လီဗာပူး Vs စပါး | ပြဲၾကီးပြဲေကာင္းမွာ ထိပ္တိုက္ယွဥ္ျပိဳင္ၾကမယ့္ အဓိက အားျပိဳင္မႈ ၃ ေနရာ

ႏိုင္ငံတကာပြဲအျပီး ျပန္လာတဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ပြဲၾကီးပြဲေကာင္းအျဖစ္ လီဗာပူးနဲ႔ စပါးတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲလည္း ပါဝင္လာပါတယ္။ စက္တင္ဘာလတုန္းက ပထမအေက်ာ့ ေတြ႔ဆံုစဥ္ လီဗာပူးဟာ ဝိုက္နယ္ဒမ္၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ 2-1 နဲ႔ အႏုိင္ရခဲ့တာျဖစ္တယ္။

ဒီကေန႔ပြဲမွာ ႏွစ္သင္းၾကား အဓိက အားျပိဳင္ၾကမယ့္ ေနရာေတြကို အက်ဥ္းေဖာ္ျပမွာျဖစ္ပါတယ္။

Mohamed Salah v Jan Vertonghen

ဆာလက္က စပါးကို ရင္ဆိုင္ျပီး ေျခစြမ္းျပရတာကို ႏွစ္သက္ပါတယ္။ သူ႔ကစားသမားဘဝ ေျမာက္လန္ဒန္ကလပ္နဲ႔ 7 ၾကိမ္ ေတြ႔ဆံုထားျပီး 5 ဂိုး သြင္းယူထားတယ္။ ႏွစ္ဂိုးက ေဘဆယ္နဲ႔ ျဖစ္ျပီး 3 ဂိုးက လီဗာပူးနဲ႔ျဖစ္တယ္။ ဘယ္ေျခအားသန္ တိုက္စစ္သမားဟာ စပါးရဲ႕ ဗာတြန္ဂမ္ကို ထိုးေဖာက္မႈေတြ ျပဳလုပ္ရမွာျဖစ္ျပီး ဝါရင့္ခံစစ္မွဴးနဲ႔ ထူးခၽြန္တိုက္စစ္သမားၾကား ထိပ္တိုက္ေတြ႔မႈဟာ ႏွစ္သင္းရဲ႕ ဖိအားေပး ကစားဟန္ေအာက္မွာ ျမိဳင္ဆိုင္မႈေတြ ျမင္ရဖို႔ ရွိပါမယ္။

ဆာလက္ဟာ ေျခက်လာခဲ့တာ ကာလတစ္ခုရွိခဲ့ပါျပီ။ အခ်က္အလက္ပိုင္းအရ တိုက္စစ္သမားက သြင္းဂိုးမရယူႏုိင္လို႔ ေျခက်လာတာလို႔ ေျပာႏုိင္ေပမယ့္ ပြဲအေပၚ သူ႔ရဲ႕သက္ေရာက္မႈ၊ လီဗာပူးတိုက္စစ္သံုးဦး တြဲဘက္မႈေတြမွာ သူ႔ရဲ႕တန္ဖိုးက က်ဆင္းမသြားေသးပါဘူး။ မာေနးေတာက္ပေနမႈမွာ ညာေတာင္ပံ ဆာလက္ရဲ႕ ျခိမ္းေျခာက္မႈေတြကိုလည္း ေမ့ေလ်ာ့ထားလို႔ မရႏုိင္ဘူး။ ႏုိင္ငံတကာ သီတင္းပတ္မွာ အနားရထားတဲ့ ဆာလက္ဟာ အင္ျပည့္အားျပည့္ ရွိေနပါလိမ့္မယ္။

တစ္ဘက္မွာ ဗာတြန္ဂမ္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ဒီရာသီမွာ လိဂ္ပြဲေတြကို အကန္႔အသတ္အားျဖင့္ 17 ပြဲပဲ ကစားရပါေသးတယ္။ ဒါေပမယ့္လည္း အသက္ 31 ႏွစ္အရြယ္ ခံစစ္မွဴးဟာလည္း မန္ေနဂ်ာ ပိုခ်က္တီႏိုရဲ႕ အသင္းမွာ အဓိကက်တဲ့ ကစားသမားတစ္ဦးအျဖစ္ ဆက္ရွိေနဆဲပါ။ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲမွာ ေဒါ့မြန္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ႏွစ္ေက်ာ့လံုးအတြက္ ဗာတြန္ဂမ္က အေရးပါစြာ ေတာက္ပခဲ့ျပီး လီဗာပူးနဲ႔ပြဲမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းကို စပါးတို႔ လိုအပ္ပါလိမ့္မယ္။

