[Zawgyi] ေမာ္ရင္ညိဳက ခံစစ္မွဴးသစ္ ေခၚယူလိုေနေပမယ့္ အဆိုပါအတြက္ ေစ်းေပါေပါသံုးရမွာ မဟုတ္ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ဟာ ေစ်းကြက္အတြင္း ခံစစ္မွဴးသစ္ ရွာေဖြေနျပီး ေႏြအေျပာင္းအေရႊ႔မွာ အျပီးမသတ္ႏိုင္ခဲ့တဲ့ ကိစၥၾကီးကို လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ အဆံုးသတ္ေစမွာျဖစ္တယ္။
The Times သတင္းေထာက္ Duncan Castles ရဲ႕ ေဖာ္ျပမႈအရ ယူႏိုက္တက္ဟာ နာပိုလီ ခံစစ္မွဴး ကိုလီဘာလီကို ဇန္နဝါရီမွာ ေခၚယူခြင့္အတြက္ စတင္ခ်ဥ္းကပ္မႈလုပ္ခဲ့ျပီး ေစ်းေမးမႈစတင္လိုက္ပါျပီ။ အကယ္လို႔ ကိုလီဘာလီအတြက္ သေဘာတူညီမႈကို ရွာေဖြႏိုင္မယ္ဆိုရင္ 2018 ခုႏွစ္က ေဆာက္တန္တမ္ကစားသမား ဗန္ဒိုက္အတြက္ လီဗာပူး ေပးေခ်ခဲ့ရတဲ့ ကမၻာစံခ်ိန္တင္ေၾကး ေပါင္ 75 သန္းထက္ ပိုေပးရဖို႔လည္း ျဖစ္လာပါမယ္။
နာပိုလီဘက္က ကိုလီဘာလီကို လက္လြတ္ရဖို႔ တြန္႔ဆုတ္ေနျပီး လက္တေလာ ယူႏိုက္တက္ရဲ႕ အၾကီးတန္း တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ ေတြ႔ဆံုမႈမွာ ေပါင္ သန္း 90 ဆိုတဲ့ ပမာဏကို ေတာင္းခံထားပါတယ္။ မႏွစ္က ေႏြအေျပာင္းအေရႊ႔ကမွ နာပိုလီအသင္းနဲ႔ 5 ႏွစ္သက္တမ္းတိုးထားတဲ့ ကိုလီဘာလီက ေမာ္ရင္ညိဳရဲ႕ ဇန္နဝါရီ ေခၚယူမယ့္ ခံစစ္မွဴးစာရင္းမွာ ဦးစားေပးလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ဘက္က ေမွ်ာ္လင့္ႏိုင္စရာ သတင္းအျဖစ္ နာပိုလီဘက္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန မေက်ာ္လြန္ဘူးဆိုရင္ ကိုလီဘာလီကို ေရာင္းထုတ္သြားဖို႔ စီစဥ္ထားတယ္။ ဒီအပတ္မွာေတာ့ နာပိုလီဟာ အဂၤလန္ကလပ္ လီဗာပူးအသင္းရဲ႕ အိမ္ကြင္း အန္ဖီးမွာ အုပ္စုတြင္း ေနာက္ဆံုးပြဲကို ယွဥ္ျပိဳင္ရပါမယ္။ အဆိုပါပြဲဟာ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ကို တက္ေရာက္ႏိုင္ဖုိ႔ အဆံုးအျဖတ္ပြဲလည္း ျဖစ္လာပါမယ္။
2014 ခုႏွစ္မွာ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းကေန စီးရီးေအကလပ္ နာပိုလီကို ေပါင္ 6.5 သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ကိုလီဘာလီဟာ ဥေရာပရဲ႕ အေကာင္းဆံုး ဗဟိုခံစစ္မွဴးေတြထဲက တစ္ဦးအျဖစ္ ေတာက္ပလာခဲ့သူပါ။ သူဟာ စီနီေဂါ လက္ေရြးစင္အသင္းကို ကိုယ္စားျပဳျပီး 2018 ကမၻာဖလားျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ခဲ့ပါတယ္။
ယူႏိုက္တက္ဘက္က ဦးစားေပးအျဖစ္ ကိုလီဘာလီကို ရည္ရြယ္ထားေပမယ့္ အစားထိုးစရာ အရန္စာရင္းမွာေတာ့ ေပၚတိုခံစစ္သမား မီလီတိုကို ထည့္သြင္းထားပါတယ္။ မႏွစ္ကေႏြမွာ ေဆာ္ေပၚလိုကေန ေပၚတူဂီကလပ္ကို ေျပာင္းလာခဲ့တဲ့ အသက္ 20 အရြယ္ ခံစစ္သမားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ 45 သန္းျဖစ္တယ္။ လူငယ္ေခၚယူေရးကို ပိုအားေပးတဲ့ ဝုဒ္ဝတ္ကေတာ့ မီလီတိုကိုလည္း သေဘာေတြ႔တယ္လို႔ The Times သတင္းစာက ေဖာ္ျပသြားပါတယ္။
Sports Home Time

