ဆာလက္ရဲ႕ အားနည္းခ်က္ကို ပစ္မွတ္ထားမယ့္ ေဆာက္သမ္တန္ခံစစ္မွဴး

[Zawgyi] ေဆာက္သမ္တန္ ဘယ္ျခမ္းခံစစ္မွဴး ရိုင္ယန္ ဘာထရန္ကေတာ့ ဒီတပတ္ ရင္ဆိုင္ရမယ့္ လီဗာပူးအသင္းမွ တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ရဲ႕ အားနည္းခ်က္ကို ရွာေဖြပစ္မွတ္ထား ရင္ဆိုင္သြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒါကပဲ လီဗာပူးကို ေက်ာ္ျဖတ္နုိင္ဖို႔ အေရးၾကီး အခ်က္ ျဖစ္တယ္လို႔ ၄င္းက ယံုၾကည္ေနတာပါ။

စိန္႔ေတြက ၄င္းတို႔ရဲ႕ ၃ပြဲ ဆက္နုိင္ပြဲကို ရွာေဖြေနဆဲ ျဖစ္ျပီး တန္းဆင္းဇုန္အထက္ နွစ္သင္းေနရာ အဆင့္ ၁၆ မွာ ရပ္တည္ေနပါတယ္။ ဒီတပတ္ ေဆာက္သမ္တန္ ရင္ဆိုင္ရမယ့္ လီဗာပူးက မန္စီးတီးနဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံေနရာအတြက္ တိုက္ပြဲ၀င္ေနဆဲ အသင္းျဖစ္ျပီး အမွတ္ေလ်ာ့လို႔ မရတဲ့ အေနအထားမွာ ရွိပါတယ္။

ဆာလက္နဲ႕ ရင္ဆိုင္ရမွာနဲ႕ ပတ္သတ္ျပီး ဘာထရန္က – ” အေကာင္းဆံု ကစားသမားေတြနဲ႕ ရင္ဆိုင္ကစားရတာက အျမဲ ေကာင္းပါတယ္။ ဒါေၾကာင့္ပဲ က်ေနာ္တို႔ ကစားေနၾကတာ ျဖစ္ျပီး ရည္မွန္း္ခ်က္ၾကီးလည္း ျဖစ္ပါတယ္။ က်ေနာ္တို႔ကေတာ့ ျပင္ဆင္မႈေတြ အရင္လုိပဲ လုပ္မွာပါ။ သူ႔ရဲ႕ အားသာခ်က္ေတြကို ေတြ႔ရဖို႔ သူ႔ရဲ႕ အားနည္း္ခ်က္ေတြကို ပစ္မွတ္ထားဖို႔ က်ေနာ္ကေတာ့ ေမွ်ာ္လင့္ေနျပီ။ သူ႔ကို အဆိပ္မဲ့ေအာင္လုပ္ျပီး တျခားသူေတြကိုပါ ထိခိုက္ေအာင္ လုပ္ဖို႔ ၾကိဳးစားသြားမွာပါ။” လို႕ ေျပာၾကားခဲ့ပါတယ္။

နည္းျပ Ralph Hasenhuttl ရဲ႕ အသင္းက ပရီးမီးယားလိဂ္ ၇ ပြဲ ကစားဖို႔ က်န္ခ်ိန္မွာ တန္းဆင္းဇုန္နဲ႕ ၅ မွတ္အကြာသာ ရွိလို႔ ဒီတပတ္ လီဗာပူးနဲ႕ ပြဲက ပြဲေကာင္း ျဖစ္ဦးမွာပါ။

“ဒီပြဲက ၂သင္းလံုးအတြက္ အေရးပါတယ္။ သူတို႔က ပရီးမီးယားလိဂ္ ဗိုလ္စြဲျပီး သမိုင္းသစ္ ေရးထိုးဖို႔ ၾကိဳးစားေနသလို ကေ်နာ္တို႔ကလည္း သူတို႔နဲ႕ မတူတဲ့ အေနအထားမွာ ရမွတ္ေတြရဖို႔ လိုအပ္ေနပါတယ္။ ဒီပြဲက အျပိဳင္အဆိုင္ရွိမယ့္ ပြဲေကာင္း ျဖစ္ျပီး က်ေနာ္ကေတာ့ ကစားဖို႔ ေမွ်ာ္ေနပါျပီ။” လို႔ ဘာထရန္က ဆိုခဲ့ပါေသးတယ္။