Virgil van Dijk v Harry Kane

ကိန္းက ဒဏ္ရာကေန ျပန္သက္သာလာပါျပီ။ သူပါဝင္ကစားတဲ့ ေနာက္ဆံုး လိဂ္ပြဲ 4 ပြဲမွာ 3 ဂိုးထိ သြင္းယူထားတာျဖစ္တယ္။ လက္ေရြးစင္အဆင့္မွာလည္း သြင္းဂိုး ဆက္လက္ ရယူျပေနျပီး ခ်က္နဲ႔ မြန္တီနီဂရိုးပြဲေတြမွာလည္း ဂိုးေတြ ရယူျပခဲ့ျပန္ပါတယ္။ ကိန္းဟာ ဆာလက္နည္းတူ သြင္းဂိုး 17 ဂိုး ရယူထားျပီး အဂြယ္ရိုေနာက္ သူတို႔ႏွစ္ဦးနဲ႔ မာေနး၊ အူဘာမီယန္တို႔ဟာ ေရႊဖိနပ္ဆုကို အျပိဳင္ၾကိဳးစားေနၾကတာျဖစ္တယ္။

ဗန္ဒိုက္ကလည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆုအတြက္ ဦးေဆာင္ေနသူျဖစ္တယ္။ လီဗာပူးနဲ႔အတူ ကမၻာအဆင့္ခံစစ္မွဴးအျဖစ္ ေတာက္ပလာတဲ့ ဗန္ဒိုက္ဟာ အသက္ 25 ႏွစ္အရြယ္ တိုက္စစ္မွဴးကို ထိန္းခ်ဳပ္ရမွာျဖစ္တယ္။ နယ္သာလန္အသင္းေခါင္းေဆာင္ဟာ ဒီရာသီ clean sheet 17 ၾကိမ္ ရမႈမွာ အဓိကက်တဲ့ ဦးေဆာင္သူလည္းျဖစ္တယ္။ စပါးကို အႏိုင္ယူျပီး အမွတ္ေပးဇယားကို မန္စီးတီးထံက ျပန္လည္ လြဲေျပာင္းရယူႏုိင္ဖုိ႔ရာ ဗန္ဒိုက္ရဲ႕ ခံစစ္ပိုင္း ဦးေဆာင္မႈက အေရးပါလွပါတယ္။

Fabinho v Christian Eriksen

လီဗာပူးနဲ႔ စပါးတို႔ဟာ ေကာင္တာတိုက္စစ္နဲ႔ ဖိအားေပးမႈေတြကို တြဲဘက္သံုးၾကတဲ့ အသင္းေတြျဖစ္ျပီး ႏွစ္သင္းလံုးက ရုပ္ပိုင္းဆိုင္ရာ သန္မာတဲ့ ငယ္ရြယ္ႏုပ်ိဳမႈေတြ ရွိၾကတဲ့ အသင္းေတြျဖစ္တယ္။ စပါးတိုက္စစ္က ကိန္းအတြက္ အဓိက ေထာက္ပံ့မႈက အဲရစ္ဆန္ျဖစ္ျပီး သူဟာ ဒီရာသီမွာ ဂိုးေထာက္ပံ့မႈ တတိယအျမင့္ဆံုး ပရီးမီးယားလိဂ္ ကစားသမားျဖစ္ပါတယ္။ လီဗာပူးဘက္က အဲရစ္ဆန္ရဲ႕ လႊမ္းမိုးမႈကို ထိန္းခ်ဳပ္ဖို႔က ကိစၥၾကီးလည္း ျဖစ္လာမွာပါ။

