လက္က်န္ပြဲေတြမွာ ဘယ္နွမွတ္ယူဖို႔ ပစ္မွတ္ထားေနလဲ ဆိုးရွား ဖြင့္ဟ

[Zawgyi] မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားက ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ ေသခ်ာဖို႔အတြက္ လက္က်န္ပြဲေတြမွာ ရမွတ္ ဘယ္နွမွတ္ယူဖို႔ ပစ္မွတ္ထားေနေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ၃၁ ပြဲ ကစားျပီးခ်ိန္ ယူနိုက္တက္ဟာ အဆင့္ ၄ ေနရာမွ စပါးနဲ႕ အမွတ္တူ ၆၁ မွတ္ရထားျပီး အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။ လက္က်န္ပြဲ ၇ ပြဲ ကစားဖို႔ က်န္ေသးခ်ိန္မွာ Top 4 တစ္ေနရာအတြက္ လက္က်န္ပြဲေတြကေန ၁၅ မွတ္ ရယူဖုိ႔ ဆိုးရွားက ပစ္မွတ္ထားေနပါတယ္။ ရမွတ္ ၇၆ မွတ္ဟာ အဆင့္ ၄ အတြင္း ၀င္ဖို႔ လံုေလာက္တယ္လို႔ ဆိုးရွားက တြက္ခ်က္ထားပါတယ္။

ေမာ္ရင္ညိဳ ထြက္ခြာသြားျပီး ဆိုးရွား စတင္ တာ၀န္ယူတည္း ဒီဇင္ဘာတည္းက စလို႔ ယူနုိက္တက္ဟာ အမွတ္ ရနိုင္ေခ် ၄၂ မွတ္ ၃၅ မွတ္ထိ ရယူထားျပီး ယခင္ အဆင့္ ၄ နဲ႕ ၁၁ မွတ္ အကြာ ရွိရာက ယခုလို စပါး၊ အာဆင္နယ္၊ ခ်ယ္ဆီးတို႔နဲ႕ အျပိဳင္ Top 4 ေနရာအတြက္ ယွဥ္ျပိဳင္နုိင္တဲ့ အဆင့္ ျပန္ေရာက္လာခဲ့တာပါ။

ယေန႕ညမွာေတာ့ ယူနိုက္တက္ဟာ ၀ုဗ္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။ ၀ုဗ္က ယူနိုက္တက္ကို အက္ဖ္ေအမွာ ျဖဳတ္ခ်ခဲ့တဲ့အသင္း ျဖစ္ျပီး ဆုိးရွားအေနနဲ႕ ယူနိုက္တက္ ကစားသမားေတြကို ရွံဳးေၾကြး ျပန္ဆပ္ခြင့္ ေပးနုိင္ေတာ့မွာပါ။

“က််ေနာ္ သူတို႔ (ယူနိုက္တက္အသင္းသားေတြ)ကို ဒါေတြ ထပ္သတိေပးဖို႔ မလိုေတာ့ဘူးထင္တယ္။ သူတို႔ကုိယ္ သူတို႔ သိတယ္.. ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ သူတို႔ ပါ၀င္ခ်င္ၾကတယ္။ အဲဒီမွာ စြမ္းေဆာင္ျပခ်င္ၾကတယ္။ မနွစ္က နို၀င္ဘာ၊ ဒီဇင္ဘာေလာက္တုန္းက သူတို႔ လုပ္နုိင္မယ္ မယံုၾကည္ခဲ့ရင္ေတာင္ အခု သူတို႔ လက္ထဲမွာ အခြင့္အေရးက ျပန္ေရာက္လာခဲ့ျပီ။”

“က်ေန္ာတို႔သာ ကုိယ့္အလုပ္ကိုယ္ လုပ္နုိင္ရင္၊ လက္က်န္ ၇ ပြဲမွာ ၁၅ မွတ္ ရေအာင္ ယူနုိင္ရင္ ေနာက္နွစ္ ခ်န္ပီယံလိဂ္မွာ က်ေန္ာတို႔ ပါ၀င္နုိင္္မွာပါ။ ဒါက က်ေနာ္တုိ႔ စိတ္ထဲမွာ စြဲျမဲထားတဲ့ ကိစၥျဖစ္ျပီး ဒီအေတြးနဲ႕ပဲ အလုပ္ေတြကို စတင္မွာ။ ဒီအခ်ိန္က ေနာက္ဆံုး စုတ္ခ်က္ေတြ ဆြဲရမယ့္ အခ်ိန္ပါ။ ေျပာင္းလဲမႈေတြ ထလုပ္လို႔ရတဲ့ အခ်ိန္မဟုတ္ဘူး။”

