[Zawgyi] မန္ခ်က္စတာယူနိုက္တက္ ခံစစ္မွဴး ဒါမီးယန္းက အီတလီကလပ္ေတြနဲ႕ သတင္းထြက္ေနတဲ့ၾကားကပဲ ၄င္းဟာ စီးရီးေအကို လြမ္းေနျပီျဖစ္ကာ အီတလီသို႔ ျပန္ခ်င္ေနျပီလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၂၀၁၅ တည္းက အိုးထရက္ဖို႔ဒ္မွာ ေရာက္ရွိေနတဲ့ အီတလီသားဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၃ ပြဲသာ ကစားခြင့္ ရထားပါတယ္။
အသက္ ၂၉ နွစ္အရြယ္ ရွိျပီျဖစ္တဲ့ ဒါမီးယန္းကို လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚဖို႔ ဂ်ဴဗင္တပ္၊ အင္တာမီလန္၊ နာပိုလီ၊ ရိုးမား စတဲ့ အီတလီအသင္းေတြ အမွန္တကယ္ ခ်ိတ္ဆက္ေနၾကတာပါ။ ဒါမီးယန္းကိုယ္တိုင္ကလည္း အီတလီသတင္းဌာန Gazzetta dello Sport ကို သူ ျပန္လာခ်င္ျပီ ျဖစ္ေၾကာင္း အခုလို ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။
“စီးရီးစ္ေအနဲ႕ အီတလီကို တကယ္ လြမ္းေနျပီလို႔ က်ေနာ္ ေျပာရေတာ့မယ္။ က်ေနာ္က ကမၻာေပၚမွာ အေကာင္းဆံုး ကလပ္အသင္းေတြထဲက တစ္သင္းမွာ ကစားေနရတယ္ဆိုတာ သိပါတယ္.. ယူနိုက္တက္မွာ ရွိေနရတာ ဂုဏ္ယူတယ္.. ဒါေပမယ့္ က်ေနာ္ အီတလီကို လြမ္းေနျပီ.. ကိုယ့္တိုင္းျပည္ကိုယ္ က်ေနာ္ ခ်စ္တယ္ေလ။” လို႔ ဒါမီးယန္းက ေျပာခဲ့တာပါ။
ဒါမီးယန္း ယူနိုက္တက္က ထြက္ခြာဖို႔ဆိုတာ ျဖစ္နုိင္ေခ် ရွိလာေပမယ့္ အေကာင္အထည္ေတာ့ မေပၚေသးပါဘူး။ မန္ေနဂ်ာ ေမာ္ရင္ညိဳကေတာ့ အသင္းဘက္က လက္ခံနုိင္တဲ့ ပမာဏမ်ိဳးနဲ႕ ကမ္းလွမ္းမႈ မပါေသးဘူးလို႕ ေျပာၾကားထားပါတယ္။
ေအစီမီလန္အကယ္ဒမီထြက္ ဒါမီးယန္းက ေမာ္ရင္ညိဳ နည္းျပမႈေအာက္မွာ ပြဲထြက္ခြင့္ အကန္႔အသတ္ရွိလာျပီး နုိင္ငံအသင္းမွာ ပါ၀င္ဖို႔ ထိခိုက္လာတာေၾကာင့္ အသင္းေျပာင္းခ်င္ေနတာ တခ်က္ ပါ၀င္ပါမယ္။
“အီတလီကို ျပန္ဖို႔ အဲဒီမွာ ကစားဖို႔က က်ေနာ့္ ရည္ရြယ္ခ်က္ျဖစ္လာျပီ။ ရိုဘတ္တို မန္ခ်ီနီ (အီတလီနည္းျပ) က က်ေနာ့္ကို လက္ေရြးစင္အသင္းမွာ မေခၚေပမယ့္ ေနာက္ဆို သူ ေရြးခ်ယ္ဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဒါမီးယန္းက နိုင္ငံအသင္းအတြက္ ကစားလိုတဲ့ သူ႔ဆႏၵကို ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် ခံစစ်မှူး ဒါမီးယန်းက အီတလီကလပ်တွေနဲ့ သတင်းထွက်နေတဲ့ကြားကပဲ ၎င်းဟာ စီးရီးအေကို လွမ်းနေပြီဖြစ်ကာ အီတလီသို့ ပြန်ချင်နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၁၅ တည်းက အိုးထရက်ဖို့ဒ်မှာ ရောက်ရှိနေတဲ့ အီတလီသားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားခွင့် ရထားပါတယ်။
အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒါမီးယန်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ဖို့ ဂျူဗင်တပ်၊ အင်တာမီလန်၊ နာပိုလီ၊ ရိုးမား စတဲ့ အီတလီအသင်းတွေ အမှန်တကယ် ချိတ်ဆက်နေကြတာပါ။ ဒါမီးယန်းကိုယ်တိုင်ကလည်း အီတလီသတင်းဌာန Gazzetta dello Sport ကို သူ ပြန်လာချင်ပြီ ဖြစ်ကြောင်း အခုလို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
“စီးရီးစ်အေနဲ့ အီတလီကို တကယ် လွမ်းနေပြီလို့ ကျနော် ပြောရတော့မယ်။ ကျနော်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းမှာ ကစားနေရတယ်ဆိုတာ သိပါတယ်.. ယူနိုက်တက်မှာ ရှိနေရတာ ဂုဏ်ယူတယ်.. ဒါပေမယ့် ကျနော် အီတလီကို လွမ်းနေပြီ.. ကိုယ့်တိုင်းပြည်ကိုယ် ကျနော် ချစ်တယ်လေ။” လို့ ဒါမီးယန်းက ပြောခဲ့တာပါ။
ဒါမီးယန်း ယူနိုက်တက်က ထွက်ခွာဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိလာပေမယ့် အကောင်အထည်တော့ မပေါ်သေးပါဘူး။ မန်နေဂျာ မော်ရင်ညိုကတော့ အသင်းဘက်က လက်ခံနိုင်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းမှု မပါသေးဘူးလို့ ပြောကြားထားပါတယ်။
အေစီမီလန်အကယ်ဒမီထွက် ဒါမီးယန်းက မော်ရင်ညို နည်းပြမှုအောက်မှာ ပွဲထွက်ခွင့် အကန့်အသတ်ရှိလာပြီး နိုင်ငံအသင်းမှာ ပါဝင်ဖို့ ထိခိုက်လာတာကြောင့် အသင်းပြောင်းချင်နေတာ တချက် ပါဝင်ပါမယ်။
“အီတလီကို ပြန်ဖို့ အဲဒီမှာ ကစားဖို့က ကျနော့် ရည်ရွယ်ချက်ဖြစ်လာပြီ။ ရိုဘတ်တို မန်ချီနီ (အီတလီနည်းပြ) က ကျနော့်ကို လက်ရွေးစင်အသင်းမှာ မခေါ်ပေမယ့် နောက်ဆို သူ ရွေးချယ်ဖို့ မျှော်လင့်ပါတယ်” လို့ ဒါမီးယန်းက နိုင်ငံအသင်းအတွက် ကစားလိုတဲ့ သူ့ဆန္ဒကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Sports Home Time
