ရိုနယ္ဒို၊ မိုဒရစ္မဟုတ္တဲ့ မက္ဆီရဲ႕ Ballon d’Or ျပိဳင္ဘက္ကို မိုဗစ္ ထုတ္ေဖာ္

[Zawgyi] တိုက္စစ္မွဴးၾကီး အီဘရာဟီမိုဗစ္က ရိုနယ္ဒိုနဲ႔ မိုဒရစ္တို႔ Ballon d’Or ဆု ေအာင္ျမင္ခဲ့ရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းက ရီးရဲမက္ဒရစ္ဥကၠဌ ပီရက္ဇ္ေၾကာင့္ျဖစ္ျပီး မက္ဆီဟာ အဆိုပါဆုအတြက္ ရိုနယ္ဒို၊ မိုဒရစ္တို႔နဲ႔ ယွဥ္ျပိဳင္ေနရျခင္း မဟုတ္ပဲ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ေနရတာျဖစ္တယ္လို႔ အရႊင္ေဖာက္သြားပါတယ္။

ေပၚတူဂီတိုက္စစ္သမား ရယူေနက်ျဖစ္တဲ့ တစ္ကိုယ္ရည္ ထူးခၽြန္ဆုေတြကို ဒီႏွစ္မွာေတာ့ မိုဒရစ္က သိမ္းပိုက္သြားပါတယ္။ တနလၤာေန႔က Ballon d’Or ဆုကို မိုဒရစ္ရလိုက္ျခင္းဟာ ရိုနယ္ဒိုနဲ႔ မက္ဆီတို႔ 10 ႏွစ္ၾကာ အားျပိဳင္လာခဲ့ၾကတဲ့ ယွဥ္ျပိဳင္မႈကို အဆံုးသတ္ေစခဲ့တာျဖစ္တယ္။ ဒါ့အျပင္ မိုဒရစ္ဟာ Ballon d’Or ကို ေနာက္ဆံုး 6 ႏွစ္အတြင္း 5 ၾကိမ္ အႏိုင္ရခဲ့တဲ့ မက္ဒရစ္အသင္းသားတစ္ေယာက္လည္းျဖစ္ပါတယ္။

မက္ဆီဟာ တစ္ကိုယ္ရည္ဆုေတြအတြက္ ရိုနယ္ဒိုနဲ႔မဟုတ္ပဲ ရီးရဲမက္ဒရစ္ ဥကၠဌ ပီရက္ဇ္နဲ႔ ယွဥ္ျပိဳင္ေနရတာပါလို႔ အရႊင္ေဖာက္လိုက္တဲ့ မိုဗစ္ဟာ ေအစီမီလန္ကို ေရာက္မယ္လို႔လည္း သတင္းေတြထြက္ေနတယ္။ ‘ အခုေတာ့ မက္ဆီက ပီရက္ဇ္နဲ႔ ျပိဳင္ဆိုင္ေနရတာပါဆိုတာ က်ေနာ္တုိ႔အားလံုး သိခဲ့ပါျပီ ‘ လို႔ မိုဗစ္က Fox Sports ကို ေျဖပါတယ္။

ဂ်ဴဗင္တပ္မန္ေနဂ်ာ အယ္လီဂရီကလည္း ‘ ရီးရဲမက္ဒရစ္မွာ သူလုပ္ေဆာင္ျပခဲ့ျပီး ခ်န္ပီယံလိဂ္ပါ အႏိုင္ရခဲ့တာအတြက္ ရိုနယ္ဒိုဟာ Ballon d’Or ဆုရဖို႔ ထိုက္တန္ပါတယ္။ ကမၻာဖလားမွာ သူပါဝင္တဲ့ ေပၚတူဂီအသင္းက ရံွဴးထြက္အဆင့္ထက္ ပိုျမင့္တဲ့အဆင့္ကို မေရာက္ခဲ့ေပမယ့္ ဒီဆုအတြက္ေတာ့ သူက ထိုက္တန္ပါတယ္။

ဒါေပမယ့္လို႔ ဒီႏွစ္မွာ Ballon d’Or ဆု မရခဲ့တာက လာမယ့္ႏွစ္မွာ ဂ်ဴဗင္တပ္အသင္းနဲ႔ သူအဲ့သည္ဆုရဖို႔ တြန္းအားျဖစ္လာျပီး လက္က်န္ ေဘာလံုးရာသီမွာ ရိုနယ္ဒိုက ပိုေကာင္းလာေတာ့မွာပါ ‘ လို႔ ထုတ္ေဖာ္ေျပာထားပါတယ္။

Ballon d’Or ဆုအတြက္ အဆင့္သက္မွတ္ခ်က္မွာ ရိုနယ္ဒိုဟာ မိုဒရစ္ေနာက္မွာပဲ ရွိေနခဲ့တာပါ။ ဒါ့အျပင္ မက္ဆီကလည္း 2006 ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ Ballon d’Or ဆုရဲ႔ ထိပ္ဆံုး 5 ဦးျပင္ပကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ဆက္တြဲသတင္းအေနနဲ႔ 2018 ခုႏွစ္ရဲ႕ Ballon d’Or ဆုေပးပြဲဟာ ဘက္လိုက္မႈေတြ ရွိေနတယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြ က်ယ္ျပန္႔ေနခဲ့ျပီး ေဝဖန္မႈေတြ ရရွိလို႔ေနပါတယ္။