ေဆာက္သမ္တန္နဲ႕ လီဗာပူးတို႕ဟာ ေသာၾကာည/ စေနမနက္ ၁နာရီခြဲ အခ်ိန္မွာ ယွဥ္ျပိဳင္ ကစားရမွာပါ။

Sports Home Time

[Unicode] ဆောက်သမ်တန် ဘယ်ခြမ်းခံစစ်မှူး ရိုင်ယန် ဘာထရန်ကတော့ ဒီတပတ် ရင်ဆိုင်ရမယ့် လီဗာပူးအသင်းမှ တိုက်စစ်မှူး မိုဟာမက် ဆာလက်ရဲ့ အားနည်းချက်ကို ရှာဖွေပစ်မှတ်ထား ရင်ဆိုင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါကပဲ လီဗာပူးကို ကျော်ဖြတ်နိုင်ဖို့ အရေးကြီး အချက် ဖြစ်တယ်လို့ ၎င်းက ယုံကြည်နေတာပါ။ စိန့်တွေက ၎င်းတို့ရဲ့ ၃ပွဲ ဆက်နိုင်ပွဲကို ရှာဖွေနေဆဲ ဖြစ်ပြီး တန်းဆင်းဇုန်အထက် နှစ်သင်းနေရာ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ ဒီတပတ် ဆောက်သမ်တန် ရင်ဆိုင်ရမယ့် လီဗာပူးက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံနေရာအတွက် တိုက်ပွဲဝင်နေဆဲ အသင်းဖြစ်ပြီး အမှတ်လျော့လို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။

ဆာလက်နဲ့ ရင်ဆိုင်ရမှာနဲ့ ပတ်သတ်ပြီး ဘာထရန်က – ” အကောင်းဆုံ ကစားသမားတွေနဲ့ ရင်ဆိုင်ကစားရတာက အမြဲ ကောင်းပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ ကစားနေကြတာ ဖြစ်ပြီး ရည်မှန်းချက်ကြီးလည်း ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြင်ဆင်မှုတွေ အရင်လိုပဲ လုပ်မှာပါ။ သူ့ရဲ့ အားသာချက်တွေကို တွေ့ရဖို့ သူ့ရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားဖို့ ကျနော်ကတော့ မျှော်လင့်နေပြီ။ သူ့ကို အဆိပ်မဲ့အောင်လုပ်ပြီး တခြားသူတွေကိုပါ ထိခိုက်အောင် လုပ်ဖို့ ကြိုးစားသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ Ralph Hasenhuttl ရဲ့ အသင်းက ပရီးမီးယားလိဂ် ၇ ပွဲ ကစားဖို့ ကျန်ချိန်မှာ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာသာ ရှိလို့ ဒီတပတ် လီဗာပူးနဲ့ ပွဲက ပွဲကောင်း ဖြစ်ဦးမှာပါ။

“ဒီပွဲက ၂သင်းလုံးအတွက် အရေးပါတယ်။ သူတို့က ပရီးမီးယားလိဂ် ဗိုလ်စွဲပြီး သမိုင်းသစ် ရေးထိုးဖို့ ကြိုးစားနေသလို ကျေနာ်တို့ကလည်း သူတို့နဲ့ မတူတဲ့ အနေအထားမှာ ရမှတ်တွေရဖို့ လိုအပ်နေပါတယ်။ ဒီပွဲက အပြိုင်အဆိုင်ရှိမယ့် ပွဲကောင်း ဖြစ်ပြီး ကျနော်ကတော့ ကစားဖို့ မျှော်နေပါပြီ။” လို့ ဘာထရန်က ဆိုခဲ့ပါသေးတယ်။ ဆောက်သမ်တန်နဲ့ လီဗာပူးတို့ဟာ သောကြာည/ စနေမနက် ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရမှာပါ။

Sports Home Time