‘ေမွ်ာ္လင့္ခ်က္’ မန္ေနဂ်ာဆာရီက ေမွ်ာ္လင့္ခ်က္ဆိုတာအတြက္ ထုတ္ေျပာလာပါတယ္

[Zawgyi] မန္ခ်က္စတာစီးတီး ကို ခ်ယ္ဆီးတို႔ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ ၂ ဂိုးျပတ္ အႏိုင္ရရွိခဲ့တာဟာ အသင္းပရိသတ္ေတြတြက္ ဆုဖလားေမွ်ာ္လင့္ခ်က္ေတြကို မီးေမြးေပးခဲ့ပါတယ္။ အဂၤလန္လိဂ္မွာ အႏိုင္ယူဖို႔ခက္တဲ့ အသင္းတစ္သင္းကို အႏိုင္ရလိုက္တာ ျဖစ္သလို ရမွတ္ပိုင္းကြာဟခ်က္ကို က်ဥ္းေျပာင္းေစတာက အသင္းပရိသတ္ေတြအတြက္ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္ေတြကို ေပါက္ဖြာေစတာပါ။

ဒါေပမယ့္ နည္းျပ ဆာရီအတြက္ သူ႔အသင္းအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ ဖလားရရွိဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ အျမင္ကို မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ပြဲစဥ္ရဲ႕ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ အန္ဂိုလို ကန္ေတ နဲ႔ ေဒးဗစ္လူးဝစ္ဇ္ တို႔က တဂိုးစီသြင္းယူခဲ့တာနဲ႔အတူ ျခေသၤ့ျပာေတြဟာ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံျဖစ္တဲ့ ပက္ဂြာဒီယိုလာရဲ႕ အသင္းကို ပထမဆုံး လိဂ္ရွဴံးပြဲ ၾကဳံေတြ႕ေစခဲ့ပါတယ္။

မန္စီးတီးကို အနုိင္ယူျပီးတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ အၿပီးမွာ ေမာ္ရီဇီယို ဆာရီရဲ႕အသင္းဟာ အမွတ္ေပးဇယား ဦးေဆာင္သူအသစ္ လီဗာပူး အသင္းရဲ႕ေနာက္ ၈ မွတ္ အကြာနဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီး ရဲ႕ေနာက္ ၇ မွတ္အထိ ကြာဟေနဆဲျဖစ္ပါတယ္။ ခ်ယ္ဆီး နည္းျပႀကီးက မန္စီးတီးဟာ ဥေရာပမွာ အေကာင္းဆုံး အသင္းတသင္းျဖစ္တယ္လို႔ ျမင္ေနတာေၾကာင့္ ဒီရာသီ ဖလားစိန္ေခၚမႈမွာ သူ႔အသင္း မပါဝင္ႏိုင္ဘူးလို႔ အခိုင္အမာ ဆိုေနတုန္းပါပဲ။

” က်ေနာ္ ေျပာခဲ့သလိုေပါ့။ ခင္ဗ်ားတို႔လဲ သိတဲ့အတိုင္းပါပဲ။ တစ္ရာသီထဲမွာ ဒီလိုကြာဟမႈမ်ိဳးကို ျပန္ကာမိေအာင္လုပ္ဖို႔က မျဖစ္ႏိုင္ဘူးလို႔ က်ေနာ္ ထင္ပါတယ္။ တစ္ပြဲေလာက္ေပါ့။ အဲ့လို တပြဲေလာက္ပဲ ကစားႏိုင္တယ္။ ၁၀ လအတြင္း ၿပိဳင္ရတဲ့ ပရီးမီးယားလိဂ္ပြဲေတြက အမ်ားႀကီး ကြာဟေနတာကို ျပန္ကာဖို႔က အရမ္းခက္ခဲပါတယ္။ ”