Sports Home Time

[Unicode] တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ရိုနယ်ဒိုနဲ့ မိုဒရစ်တို့ Ballon d’Or ဆု အောင်မြင်ခဲ့ရခြင်းရဲ့ နောက်ကွယ်က အကြောင်းက ရီးရဲမက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကြောင့်ဖြစ်ပြီး မက်ဆီဟာ အဆိုပါဆုအတွက် ရိုနယ်ဒို၊ မိုဒရစ်တို့နဲ့ ယှဉ်ပြိုင်နေရခြင်း မဟုတ်ပဲ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်နေရတာဖြစ်တယ်လို့ အရွှင်ဖောက်သွားပါတယ်။

ပေါ်တူဂီတိုက်စစ်သမား ရယူနေကျဖြစ်တဲ့ တစ်ကိုယ်ရည် ထူးချွန်ဆုတွေကို ဒီနှစ်မှာတော့ မိုဒရစ်က သိမ်းပိုက်သွားပါတယ်။ တနင်္လာနေ့က Ballon d’Or ဆုကို မိုဒရစ်ရလိုက်ခြင်းဟာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ 10 နှစ်ကြာ အားပြိုင်လာခဲ့ကြတဲ့ ယှဉ်ပြိုင်မှုကို အဆုံးသတ်စေခဲ့တာဖြစ်တယ်။ ဒါ့အပြင် မိုဒရစ်ဟာ Ballon d’Or ကို နောက်ဆုံး 6 နှစ်အတွင်း 5 ကြိမ် အနိုင်ရခဲ့တဲ့ မက်ဒရစ်အသင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

မက်ဆီဟာ တစ်ကိုယ်ရည်ဆုတွေအတွက် ရိုနယ်ဒိုနဲ့မဟုတ်ပဲ ရီးရဲမက်ဒရစ် ဥက္ကဌ ပီရက်ဇ်နဲ့ ယှဉ်ပြိုင်နေရတာပါလို့ အရွှင်ဖောက်လိုက်တဲ့ မိုဗစ်ဟာ အေစီမီလန်ကို ရောက်မယ်လို့လည်း သတင်းတွေထွက်နေတယ်။ ‘ အခုတော့ မက်ဆီက ပီရက်ဇ်နဲ့ ပြိုင်ဆိုင်နေရတာပါဆိုတာ ကျနော်တို့အားလုံး သိခဲ့ပါပြီ ‘ လို့ မိုဗစ်က Fox Sports ကို ဖြေပါတယ်။

ဂျူဗင်တပ်မန်နေဂျာ အယ်လီဂရီကလည်း ‘ ရီးရဲမက်ဒရစ်မှာ သူလုပ်ဆောင်ပြခဲ့ပြီး ချန်ပီယံလိဂ်ပါ အနိုင်ရခဲ့တာအတွက် ရိုနယ်ဒိုဟာ Ballon d’Or ဆုရဖို့ ထိုက်တန်ပါတယ်။ ကမ္ဘာဖလားမှာ သူပါဝင်တဲ့ ပေါ်တူဂီအသင်းက ရံှူးထွက်အဆင့်ထက် ပိုမြင့်တဲ့အဆင့်ကို မရောက်ခဲ့ပေမယ့် ဒီဆုအတွက်တော့ သူက ထိုက်တန်ပါတယ်။

ဒါပေမယ့်လို့ ဒီနှစ်မှာ Ballon d’Or ဆု မရခဲ့တာက လာမယ့်နှစ်မှာ ဂျူဗင်တပ်အသင်းနဲ့ သူအဲ့သည်ဆုရဖို့ တွန်းအားဖြစ်လာပြီး လက်ကျန် ဘောလုံးရာသီမှာ ရိုနယ်ဒိုက ပိုကောင်းလာတော့မှာပါ ‘ လို့ ထုတ်ဖော်ပြောထားပါတယ်။

Ballon d’Or ဆုအတွက် အဆင့်သက်မှတ်ချက်မှာ ရိုနယ်ဒိုဟာ မိုဒရစ်နောက်မှာပဲ ရှိနေခဲ့တာပါ။ ဒါ့အပြင် မက်ဆီကလည်း 2006 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Ballon d’Or ဆုရဲ့ ထိပ်ဆုံး 5 ဦးပြင်ပကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းအနေနဲ့ 2018 ခုနှစ်ရဲ့ Ballon d’Or ဆုပေးပွဲဟာ ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကျယ်ပြန့်နေခဲ့ပြီး ဝေဖန်မှုတွေ ရရှိလို့နေပါတယ်။

Sports Home Time