အမွတ္ေပးဇယား ဦးေဆာင္ခြင့္ရေစခဲ့တဲ့ အေျပာင္းအလဲၾကီးကို ကေလာ့ပ္ ထုတ္ေဖာ္

[Zawgyi] လီဗာပူးအသင္းဟာ အမွတ္ေပးဖလားကို စတင္ဦးေဆာင္ခြင့္ရေပမယ့္ တိုးတက္ဖို႔ရာ အမ်ားၾကီး လိုအပ္ေနေသးတယ္လို႔ ကေလာ့ပ္က ဝန္ခံလိုက္ပါတယ္။ ဒီရာသီ လိဂ္ပြဲရံွဴးပြဲမရွိတဲ့ တစ္သင္း္တည္းေသာ ကလပ္အသင္းျဖစ္ေပမယ့္ အနီေရာင္အသင္းဟာ အလံုးစံု ျပီးျပည့္စံုေနတဲ့ အသင္းျဖစ္ဖို႔ေတာ့ အလွမ္းေဝးေနဆဲပါ။

ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္မွာ ရလဒ္ပိုင္းအတြက္ အတိုးတက္ဆံုးအသင္းဆိုရင္ လီဗာပူးကိုပဲ ျပသရမွာျဖစ္တယ္။ ဥပမာအားျဖင့္ လြန္ခဲ့တဲ့ 2 ႏွစ္က လီဗာပူးဟာ ဘုန္းေမာက္အသင္းကို 2-0 အႏိုင္ရထားရကာ ပြဲအျပီးမွာ 4-3 ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ 4-0 နဲ႔ ျပတ္ျပတ္သားသား အႏိုင္ယူခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ရမွတ္ေတြအတြက္ အာရံုစိုက္မႈဟာ ဘုန္းေမာက္တစ္ပြဲပဲေတာ့ မဟုတ္ပါဘူး။ လိဂ္ပြဲ 16 ပြဲအတြင္း လီဗာပူးက စြမ္းေဆာင္ရည္ မေကာင္းတဲ့ပြဲေပါင္း 5 ပြဲထက္မနည္း ကစားခဲ့ပါတယ္။ အံ့ၾသစရာက အဲ့သည္ ပြဲေတြအားလံုးကို အႏိုင္သံုးမွတ္ေတာ့ အရယူခဲ့ပါတယ္။ ဒီရာသီမွာ ရလဒ္ထိခိုက္ထားတာဆိုလို႔ ခ်ယ္ဆီး (အေဝးကြင္း)၊ မန္စီးတီး (အိမ္ကြင္း)၊ အာဆင္နယ္ (အေဝးကြင္း) ပြဲေတြမွာ သေရက်ခဲ့တဲ့ပြဲေတြပဲ ရွိထားတာပါ။ အဆိုပါပြဲေတြကလြဲရင္ လီဗာပူးက အႏိုင္ေတြခ်ည္း ကစားထားခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က လြန္ခဲ့တဲ့ 2 ႏွစ္က ဘုန္းေမာက္အသင္းကို 4-3 နဲ႔ အေရးနိမ့္ခဲ့တာကို ျပန္သတိရဖို႔ ပထမဆံုး ေျပာပါတယ္။ ” အဲ့သည္ေန႔က က်ေနာ္တို႔ ခြင့္ျပဳခဲ့ရတဲ့ သြင္းဂိုးေတြအေၾကာင္း ျပန္အမွတ္ရႏိုင္ပါတယ္။ က်ေနာ္တို႔ ဘုန္းေမာက္ကို ပြဲထဲ ျပန္လာခြင့္ေပးခဲ့တယ္ ကံမေကာင္းတာကေတာ့ အဲ့သည္လို ထပ္မျဖစ္ဘူးလို႔ ကတိမေပးႏိုင္တာပါပဲ။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ တူညီတဲ့ အေျခအေတြကို က်ေနာ္တုိ႔ ပိုထိန္းခ်ဳပ္လာႏိုင္ပါတယ္။ ဒါက က်ေနာ္တို႔အတြက္ အရမ္းအေရးပါတဲ့ ေျခလွမ္းၾကီးပါပဲ။

မႏွစ္တုန္းကဆိုရင္လည္း က်ေနာ္တုိ႔ သိပ္ကိုေကာင္းခဲ့တယ္။ အရာအားလံုးမွာ ထူးခၽြန္တယ္။ က်ေနာ္တို႔ မက်ဆံုးခင္ထိ တကယ္ကို ေကာင္းခဲ့ပါတယ္။ မႏွစ္ကရာသီ ျခားနားခ်က္က အရမ္းေကာင္းတာနဲ႔ မေကာင္းတာၾကားမွာ ျမန္ဆန္လြန္းတာပါပဲ။