[Unicode] မော်ရင်ညိုက ခံစစ်မှူးသစ် ခေါ်ယူလိုနေပေမယ့် အဆိုပါအတွက် ဈေးပေါပေါသုံးရမှာ မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်အတွင်း ခံစစ်မှူးသစ် ရှာဖွေနေပြီး နွေအပြောင်းအရွှေ့မှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စကြီးကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဆုံးသတ်စေမှာဖြစ်တယ်။
The Times သတင်းထောက် Duncan Castles ရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ နာပိုလီ ခံစစ်မှူး ကိုလီဘာလီကို ဇန်နဝါရီမှာ ခေါ်ယူခွင့်အတွက် စတင်ချဉ်းကပ်မှုလုပ်ခဲ့ပြီး ဈေးမေးမှုစတင်လိုက်ပါပြီ။ အကယ်လို့ ကိုလီဘာလီအတွက် သဘောတူညီမှုကို ရှာဖွေနိုင်မယ်ဆိုရင် 2018 ခုနှစ်က ဆောက်တန်တမ်ကစားသမား ဗန်ဒိုက်အတွက် လီဗာပူး ပေးချေခဲ့ရတဲ့ ကမ္ဘာစံချိန်တင်ကြေး ပေါင် 75 သန်းထက် ပိုပေးရဖို့လည်း ဖြစ်လာပါမယ်။
နာပိုလီဘက်က ကိုလီဘာလီကို လက်လွတ်ရဖို့ တွန့်ဆုတ်နေပြီး လက်တလော ယူနိုက်တက်ရဲ့ အကြီးတန်း တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုမှာ ပေါင် သန်း 90 ဆိုတဲ့ ပမာဏကို တောင်းခံထားပါတယ်။ မနှစ်က နွေအပြောင်းအရွှေ့ကမှ နာပိုလီအသင်းနဲ့ 5 နှစ်သက်တမ်းတိုးထားတဲ့ ကိုလီဘာလီက မော်ရင်ညိုရဲ့ ဇန်နဝါရီ ခေါ်ယူမယ့် ခံစစ်မှူးစာရင်းမှာ ဦးစားပေးလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က မျှော်လင့်နိုင်စရာ သတင်းအဖြစ် နာပိုလီဘက်ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ မကျော်လွန်ဘူးဆိုရင် ကိုလီဘာလီကို ရောင်းထုတ်သွားဖို့ စီစဉ်ထားတယ်။ ဒီအပတ်မှာတော့ နာပိုလီဟာ အင်္ဂလန်ကလပ် လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးမှာ အုပ်စုတွင်း နောက်ဆုံးပွဲကို ယှဉ်ပြိုင်ရပါမယ်။ အဆိုပါပွဲဟာ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ကို တက်ရောက်နိုင်ဖို့ အဆုံးအဖြတ်ပွဲလည်း ဖြစ်လာပါမယ်။
2014 ခုနှစ်မှာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းကနေ စီးရီးအေကလပ် နာပိုလီကို ပေါင် 6.5 သန်းနဲ့ ပြောင်းလာခဲ့တဲ့ ကိုလီဘာလီဟာ ဥရောပရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် တောက်ပလာခဲ့သူပါ။ သူဟာ စီနီဂေါ လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး 2018 ကမ္ဘာဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဘက်က ဦးစားပေးအဖြစ် ကိုလီဘာလီကို ရည်ရွယ်ထားပေမယ့် အစားထိုးစရာ အရန်စာရင်းမှာတော့ ပေါ်တိုခံစစ်သမား မီလီတိုကို ထည့်သွင်းထားပါတယ်။ မနှစ်ကနွေမှာ ဆော်ပေါ်လိုကနေ ပေါ်တူဂီကလပ်ကို ပြောင်းလာခဲ့တဲ့ အသက် 20 အရွယ် ခံစစ်သမားရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် 45 သန်းဖြစ်တယ်။ လူငယ်ခေါ်ယူရေးကို ပိုအားပေးတဲ့ ဝုဒ်ဝတ်ကတော့ မီလီတိုကိုလည်း သဘောတွေ့တယ်လို့ The Times သတင်းစာက ဖော်ပြသွားပါတယ်။
Sports Home Time