“သူတို႔(မန္စီးတီး) ဟာ အခုလက္ရွိ ဥေရာပမွာ အေကာင္းဆုံး အသင္းလို႔ က်ေနာ္ထင္တယ္။ က်ေနာ္တို႔ဒီေန႔ ႏိုင္ခဲ့တယ္။ ဒါေပမယ့္ ပထမ ၂၅ မိနစ္ အတြင္း မွာ က်ေနာ္တို႔ ေတာ္ေတာ္ကံေကာင္းခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ဂိုးသြင္းႏိုင္မယ့္ အေျခအေနေတြ ရွိခဲ့တယ္။ ပထမပိုင္းမွာ နည္းနည္းကံေကာင္းခဲ့ၿပီး ဒုတိယပိုင္းမွာ က်ေနာ္တို႔ ကစားပုံအရမ္းေကာင္းခဲ့တာပါ ” လို႔ ဆာရီေျပာခဲ့ပါတယ္။

ဂြာဒီယိုလာရဲ႕ အသင္းေတြနဲ႔ သူ ေတြ႕ဆုံခဲ့တဲ့ ေနာက္ဆုံးသုံးပြဲမွာ ဆာရီဟာ တစ္ႀကိမ္မွ အႏိုင္ရခဲ့ျခင္း မရွိပါဘူး။ အခုပြဲမွာေတာ့ အႏိုင္ရလို႔ ဆာရီ ေပ်ာ္႐ႊင္ေနၿပီး ၾကားရက္မွာ ဝုလ္ဗ္ကို ရႈံးခဲ့တဲ့ ရလဒ္ဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ျပီး မန္စီးပြဲမွာ ျပသခဲ့တဲ့ ပုံစံေကာင္းေတြကို ဒီဇင္ဘာလက္က်န္ကာလမွာ ဘ႐ိုက္တန္၊ အယ္ဘီယြန္၊ လက္စတာစီးတီး၊ ဝက္ဖို႔ဒ္၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ ရင္ဆိုင္ေတြ႕ဆုံတဲ့အခါလည္း ဆက္လက္ ယူေဆာင္သြားႏိုင္ဖို႔ အလိုရွိေနပါတယ္။

” အႏိုင္ရလို႔ က်ေနာ္ေပ်ာ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဂြာဒီယိုလာရဲ႕အသင္းကို ႏိုင္ဖို႔ဆိုတာက ခက္ခဲလို႔ပါ။ သူတို႔အသင္းဟာ က်ေနာ္တို႔ရဲ႕ အေပၚအဆင့္မွာ ရွိေနတယ္ဆိုတာ က်ေနာ္ ေကာင္းေကာင္းသိပါတယ္။ အမွတ္ကြာဟခ်က္ကို ပိုက်ဥ္းေျမာင္းသြားေအာင္ က်ေနာ္တို႔ လုပ္ရမွာပါ။ ဒါကို ေသခ်ာေပါက္ လုပ္ႏိုင္မယ္လို႔ေတာ့ က်ေနာ္ အာမမခံပါဘူး။ ဒါေပမယ့္ တတ္ႏိုင္သေလာက္ ႀကိဳးစားသြားမွာပါ ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာစီးတီး ကို ချယ်ဆီးတို့ စတန်းဖို့ဒ်ဘရစ်ချ် မှာ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့တာဟာ အသင်းပရိသတ်တွေတွက် ဆုဖလားမျှော်လင့်ချက်တွေကို မီးမွေးပေးခဲ့ပါတယ်။ အင်္ဂလန်လိဂ်မှာ အနိုင်ယူဖို့ခက်တဲ့ အသင်းတစ်သင်းကို အနိုင်ရလိုက်တာ ဖြစ်သလို ရမှတ်ပိုင်းကွာဟချက်ကို ကျဉ်းပြောင်းစေတာက အသင်းပရိသတ်တွေအတွက် အမှတ်ပေးဖလား မျှော်လင့်ချက်တွေကို ပေါက်ဖွာစေတာပါ။

ဒါပေမယ့် နည်းပြ ဆာရီအတွက် သူ့အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားရရှိဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲစဉ်ရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အန်ဂိုလို ကန်တေ နဲ့ ဒေးဗစ်လူးဝစ်ဇ် တို့က တဂိုးစီသွင်းယူခဲ့တာနဲ့အတူ ခြင်္သေ့ပြာတွေဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်တဲ့ ပက်ဂွာဒီယိုလာရဲ့ အသင်းကို ပထမဆုံး လိဂ်ရှူံးပွဲ ကြုံတွေ့စေခဲ့ပါတယ်။