ဒါက က်ေနာ္တို႔ တိုးတက္လာခ်င္ျပီး ဆက္ၾကိဳးစားလိုတာပါ။ ဆက္လက္ၾကိဳးစားခဲ့ပါတယ္။ ကစားသမားသစ္ေတြ ဝင္လာျပီး အသင္းသားေဟာင္းေတြက ရင့္က်က္လာခဲ့တယ္။ ဒီလူစာရင္းက အမ်ားၾကီး မရင့္က်က္ေသးပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ဆက္ျပီးတိုးတက္ေနတာကေတာ့ ထင္ရွားပါတယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာလည္း အရင္ႏွစ္ႏွစ္က ဘုန္းေမာက္လို အျဖစ္အပ်က္ေတြနဲ႔ ရင္ဆိုင္ရဖူးပါတယ္။ ဥပမာအားျဖင့္ ဘန္ေလနဲ႔ပြဲမွာ 2-1 နဲ႔ အႏိုင္ရေနခဲ့ျပီး မိနစ္ 90 မွာ ဘန္ေလဘက္က ေျခပဂိုးျပန္ရဖုိ႔ အခြင့္အေရးၾကီးကို ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးသမားအယ္လီဆန္က ကာကြယ္ေပးခဲ့ျပီး တန္ျပန္တိုက္စစ္ကေန စတားရစ္၊ ဆာလက္၊ ရွာကီြရီတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္သြင္းခဲ့လို႔ ပြဲအျပီးမွာ 3-1 နဲ႔ အႏိုင္ရသြားခဲ့တာပါ။

လီဗာပူးအသင္းဟာ ပြဲကို လႊမ္းမိုးႏိုင္စြမ္းေတြမွာ လိုအပ္ခ်က္ၾကီးမားျပီး အထူးသျဖင့္ ကြင္းလယ္ပိုင္းမွာ အခြင့္အေရး ဖန္တီးႏိုင္စြမ္း နည္ပါးပါတယ္။ ဒါေပမယ့္ တိုက္ပြဲဝင္လိုစိတ္နဲ႔ ရလဒ္အတြက္ စိတ္ပိုင္းျဖတ္ကာ ယွဥ္ျပိဳင္မႈအပိုင္းမွာေတာ့ ထိပ္တန္းအသင္းၾကီးအဆင့္ကို ေရာက္လာေနခဲ့ျပီး တိုးတက္မႈအျဖစ္ အမွတ္ေပးဇယားကိုပါ ဦးေဆာင္လို႔ လာေနခဲ့ပါျပီ။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ အမှတ်ပေးဖလားကို စတင်ဦးဆောင်ခွင့်ရပေမယ့် တိုးတက်ဖို့ရာ အများကြီး လိုအပ်နေသေးတယ်လို့ ကလော့ပ်က ဝန်ခံလိုက်ပါတယ်။ ဒီရာသီ လိဂ်ပွဲရံှူးပွဲမရှိတဲ့ တစ်သင်းတည်းသော ကလပ်အသင်းဖြစ်ပေမယ့် အနီရောင်အသင်းဟာ အလုံးစုံ ပြီးပြည့်စုံနေတဲ့ အသင်းဖြစ်ဖို့တော့ အလှမ်းဝေးနေဆဲပါ။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းအတွက် အတိုးတက်ဆုံးအသင်းဆိုရင် လီဗာပူးကိုပဲ ပြသရမှာဖြစ်တယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ 2 နှစ်က လီဗာပူးဟာ ဘုန်းမောက်အသင်းကို 2-0 အနိုင်ရထားရကာ ပွဲအပြီးမှာ 4-3 ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ 4-0 နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ရမှတ်တွေအတွက် အာရုံစိုက်မှုဟာ ဘုန်းမောက်တစ်ပွဲပဲတော့ မဟုတ်ပါဘူး။ လိဂ်ပွဲ 16 ပွဲအတွင်း လီဗာပူးက စွမ်းဆောင်ရည် မကောင်းတဲ့ပွဲပေါင်း 5 ပွဲထက်မနည်း ကစားခဲ့ပါတယ်။ အံ့သြစရာက အဲ့သည် ပွဲတွေအားလုံးကို အနိုင်သုံးမှတ်တော့ အရယူခဲ့ပါတယ်။ ဒီရာသီမှာ ရလဒ်ထိခိုက်ထားတာဆိုလို့ ချယ်ဆီး (အဝေးကွင်း)၊ မန်စီးတီး (အိမ်ကွင်း)၊ အာဆင်နယ် (အဝေးကွင်း) ပွဲတွေမှာ သရေကျခဲ့တဲ့ပွဲတွေပဲ ရှိထားတာပါ။ အဆိုပါပွဲတွေကလွဲရင် လီဗာပူးက အနိုင်တွေချည်း ကစားထားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က လွန်ခဲ့တဲ့ 2 နှစ်က ဘုန်းမောက်အသင်းကို 4-3 နဲ့ အရေးနိမ့်ခဲ့တာကို ပြန်သတိရဖို့ ပထမဆုံး ပြောပါတယ်။ ” အဲ့သည်နေ့က ကျနော်တို့ ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးတွေအကြောင်း ပြန်အမှတ်ရနိုင်ပါတယ်။ ကျနော်တို့ ဘုန်းမောက်ကို ပွဲထဲ ပြန်လာခွင့်ပေးခဲ့တယ် ကံမကောင်းတာကတော့ အဲ့သည်လို ထပ်မဖြစ်ဘူးလို့ ကတိမပေးနိုင်တာပါပဲ။ ဒါပေမယ့် ဒီအခြေအနေမှာတော့ တူညီတဲ့ အခြေအတွေကို ကျနော်တို့ ပိုထိန်းချုပ်လာနိုင်ပါတယ်။ ဒါက ကျနော်တို့အတွက် အရမ်းအရေးပါတဲ့ ခြေလှမ်းကြီးပါပဲ။