“ၾကံ႕ခုိင္မႈေတြ ျပည့္၀ေနဖို႔ အလြန္အကၽြံ လုပ္ေဆာင္ေနမွာ မဟုတ္ဘူး။ ဒီအတြက္ အခ်ိန္လည္း မရွိေတာ့ဘူး။ အဓိက အေရးၾကီးတာက စိတ္ပိုင္းျဖတ္မႈပဲ။ ဒီစိတ္နဲ႕ ပြဲေတြကိုကစားမယ္ အနုိင္ယူသြားမယ္။” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ယေန႔ည/ ဗုဒၶဟူးေန႕ မနက္ ၁း၁၅ အခ်ိန္ ၀ုဗ္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရေတာ့မွာပါ။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ သေချာဖို့အတွက် လက်ကျန်ပွဲတွေမှာ ရမှတ် ဘယ်နှမှတ်ယူဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပရီးမီးယားလိဂ် ၃၁ ပွဲ ကစားပြီးချိန် ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှ စပါးနဲ့ အမှတ်တူ ၆၁ မှတ်ရထားပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ လက်ကျန်ပွဲ ၇ ပွဲ ကစားဖို့ ကျန်သေးချိန်မှာ Top 4 တစ်နေရာအတွက် လက်ကျန်ပွဲတွေကနေ ၁၅ မှတ် ရယူဖို့ ဆိုးရှားက ပစ်မှတ်ထားနေပါတယ်။ ရမှတ် ၇၆ မှတ်ဟာ အဆင့် ၄ အတွင်း ဝင်ဖို့ လုံလောက်တယ်လို့ ဆိုးရှားက တွက်ချက်ထားပါတယ်။

မော်ရင်ညို ထွက်ခွာသွားပြီး ဆိုးရှား စတင် တာဝန်ယူတည်း ဒီဇင်ဘာတည်းက စလို့ ယူနိုက်တက်ဟာ အမှတ် ရနိုင်ချေ ၄၂ မှတ် ၃၅ မှတ်ထိ ရယူထားပြီး ယခင် အဆင့် ၄ နဲ့ ၁၁ မှတ် အကွာ ရှိရာက ယခုလို စပါး၊ အာဆင်နယ်၊ ချယ်ဆီးတို့နဲ့ အပြိုင် Top 4 နေရာအတွက် ယှဉ်ပြိုင်နိုင်တဲ့ အဆင့် ပြန်ရောက်လာခဲ့တာပါ။ ယနေ့ညမှာတော့ ယူနိုက်တက်ဟာ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဝုဗ်က ယူနိုက်တက်ကို အက်ဖ်အေမှာ ဖြုတ်ချခဲ့တဲ့အသင်း ဖြစ်ပြီး ဆိုးရှားအနေနဲ့ ယူနိုက်တက် ကစားသမားတွေကို ရှုံးကြွေး ပြန်ဆပ်ခွင့် ပေးနိုင်တော့မှာပါ။

“ကျျနော် သူတို့ (ယူနိုက်တက်အသင်းသားတွေ)ကို ဒါတွေ ထပ်သတိပေးဖို့ မလိုတော့ဘူးထင်တယ်။ သူတို့ကိုယ် သူတို့ သိတယ်.. ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့ ပါဝင်ချင်ကြတယ်။ အဲဒီမှာ စွမ်းဆောင်ပြချင်ကြတယ်။ မနှစ်က နိုဝင်ဘာ၊ ဒီဇင်ဘာလောက်တုန်းက သူတို့ လုပ်နိုင်မယ် မယုံကြည်ခဲ့ရင်တောင် အခု သူတို့ လက်ထဲမှာ အခွင့်အရေးက ပြန်ရောက်လာခဲ့ပြီ။ ကျနေ်ာတို့သာ ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ရင်၊ လက်ကျန် ၇ ပွဲမှာ ၁၅ မှတ် ရအောင် ယူနိုင်ရင် နောက်နှစ် ချန်ပီယံလိဂ်မှာ ကျနေ်ာတို့ ပါဝင်နိုင်မှာပါ။ ဒါက ကျနော်တို့ စိတ်ထဲမှာ စွဲမြဲထားတဲ့ ကိစ္စဖြစ်ပြီး ဒီအတွေးနဲ့ပဲ အလုပ်တွေကို စတင်မှာ။ ဒီအချိန်က နောက်ဆုံး စုတ်ချက်တွေ ဆွဲရမယ့် အချိန်ပါ။ ပြောင်းလဲမှုတွေ ထလုပ်လို့ရတဲ့ အချိန်မဟုတ်ဘူး။”

“ကြံ့ခိုင်မှုတွေ ပြည့်ဝနေဖို့ အလွန်အကျွံ လုပ်ဆောင်နေမှာ မဟုတ်ဘူး။ ဒီအတွက် အချိန်လည်း မရှိတော့ဘူး။ အဓိက အရေးကြီးတာက စိတ်ပိုင်းဖြတ်မှုပဲ။ ဒီစိတ်နဲ့ ပွဲတွေကိုကစားမယ် အနိုင်ယူသွားမယ်။” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယနေ့ည/ ဗုဒ္ဓဟူးနေ့ မနက် ၁း၁၅ အချိန် ဝုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရတော့မှာပါ။

Sports Home Time