မန်စီးတီးကို အနိုင်ယူပြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ မော်ရီဇီယို ဆာရီရဲ့အသင်းဟာ အမှတ်ပေးဇယား ဦးဆောင်သူအသစ် လီဗာပူး အသင်းရဲ့နောက် ၈ မှတ် အကွာနဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီး ရဲ့နောက် ၇ မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။ ချယ်ဆီး နည်းပြကြီးက မန်စီးတီးဟာ ဥရောပမှာ အကောင်းဆုံး အသင်းတသင်းဖြစ်တယ်လို့ မြင်နေတာကြောင့် ဒီရာသီ ဖလားစိန်ခေါ်မှုမှာ သူ့အသင်း မပါဝင်နိုင်ဘူးလို့ အခိုင်အမာ ဆိုနေတုန်းပါပဲ။

” ကျနော် ပြောခဲ့သလိုပေါ့။ ခင်ဗျားတို့လဲ သိတဲ့အတိုင်းပါပဲ။ တစ်ရာသီထဲမှာ ဒီလိုကွာဟမှုမျိုးကို ပြန်ကာမိအောင်လုပ်ဖို့က မဖြစ်နိုင်ဘူးလို့ ကျနော် ထင်ပါတယ်။ တစ်ပွဲလောက်ပေါ့။ အဲ့လို တပွဲလောက်ပဲ ကစားနိုင်တယ်။ ၁၀ လအတွင်း ပြိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲတွေက အများကြီး ကွာဟနေတာကို ပြန်ကာဖို့က အရမ်းခက်ခဲပါတယ်။ ”

“သူတို့(မန်စီးတီး) ဟာ အခုလက်ရှိ ဥရောပမှာ အကောင်းဆုံး အသင်းလို့ ကျနော်ထင်တယ်။ ကျနော်တို့ဒီနေ့ နိုင်ခဲ့တယ်။ ဒါပေမယ့် ပထမ ၂၅ မိနစ် အတွင်း မှာ ကျနော်တို့ တော်တော်ကံကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဂိုးသွင်းနိုင်မယ့် အခြေအနေတွေ ရှိခဲ့တယ်။ ပထမပိုင်းမှာ နည်းနည်းကံကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကျနော်တို့ ကစားပုံအရမ်းကောင်းခဲ့တာပါ ” လို့ ဆာရီပြောခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းတွေနဲ့ သူ တွေ့ဆုံခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာ ဆာရီဟာ တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။ အခုပွဲမှာတော့ အနိုင်ရလို့ ဆာရီ ပျော်ရွှင်နေပြီး ကြားရက်မှာ ဝုလ်ဗ်ကို ရှုံးခဲ့တဲ့ ရလဒ်ဆိုးကို ချေဖျက်နိုင်ခဲ့ပြီး မန်စီးပွဲမှာ ပြသခဲ့တဲ့ ပုံစံကောင်းတွေကို ဒီဇင်ဘာလက်ကျန်ကာလမှာ ဘရိုက်တန်၊ အယ်ဘီယွန်၊ လက်စတာစီးတီး၊ ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ရင်ဆိုင်တွေ့ဆုံတဲ့အခါလည်း ဆက်လက် ယူဆောင်သွားနိုင်ဖို့ အလိုရှိနေပါတယ်။

” အနိုင်ရလို့ ကျနော်ပျော်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂွာဒီယိုလာရဲ့အသင်းကို နိုင်ဖို့ဆိုတာက ခက်ခဲလို့ပါ။ သူတို့အသင်းဟာ ကျနော်တို့ရဲ့ အပေါ်အဆင့်မှာ ရှိနေတယ်ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ အမှတ်ကွာဟချက်ကို ပိုကျဉ်းမြောင်းသွားအောင် ကျနော်တို့ လုပ်ရမှာပါ။ ဒါကို သေချာပေါက် လုပ်နိုင်မယ်လို့တော့ ကျနော် အာမမခံပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် ကြိုးစားသွားမှာပါ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

Sports Home Time