မနှစ်တုန်းကဆိုရင်လည်း ကျနော်တို့ သိပ်ကိုကောင်းခဲ့တယ်။ အရာအားလုံးမှာ ထူးချွန်တယ်။ ကျနော်တို့ မကျဆုံးခင်ထိ တကယ်ကို ကောင်းခဲ့ပါတယ်။ မနှစ်ကရာသီ ခြားနားချက်က အရမ်းကောင်းတာနဲ့ မကောင်းတာကြားမှာ မြန်ဆန်လွန်းတာပါပဲ။

ဒါက ကျနော်တို့ တိုးတက်လာချင်ပြီး ဆက်ကြိုးစားလိုတာပါ။ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ကစားသမားသစ်တွေ ဝင်လာပြီး အသင်းသားဟောင်းတွေက ရင့်ကျက်လာခဲ့တယ်။ ဒီလူစာရင်းက အများကြီး မရင့်ကျက်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီးတိုးတက်နေတာကတော့ ထင်ရှားပါတယ် ” လို့ ကလော့ပ်က ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း အရင်နှစ်နှစ်က ဘုန်းမောက်လို အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရဖူးပါတယ်။ ဥပမာအားဖြင့် ဘန်လေနဲ့ပွဲမှာ 2-1 နဲ့ အနိုင်ရနေခဲ့ပြီး မိနစ် 90 မှာ ဘန်လေဘက်က ခြေပဂိုးပြန်ရဖို့ အခွင့်အရေးကြီးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသမားအယ်လီဆန်က ကာကွယ်ပေးခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ စတားရစ်၊ ဆာလက်၊ ရှာကွီရီတို့က နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ထပ်သွင်းခဲ့လို့ ပွဲအပြီးမှာ 3-1 နဲ့ အနိုင်ရသွားခဲ့တာပါ။

လီဗာပူးအသင်းဟာ ပွဲကို လွှမ်းမိုးနိုင်စွမ်းတွေမှာ လိုအပ်ချက်ကြီးမားပြီး အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ အခွင့်အရေး ဖန်တီးနိုင်စွမ်း နည်ပါးပါတယ်။ ဒါပေမယ့် တိုက်ပွဲဝင်လိုစိတ်နဲ့ ရလဒ်အတွက် စိတ်ပိုင်းဖြတ်ကာ ယှဉ်ပြိုင်မှုအပိုင်းမှာတော့ ထိပ်တန်းအသင်းကြီးအဆင့်ကို ရောက်လာနေခဲ့ပြီး တိုးတက်မှုအဖြစ် အမှတ်ပေးဇယားကိုပါ ဦးဆောင်လို့ လာနေခဲ့ပါပြီ။

Sports Home Time