို ဆက်ထိန်းဖို့ကလည်း အခက်အခဲဖြစ်လာခဲ့တယ်။ အရည်အချင်းရှိ စပိန်ကစားသမားလေးကို မန်ချက်စတာကလပ်က တစ်ပတ်လုပ် ပေါင် 25,000 အပြင် အပိုထပ်ဆောင်းကြေးတွေ ပေးသွားဦးမယ့် ကမ်းလှမ်းမှုကို ပေးဖို့ထားခဲ့တာဖြစ်တယ်။

ဇန်နဝါရီမှာတော့ ဒီရက်ဇ်ကိုခေါ်ယူဖို့ အင်္ဂလန်ပြင်ပကလပ်တွေက တရားဝင် စကားပြောခွင့်တွေ ရလာတော့မှာဖြစ်တယ်။ မက်ဒရစ်ဘက်က ကစားသမားလေးကို အကယ်ဒမီကြေး ပေါင် 8 သန်း ပေးချေပြီး စပိန်မြေကို ပြန်ခေါ်သွားဖို့ ယုံကြည်ချက်ရှိနေတယ်။ တစ်ဘက်မှာလည်း ကစားသမားရဲ့ အေးဂျန့်ဟာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ အကိုတော်သူ Pere Guardiola ဖြစ်လို့ ကလပ်အသင်းဘက်က နောက်ဆုံးအကြိမ် ကြိုးစားမှုနဲ့ ပြန်သိမ်းသွင်းနိုင်ဖို့ အားထုတ်သွားမှာဖြစ်ပါတယ်။

နွေမှာတုန်းက ဂျီရိုနာအသင်းထံ အငှါးကစားဖို့ အခွင့်အရေး ကမ်းလှမ်းခံရပေမယ့် မန်စီးတီးမှာ နေရာတစ်နေရာ ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဒီရက်ဇ်က အင်္ဂလန်မှာပဲ ဆက်နေခဲ့တယ်။ ဒါပေမယ့်လို့ စီနီယာကစားသမားတွေတောင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မန်စီးတီးရဲ့ လူစာရင်းတောင့်တင်းမှုဟာ စပိန်ဆယ်ကျော်သက်လေးရဲ့ ထိပ်တန်းကစားသမားဖြစ်ရေး အိပ်မက်တွေကို ဝေဝါးစေခဲ့ပါတယ်။

အဲ့သည်လို အနေအထားမှာ ကမ္ဘာတဝန်းက လူငယ်ကြယ်ပွင့်တွေကို ခြေလှမ်းရှည်ရှည်နဲ့ စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်က ဆန်တီယာဂို ဘာနေဗျူးမှာ ကစားချိန် ပိုမိုရစေမယ်ဆိုတဲ့ ကတိနဲ့ ဒီရက်ဇ်ကို ဆွဲဆောင်ခဲ့တာဖြစ်တယ်။ သတင်းတွေအရ ဒီရက်ဇ်နဲ့ ဥရောပချန်ပီယံ ကလပ်ကြား တပတ်လုပ်ခ ပေါင် 6 သောင်းအပြင် အသင်းကြီးမှာ နေရာတစ်နေရာရဖို့ အာမခံချက်နဲ့ အကြို သဘောတူညီမှု ရခဲ့တယ်လို့ သိထားရတယ်။

မန်စီးတီးဘက်ကတော့ ကလပ်အသင်းရဲ့ အနာဂတ်လို့ ကျော်ကြားတဲ့ အင်္ဂလန်သား ဖိုဒန်ကိုတောင် စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် 35,000 ပဲ ပေးထားတာဖြစ်တယ်။ ဒါကြောင့် ဒီရက်ဇ်ကို လာလီဂါကလပ်နဲ့အပြိုင် လုပ်ခပေးချေဖို့တော့ မရှိပဲ အခြားသော အခွင့်အရေးတစ်ခုခု (သို့) ပွဲထွက်ခွင့် အာမခံချက်နဲ့ ကမ်းလှမ်းမယ်လို့ ယူဆရပါတယ်။

Sports Home Time