စပါးဘက္ကလည္း လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳကို ဟန္႔တားႏုိင္ဖုိ႔ လိုပါတယ္။ လီဗာပူးကြင္းလယ္ဟာ ဖန္တီးမႈပိုင္းမွာ အားနည္းတယ္လို႔ ေျပာႏုိင္ေပမယ့္ ဖာဘင္ညိဳရဲ႕ ကြင္းလယ္ လႊမ္းမိုးမႈက တမူထားျပီး ျပိဳင္ဘက္ကို လႊမ္းမိုးႏုိင္မႈမွာ သူအားသန္တဲ့ အေဝးေဘာေပးမႈေတြက အဓိက က်ပါတယ္။ ခံစစ္ကို ပိုအားသန္ျပီး ျပိဳင္ဘက္ရဲ႕ ေကာင္တာတိုက္စစ္ေတြကို ဟန္႔တားဖို႔ရာမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကစားသမားလည္းျဖစ္တယ္။ စပါးဘက္က တုိက္စစ္သမားေတြရဲ႕ လႈပ္ရွားမႈေတြကို နီးကပ္စြာ ေစာင့္ၾကည့္ေနျပီး ျဖိဳခြဲဖို႔ ယာဂင္ကေလာ့ပ္ အဓိက တာဝန္ေပးသြားမယ့္သူျဖစ္ပါတယ္။

Sports Home Time

[Unicode] နိုင်ငံတကာပွဲအပြီး ပြန်လာတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနဲ့ စပါးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲလည်း ပါဝင်လာပါတယ်။ စက်တင်ဘာလတုန်းက ပထမအကျော့ တွေ့ဆုံစဉ် လီဗာပူးဟာ ဝိုက်နယ်ဒမ်၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေဖြင့် 2-1 နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။

ဒီကနေ့ပွဲမှာ နှစ်သင်းကြား အဓိက အားပြိုင်ကြမယ့် နေရာတွေကို အကျဉ်းဖော်ပြမှာဖြစ်ပါတယ်။

Mohamed Salah v Jan Vertonghen

ဆာလက်က စပါးကို ရင်ဆိုင်ပြီး ခြေစွမ်းပြရတာကို နှစ်သက်ပါတယ်။ သူ့ကစားသမားဘဝ မြောက်လန်ဒန်ကလပ်နဲ့ 7 ကြိမ် တွေ့ဆုံထားပြီး 5 ဂိုး သွင်းယူထားတယ်။ နှစ်ဂိုးက ဘေဆယ်နဲ့ ဖြစ်ပြီး 3 ဂိုးက လီဗာပူးနဲ့ဖြစ်တယ်။ ဘယ်ခြေအားသန် တိုက်စစ်သမားဟာ စပါးရဲ့ ဗာတွန်ဂမ်ကို ထိုးဖောက်မှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဝါရင့်ခံစစ်မှူးနဲ့ ထူးချွန်တိုက်စစ်သမားကြား ထိပ်တိုက်တွေ့မှုဟာ နှစ်သင်းရဲ့ ဖိအားပေး ကစားဟန်အောက်မှာ မြိုင်ဆိုင်မှုတွေ မြင်ရဖို့ ရှိပါမယ်။

ဆာလက်ဟာ ခြေကျလာခဲ့တာ ကာလတစ်ခုရှိခဲ့ပါပြီ။ အချက်အလက်ပိုင်းအရ တိုက်စစ်သမားက သွင်းဂိုးမရယူနိုင်လို့ ခြေကျလာတာလို့ ပြောနိုင်ပေမယ့် ပွဲအပေါ် သူ့ရဲ့သက်ရောက်မှု၊ လီဗာပူးတိုက်စစ်သုံးဦး တွဲဘက်မှုတွေမှာ သူ့ရဲ့တန်ဖိုးက ကျဆင်းမသွားသေးပါဘူး။ မာနေးတောက်ပနေမှုမှာ ညာတောင်ပံ ဆာလက်ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း မေ့လျော့ထားလို့ မရနိုင်ဘူး။ နိုင်ငံတကာ သီတင်းပတ်မှာ အနားရထားတဲ့ ဆာလက်ဟာ အင်ပြည့်အားပြည့် ရှိနေပါလိမ့်မယ်။

တစ်ဘက်မှာ ဗာတွန်ဂမ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီမှာ လိဂ်ပွဲတွေကို အကန့်အသတ်အားဖြင့် 17 ပွဲပဲ ကစားရပါသေးတယ်။ ဒါပေမယ့်လည်း အသက် 31 နှစ်အရွယ် ခံစစ်မှူးဟာလည်း မန်နေဂျာ ပိုချက်တီနိုရဲ့ အသင်းမှာ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေဆဲပါ။ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲမှာ ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ နှစ်ကျော့လုံးအတွက် ဗာတွန်ဂမ်က အရေးပါစွာ တောက်ပခဲ့ပြီး လီဗာပူးနဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းကို စပါးတို့ လိုအပ်ပါလိမ့်မယ်။

Virgil van Dijk v Harry Kane

ကိန်းက ဒဏ်ရာကနေ ပြန်သက်သာလာပါပြီ။ သူပါဝင်ကစားတဲ့ နောက်ဆုံး လိဂ်ပွဲ 4 ပွဲမှာ 3 ဂိုးထိ သွင်းယူထားတာဖြစ်တယ်။ လက်ရွေးစင်အဆင့်မှာလည်း သွင်းဂိုး ဆက်လက် ရယူပြနေပြီး ချက်နဲ့ မွန်တီနီဂရိုးပွဲတွေမှာလည်း ဂိုးတွေ ရယူပြခဲ့ပြန်ပါတယ်။ ကိန်းဟာ ဆာလက်နည်းတူ သွင်းဂိုး 17 ဂိုး ရယူထားပြီး အဂွယ်ရိုနောက် သူတို့နှစ်ဦးနဲ့ မာနေး၊ အူဘာမီယန်တို့ဟာ ရွှေဖိနပ်ဆုကို အပြိုင်ကြိုးစားနေကြတာဖြစ်တယ်။

ဗန်ဒိုက်ကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုအတွက် ဦးဆောင်နေသူဖြစ်တယ်။ လီဗာပူးနဲ့အတူ ကမ္ဘာအဆင့်ခံစစ်မှူးအဖြစ် တောက်ပလာတဲ့ ဗန်ဒိုက်ဟာ အသက် 25 နှစ်အရွယ် တိုက်စစ်မှူးကို ထိန်းချုပ်ရမှာဖြစ်တယ်။ နယ်သာလန်အသင်းခေါင်းဆောင်ဟာ ဒီရာသီ clean sheet 17 ကြိမ် ရမှုမှာ အဓိကကျတဲ့ ဦးဆောင်သူလည်းဖြစ်တယ်။ စပါးကို အနိုင်ယူပြီး အမှတ်ပေးဇယားကို မန်စီးတီးထံက ပြန်လည် လွဲပြောင်းရယူနိုင်ဖို့ရာ ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်း ဦးဆောင်မှုက အရေးပါလှပါတယ်။

Fabinho v Christian Eriksen

လီဗာပူးနဲ့ စပါးတို့ဟာ ကောင်တာတိုက်စစ်နဲ့ ဖိအားပေးမှုတွေကို တွဲဘက်သုံးကြတဲ့ အသင်းတွေဖြစ်ပြီး နှစ်သင်းလုံးက ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ ငယ်ရွယ်နုပျိုမှုတွေ ရှိကြတဲ့ အသင်းတွေဖြစ်တယ်။ စပါးတိုက်စစ်က ကိန်းအတွက် အဓိက ထောက်ပံ့မှုက အဲရစ်ဆန်ဖြစ်ပြီး သူဟာ ဒီရာသီမှာ ဂိုးထောက်ပံ့မှု တတိယအမြင့်ဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်ပါတယ်။ လီဗာပူးဘက်က အဲရစ်ဆန်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ဖို့က ကိစ္စကြီးလည်း ဖြစ်လာမှာပါ။

စပါးဘက်ကလည်း လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုကို ဟန့်တားနိုင်ဖို့ လိုပါတယ်။ လီဗာပူးကွင်းလယ်ဟာ ဖန်တီးမှုပိုင်းမှာ အားနည်းတယ်လို့ ပြောနိုင်ပေမယ့် ဖာဘင်ညိုရဲ့ ကွင်းလယ် လွှမ်းမိုးမှုက တမူထားပြီး ပြိုင်ဘက်ကို လွှမ်းမိုးနိုင်မှုမှာ သူအားသန်တဲ့ အဝေးဘောပေးမှုတွေက အဓိက ကျပါတယ်။ ခံစစ်ကို ပိုအားသန်ပြီး ပြိုင်ဘက်ရဲ့ ကောင်တာတိုက်စစ်တွေကို ဟန့်တားဖို့ရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားလည်းဖြစ်တယ်။ စပါးဘက်က တိုက်စစ်သမားတွေရဲ့ လှုပ်ရှားမှုတွေကို နီးကပ်စွာ စောင့်ကြည့်နေပြီး ဖြိုခွဲဖို့ ယာဂင်ကလော့ပ် အဓိက တာဝန်ပေးသွားမယ့်သူဖြစ်ပါတယ်။

Sports Home Time